• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတဲ့ ပိုင်တံခွန် ကျန်းမာရေး ဆိုးရွားနေ

by ယုဖြူဟန်
8 April 2021
in Entertainment
A A
သရုပ်ဆောင် ပိုင်တံခွန်  / Paing Takhon’s Facebook

သရုပ်ဆောင် ပိုင်တံခွန် / Paing Takhon’s Facebook

20k
VIEWS
Share on FacebookShare on Twitter

စစ်အာဏာရှင်ကို ပြည်သူများနဲ့တသားထဲ ရပ်တည်၍ ဆန့်ကျင်လျက်ရှိပြီး နိုင်ငံတကာမှသိအောင် နည်းအမျိုးမျိုးနဲ့ ဖော်ပြပေးလျက်ရှိတဲ့ သရုပ်ဆောင်မော်ဒယ် ပိုင်တံခွန်အား ယနေ့ ဧပြီလ ၈ရက်နေ့ မနက်အစောပိုင်းမှာ ရန်ကုန်မြို့ မြောက်ဒဂုံနေအိမ်တွင် စစ်ကောင်စီအဖွဲ့မှ ဖမ်းဆီးခဲ့ကြပါတယ်။

ဖမ်းဆီးခံရချိန်မှာတော့ ပိုင်တံခွန်ဟာ ကျန်းမာရေးအခြေအနေဆိုးရွားနေပြီး မတ်တပ်တောင်ကောင်းမွန်စွာ မရပ်နိုင်တဲ့အနေအထားရှိနေကြောင်း သိရပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
132
သဇင်ပန်း

သဇင်ပန်း

10 January 2026
146
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
317

“မနက် ၄နာရီခွဲ ၅နာရီလောက်မှာ အိမ်ကိုစစ်ကား ၈စီးနဲ့လာတယ်။ အယောက် ၅၀ ကျော်တယ်။ ဘယ်လိုမှဆုတ်လို့လည်းမရဘူး။ ပြေးလို့လည်းမရတဲ့အချိန် ပိုင်ကလည်း တအားကြီးကိုနေမကောင်းဖြစ်နေတော့ ထလို့ကိုမနိုင်တာ။ သူတို့တွဲပြီးခေါ်သွားတယ် ကလေးကို။ Speak out များများလုပ်ပေးပါ။ လူပိုသိမှသူတို့ဘာမှမလုပ်နိုင်အောင်လို့။ တခုခုလုပ်မှာစိုးတယ်။ ” လို့ ပိုင်တံခွန်ရဲ့ အစ်မဖြစ်သူကပြောပါတယ်။

 

သရုပ်ဆောင် ပိုင်တံခွန် (ဓာတ်ပုံ – Paing Takhon’s Facebook)

ဖမ်းဆီးခံရတဲ့အချိန်မှာ ပိုင်တံခွန်က အရမ်းအားနည်းနေပြီး Speak out များများလုပ်ပေးကြဖို့ကို တောင်းဆိုထားပါတယ်။

“မနက် ၄နာရီခွဲကြီး အိပ်နေတဲ့အချိန် ဘယ်နားပြေးရမှန်းလည်းမသိဘူး။ ပိုင်က အရမ်းအားနည်းနေတာ။ မတ်တပ်ကိုမရပ်နိုင်ဘူး။ ဖြစ်နိုင်ရင် အိမ်ကိုလာပြီး အမေ့ကိုဝိုင်းပြီးအားပေးကြပါ။ အမေအရမ်းငိုပြီး သတိလစ်သလိုဖြစ်ဖြစ်နေလို့။ Speak out များများလုပ်မှ သူတို့မထိနိုင်မှာ။ မဟုတ်ရင်တခုခုလုပ်လိုက်မှာစိုးလို့။” လို့ ပြောပါတယ်။

နောက်ဆုံးသိရတဲ့သတင်းစကားများအရ ပိုင်တံခွန်ဟာ ငှက်ဖျားမိနေတဲ့အတွက် အမှတ် ၂ စစ်ဆေးရုံ ကုတင် ၅၀၀ မှာ ရှိနေကြောင်းသိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီမှ ဧပြီလ ၇ရက်နေ့ညပိုင်းတွင် ၎င်းတို့ပိုင်မီဒီယာမှ ပိုင်တံခွန်အား ဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခဲ့ပြီး ဧပြီလ ၈ရက် မနက်အစောပိုင်းမှာ နေအိမ်သို့ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

သရုပ်ဆောင် ပိုင်တံခွန် (ဓာတ်ပုံ – Paing Takhon’s Facebook)

အာဏာသိမ်းစစ်ကောင်စီမှ ဖေဖော်ဝါရီ ၁၇ရက်နေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားများထဲမှ CDM မှာဝန်ထမ်းများပါဝင်လာစေရန် လှုံ့ဆော်သည်ဟုဆိုကာ လူမင်း ၊ ပြေတီဦး ၊ ကိုပေါက် ၊ ဝိုင်း ၊ ဏကြီး ၊ အနဂ္ဂ အနုပညာရှင် ၆ဦးကို ပုဒ်မ ၅၀၅ (က) ဖြင့် ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။ ဖမ်းဝရမ်းထုတ်ပြီး ရက်ပိုင်းမှာပဲ လူမင်းကို လိုက်လံဖမ်းဆီးရမိခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ၅၀၅ (က) ဖြင့် ဖမ်းဝရမ်းထုတ်ထားတဲ့ထဲမှ ဧပြီလ ၄ရက်နေ့ မှာ သရုပ်ဆောင် ရဲတိုက် ၊ ဧပြီလ ၆ ရက်နေ့မှာ လူရွှင်တော် သရုပ်ဆောင် ဇာဂနာ ၊ ဧပြီလ ၇ ရက်နေ့မှာ Beauty Blogger ဝင်းမင်းသန်း နဲ့ ယနေ့ ဧပြီလ ၈ ရက်နေ့ နံနက် ၅ နာရီ မှာ မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန် တို့ကို ဖမ်းဆီးခဲ့ပါတယ်။

You may also like these stories:

“မှန်တယ်ထင်လို့ လုပ်တာ၊ အခန့်မသင့်ရင် အသတ်ခံရနိုင်တယ်”လို့ ပိုင်တံခွန် ပြော

Beauty Blogger ဝင်းမင်းသန်းကို ဖမ်းဆီးရမိခဲ့တဲ့ BH ဟိုတယ်ရဲ့ ထုတ်ပြန်ချက်

Beauty Blogger ဝင်းမင်းသန်းအား တောင်ကြီးမြို့မှာ ရုံးထုတ်ခဲ့

အမှန်တရားဘက်မှာ ရပ်တည်ခဲ့တဲ့အတွက် ဂုဏ်ယူမဆုံးဖြစ်ကြောင်း မြတ်နိုးအေး ပြော

Your Thoughts …
Tags: ၅၀၅ (က)ကျန်းမာရေးဆိုးရွားပိုင်တံခွန်ဖမ်းဝရမ်း
ယုဖြူဟန်

ယုဖြူဟန်

ဧရာဝတီ

Similar Picks:

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

by ဧရာဝတီ
16 November 2023
42k

ဦးရဲထွဋ် ဖမ်းဆီးခံရသည့်လသည် စစ်ခုံရုံးက ထိပ်တန်း ဗိုလ်ချုပ် နှစ်ဦးကို ပုန်ကန်မှု၊ လာဘ်စားမှု၊ နိုင်ငံခြားငွေ တရားမဝင် ပိုင်ဆိုင်မှုနှင့် စစ်စည်းကမ်း ချိုးဖောက်မှုတို့ဖြင့် ထောင်ဒဏ် တသက်တကျွန်းချသည့်လပင် ဖြစ်သည်။

တရုတ်အလိုရှိသူ ကိုးကန့်ခေါင်းဆောင်ဟောင်း၏ ရွာ MNDAA ဝင်စီး

တရုတ်အလိုရှိသူ ကိုးကန့်ခေါင်းဆောင်ဟောင်း၏ ရွာ MNDAA ဝင်စီး

by ဧရာဝတီ
15 November 2023
11.5k

မြင်ရွှေချမ်းမိသားစုအား တရုတ်၏ ဝရမ်းထုတ်မှုသည် အွန်လိုင်းလိမ်လည်မှုတခုတည်းကြောင့်မဟုတ်ဘဲ လူသတ်မှုသံသယကြောင့်လည်း ပါဝင်သည်။

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကို ခေါ်ယူစစ်ဆေးနေ

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကို ခေါ်ယူစစ်ဆေးနေ

by ဧရာဝတီ
29 October 2023
8.5k

ဦးရဲထွဋ်နှင့်အတူ စစ်တက္ကသိုလ်တက်ခဲ့သူများထဲတွင် လက်ရှိစစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးရာပြည့်၊ NLD အစိုးရလက်ထက် ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကျော်ဆွေ၊ လက်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး နှင့် အာဏာသိမ်းပြီးနောက် ပြည်သူ့ဖက် ရပ်တည်သဖြင့်အနားပေးခံရသော အင်္ဂလန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်းတို့မှာ လူသိများသူများ...

မင်းအောင်လှိုင်အတွက် ICC ဖမ်းဝရမ်း ဘောင်ကျဉ်းလွန်းပြီး အလွန်နောက်ကျ

မင်းအောင်လှိုင်အတွက် ICC ဖမ်းဝရမ်း ဘောင်ကျဉ်းလွန်းပြီး အလွန်နောက်ကျ

by David Hutt
19 December 2024
5.6k

စာရေးသူ စိတ်ပျက်ရသည့်အကြောင်း နှစ်ခုရှိသည်။ တခုမှာ ပြည်တွင်းအနေအထားအရဖြစ်ပြီး အခြားတခုမှာ ကမ္ဘာ့အနေအထားအရ ဖြစ်သည်။

BGF ခေါင်းဆောင်များ ဝရမ်းထုတ်ရေး ထိုင်း ရွှေ့ဆိုင်း

BGF ခေါင်းဆောင်များ ဝရမ်းထုတ်ရေး ထိုင်း ရွှေ့ဆိုင်း

by ဧရာဝတီ
13 February 2025
4.8k

ထိုင်းအထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ DSI သည် ထပ်မံအထောက်အထားများ စုဆောင်းရန် ထိုင်းလူကုန်ကူးမှုဆိုင်ရာရှေ့နေများက အကြံပြုလိုက်သည်။

စစ်ခေါင်းဆောင် ရုရှားခရီးစဉ် စတင်

စစ်ခေါင်းဆောင် ရုရှားခရီးစဉ် စတင်

by ဧရာဝတီ
3 March 2025
3.8k

ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ တရားဝင်ဖိတ်ကြားမှုဖြင့် သွားရောက်သည့် ထိုခရီးစဉ်သည် တပတ်ကြာမြင့်မည်ဖြစ်ပြီး မတ် ၄ ရက်တွင် စစ်ခေါင်းဆောင်နှင့် သမ္မတပူတင်တို့ တွေ့ဆုံမည်ဖြစ်ကြောင်း ရုရှားသမ္မတရုံးက ထုတ်ပြန်ထားသည်။

Next Post
၂၀၁၉ ခုနှစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အိန္ဒိယဝန်ကြီးချုပ် နေရိန်ဒြာမိုဒီ တွေ့ဆုံစဉ်

အိန္ဒိယရဲ့ မြန်မာအပေါ်ရပ်တည်ချက် ဒီမိုကရေစီရေးအတွက်တဲ့လား

Miss Grand Myanmar 2020 အလှမယ် ဟန်လေး (ဓာတ်ပုံ - Han Lay's Facebook)

အလှမယ် ဟန်လေး ဖမ်းဝရမ်း ထုတ်ခံရတယ်ဆိုတဲ့ သတင်း အမှားဟုဆို

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved