• English
Wednesday, June 18, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

အငြင်းပွားမှု ဖြစ်ခဲ့တဲ့ ကမ်မလာဟားရစ်ရဲ့ မျက်နှာဖုံးပုံကို Vogue ပြန်လည် ပြင်ဆင်

by မစ်ကီ
20 January 2021
in Entertainment
A A
ကမ်မလာဟားရစ်ရဲ့ မျက်နှာဖုံးပုံပါ Vogue မဂ္ဂဇင်း

ကမ်မလာဟားရစ်ရဲ့ မျက်နှာဖုံးပုံပါ Vogue မဂ္ဂဇင်း

3.4k
VIEWS
Share on FacebookShare on Twitter

Vogue ကနေ နောက်ဆုံး ထွက်ရှိလာမယ့် စာအုပ်ထဲမှာ အမေရိကန် ဒုသမ္မတအဖြစ် ရွေးကောက်ခံထားရတဲ့ ကမ်မလာဟားရစ်ရဲ့ မူရင်းဓာတ်ပုံဟာ အငြင်းပွားမှုတွေ ဖြစ်ပေါ်ခဲ့ပြီးနောက် မတူညီတဲ့ တခြား ဓာတ်ပုံတပုံနဲ့ ပြန်လည် ပြင်ဆင်ထားတဲ့ မဂ္ဂဇင်းကို ဖြန့်ချိတော့မှာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီလထုတ် မဂ္ဂဇင်းထဲမှာ ပါဝင်တဲ့ ဓာတ်ပုံဟာ ဒုသမ္မတဖြစ်လာမယ့် ပထမဆုံး လူမည်းအမျိုးသမီး ဟားရစ်ရဲ့ အောင်မြင်မှုကို မှေးမှိန်စေပြီး နှိမ့်ချထားတယ်လို့ ဝေဖန်သူတွေက ပြောဆိုခဲ့ကြပါတယ်။

RelatedPosts

တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

16 June 2025
818
တနင်္သာရီမြို့

တနင်္သာရီမြို့

15 June 2025
341
သာလိကာ သမ္မတ

သာလိကာ သမ္မတ

14 June 2025
419

ဆိုရှယ်မီဒီယာ အသုံးပြုသူတွေကတော့ ဟားရစ်ဟာ ဘလေဇာကုတ်အင်္ကျီ၊ ဂျင်းန်နဲ့ စနီကာဖိနပ်တွေကို ဝတ်ဆင်ထားခဲ့တဲ့ အဲ့ဒီဓာတ်ပုံရဲ့ အလင်းပေးမှုကို ဝေဖန်ခဲ့ကြတာဖြစ်ပြီး ဟားရစ်ရဲ့ အသားအရောင်ကို ဖျော့တော့အောင် လုပ်ထားသလားဆိုပြီး မေးခွန်းထုတ်ခဲ့ကြပါတယ်။

အဲ့ဒီလို ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီးတဲ့နောက် Michael Kors အပြာနုရောင်ဝတ်စုံကို ဝတ်ဆင်ထားတဲ့ ဟားရစ်ရဲ့ သာမန်ပုံ တပုံနဲ့ ကော်ပီတွေကို ဖြန့်ချိမယ်လို့ Vogue က ကြေညာခဲ့ပါတယ်။ အဲ့ဒီဓာတ်ပုံကိုတော့ ဒစ်ဂျစ်တယ် မျက်နှာဖုံးအဖြစ် အသုံးပြုထားခဲ့ပြီးလည်း ဖြစ်ပါတယ်။

Vogue ရဲ့ပြောခွင့်ရသူတဦးက “အဲ့ဒီ ဒစ်ဂျစ်တယ် မျက်နှာဖုံးအပေါ် စိတ်ဝင်စားမှု တော်တော် များပြားနေတာကို အသိအမှတ်ပြုတဲ့ အနေနဲ့ရော၊ သမိုင်းဝင် အခိုက်အတန့်ကို ဂုဏ်ပြုတဲ့အနေနဲ့ရော ကျနော်တို့ဟာ သမ္မတကျမ်းကျိန်ပွဲ အထူးထုတ်အဖြစ် အကန့်အသတ်နဲ့ ထုတ်မယ့်ဗားရှင်းကို ဖြန့်ချိမှာဖြစ်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

အယ်ဒီတာ Anna Wintour ကတော့ အခုလအစောပိုင်းတုန်းက အွန်လိုင်းပေါ်မှာ ပျံ့နှံ့ခဲ့တဲ့ မူရင်းဓာတ်ပုံနဲ့ ပတ်သက်လို့ ကာကွယ် ပြောဆိုခဲ့ပြီး မဂ္ဂဇင်းအနေနဲ့ ဟားရစ်ရဲ့ ထူးခြား ပြောင်မြောက်တဲ့ ရွေးကောက်ပွဲ အနိုင်ရရှိမှုကို မှေးမှိန်အောင်လုပ်ဖို့ ရည်ရွယ်ချက် မရှိဘူးလို့ ပြောဆိုထားပါတယ်။

မူရင်းဓာတ်ပုံနဲ့ ဖြန့်ချိတော့မယ့် ဓာတ်ပုံ ၂ ပုံလုံးကို အမေရိကန် ဓာတ်ပုံဆရာ Tyler Mitchell က ရိုက်ကူးပေးခဲ့တာဖြစ်ပြီး သူဟာ ၂၀၁၈ ခုနှစ်တုန်းက ဘီယွန်းစေးပါဝင်တဲ့ Vogue မဂ္ဂဇင်း မျက်နှာဖုံးဓာတ်ပုံကို ရိုက်ကူးရတဲ့ ပထမဆုံး လူမည်းဓာတ်ပုံဆရာ ဖြစ်လာခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ အသက် ၅၆ နှစ်ရွယ် ဟားရစ်ကတော့ တခုခု လူသိရှင်ကြား ထုတ်ပြောတာမျိုး မရှိသေးပေမယ့် သူနဲ့ ရင်းနှီးသူတွေကတော့ ပိုပြီး စိတ်သက်သောင့်သက်သာဖြစ်ရတဲ့ ဓာတ်ပုံကို ရွေးချယ်ခဲ့လို့ အံ့အားသင့်ခဲ့ရတယ်လို့ အမေရိကန် မီဒီယာတွေကို ပြောဆိုထားပါတယ်။

Ref: AFP

You may also like these stories:

အမေရိကန် သရုပ်ဆောင်များသမဂ္ဂကနေ ထရမ့်ကို ထုတ်ပယ်ရန် သင့်၊ မသင့် ဆုံးဖြတ်မည်

“Thor” ရိုက်ကူးရေးအတွက် သြစတြေးလျမှာ Quarantine ဝင်နေတဲ့ Matt Damon

Deepika Padukone နဲ့အတူ အက်ရှင်ရုပ်ရှင်မှာ ပါဝင်လာမယ့် ရှရွတ်ခန်

Your Thoughts …
Tags: Vogueကမ်မလာဟားရစ်မဂ္ဂဇင်းမျက်နှာဖုံးပုံအမေရိကန် ဒုသမ္မတ
မစ်ကီ

မစ်ကီ

Contributor

Similar Picks:

မမေ့သင့်ဘဲ မေ့နေသော စာအုပ်များ

မမေ့သင့်ဘဲ မေ့နေသော စာအုပ်များ

by နတ်နွယ်
12 May 2024
1.1k

ဒီစာအုပ်ဟာ နိုင်ငံတကာ အဆင့်မီတယ်လို့ ဆိုရပါမယ်။ ရှင်းရှင်း ပြောရရင် ရီဒါးဒိုင်ဂျက်စ် မဂ္ဂဇင်း ရဲ့ စာအုပ် ကဏ္ဍမှာ ဖော်ပြသင့်တဲ့ စာအုပ်မျိုးပါပဲ။

လှချင်တဲ့ သမီးလေးများသို့

လှချင်တဲ့ သမီးလေးများသို့

by လူထုဒေါ်အမာ
25 February 2024
1k

တို့ မိန်းကလေးတွေမှာ အင်မတန် ကြီးလေးတဲ့ တာဝန်တွေ ထမ်းရွက်ဖို့ အများကြီး ရှိပါတယ်။ လှလှ မလှလှ ကျန်းမာဖို့၊ စိတ်ကောင်း စေတနာရှိဖို့၊ အသိအမြင် မြင့်မားဖို့ ငါတို့ ကြိုးစားနေရမှာပါ။

အမျိုးသမီး သတင်းစာဆရာ

အမျိုးသမီး သတင်းစာဆရာ

by မောင်သစ်လွင် (လူထု)
19 November 2023
726

ယခု အချိန်အထိ တွေ့ရသမျှ အမျိုးသမီး သတင်းစာဆရာများ အနက် ဒေါ်ဖွားရှင်သည် ပထမဆုံး မြန်မာ အမျိုးသမီး သတင်းစာဆရာ ဖြစ်သည်။

ရန်ကုန်မြို့လည်ရှိ စာအုပ်ဟောင်းရောင်းဆိုင်တဆိုင် / AFP

မြန်မာ့ပထမ ကြော်ငြာ မဂ္ဂဇင်း “သက်စောင့်”

by ကိုရွှေအောင်
4 October 2022
5.1k

မြန်မာပြည်တွင်မူ မြန်မာ့မဂ္ဂဇိန်က စသည်။ သူက အင်္ဂလိပ်ကယူတာ မဟုတ်။ ပါဠိလို “မဂ္ဂဇည”။ “မဂ္ဂ” လမ်းခရီး။ “ဇည” လမ်းစဉ်၊ လူတို့ကျင့်သုံးလိုက်နာရန် လမ်းစဉ်ကိုပြသော စာစောင် ဟူသတတ်။

“ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ” ခေါင်းစဉ်ရှိတဲ့ ကင်းမျှော်စင် မဂ္ဂဇင်းကို နိုဝင်ဘာလမှာပြုလုပ်မယ့် ကမ္ဘာချီ ကင်ပိန်းမှာ အီလက်ထရောနစ်အသွင်၊ ပုံနှိပ်စာပေအသွင်နဲ့  ဝေငှကြပါမယ်။

ကင်းမျှော်စင် မဂ္ဂဇင်းကို ဝေငှကြပါမယ်

by -
18 November 2020
8.5k

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတစ်လလုံးမှာ ကမ္ဘာတစ်ဝန်းက ယေဟောဝါသက်သေတွေဟာ “ဘုရားသခင့်နိုင်ငံတော် ဆိုတာ ဘာလဲ” ခေါင်းစဉ်ရှိတဲ့ ကင်းမျှော်စင် မဂ္ဂဇင်းကို ဝေငှကြပါမယ်။

“နိုင်ငံသားကောင်း ဖြစ်ဖို့ စာရေးတယ်”

“နိုင်ငံသားကောင်း ဖြစ်ဖို့ စာရေးတယ်”

by ကျော်ဖြိုးသာ
22 January 2013
3.4k

သူ့ ပထမဆုံး “အရောင်စစ် နေကြာ” စာအုပ်မှာ ဒီမိုကရေစီရဲ့ ရုပ်ပုံလွှာ အဖြစ် ဒေါ်အောင်ဆန်း စုကြည် အပေါ် ယုံကြည်မျှော်လင့်နေ တာဟာ ဒေါ်အောင်ဆန်း စုကြည်ကို “လက်ခုပ်သံတို့ရဲ့ အကျဉ်းသား” ဖြစ် သွားစေတယ် လို့...

Next Post
သီရိလင်္ကာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ တရှိန်ထိုး မြင့်တက်နေပါတယ်။

သီရိလင်္ကာမှာ ကိုဗစ် ကာကွယ်ဆေးရည် သောက်ခဲ့တဲ့ ဝန်ကြီး ဗိုင်းရပ်စ် ကူးစက်ခံရ

ဂျပန်နိုင်ငံမှာ လက်ရှိအချိန်ထိ ပြည်ပက ပြန်လာသူတွေမှာ ဗိုင်းရပ်စ် မျိုးကွဲသစ် ကူးစက်ထားသူ ၄၅ ဦး ရှိပါတယ်။

ဂျပန်မှာ ယူကေ ခရီးသွားရာဇဝင် မရှိဘဲ ဗိုင်းရပ်စ်မျိုးကွဲသစ် ၃ ဦး ကူးစက်ခံရ

No Result
View All Result

Recommended

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

4 days ago
5.7k
တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

6 days ago
5k

Most Read

  • ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    shares
    Share 0 Tweet 0
  • သူ့နာမည်က ဒေါ်အောင်ဆန်းစုကြည်

    shares
    Share 0 Tweet 0
  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    shares
    Share 0 Tweet 0
  • တစခန်းထနေသည့် နိုင်ငံရေးဇာတ်ပျက်များနှင့် နိုင်ငံကြောင်များ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate