Entertainment

လှိုင်သာယာက ပြည်သူများကို တတ်နိုင်သလောက် ကူညီပေးတဲ့ သန္တာလှိုင်

ပြည်သူတွေရဲ့ အခြေခံ လူ့အခွင့်အရေးဖြစ်တဲ့ ကျန်းမာရေး Health & Fitness ကို ပံပိုးနေတဲ့ မော်ဒယ် သန္တာလှိုင်က လက်ရှိ ကြုံတွေ့နေရတဲ့ ကာလအတွင်းမှာ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ “T Fitness Application” ကို အခမဲ့ အသုံးပြုဖို့ ဖေဖော်ဝါရီ ၈ ရက်နေ့မှ စကာ အချိန်အကန့်အသတ် မရှိ ဖွင့်ပေးထားတယ်လို့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ မျှဝေထားပါတယ်။

“ကျမတို့ ပြည်သူတွေရဲ့ အခြေခံ Basic Human Rights ဖြစ်တဲ့ ကျန်းမာရေး Health & Fitness ကို ပံ့ပိုးနေတဲ့သူ တယောက်အနေနဲ့ လက်ရှိကြုံတွေ့နေရတဲ့ ကာလဆိုးအတွင်းမှာ ကျန်းမာရေးနဲ့ ပတ်သက်ရင် အားလုံး လက်လှမ်းမှီ ရယူနိုင်ဖို့ ဖေဖော်ဝါရီ ၈ ရက်နေ့ကစပြီး T Fitness Application ကို အခမဲ့ အသုံးပြုရန် ကုတ်နံပတ်လေးနဲ့ အချိန် အကန့်အသတ်မရှိ ဖွင့်ပေးထားခဲ့ပါတယ်”

“ဖေဖော်ဝါရီ ၈ ရက်နောက်ပိုင်းကနေစလို့ ယနေ့ အချိန်ထိ အခမဲ့ သုံးလို့ရပေမယ့်လည်း T Fitness Application ကို အားပေးဝယ်ယူခဲ့ကြတဲ့ မန်ဘာများလည်း ရှိခဲ့တာကြောင့် ဖေဖော်ဝါရီ ၁ ရက်နေ့မှ စပြီး ဝင်ငွေအားလုံးT Fitness member များ ကိုယ်စား စစ်အာဏာရှင်ကို တော်လှန်ရင်း အရှေ့တန်းမှကျဆုံးခဲ့သော အာဇာနည်များ၏ ကျန်ရစ်သူ မိသားစုများကို နောက်တန်းကနေ ပံ့ပိုးအားပေးခဲ့ပါတယ်”လို့ သန္တာလှိုင်က ပြောပါတယ်။

ရှေ့တန်းမှ တိုက်ပွဲဝင်နေကြတဲ့ လူငယ်များကိုလည်း တတ်နိုင်သမျှ အဖိတ်အစင် မဖြစ်စေဖို့ ကာကွယ်ရေး ပစ္စည်းများ ကူညီပေးတယ်လို့ သန္တာလှိုင်က ဆိုပါတယ်။

“ရှေ့တန်းမှ တိုက်ပွဲဝင်နေကြတဲ့ လူငယ်များကိုလည်း တတ်နိုင်သမျှ အဖိတ်အစင် မဖြစ်စေဖို့ ကာကွယ်ရေး ပစ္စည်းများဖြင့် တဖက်တလမ်းမှ ကူညီခဲ့ပါတယ်။ အရေးတော်ပုံကြီး အောင်မြင် ပြီးဆုံးသွားမှ ဓာတ်ပုံများကို သေချာ တင်ပေးပါမယ်”

“လက်ရှိပုံတွေကတော့ အကျအဆုံးများခဲ့တဲ့ လှိုင်သာယာမှ သူရဲကောင်းများကို ကျမရဲ့ တတ်နိုင်သလောက်နဲ့အတူ Fitness member များရဲ့တာဝန်သိ ပံ့ပိုးမှုများဖြင့် ကျဆုံး အာဇာနည် ၄ ဦးရဲ့ ကျန်ရစ်သူ မိသားစုတွေ၊ ကျည်ထိ ဒဏ်ရာရသူတွေရဲ့ မိသားစုတွေထံ T Fitness Team မှ အားပေး ကူညီကြရင်း နောက်ထပ် လက်တွဲပြီး ပြန်လည် တည်ဆောက်နိုင်ဖို့ ကြိုးစားမှာဖြစ်ကြောင်း ကတိပေးခဲ့ပါတယ်”လို့ သန္တာလှိုင်က ပြောပါတယ်။

တချို့ကျဆုံးသူတွေရဲ့ မိသားစုက အရမ်း ဆင်းရဲပြီး ကလေးတွေက ငယ်သေးတော့ အားတင်းပြီး ရှေ့ဆက်နေကြတာကို တွေ့ခဲ့ရတယ်လို့ သန္တာလှိုင်က ဆိုပါတယ်။

“တချို့ကျဆုံးသူတွေရဲ့ မိသားစုက အင်မတန် ဆင်းရဲပြီး ကလေးတွေက ငယ်သေးတော့ အားတင်းပြီး ရှေ့ဆက် နေကြတာကို တွေ့ခဲ့ရပါတယ်။ လှိုင်သာယာမြို့နယ်က မိသားစု ၁၂၀ စုအတွက် ဆန်၊ ဆီ၊ ကြက်သွန်၊ အာလူး၊ ကြက်ဥနဲ့ တခြားသော စားသောက်ကုန်တွေ၊ မီးသတ်ဆေးဘူးတွေကိုလည်း တပါတည်း ထောက်ပံ့နိုင်ခဲ့ပါတယ်။ ဒီလို အနောက်တန်းမှ ပါဝင်ကူညီဖို့ ဖြစ်မြောက်အောင် ဝိုင်းဝန်းကူညီပေးကြတဲ့ ယောမင်းကြီး လူငယ်အဖွဲ့နဲ့ မိသားစုဝင်များကိုလည်း ဂုဏ်ယူပါကြောင်း မှတ်တမ်းတင်ပါတယ်နော်။ အရေးတော်ပုံ အောင်ရမည်”လို့ သန္တာလှိုင်က ပြောထားပါတယ်။

မော်ဒယ် သန္တာလှိုင်ကတော့ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ အားတက်သရော ပါဝင်ပေးနေတဲ့ အနုပညာရှင်တဦး ဖြစ်ပါတယ်။

You may also like these stories:

မှားဝင်လာတဲ့ ဖုန်းနံပါတ်တခုကြောင့် စိတ်မကောင်းစရာ ကြုံခဲ့ရတဲ့ ပိုးမမှီသာ

ရခိုင်ပြည်နယ် စစ်ဘေးရှောင်စခန်းများကို ကိုယ်တိုင် သွားလှူပေးမယ့် အဆိုတော် ရှိုင်း

Loading