• English
Wednesday, June 18, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

မြန်မာပြည်ဖွား အိန္ဒိယ အကမင်းသမီး ဟယ်လင်

by ဧရာဝတီ
23 November 2024
in ဆောင်းပါး
A A
မြန်မာပြည်ဖွား အိန္ဒိယ အကမင်းသမီး ဟယ်လင်

မြန်မာပြည်မှ ၉ လကြာ လမ်းလျှောက် ထွက်ပြေးရပြီးနောက် သူနှင့် သူ့မိသားစုသည် အရိုးပေါ်အရေတင်သာ ကျန်တော့သည်ဟု ဟယ်လင်က ပြန်ပြောပြသည် / Express Archives

1.6k
VIEWS
Share on FacebookShare on Twitter

ဟယ်လင်သည် နိုဝင်ဘာလ ၂၁ ရက်နေ့တွင် အသက် ၈၆ နှစ်ပြည့်သည်။ အကမင်းသမီး ဟယ်လင်သည် ဂျပန်များ ဝင်ရောက်လာသောကြောင့် မိခင်နိုင်ငံ မြန်မာမှ ထွက်ပြေးခဲ့ရပြီး ခက်ခဲသော ကလေးဘဝကို ဖြတ်သန်းခဲ့ရသည်။

၁၉၆၀ ပြည့်နှစ်များက ဟင်ဒီရုပ်ရှင်လောကတွင် ‘ရွှေမိန်းကလေး’ ဟု ကျော်ကြားသည့် ဟယ်လင်သည် ရုပ်ရှင်များတွင် သူ၏ ထူခြားဆန်းပြားသော အကများအတွက် ကျော်ကြားသည်။ သူလျှောက်လှမ်းရသည့် ဘဝလမ်းကြောင်း၏ ဖြတ်သန်းမှုများစွာတွင် ဟယ်လင်သည် ဖျော်ဖြေရေး သီချင်းများအတွက် အရည်အသွေးပါအောင် ကြိုးစားရသည်။

RelatedPosts

ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

18 June 2025
2.8k
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

18 June 2025
683
တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

16 June 2025
4.4k

ရုပ်ရှင်များတွင် သူ၏ အခန်းကဏ္ဍ ကြီးမားသောကြောင့် ၁၉၆၀ ပြည့်နှစ်များနှင့် ၁၉၇၀ ပြည့်နှစ်များက ဟင်ဒီရုပ်ရှင်များ အားလုံးနီးပါး၏ အဖွဲ့လိုက်အကတွင်ပါပြီး ထိုအကကို ဟယ်လင်က သရုပ်ဖော်သည်။ သူ၏ဘဝသည် လွန်စွာဆွဲဆောင်မှုရှိသော်လည်း ဟယ်လင်သည် ကျော်ကြားမှုနှင့် အောင်မြင်မှုရရန် အငတ်ဘေးကို ရင်ဆိုင်ခဲ့ရသည်။

သူ၏ဇာတိ မြန်မာနိုင်ငံမှ မိခင်ဖြစ်သူ မာလိန်း၊ မောင်ငယ်တဦးနှင့် ခြေလျင်ထွက်ပြေးရချိန်တွင် ဟယ်လင်သည် အသက် သုံးနှစ်သာရှိသေးပြီး ၎င်းတို့သည် အာသံပြည်နယ်မှ ဒိုင်ဘရူးဂါးမြို့သို့ ရောက်အောင် ကိုးလကြာ လမ်းလျှောက်ခဲ့ရသည်။

သူ၏ဇာတိ မြန်မာနိုင်ငံမှ မိခင်ဖြစ်သူ မာလိန်း၊ မောင်ငယ်တဦးနှင့် ခြေလျင်ထွက်ပြေးရချိန်တွင် ဟယ်လင်သည် အသက် သုံးနှစ်သာရှိသေးပြီး ၎င်းတို့သည် အာသံပြည်နယ်မှ ဒိုင်ဘရူးဂါးမြို့သို့ ရောက်အောင် ကိုးလကြာ လမ်းလျှောက်ခဲ့ရသည်။

ဒုတိယကမ္ဘာစစ်အတွင်း ဗုံးဒဏ်ခံ ရန်ကုန် ၃၉ လမ်း

ဟယ်လင်ကို မာလိန်းအမည်ရှိ စပိန်-မြန်မာကပြား မိခင်နှင့် ပြင်သစ်လူမျိုး ဖခင်တို့က ဖွားမြင်သည်။ သူ၏ဖခင် ကွယ်လွန်ပြီး မကြာမီ သူ့မိခင်က အင်္ဂလိပ်အရာရှိတဦးနှင့် ထပ်မံအိမ်ထောင်ပြုပြီး ဂျပန်တပ်များ မြန်မာသို့ ဝင်ရောက်လာချိန်တွင် ၎င်းတို့သည် မြန်မာတွင် နေထိုင်နေကြဆဲဖြစ်သည်။

ဂျယ်ရီ ပင်တိုက သူ၏စာအုပ် Helen: The Life and Times of an H-Bomb တွင် ကိုးကားဖော်ပြခဲ့သည့်အတိုင်း Filmfare နှင့် ၁၉၆၄ ခုနှစ်က တွေ့ဆုံမေးမြန်းခန်းတွင် ဟယ်လင်က မြန်မာကို ဂျပန်များက အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေသောကြောင့် ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလတွင် မြန်မာမှ ထွက်ခွာကြသည်ကို ပြန်လည် ပြောပြခဲ့သည်။

“ကျမအမေက ပစ္စည်းနည်းနည်းထုပ်ပိုးပြီ လေဆိပ်အထိ ကလေးငယ် မောင်လေးကို ချီထားတဲ့အမေနဲ့ ကျမတို့ လေယာဉ်ကွင်းကို သွားကြတယ်။ အဲဒီညမှာ လေယာဉ်ကွင်းကို ဗုံးကြဲခံရတယ်။ ကြောက်လန့်တုန်လှုပ်ပြီး ကျမတို့ အိမ်ပြန်ပြေးကြတယ်” ဟု ၎င်းက ပြန်ပြောင်းပြောပြသည်။

မြန်မာတွင် ၎င်းတို့၏ဘဝသည် “ရပ်တည် မရနိုင်လောက်အောင်ဖြစ်ကြောင်း” ဟယ်လင်က ပြောပြသည်။ သူက အဖေဟု ခေါ်သည့် မိခင်၏ နောက်ခင်ပွန်းသည် ဗြိတိသျှအရာရှိတဦးဖြစ်ပြီး သတ်ဖြတ်ခံခဲ့ရသည်။

ဒုတိယကမ္ဘာစစ်အတွင်း မြန်မာပြည်မှ အိန္ဒိယသို့ ကုန်းကြောင်းခရီး စစ်ရှောင်ကြသူများ/ Express Archives

စစ်ဖြစ်နေသော မြန်မာတွင် သူတို့လုံခြုံရေးအတွက် မည်သူ့ကိုမှ အားမကိုးနိုင်တော့ပေ။ “မိတ်ဆွေတွေက သူတို့မိသားစုတွေနဲ့ အိန္ဒိယကို လာဖို့ဆုံးဖြတ်လိုက်တဲ့အခါ အမေကလည်း သူတို့နဲ့လိုက်ဖို့ သဘောတူလိုက်တယ်” ဟု ဟယ်လင်က ပြောသည်။ ထိုသို့ “ပင်ပန်းဆင်းရဲသော” ခရီးဇာတ်လမ်းများကို မိခင် မာလိန်းက ပြန်ပြောပြသည်ကို မကြာခဏ နားထောင်ခဲ့ရကြောင်း သူကပြောသည်။

ဟယ်လင်နှင့် သူ့မိသားစု မြန်မာအုပ်စုတခုနှင့်အတူ ကိုးလကြာအောင် လမ်းလျှောက်ရသည်။ သို့သော် အများအပြားသည် ဖျားနာပြီး အငတ်ဘေးကြောင့် သေဆုံးခြင်း သို့မဟုတ် ရာပေါင်းများစွာသော ကျေးရွာများကို ဖြတ်သန်းရသည့် အန္တရာယ်များသောခရီးတွင် နောက်ချန်နေရစ်ခြင်းကြောင့် ၎င်းတို့၏ ထက်ဝက်မျှသာ ဒိုင်ဘရူးဂါးသို့ ရောက်သည်။

ဟယ်လင်နှင့် သူ့မိသားစု မြန်မာအုပ်စုတခုနှင့်အတူ ကိုးလကြာအောင် လမ်းလျှောက်ရသည်။ သို့သော် အများအပြားသည် ဖျားနာပြီး အငတ်ဘေးကြောင့် သေဆုံးခြင်း သို့မဟုတ် ရာပေါင်းများစွာသော ကျေးရွာများကို ဖြတ်သန်းရသည့် အန္တရာယ်များသောခရီးတွင် နောက်ချန်နေရစ်ခြင်းကြောင့် ၎င်းတို့၏ ထက်ဝက်မျှသာ ဒိုင်ဘရူးဂါးသို့ ရောက်သည်။

“အမေနဲ့ ကျမက အရိုးပေါ်အရေတင်ပဲ ကျန်တယ်။ မောင်လေးက အခြေအနေ အရမ်းဆိုးတယ်။ ကျမတို့ ဆေးရုံမှာ နှစ်လလောက် နေခဲ့ရတယ်” ဟု ဟယ်လင်က ပြောသည်။

ဘောလီးဝုဒ် ဝါရင့် အကမင်းသမီး ဟယ်လင်

နာဆရင်း မန်နီ ကဘီရ်နှင့် ရုပ်သံအထူးအစီအစဉ်တွင် ဟယ်လင်က မကြာသေးမီကမှ ဗုံးကြဲတိုက်ခိုက်ခံရသည့် နေရာတခုကို ဖြတ်သန်းစဉ် ကလေးဘဝ၏ ထင်ထင်ရှားရှား မှတ်မိနေသည် အမှတ်သညာတခုကို ပြန်လည် ပြောကြားခဲ့သည်။

“ညဘက်ကြီးမှာ အိမ်ကနေထွက်ပြေးရပြီး ဗုံးကျထားတာဖြစ်နိုင်တဲ့ နေရာတခုကို ဖြတ်သန်းရတယ်။ အဲဒါက ဆိုင်တဆိုင်ဖြစ်ပြီး ဆံပင်တွေ၊ သွေးတွေနဲ ဦးခေါင်းခွံအပိုင်းအစတွေကို နံရံပေါ်မှာ တွေ့ရတာကို မှတ်မိနေတုန်းပဲ” ဟု သူကပြောသည်။

၂၀၂၃ ခုနှစ်က Bollywood Bubble အစီအစဉ်တွင် သူ၏ ခင်ပွန်းပါသား အာဘာအက်ဇ် ခန်းနှင့် ဆွေးနွေးခဲ့သည်။ ဟယ်လင်က အာသံမှ ကာလကတ္တား (ယခု ကိုလ်ကတ္တား) သို့ ရောက်သောအခါ ကျောက်ရောဂါဖြင့် သေဆုံးသွားသည့် သူ့မောင်အပြင် မိခင်သည် ကိုယ်ဝန်ဆောင်ထားကြောင်း ပြောသည်။

၂၀၂၃ ခုနှစ်က Bollywood Bubble အစီအစဉ်တွင် သူ၏ ခင်ပွန်းပါသား အာဘာအက်ဇ် ခန်းနှင့် ဆွေးနွေးခဲ့သည်။ ဟယ်လင်က အာသံမှ ကာလကတ္တား (ယခု ကိုလ်ကတ္တား) သို့ ရောက်သောအခါ ကျောက်ရောဂါဖြင့် သေဆုံးသွားသည့် သူ့မောင်အပြင် မိခင်သည် ကိုယ်ဝန်ဆောင်ထားကြောင်း ပြောသည်။

သို့သော် ကြမ်းတမ်းသောခရီးကြောင့် သူ့မိခင် ကိုယ်ဝန်ပျက်ကျသည်။ “လူ ၃၀၀၊ ၃၅၀ လောက် ရွှေ့ပြောင်းနေထိုင်ကြတာ။ ကျမတို့မိသားစုမှာ ကျမ အမေရယ်၊ ကျမ မောင်လေးရယ်နဲ့ ကျမပဲရှိတယ်။ ကျမတို့က အသက်ငယ်သေးပြီး အမေကလည်း ကိုယ်ဝန်ဆောင်ထားရတယ်။ ကိုယ်ဝန်ထဲက ကျမရဲ့ညီမလေးကို အဲဒီမှာ ဆုံးရှုံးခဲ့တယ်” ဟု ဟယ်လင်က ပြောသည်။

ကာလကတ္တားတွင် အတန်ကြာနေထိုင်ပြီးနောက် ဟယ်လင်နှင့် မိခင် မာလိန်းတို့သည် ဘုံဘေသို့ ရွှေ့ပြောင်းကြပြီး ထိုမြို့တွင် အသက်လွန်စွာငယ်ရွယ်စဉ်ကပင် ရုပ်ရှင်များအတွက် စတင်အလုပ်လုပ်သည်။ နောက်ဆုံးတွင် သူသည် ကျော်ကြားလာပြီး ထိုခေတ်၏ လူကြိုက်အများဆုံး အကမင်းသမီး ဖြစ်လာခဲ့သည်။

ကိုးကား။ ။ The Indian Express ပါ Helen walked for 9 months to escape from bombings in Myanmar: ‘I saw blood, skull on the wall as a 3-yr-old; was reduced to a skeleton’

You may also like these stories:

ဒုတိယကမ္ဘာစစ် မန္တလေးမြို့သိမ်း နှစ် ၇၀ ပြည့်ပွဲ ကျင်းပ

ဘောလိဝုဒ်အကတွေကခဲ့တဲ့ ဟောလိဝုဒ်မင်းသား Will Smith

ဒုတိယကမ္ဘာစစ်ပြန် ကပ္ပတိန် ကျော်သိန်းလွင်ရဲ့ ရေကြောင်းတိုက်ပွဲ အတွေ့အကြုံများ

အဏုမြူဗုံးငရဲ ထပ်မဖြစ်စေရန် ဂျပန်မှ နောက်ဆုံး ရှင်ကျန်သူများ တောင်းဆို

ဒုတိယကမ္ဘာစစ်က ချစ်ကျွမ်းဝင်ခဲ့တဲ့ အမျိုးသမီးကို ၇၅ နှစ်အကြာမှာ ပြန်ရှာတွေ့ခဲ့သူ

Your Thoughts …
Tags: စစ်ဘေးဒုက္ခသည်ဒုတိယကမ္ဘာစစ်ဗုံးကြဲတိုက်ခိုက်မှုဘောလိဝုဒ်အိန္ဒိယ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ထောက်ခံသူများကပင် မင်းအောင်လှိုင် နုတ်ထွက်ရန် တောင်းဆိုလာ

ထောက်ခံသူများကပင် မင်းအောင်လှိုင် နုတ်ထွက်ရန် တောင်းဆိုလာ

by နေ့သစ်
16 January 2024
22.6k

ကိုယ်ကျိုးရှာအုပ်စုဖြစ်သည့် စစ်ကောင်စီ ထောက်ခံသူများသည်ပင် စစ်ကောင်စီကို အန်တုနေကြပြီဖြစ်သည်။

သတိပြုစရာ သေးဆူလဲတိုက်ပွဲ

သတိပြုစရာ သေးဆူလဲတိုက်ပွဲ

by မိုးစက်ငြိမ်းချမ်း
16 September 2023
22.4k

သေးဆူလဲတိုက်ပွဲနှင့် ပတ်သက်၍ KNDF ၏ ထုတ်ပြန်ချက်တွင် မီဒီယာနှင့်ပတ်သက်၍ အထူးအလေးထား ဖော်ပြထားသည်ကို တွေ့ရ၏။

အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ

အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ

by မိုးစက်ငြိမ်းချမ်း
21 December 2023
19.2k

အနောက်ဘက်စစ်မျက်နှာသည် အရှေ့မြောက်ကဲ့သို့ နိုင်ငံတခုတည်းနှင့် နယ်နိမိတ်ဆက်စပ်နေ‌သည် မဟုတ်ပေ။ အနောက်ပိုင်းတွင် ရခိုင်သည် ဘင်္ဂလားဒေ့ရှ်နှင့်ရော အိန္ဒိယနှင့်ပါ နယ်နိမိတ်ချင်း ဆက်စပ်နေ၏။

မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

by ရဲမျိုးဟိန်း
9 December 2023
18.6k

သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် စစ်တပ်သည် လက်နက်ကိုင် ခုခံတော်လှန်ရေး အင်အားစုမျိုးစုံ၏ တပြိုင်နက် တိုက်ခိုက်မှုကို ခံရသည်။

၂ လကြာ ပလက်ဝတိုက်ပွဲကြီးနှင့် ရခိုင်စစ်မျက်နှာ အလှည့်အပြောင်း

၂ လကြာ ပလက်ဝတိုက်ပွဲကြီးနှင့် ရခိုင်စစ်မျက်နှာ အလှည့်အပြောင်း

by မိုးစက်ငြိမ်းချမ်း
19 January 2024
14.1k

ပလက်ဝ စစ်မျက်နှာအတွင်း AA ၏ စစ်ဆင်ရေးကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့မှစတင်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ပလက်ဝမြို့နယ်တခုလုံး ရရှိသွားသည်ကို တွေ့ရ၏။

ယိုယွင်းလာသော စကစနှင့် ပြောင်းလဲလာသော အိမ်နီးချင်းနိုင်ငံများ

ယိုယွင်းလာသော စကစနှင့် ပြောင်းလဲလာသော အိမ်နီးချင်းနိုင်ငံများ

by ဝတ်ရည်ခိုင်မာ
16 March 2024
10.8k

အိမ်နီးချင်းနိုင်ငံများထဲမှ လူသားချင်းစာနာမှု အကူအညီပေးရေး၊ စစ်ဘေးဒုက္ခသည်များကို ကူညီရေးအတွက် ပြောဆိုသည်မှာ ထိုင်းနိုင်ငံနှင့် မီဇိုရမ်ပြည်နယ်သာရှိ၏။

Next Post
ကုလသမဂ္ဂ ရာသီဥတု ဆိုင်ရာ ခရီးသွားလုပ်ငန်း ကြေညာချက် နိုင်ငံပေါင်း ၅၀ ကျော် လက်မှတ်ရေးထိုး

ကုလသမဂ္ဂ ရာသီဥတု ဆိုင်ရာ ခရီးသွားလုပ်ငန်း ကြေညာချက် နိုင်ငံပေါင်း ၅၀ ကျော် လက်မှတ်ရေးထိုး

တနင်္သာရီတိုင်းကို အင်အားသုံး စစ်ကြောင်းထိုးနေ (ရုပ်/သံ)

တနင်္သာရီတိုင်းကို အင်အားသုံး စစ်ကြောင်းထိုးနေ (ရုပ်/သံ)

No Result
View All Result

Recommended

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

4 days ago
5.7k
တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

6 days ago
5.1k

Most Read

  • ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    shares
    Share 0 Tweet 0
  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • သူ့နာမည်က ဒေါ်အောင်ဆန်းစုကြည်

    shares
    Share 0 Tweet 0
  • ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

    shares
    Share 0 Tweet 0
  • တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate