• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကိုဗစ်လူနာကို နေအိမ်တွင်သာ နေထိုင်စေမည့် အစီအစဉ် မလုပ်ဖြစ်သေး ဟုဆို

by လဲ့လဲ့
8 October 2020
in သတင်း
A A
ကိုဗစ်လူနာများ ကုသပေးနေသည့် ရန်ကုန်တိုင်းဒေသကြီး သုဝဏ္ဏရှိ ဧရာဝတီစင်တာ  / မျိုးမင်းစိုး / ဧရာဝတီ

ကိုဗစ်လူနာများ ကုသပေးနေသည့် ရန်ကုန်တိုင်းဒေသကြီး သုဝဏ္ဏရှိ ဧရာဝတီစင်တာ / မျိုးမင်းစိုး / ဧရာဝတီ

9.1k
VIEWS
Share on FacebookShare on Twitter

ကိုဗစ်ပိုးတွေ့ လူနာတချို့ကို နေအိမ်တွင်သာ နေထိုင်စေမည့် အစီအစဉ် မလုပ်ဆောင်ဖြစ်သေးကြောင်း ပြည်သူ့ ကျန်းမာ ရေး ဦးစီးဌာန၊ ကူးစက်ရောဂါ ကာကွယ်နှိမ်နှင်းရေး ဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင် ကြီးက ဧရာဝတီသို့ ပြော သည်။

ကိုဗစ်လူနာ တွေ့ရှိမှုနှုန်း နေ့စဉ် တိုးလာသည်နှင့်အမျှ ကုသမှုနေရာ အခက်အခဲ ရှိခြင်းကြောင့် လူနာတချို့ကို နေအိမ်တွင် သာ နေထိုင်စေမည့် အစီအစဉ်နှင့် ပတ်သက်ပြီး ရန်ကုန်တိုင်း ဒေသကြီး ကိုဗစ် – ၁၉ ကာကွယ် ထိန်းချုပ်ကုသပေါင်းစပ် ညှိနှိုင်းရေး ကော်မတီ ဒု ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ ဇော်ဝေစိုး ဦးဆောင်ကာ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် အောက်တိုဘာ၂ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ဒေါက်တာ ခင်ခင်ကြီးက “ပိုးတွေ့တဲ့လူနာတွေကို အိမ်မှာထားဖို့ အစီအစဉ်က လောလောဆယ် မလုပ်သေးပါဘူး။ ဒါက စဉ်းစားနေတဲ့ အဆင့်ပဲ ရှိပါသေးတယ်။ အကောင်အထည် မဖော်ပါဘူး။ လက်ရှိ ပိုးတွေ့ လူနာတွေ ထားရှိဖို့အတွက် နေရာ တွေ အဆင်သင့်ရှိတယ် ဆိုတဲ့အကြောင်းကို ဆရာကြီး ဦးဇော်ဝေစိုးကလည်း မီဒီယာတွေနဲ့ အင်တာဗျူးမှာ ပြောထားပြီး ဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ကိုဗစ်ရောဂါ ကူးစက်ခံရသည့် လူနာများအနက် ၈၀ ရာခိုင်နှုန်းမှာ ရောဂါလက္ခဏာ မပြသည့်သူများ၊ ရောဂါလက္ခဏာ မပြင်းထန်သူများ၊ အနံ့ပျောက်ရုံသာ လက္ခဏာပြသူများ ဖြစ်ကြပြီး၊ ဆေးရုံ၌ ကုသမှု လိုအပ်သည့် လူနာမှာ ၂၀ ရာခိုင်နှုန်းသာ ရှိခြင်းကြောင့် နေရာလုံလောက်မှု ရှိသည့်အတွက် ထိုအစီအစဉ်ကို အကောင်အထည် မဖော်ဖြစ်သေးကြောင်း ၎င်းက ရှင်းပြသည်။

အောက်တိုဘာ ၁ ရက်မှ စပြီး ရန်ကုန်တိုင်းတွင် ကိုဗစ်လူနာ တွေ့ရှိနှုန်းမှာ တနေ့လျှင် လူတထောင်နီးပါး တွေ့ရှိလာခဲ့ခြင်း များကြောင့် ဆေးရုံ၊ ဆေးခန်းများ၌ လာရောက်ပြသသည့် လူနာများအတွက်ထားရှိရန်နေရာ အခက်အခဲ ဖြစ်သွားရခြင်း ဖြစ်သည်။

ထိုသို့ ပိုးတွေ့လူနာများ အဆမတန်များပြားလာသလို ဆေးရုံဆေးခန်းများမှာ ပိုးတွေ့လူနာဦးရေနှင့် နှိုင်းယှဉ်ပါက နည်းနေ ခြင်းကြောင့် လူနာများကို နေအိမ်တွင် နေထိုင်စေမည့် အစီအစဉ်ကို စဉ်းစားကြခြင်း ဖြစ်သည်ဟု သိရသည်။

ဒေါက်တာ ခင်ခင်ကြီးက “ပြီးခဲ့တဲ့ တပတ်ကပဲ ရောဂါပိုးတွေ့ လူနာတွေက အရှိန်အဟုန်နဲ့ များလာတယ်။ များလာတော့ ဆေးရုံဆေးခန်း ပမာဏကလည်း ပိုးတွေ့တဲ့လူနာနဲ့ နှိုင်းစာရင် နည်းတယ်။ အဲဒီအခါမှာ ပိုးတွေ့လူနာတွေကို ဆေးရုံမှာ ထားနိုင်ဖို့ နေရာတွေ နောက်ကနေ လိုက်လုပ်နေရတဲ့ အခြေအနေ ဖြစ်တဲ့အခါမှာ လိုအပ်ချက်တွေ၊ အားနည်းချက်တွေ ရှိပါတယ်” ဟု ပြောသည်။

ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ကိုဗစ်ရောဂါဖြစ်ပွားမှု နောက်ဆုံး အခြေအနေနှင့် ပတ်သက်ပြီး ပြည်သူသို့ အစီရင်ခံ တင်ပြသည့် မိန့်ခွန်း၌ လူနာများအတွက် အချို့ဆေးရုံများတွင် ခုတင် မလောက်သည့်အပေါ် တောင်းပန်စကား ဆိုခဲ့သေး သည်။

ကိုဗစ်လူနာများ ကုသပေးနေသည့် ရန်ကုန်တိုင်းဒေသကြီး သုဝဏ္ဏရှိ ဧရာဝတီစင်တာ (ဓာတ်ပုံ-မျိုးမင်းစိုး/ဧရာဝတီ)

ဒေါ်အောင်ဆန်းစုကြည်က “အခုဆိုရင် ဆေးရုံတွေလည်း လုံလုံလောက်လောက်ရှိအောင်၊ ကိုဗစ်ရောဂါကုသဖို့ တခြားဌာန တွေလည်း ကျန်းမာရေးဝန်ကြီးဌာနကနေ ထူထောင်ထားတဲ့ ဌာနတွေမှာလည်း နေရာလုံလုံလောက်လောက် ရှိအောင် ကျမတို့ စီစဉ်နေပါတယ်” ဟု ပြောကြားခဲ့သည်။

ယခုအခါ Fever Clinic သို့ လာရောက်ပြသကြသည့် လူနာများအနက် အနံ့ပျောက်ပြီး ၎င်းတို့နေအိမ်များတွင် သီးသန့်နေ ထိုင်ရန် အဆင်မပြေသည့်သူများအတွက် မြို့နယ်အလိုက် သီးသန့်စင်တာများ ဖွင့်လှစ်ထားရာ လှိုင်သာယာတွင် စင်တာ ၃ ခု ရှိသည်ဟု လှိုင်သာယာမြို့နယ်ရှိ စင်တာ တာဝန်ခံ ကိုဇေကိုကို ထံက သိရသည်။

ထို့ပြင် ဒေါက်တာ ခင်ခင်ကြီးက ကိုဗစ်လူနာတဦးကို နေအိမ်တွင် နေထိုင်စေမည့် အစီအစဉ် ပြုလုပ်မည်ဆိုပါက စဉ်းစားရ မည့် အချက်များစွာ ရှိနေသည်ဟု ထောက်ပြသည်။

ကိုဗစ်လူနာတဦး အိမ်တွင်နေမည်ဆိုပါက ၎င်းသီးသန့် နေထိုင်ရန်အခန်း လိုအပ်သလို မိသားစု၏ ပံ့ပိုးပေးမှု၊ မိသားစုသို့ ရောဂါ မကူးရန် လိုက်နာရမည့် စည်းကမ်းချက်များကို တိတိကျကျ သေချာစွာ လိုက်နာမှုရှိသလား ဆိုသည့် စည်းကမ်း ချက်များလည်း ရှိသည်ဟု သိရသည်။

