• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

COVID-19 ကြောင့် တရုတ်ရုပ်ရှင်လုပ်ငန်း ယွမ် ဘီလီယံ ၃၀ အရှုံးပေါ်

by မစ်ကီ
30 April 2020
in Entertainment
A A
တရုတ်နိုင်ငံရှိ ရုပ်ရှင်ရုံတွင်း တနေရာ

တရုတ်နိုင်ငံရှိ ရုပ်ရှင်ရုံတွင်း တနေရာ

4.3k
VIEWS
Share on FacebookShare on Twitter

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် တရုတ်နိုင်ငံမှာ ရုပ်ရှင်ရုံတွေ ပိတ်လိုက်ရတာ၊ ရုပ်ရှင်ထုတ်လုပ်ရိုက်ကူးရေးတွေ ရပ်နားလိုက်ရတာတွေကြောင့် ယွမ် ဘီလီယံ ၃၀ လောက် အရှုံးပေါ်ခဲ့တယ်လို့ နိုင်ငံပိုင် မီဒီယာက ဧပြီလ ၂၉ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

အဲ့ဒီခန့်မှန်းချက်ကို အမျိုးသားရုပ်ရှင်စီမံခန့်ခွဲရေးအဖွဲ့ကနေ ဦးစီးကျင်းပတဲ့ အစည်းအဝေးတခုမှာ တင်ပြခဲ့တာဖြစ်တယ်လို့ CCTV-6 ရုပ်သံရဲ့ China Film Report အစီအစဉ်မှာ ဖော်ပြခဲ့ပါတယ်။

ပုံမှန်ဆိုရင် ရုပ်ရှင်အသစ်တွေ တင်ပြီး ရုပ်ရှင်ရုံတွေမှာ လူဝင်များတဲ့အချိန်ဖြစ်တဲ့ တရုတ်နှစ်သစ်ကူး ရုံးပတ်ရက်ကာလ မတိုင်မီ ပြီးခဲ့တဲ့ ဇန်နဝါရီလနှောင်းပိုင်းကစလို့ ချမှတ်လိုက်တဲ့ ကန့်သတ်ချက်တွေကြောင့် လုပ်ငန်းအတွင်းမှာ အထိနာမှုတွေရှိခဲ့ရတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

နိုင်ငံတွင်းမှာ ရောဂါအသစ် ဖြစ်ပွားသူအရေအတွက် သိသိသာသာ လျော့ကျလာတာကြောင့် ရုပ်ရှင်ရုံအချို့ကို ပြန်လည်ဖွင့်ခွင့် ပြုလိုက်ပြီလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ Lockdown တွေကို စောစောစီးစီး ဖြေလျှော့လိုက်မှုကြောင့် နောက်ထပ် ကူးစက်မှုအသစ်တွေ ထပ်ဖြစ်လာမလားဆိုတဲ့ စိုးရိမ်မှုတွေကြောင့် နောက်ပိုင်းမှာ ရုံတွေကို ပြန်ပိတ်လိုက်ရပါတယ်။

အမျိုးသား ရုပ်ရှင်စီမံခန့်ခွဲရေးအဖွဲ့ ညွှန်ကြားရေးမှူး Wang Xiaohui က ရုပ်ရှင်လုပ်ငန်းကို ထောက်ပံ့ဖို့အတွက် ဒေသဆိုင်ရာ အစိုးရတွေ၊ ဘဏ်တွေနဲ့ ချိတ်ဆက်ပြီး ပူးပေါင်းဆောင်ရွက်မယ်လို့ တက်ရောက်လာသူတွေကို ပြောဆိုခဲ့ပါတယ်။ အဲ့ဒီလို ချိတ်ဆက် လုပ်ဆောင်မှုတွေထဲမှာ ရုပ်ရှင်လက်မှတ်တွေကို ဈေးလျှော့ပေးဖို့ ရန်ပုံငွေ ထုတ်ပေးတာလိုမျိုး လုပ်ဆောင်ချက်တွေ ပါဝင်လာမယ်လို့ ဆိုပါတယ်။

ကမ္ဘာပေါ်မှာ ရုပ်ရှင်ရုံအများဆုံးရှိတဲ့ တရုတ်ရုပ်ရှင်လုပ်ငန်းအတွင်း ဒေသဖြတ်ကျော် ပူးပေါင်း ဆောင်ရွက်မှုနဲ့ ဝယ်ယူမှုတွေကို တွန်းအားပေးဖို့နဲ့လုပ်ငန်းတွင်း ပြုပြင်ပြောင်းလဲမှုတွေ နက်နက်ရှိုင်းရှိုင်း လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။

တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ အမေရိကန်နိုင်ငံပြီးရင် ရုံဝင်ငွေအများဆုံး ရရှိတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ အကြီးမားဆုံး ရုပ်ရှင်ရုံအော်ပရေတာ Wanda Film Holding ကတော့ ရုံတွေ ပိတ်လိုက်ရတာကြောင့် အခု ပထမ ၃ လပတ် ကာလမှာ ယွမ် သန်း ၆၅၀ အထိနာခဲ့ရတယ်လို့ အခုလမှာပဲ ခန့်မှန်းချက်ထုတ်ထားပါတယ်။

Ref: Reuters

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
126
သဇင်ပန်း

သဇင်ပန်း

10 January 2026
136
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
311

You may also like these stories:

နေရောင်ခြည်၊ အပူချိန်နဲ့ စိုထိုင်းဆတို့ဟာ ဗိုင်းရပ်စ်ကို အားနည်းစေကြောင်း အမေရိကန်အစိုးရ ပြော

ကမ္ဘာ့ရုပ်ရှင်ပွဲတော်များကို စုပေါင်းပြီး ၁၀ ရက်ကြာ ပွဲအစီအစဉ် ထုတ်လွှင့်ဖို့ရှိ

Your Thoughts …
Tags: COVID-19တရုတ်ရုပ်ရှင်လုပ်ငန်းအရှုံးပေါ်
မစ်ကီ

မစ်ကီ

Contributor

Similar Picks:

အရှုံးပေါ် ဟိုတယ်များ ထုတ်ရောင်းလာကြ

အရှုံးပေါ် ဟိုတယ်များ ထုတ်ရောင်းလာကြ

by ဧရာဝတီ
21 October 2023
6.7k

ဆီဒိုးနားဟိုတယ်ကို ပိုင်ဆိုင်သည့် စင်ကာပူအခြေစိုက် Keppel Corporation က အခြား စင်ကာပူလုပ်ငန်းစု တခုဖြစ်သော Spring Blossom Venture ထံသို့ အမေရိကန်ဒေါ်လာ ၅၇ ဒသမ ၄ သန်းဖြင့် အပြီးသတ် ရောင်းချ

ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့

ထိုင်းမှာ အယုဒ္ဓယမြို့ဟောင်း ပြန်ဖွင့်ပြီ

by ညီညီသူ
25 May 2020
8.5k

အခုချိန်မှာတော့ ရှေးဟောင်းအယုဒ္ဓယမြို့တော်ကို တခြားပြည်နယ်ကလူတွေ လာရောက် လည်ပတ်နေကြပြီး အများစုကတော့ ဘန်ကောက်မြို့ကလူတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။

သရုပ်ဆောင် သင်ဇာဝင့်ကျော်  / Thin Zar Wint Kyaw's Facebook

Stay home ကာလ နေထိုင် စားသောက်မှု ပုံစံကို မျှဝေခဲ့တဲ့ သင်ဇာဝင့်ကျော်

by ဧရာဝတီ
13 July 2021
52.2k

ဒီကာလမှာ ပိုစားပါ။ ပိုအိပ်ပါ။ ကိုယ်ခံအား ကောင်းနေဖို့ အရေးကြီးပါတယ်။ စိတ်ညစ်စရာတွေ သိပ်မတွေးပါနဲ့။

--

ကိုဗစ်လှိုင်းကြားက မြန်မာ့ရိုးရာ သင်ဖြူးဖျာ

by အောင်ကျော်ထက်
28 August 2020
6.5k

စီးပွားရေးအကျပ်အတည်းရင်ဆိုင်နေရသော လုပ်ငန်းကဏ္ဍများစုံထဲတွင် မြန်မာနိုင်ငံ၏ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်လည်းဖြစ်၊ မြန်မာ့ရိုးရာလက်မှုထုတ်ကုန်တခုလည်းဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့က သင်ဖြူးဖျာလုပ်ငန်းများသည်လည်း တခုအပါအဝင် ဖြစ်သည်။

ခုတ်ထွင်ရှင်းလင်းခံထားရတဲ့ ဒီရေတောတတော /  Oliver S. - Madagascar General  / Alamy Stock Photo 

သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများလေ လူတွေ ဘေးဒုက္ခများလေ

by သဇင်လှိုင်
9 July 2020
8.6k

သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဒေါက်တာ မြင့်ဇော်နဲ့ ဧရာဝတီက တွေ့ဆုံမေးမြန်းထားပါတယ်။

၂၀၂၀ အတွင်း ကွယ်လွန်သွားခဲ့တဲ့ အနုပညာရှင်များ

၂၀၂၀ ပြည့်နှစ်အတွင်း ကြွေလွင့်သွားခဲ့တဲ့ အနုပညာရှင်များ

by ချစ်ပိုး
30 December 2020
9.7k

၂၀၂၀ ပြည့်နှစ်ဟာ COVID-19 ရောဂါကြောင့် ကမ္ဘာတဝှမ်းမှာ စိတ်မချမ်းမြေ့စရာ သတင်းတွေ ကြုံတွေ့ခဲ့ရပြီး ဒီနှစ်ထဲမှာလည်း အနုပညာရှင်များစွာ ကြွေလွင့်ခဲ့ရပါတယ်။

Next Post
COVID-19 ညှိနှိုင်း ပူးပေါင်းရေး ကော်မတီ အတွင်းရေးမှူး အငြိမ်းစား ဒု ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး / ဧရာဝတ်ီ

ပူးပေါင်းဆောင်ရွက်ဖို့ လမ်းစများတယ်

Kawasaki ရောဂါမှာ မျက်လုံးတွေ အနီသမ်းခြင်း၊ နှလုံးသွေးလွှတ်ကြော ရောင်ရမ်းခြင်း စတဲ့လက္ခဏာတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

ကလေးတွေ သေဆုံးရတဲ့ Kawasaki ရောဂါ နဲ့ COVID-19 ဆက်စပ်မှုရှိနိုင်

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

4 hours ago
2.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved