• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

ရုပ်သံလိုင်းတချို့ကို အသရေဖျက်မှုဖြင့် ဘောလိဝုဒ် ရုပ်ရှင်ထုတ်လုပ်သူတွေ တရားစွဲ

by မစ်ကီ
13 October 2020
in Entertainment
A A
တရားစွဲမှုမှာ မင်းသားတွေဖြစ်ကြတဲ့ ရှရွတ်ခန်၊ ဆော်လ်မန်ခန်းနဲ့ အမီယာခန်းတို့ ပိုင်ဆိုင်ကြတဲ့ ထုတ်လုပ်ရေး ကုမ္ပဏီတွေ ပါဝင်ကြပါတယ်။

တရားစွဲမှုမှာ မင်းသားတွေဖြစ်ကြတဲ့ ရှရွတ်ခန်၊ ဆော်လ်မန်ခန်းနဲ့ အမီယာခန်းတို့ ပိုင်ဆိုင်ကြတဲ့ ထုတ်လုပ်ရေး ကုမ္ပဏီတွေ ပါဝင်ကြပါတယ်။

5.4k
VIEWS
Share on FacebookShare on Twitter

ငယ်ရွယ်တဲ့ ရုပ်ရှင်မင်းသားတယောက် ကွယ်လွန်ခဲ့ပြီးတဲ့နောက် ဘောလိဝုဒ် ရုပ်ရှင်လုပ်ငန်းဟာ မူးယစ်ဆေးနဲ့ ရာဇဝတ်မှုတွေရဲ့ အသိုက်အမြုံကြီးဖြစ်ကြောင်း ပုံဖော်ခဲ့တဲ့ ရုပ်သံလိုင်း ၂ ခုကို ထိပ်တန်းထုတ်လုပ်သူတွေက တရားစွဲဆိုလိုက်တယ်လို့ သိရပါတယ်။

မင်းသား Sushant Singh Rajput ဟာ ကိုယ့်ကိုယ်ကို အဆုံးစီရင်မှုနဲ့ ပြီးခဲ့တဲ့ ဇွန်လမှာ မွမ်ဘိုင်းမြို့မှာရှိတဲ့သူ့ရဲ့ တိုက်ခန်းမှာ သေဆုံးခဲ့ပါတယ်။ သူကွယ်လွန်ခဲ့တဲ့ သတင်းကို မီဒီယာတွေက ဖော်ပြတဲ့နေရာမှာ သူ့ရဲ့ ရုပ်အလောင်း၊ ဆေးညွှန်းတို့ကို ဖော်ပြခဲ့ကြပြီး မင်းသားဟာ အောက်လမ်း အတတ်ကြောင့် သေဆုံးခဲ့တာလို့ ပြသခဲ့ကြပါတယ်။

အဲ့ဒီနောက် မီဒီယာတွေဟာ မူးယစ်ဆေးသုံးစွဲခဲ့မှုနဲ့ ထိန်းသိမ်းခံခဲ့ရတဲ့ မင်းသားရဲ့ချစ်သူဟောင်း Rhea Chakraborty ကို ပစ်မှတ်ထားခဲ့ပါတယ်။ ဒေလီတရားရုံးချုပ်မှာ စွဲဆိုခဲ့တဲ့ အဲ့ဒီအမှုမှာတော့ ဘောလိဝုဒ် ထုတ်လုပ်ရေး ကုမ္ပဏီ ၃၀ ကျော်နဲ့ အနုပညာလုပ်ငန်းအဖွဲ့ ၄ ဖွဲ့ ပါဝင်ကြပါတယ်။

ထုတ်ပြန်ချက်ထဲမှာ ရုပ်ရှင်ထုတ်လုပ်သူတွေက “ဘောလိဝုဒ်ရုပ်ရှင်လုပ်ငန်း အဖွဲ့ဝင်တွေရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ဟာ အချိုးဖောက်ခံနေရပြီး လူတွေထဲအတွေးထဲမှာ ရာဇဝတ်မှုတွေနဲ့ ဆင်တူရိုးမှားဖြစ်တယ်ဆိုတဲ့ ဖော်ပြချက်နဲ့ ဘောလိဝုဒ်လောကထဲမှာ မူးယစ်ဆေးယဉ်ကျေးမှု ပျံ့နှံ့နေပြီဖြစ်ကြောင်း ရာဇဝတ်ကောင်တွေ ဖြစ်ကြောင်း ရုပ်ရှင်လောကတခုလုံးကို ပုံဖော်ခဲ့လို့ သူတို့ရဲ့ နာမည်ကျော်ကြားမှုတွေလည်း ထိခိုက်ခဲ့ရပါတယ်” လို့ ဖော်ပြထားပါတယ်။