တဦးတည်း သီးသန့်နေသူအတွက် စားသောက်မှုအပြင် တကိုယ်ရည် လိုအပ်ချက်များကို ဖြည့်ဆည်းရန် ပတ် ဝန်းကျင်၏ ကူညီဆောင်ရွက်မှု၊ ရပ်ရွာအုပ်ချုပ်ရေး အဖွဲ့များ၏ ပူးပေါင်းဆောင်ရွက်မှုများ လိုအပ်ပြီး လူနာကိုယ်တိုင် ပြင်ပသို့ မထွက် ရန် လိုအပ်သလို ဧည့်သည်ကိုလည်း အိမ်တွင်းသို့ မဖိတ်ခေါ်ရန်လည်း အရေးကြီးကြောင်းစသည့် စည်းကမ်းများကို တင်း ကျပ်ထားရမည် ဟုလည်း ၎င်းက ဆိုသည်။

အင်းစိန်မြို့နယ်ရှိ GTI Quarantine Center 2 မှ တာဝန်ခံ ဦးနီထွန်းကလည်း “အဲဒါက အန္တရာယ်တော့ များနိုင်တယ်။ အဓိကကတော့ ကျန်းမာရေးက ထုတ်ထားတဲ့ စည်းကမ်းတွေကို သူ လိုက်နာပြီး နေနိုင်ပါ့မလား။ သူ့ကို ဘယ်လို စောင့် ရှောက်မှု ပေးမလဲ။ အိမ်မှာ သီးသန့်အခန်းနဲ့ နေနိုင်တဲ့သူအတွက်က ကောင်းပေမယ့် တအိမ်ထဲ မှာ စုနေရတဲ့ မိသားစု တွေအတွက်တော့ အခက်အခဲ ရှိမယ်။ နောက်သူက အပြင်တွေ လျှောက်သွားနေရင် တခြားလူကိုပါ ကူးနိုင်တယ်” ဟု ပြောသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
173
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
12
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
26

မြန်မာနိုင်ငံတွင် အောက်တိုဘာလ ၇ ရက်အထိ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ကိုဗစ်အတည်ပြု လူနာ စုစုပေါင်း၂၁၄၃၃ ဦးရှိပြီး၊ ဆေးရုံမှ ဆင်းခွင့်ရသူ ၆၀၈၄ ဦး ရှိကာ သေဆုံးသူက ၅၁၀ ဦး ရှိပြီ ဖြစ်သည်။

You may also like these stories:

ကိုဗစ်ရောဂါပြင်းထန်လူနာများကို ကုသရန် သွေးရည်ကြည် ရှာရခက်နေ

ကိုဗစ်-၁၉ ပြန်လည်နာလန်ထရေး စီမံချက်သစ်ဖြင့် ပိုမိုကောင်းမွန်အောင် တည်ဆောက်ရန် အစိုးရ ကတိပေး

ကိုဗစ်ကူးစက်ခံရသည့် ကျန်းမာရေးဝန်ထမ်းများကို သီးခြားကုသမည်

ရန်ကုန်မြို့တွင် ကိုဗစ်လူနာထားရန် ယာယီ ဆေးရုံများ ထပ်မံ တည်ဆောက်

Your Thoughts …
Tags: ဆေးရုံဆေးခန်းပိုးတွေ့လူနာ
လဲ့လဲ့

လဲ့လဲ့

ဧရာဝတီ

Similar Picks:

ကူးစက်ရောဂါ တိုက်ဖျက်ရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီး  / သီဟလွင် / ဧရာဝတီ

ပိုးတွေ့ လူနာ၂ ဦး စိုးရိမ်စရာမရှိ၊ သတင်းမှားများကို မယုံကြရန် သတိပေး

by သီဟလွင်
24 March 2020
322.6k

မြန်မာနိုင်ငံတွင် COVID-19 ပိုးတွေ့ လူနာရှိလာသောကြောင့် WHO မှ ထုတ်ပြန်ထားသည့် ပိုးတွေ့နိုင်ငံများ လုပ်ဆောင်ရမည့် အချက် ၅ ချက်အတိုင်း လုပ်ဆောင်နေကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီး / သီဟလွင် / ဧရာဝတီ

လက်ရှိဖြစ်နေတဲ့ အခြေအနေက စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်ပါတယ်

by သဇင်လှိုင်
15 September 2020
49k

ကိုဗစ်ရောဂါ ထိန်းချုပ်ကုသရေးနဲ့ ပတ်သက်ပြီး မည်သို့မည်ပုံ ဆက်လက်ဆောင်ရွက်နေသည်ကို သိရှိနိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးနှင့် ဧရာဝတီသတင်းထောက် သဇင်လှိုင်က ဆက်သွယ် မေးမြန်းထားပါသည်။

Air KBZ လေကြောင်းလိုင်းမှ သြဂုတ်လ ၂၆ ရက်တွင် ကာကွယ်ရေးပစ္စည်းများ စစ်တွေသို့ ပို့ဆောင်ရန် ပြင်ဆင်နေစဉ်  / Air KBZ

Air KBZ နှင့် MAI အနေဖြင့် ကိုဗစ် ကာကွယ်ရေး ရာနှုန်းပြည့် ဆောင်ရွက်ထားဟု ဆို

by ဧရာဝတီ
28 August 2020
7.4k

Air KBZ လေကြောင်းလိုင်းသည် ရခိုင်ပြည်နယ်အတွင်း လိုအပ်နေသည့် ဆေးဝါးနှင့် Swab Test Sample များ သယ်ယူပို့ဆောင်ရေး၊ ခရီးသည် သယ်ယူပို့ဆောင်ရေးတို့ကို လုပ်ကိုင်နေပြီး၊ MAI အနေဖြင့် တခြားသော တိုင်းပြည်များတွင် ပိတ်မိနေသည့် နိုင်ငံသားများအား...

ဧရာဝတီတိုင်း၏ပထမဆုံး COVID –19 ပိုးတွေ့လူနာ ကုသပေးနေသည့် ပုသိမ်ဆေးရုံ / ဆလိုင်းသန့်စင် / ဧရာဝတီ

ဧရာဝတီတိုင်း၏ ပထမဆုံး ပိုးတွေ့လူနာ ပုသိမ်ဆေးရုံ၌ ဆေးကုသမှုခံယူ

by ဆလိုင်းသန့်စင်
19 May 2020
7.8k

အဆိုပါ ပိုးတွေ့လူနာနှင့် ထိတွေ့ခဲ့သည့် အရပ်ဘက် အဖွဲ့အစည်းများမှ စေတနာ့ ဝန်ထမ်း ၃ ဦး၊ ရဲတပ်ဖွဲ့ဝင် ၄ ဦး၊ MNTV သတင်းဌာနမှ ရုပ်သံသတင်းထောက်နှင့် ပုသိမ်အခြေစိုက် DNA သတင်းအေဂျင်စီမှ သတင်းထောက်တို့ကို စောင့်ကြည့်...

အစိုးရ၏ ကွာရန်တင်းစင်တာတွင် ခွဲထား စောင့်ကြည့်ခံတဦး / ထက်ဝေ

ပိုးတွေ့လူနာ ၁၀၀ ကျော်တွင် ဘာသာရေးပွဲနှင့် ဆက်စပ်သူ ၅၀ ကျော် ရှိ

by အောင်သီဟ
19 April 2020
68.1k

ပိုးတွေ့လူနာ ၁၀၇ ဦးထဲတွင် ဘာသာရေးပွဲနှင့် ဆက်စပ်သူ ၅၂ ဦးအထိ ပါဝင်ကြောင်း သိရသည်။

အဆိုတော် လင်းနစ်  / Linnith's Facebook

“ကိုဗစ်က ကူးဖို့ လွယ်သလို သေဆုံးသည်အထိ ဖြစ်နိုင်တာမျိုးပါ”

by ဧရာဝတီ
29 June 2021
13.8k

တကယ်ဖြစ်တော့ ၂ ပတ်လောက်အတွင်းပဲ ဆုံးသွားတာပဲ။ နာရေးလည်း လုပ်လို့မရ၊ တွေ့ခွင့်လည်း မရှိလိုက်ဘူး။ Covid ကို ငါတော့ မဖြစ်လောက်ပါဘူး ဆိုပြီး မပေါ့ကြပါနဲ့။

Next Post
Beauty Blogger ဝင်းမင်းသန်း / Win Min Than's Facebook

“မြန်မာပြည်မှာ အသက်ကြီးတာကို ရယ်စရာ ထင်ကြတယ်”လို့ ဝင်းမင်းသန်း ပြော

ကိုဗစ်ကာလ ဝမ်းရေးခက်ခဲနေသော ကလေးများအတွက် နေ့စဉ် ဆန်လှူပေးနေ (ရုပ်/သံ)

ကိုဗစ်ကာလ ဝမ်းရေးခက်ခဲနေသော ကလေးများအတွက် နေ့စဉ် ဆန်လှူပေးနေ (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved