ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုတွေဟာ နေရောင်ခြည်၊ အပူချိန်နဲ့ စိုထိုင်းဆ တို့မှာ အားနည်းတာကြောင့် လာမယ့် နွေရာသီ နေ့ရက်များမှာ ကပ်ရောဂါဖြစ်ပွားမှု အတန်သင့် လျော့နည်းသွားနိုင်တယ်လို့ အမေရိကန်အစိုးရက ပြောပါတယ်။
အမေရိကန်အစိုးရရဲ့ လေ့လာစမ်းသပ်ချက်များအရ ကိုရိုနာဗိုင်းရပ်စ်ဟာ ခြောက်သွေ့တဲ့ အိမ်တွင်းနေရာတွေမှာ ပိုမိုကောင်းမွန်စွာ ရှင်သန်နိုင်ပြီး စိုထိုင်းဆနဲ့ အပူချိန် အတန်အသင့်ရှိတဲ့ နေရာတွေမှာတော့ စွမ်းဆောင်ရည် ကျတယ်လို့ ဆိုပါတယ်။
Homeland Security’s Science and Technology Directorate ဌာနရဲ့ တာဝန်ရှိသူဖြစ်တဲ့ William Bryan က “နေရောင်ခြည်နဲ့ တိုက်ရိုက် ထိတွေ့ရတဲ့ နေရာတွေမှာ ဗိုင်းရပ်စ်ဟာ လျင်လျင်မြန်မြန်ကိုပဲ သေဆုံးသွားနိုင်တယ်”လို့ အိမ်ဖြူတော်မှတဆင့် သတင်းထုတ်ပြန်ခဲ့ပါတယ်။
လေ့လာချက်ဟာ နွေရာသီကာလများမှာ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှု လျော့နည်းသွားမယ်ဆိုတဲ့ ဘက်ကို ရည်ညွှန်းနေပေမယ့် စင်ကာပူလို ပူတဲ့ နိုင်ငံမျိုးမှာ ရောဂါပျံ့နှံ့မှုတွေ ရှိနေတာကြောင့် ဝေဖန်မှုတွေကို ခံနေရတယ်လို့ သိရပါတယ်။
အမေရိကန်ရဲ့ သမ္မတဖြစ်သူ ဒေါ်နယ်ထရမ့်ကလည်း အဲဒီအဆိုကို လက်ခံနေပြီး အမေရိကန်ရဲ့ နွေအဝင်မှာ ရောဂါကူးစက်မှုတွေ လျော့နည်းသွားလိမ့်မယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ အမေရိကန်နိုင်ငံရဲ့ ပြည်နယ် ၁၃ ခုမှာ စီးပွားရေးလုပ်ငန်းများကို ပြန် လည်ပတ်လျက် ရှိပါတယ်။ အမေရိကန်ဟာ ကမ္ဘာမှာ COVID-19 ဖြစ်ပွားမှု အမြင့်ဆုံးနိုင်ငံဖြစ်နေပြီး သေဆုံးမှုလည်း အများဆုံး ဖြစ်နေပါတယ်။
Ref. Reuters
You may also like these stories:
အမေရိကန်က တိရစ္ဆာန်ရုံ တရုံမှာ ကျား ၈ ကောင် COVID-19 ကူးစက်ခံရ
ဝူဟန်ကာလအတွင်း၂ လကြာ ပျောက်ဆုံးနေတဲ့ တရုတ်ဂျာနယ်လစ် ပြန်ထွက်ပေါ်လာ
အမေရိကန်မှာ လုပ်ငန်း ပြန်လည်ပတ်မှုကြောင့် ပြည်သူနဲ့ အစိုးရကြား သဘောထား ကွဲလွဲ