ရုပ်ရှင်ထုတ်လုပ်သူတွေက တရားရုံးချုပ်မှာ စွဲဆိုခဲ့တဲ့ အမှုထဲမှာ “Republic TV” ရုပ်သံလိုင်းနဲ့ ထူထောင်သူ Arnab Goswami ၊ “Times Now” ရုပ်သံလိုင်းတွေကို နာမည်တပ်ထားပါတယ်။ အဲ့ဒီရုပ်သံလိုင်းတွေရဲ့ ကိုယ်စားလှယ်တွေကတော့ မှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။ ထုတ်လုပ်သူတွေဘက်က ရှေ့နေတွေနဲ့လည်း အဆက်အသွယ် မရသေးဘူးလို့ ဆိုပါတယ်။

အခုလိုမျိုး တရားစွဲဆိုခဲ့တဲ့ သူတွေထဲမှာ အိန္ဒိယရုပ်ရှင် ထုတ်လုပ်သူများ အစည်းအရုံး၊ ဇာတ်ညွှန်းရေးဆရာ အသင်း၊ မင်းသားတွေဖြစ်ကြတဲ့ ရှရွတ်ခန်၊ ဆော်လ်မန်ခန်းနဲ့ အမီယာခန်းတို့ ပိုင်ဆိုင်ကြတဲ့ ထုတ်လုပ်ရေး ကုမ္ပဏီတွေ ပါဝင်ကြပါတယ်။

အဲ့ဒီအမှုကို ဘယ်တော့ကြားနာမယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ Republic TV နဲ့ Times Now ရုပ်သံလိုင်းတွေဟာ မင်းသား Rajput ရဲ့ သေဆုံးမှုအကြောင်းနဲ့ အခြေအနေ တွေကို ဖော်ပြခဲ့တာကြောင့် ဂျာနယ်လစ်တွေနဲ့ ဆိုရှယ်မီဒီယာ အသုံးပြုသူတွေရဲ့ ဝေဖန်မှုကို ခံခဲ့ရပါတယ်။

ထုတ်လုပ်သူတွေရဲ့ ထုတ်ပြန်ချက်ထဲမှာ “အဲ့ဒီ တရားခံတွေဟာ သူတို့တွေရှိထားတဲ့ သက်သေတွေကို အခြေခဲ့ပြီး အပြစ်ရှိတယ်လို့ ဘောလိဝုဒ်နဲ့ ဆက်စပ်နေသူတေို အပြစ်တင်ရေး တရားရုံးသဖွယ် လုပ်ဆောင်နေတာ၊ စင်ပြိုင်သီးသန့် စုံစမ်းစစ်ဆေးရေးတွေကို လုပ်ဆောင် ထုတ်ပြန်နေကြပါတယ်” လို့ အဲ့ဒီရုပ်သံသတင်းဌာန ၂ ခုကို ကိုးကား ပြောဆိုခဲ့ပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
124
သဇင်ပန်း

သဇင်ပန်း

10 January 2026
134
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
311

Ref:Reuters

You may also like these stories:

သရုပ်ဆောင်အလုပ်ကနေ နုတ်ထွက်မယ့် အစီအစဉ်ကို ပြောဆိုခဲ့တဲ့ Aamir Khan

ဟောလိဝုဒ် ရုပ်ရှင်လောကအထိပါ အောင်မြင်မှု ရရှိကြတဲ့ ဘောလိဝုဒ် သရုပ်ဆောင်များ

Your Thoughts …
Tags: တရားစွဲဘောလိဝုဒ်ရုပ်သံလိုင်းအသရေဖျက်မှု
မစ်ကီ

မစ်ကီ

Contributor

Similar Picks:

မြန်မာပြည်ဖွား အိန္ဒိယ အကမင်းသမီး ဟယ်လင်

မြန်မာပြည်ဖွား အိန္ဒိယ အကမင်းသမီး ဟယ်လင်

by ဧရာဝတီ
23 November 2024
1.6k

မြန်မာတွင် ၎င်းတို့၏ဘဝသည် “ရပ်တည် မရနိုင်လောက်အောင်ဖြစ်ကြောင်း” ဟယ်လင်က ပြောပြသည်။

စစ်ကောင်စီကို မြန်မာနိုင်ငံသားများ ဖိလစ်ပိုင်တွင် တရားစွဲ

စစ်ကောင်စီကို မြန်မာနိုင်ငံသားများ ဖိလစ်ပိုင်တွင် တရားစွဲ

by ဧရာဝတီ
26 October 2023
1.3k

ထန်တလန်မြို့ကို မီးရှို့တိုက်ခိုက်ခြင်း ဒုတိယနှစ်ပတ်လည်နေ့တွင် မနီလာရှိ တရားရေးဌာနသို့ ထိုသို့တိုင်ကြားခြင်းဖြစ်သည်။

X က Media Matters အလှူရှင် အချက်အလက် တောင်းဆိုမှု ပယ်ချခံရဖွယ်ရှိ

X က Media Matters အလှူရှင် အချက်အလက် တောင်းဆိုမှု ပယ်ချခံရဖွယ်ရှိ

by ဧရာဝတီ
27 October 2024
852

အီလွန်မတ်စ် ကို ဆန့်ကျင်တဲ့ လူတဦးချင်းစီထံမှ အလှူငွေတွေ တောင်းခံခဲ့ခြင်း ရှိမရှိ အဲဒီ လက်ဝဲယိမ်း စောင့်ကြည့်ရေး အဖွဲ့က သိနိုင်တာကြောင့် Media Matters ရဲ့ အလှူရှင် အချက်အလက်တွေ ရရှိနိုင်ဖို့က အရေးကြီးကြောင်း X...

ရန်ကုန်မှ တက်ကြွလှုပ်ရှားသူ လူငယ် ၂ဦး စစ်ကြောရေး၌ နှိပ်စက်ခံနေရ

ရန်ကုန်မှ တက်ကြွလှုပ်ရှားသူ လူငယ် ၂ဦး စစ်ကြောရေး၌ နှိပ်စက်ခံနေရ

by ဧရာဝတီ
18 October 2024
730

ဖမ်းဆီးခံလိုက်ရသည့် သပိတ်အဖွဲ့ဝင် ကိုရှိန်းဝေအောင်နှင့် ကိုပိုင်ဖြိုးမင်းတို့ ၂ ဦးတို့ကို လက်ရှိအချိန်ထိ စစ်ကြောရေးတွင် ညှဉ်းပန်းနှိပ်စက်နေဆဲဖြစ်ပြီး ကိုရှိန်းဝေအောင်၏ မိသားစုဝင် ၃ဦးလည်း ဖမ်းဆီးခံထားရကြောင်း

ထိုင်းဝန်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင် ရှင်နာဝပ် / AFP

ဘုရင်စနစ်ကို အသရေဖျက်မှု သက်ဆင် အာမခံရ

by ဧရာဝတီ
20 June 2024
650

သက်ဆင်သည် တရားစီရင်ရေး လုပ်ငန်းစဉ်တွင် ပါဝင်ရန်အသင့်ရှိကြောင်း ၎င်း၏ရှေ့နေ ဝင်းယက် ချက်မွန်ထရီက ပြောသည်။

စစ်ခေါင်းဆောင်ကို ဆန္ဒပြ၍ ထိုင်း၌ အဖမ်းခံရသူ နှစ်ဦး ကျန်းမာရေး မိသားစုစိုးရိမ်

စစ်ခေါင်းဆောင်ကို ဆန္ဒပြ၍ ထိုင်း၌ အဖမ်းခံရသူ နှစ်ဦး ကျန်းမာရေး မိသားစုစိုးရိမ်

by ဧရာဝတီ
10 October 2025
649

ထိုင်းရဲတပ်ဖွဲ့မှ ကိုဖြိုးပိုင်နှင့် ကိုနိုင်နိုင်စိုးတို့ကို နှစ်နိုင်ငံချစ်ကြည်ရေးပျက်ပြားစေမှု၊ ထိုင်းနိုင်ငံတည်တံ့ခိုင်မြဲရေးကို ထိပါးစေမှု၊ ထိုင်းလူမှုအသိုင်းအဝိုင်းကို မငြိမ်မသက်နှင့် အန္တရာယ်ဖြစ်စေမှု၊ ထိုင်းနိုင်ငံသားများ၏လုံခြုံမှုကို အန္တရာယ်ဖြစ်စေမှုစသည်တို့ဖြင့် တရားစွဲထားသည်။

Next Post
တောင်ကိုရီးယားအမျိုးသား အဆိုတော်အဖွဲ့ BTS

BTS အဖွဲ့ရဲ့ အငြင်းပွားဖွယ် ပြောဆိုမှုကြောင့် တရုတ်မှာ ပရိုမိုးရှင်းတချို့ ရပ်နားခံရ

ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ(KySDP) အား ထောက်ခံအားပေးနေကြသည့် မြို့ခံများ / KysDP / facebook

ဘတပြန်ကျားတပြန် ကယားပြည်နယ်ရွေးကောက်ပွဲ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.7k
ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

1 hour ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved