Entertainment

အင်တာနက်ကို ကောင်းကောင်း အသုံးမပြုတတ်ကြတဲ့ ကမ္ဘာကျော် အနုပညာရှင်များ

နည်းပညာတွေ တိုးတက်လာတဲ့ အင်တာနက်ခေတ်ကြီးမှာ လူတိုင်းလိုလို ဖုန်း၊ ကွန်ပျူတာ စတာတွေကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုတတ်နေကြပေမယ့် အခုဖော်ပြပေးမယ့် အောင်မြင်ကျော်ကြားတဲ့ ကမ္ဘာကျော် အနုပညာရှင်တွေကတော့ အင်တာနက်ကို ကောင်းကောင်း နားမလည်၊ အသုံးမပြုတတ်ကြဘူးလို့ ဝန်ခံပြောဆိုထားကြသူတွေပဲ ဖြစ်ပါတယ်။

(၁) Angelina Jolie

ကမ္ဘာကျော် မင်းသမီးချော Angelina Jolie ဟာဆိုရင် သူဟာ အင်တာနက် နည်းပညာတွေနဲ့ အလှမ်းဝေးသူတဦးဖြစ်တယ်လို့ နဲ့ USA Today နဲ့ အင်တာဗျူးတခုမှာ ဖြေကြားခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်လောက်တုန်းက Amazon ကနေ Online Shopping ပြုလုပ်ဖို့ တော်တော်လေး အခက်တွေ့ခဲ့ရပြီး မကြာခဏ ကွန်ပျူတာ အဖွင့်အပိတ်ကို မေ့လျော့နေတတ်တယ်လို့ ဆိုပါတယ်။

(၂) Jennifer Lawrence

ကမ္ဘာကျော် မင်းသမီးတဦးဖြစ်တဲ့ Jennifer Lawrence ကတော့ BBC နဲ့အင်တာဗျူးမှာ သူ့အနေနဲ့ ဖုန်းတွေ၊ နည်းပညာတွေကို ကောင်းကောင်း မသုံးတတ်သလို အီးမေးလ်လည်း မပို့တတ်ဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် Twitter ဟာဆိုရင်လည်း သူ့အတွက် အသုံးပြုရမှာ ရှုပ်ထွေးလွန်းတာကြောင့် အသုံးပြုဖြစ်မယ် မထင်ဘူးလို့လည်း ဆိုပါသေးတယ်။

(၃) DMX

နာမည်ကျော် အမေရိကန် Rapper တဦးဖြစ်တဲ့ DMX ဟာဆိုရင်လည်း Google ကို အသုံးပြုပြီး ကိုယ်ရှာချင်တာတွေကို အလွယ်တကူ ရှာဖွေကြည့်ရှုနိုင်တယ်ဆိုတာကို အချိန်တော်တော်ကြာအထိ မသိရှိခဲ့ဘူးလို့ အင်တာဗျူးတခုမှာ ဖြေခဲ့ဖူးပါတယ်။

 

(၄) Rachel McAdams

Notebook မင်းသမီး Rachel McAdams ဟာဆိုရင်လည်း သတင်းတွေ သိရှိဖို့အတွက် ရေဒီယိုကိုသာ အသုံးပြု နားထောင်ခဲ့ပြီး ဖုန်းကိုအသုံးပြုပြီး သတင်းတွေ၊ Online Shopping လုပ်တာတွေနဲ့ အီးမေးလ် ပို့တာမျိုးတွေကို မသုံးတတ်ဘူးလို့ ဆိုပါတယ်။

(၅) Christopher Walken

ဒါရိုက်တာ တဦးလည်းဖြစ်သလို မင်းသားတဦးလည်းဖြစ်တဲ့ Christopher Walken ကတော့ အင်တာနက် အသုံးပြုခြင်းဟာ သူ့အတွက် မလိုအပ်ဘူးလို့ ယူဆတာကြောင့် ဖုန်းလည်း မရှိသလို ကွန်ပျူတာလည်း မရှိဘူးလို့ Newsweek နဲ့ အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။ အင်တာနက် အဆက်အသွယ် လိုတဲ့ ကိစ္စမှန်သမျှကို သူ့ဇနီးက လုပ်ကိုင်ပေးပြီး သူကတော့ အသုံးမပြုတတ်ဘူးလို့ ဆိုပါတယ်။

Ref. m.ranker.com

You May Also Like These Stories:

ထူးဆန်းတဲ့ အကြောက်လွန်ရောဂါတွေ ရှိကြတဲ့ ကမ္ဘာကျော် အနုပညာရှင်များ

အသက်ကြီးမှ အောင်မြင်ခဲ့ကြတဲ့ ကမ္ဘာကျော် အနုပညာရှင်များ

Cyberbullying ပြုလုပ်ခံခဲ့ရတဲ့ ကမ္ဘာကျော် အနုပညာရှင်များ

Single Mother အဖြစ် ရပ်တည်နေကြတဲ့ ကမ္ဘာကျော် အနုပညာရှင်များ

Loading