Entertainment

ကွယ်လွန်သူ မင်းသား Sushant ရဲ့ ချစ်သူဟောင်း မင်းသမီး Chakraborty အာမခံရ

Want create site? Find Free WordPress Themes and plugins.

ကိုယ့်ကိုယ်ကို အဆုံးစီရင်မှုနဲ့ ကွယ်လွန်ခဲ့တဲ့ ချစ်သူဟောင်း မင်းသား Sushant Singh Rajput အတွက် မူးယစ်ဆေးဝါး ဝယ်ပေးခဲ့တယ်လို့ စွပ်စွဲခံရပြီးတဲ့နောက် လွန်ခဲ့တဲ့ တလနီးပါးလောက်က အဖမ်းခံခဲ့ရတဲ့ ဘောလိဝုဒ်မင်းသမီး Rhea Chakraborty ဟာ အောက်တိုဘာလ ၇ ရက်နေ့မှာ အာမခံရရှိခဲ့ပါတယ်။

အသက် ၃၄ နှစ်အရွယ် မင်းသား Sushant ဟာ ပြီးခဲ့တဲ့ ဇွန်လတုန်းက မွမ်ဘိုင်းမြို့မှာရှိတဲ့ သူ့ရဲ့ တိုက်ခန်းမှာ သေဆုံးခဲ့ပြီးနောက် မင်းသမီး Chakraborty က ဆေးခြောက်၊ အောက်လမ်း အတတ်တွေနဲ့ မင်းသားကို သတ်ခဲ့တယ်လို့ ရုပ်သံချန်နယ်တွေမှာ ဖော်ပြခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၇ ရက်နေ့မှာတော့ မွမ်ဘိုင်းမြို့မှာရှိတဲ့ တရားရုံတခုကနေ မင်းသမီးကို အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပြီဖြစ်တယ်လို့ သူ့ရဲ့ရှေ့နေ Satish Maneshinde က ပြောကြားခဲ့ပြီး ဒါဟာ အမှန်တရားနဲ့ တရားမျှတမှုရဲ့ အောင်ပွဲဖြစ်တယ်လို့ ခေါ်ဆိုခဲ့ပါတယ်။

ရှေ့နေက “Rhea ကိုဖမ်းဆီးထိန်းသိမ်းထားဖို့ တကယ့်ကိုပဲ ဝရမ်းလိုအပ်ပြီး ဒါဟာ ဥပဒေကို ကျော်လွန်ခဲ့တာ ဖြစ်တယ်” လို့ ဆိုပါတယ်။ မင်းသမီးရဲ့ အစ်ကိုဖြစ်သူ Showik လည်း ပြီးခဲ့တဲ့လတုန်းက အဖမ်းခံခဲ့ရပြီး ထိန်းသိမ်းခံထားရပါတယ်။

အိန္ဒိယထိပ်တန်း မှုခင်းဖြိုခွင်းရေး အေဂျင်စီဖြစ်တဲ့ ဗဟိုစုံစမ်းစစ်ဆေးရေး ဗျူရိုကလည်း ပြီးခဲ့တဲ့ သြဂုတ်လက စလို့ မင်းသား Sushant ရဲ့ သေဆုံးမှုကို စုံစမ်းစစ်ဆေးနေကြပြီး မူးယစ်ထိန်းချုပ်ရေး ဗျူရိုကတော့ မင်းသားဟာ ဆေးခြောက် အသုံးပြုခဲ့ခြင်း ရှိ၊ မရှိ စစ်ဆေးခဲ့ပါတယ်။

ဒေလီအခြေစိုက် အိန္ဒိယနိုင်ငံလုံးဆိုင်ရာ ဆေးသိပ္ပံ အင်စတီကျုကတော့ မင်းသားဟာ အသတ်ခံခဲ့ရတာမဟုတ်ဘဲ ကိုယ့်ကိုယ်ကို အဆုံးစီရင်မှုနဲ့ သေဆုံးခဲ့တာသာ ဖြစ်တယ်လို့ မှုခင်းဆေးစစ်မှုကို ကောက်ချက် ချခဲ့ပြီး ရုပ်သံချန်နယ်အချို့ရဲ့ ခန့်မှန်း ပြောဆိုချက်တွေကို ပယ်ချခဲ့ပါတယ်။

အခုလိုမျိုး ကိစ္စကြောင့် ဘောလိဝုဒ် အနုပညာလောကအတွင်းမှာ မူးယစ်ဆေးကိစ္စ တော်တော်လေး ဂယက်ရိုက်ခဲ့ပြီး မင်းသမီး Deepika Padukone အပါအဝင် နာမည်ကျော် မင်းသမီး တော်တော်များများလည်း ပြီးခဲ့တဲ့လတုန်းက စစ်ဆေးမေးမြန်းခံခဲ့ရပါတယ်။

မင်းသား Sushant ဟာ ဘောလိဝုဒ် အနုပညာလုပ်ငန်းထဲ အထင်ကရ မိသားစုထဲကလာသူ မဟုတ်ဘဲ အိန္ဒိယရဲ့ အဆင်းရဲဆုံးပြည်နယ်ဖြစ်တဲ့ Bihar ကနေ အောင်မြင်လာခဲ့သူ ဖြစ်ပါတယ်။ ရုပ်ရှင်လောကထဲဝင်ဖို့ အင်ဂျင်နီယာ လေ့လာမှုတွေကို စွန့်လွှတ်ခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ စတင် နာမည်ရလာခဲ့ပါတယ်။

၂၀၁၆ ခုနှစ်မှာတော့ အိန္ဒိယ ခရစ်ကတ်သူရဲကောင်း Mahendra Singh Dhoni အဖြစ် သရုပ်ဆောင်ရာကနေ ပရိသတ်အားပေးမှုကို ရရှိခဲ့ပါတယ်။

Ref: thejakartapost

You may also like these stories:

နာမည်ကျော် ဂစ်တာသမား Eddie Van Halen ကင်ဆာရောဂါကြောင့် ကွယ်လွန်

COVID-19 ကို မကြောက်ကြဖို့ ဆိုတဲ့ သမ္မတ ထရမ့်ရဲ့ မှတ်ချက်ကို အနုပညာရှင်တွေ ဝေဖန်

Blackpink အဖွဲ့ရဲ့ ဂီတဗီဒီယိုထဲက လိင်အသားပေး သူနာပြု ဇာတ်ဝင်ခန်းကို ဖယ်ရှားမည်

Did you find apk for android? You can find new Free Android Games and apps.
Loading