• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

တော်လှန်ရေးရဲဘော် ရေမွန်အတွက် နှမြောတသဖြစ်နေတဲ့ ထားထက်ထက်

by ဧရာဝတီ
24 June 2021
in Entertainment
A A
အဆိုတော် ရေမွန်   / Wai Mon Oo's Facebook

အဆိုတော် ရေမွန် / Wai Mon Oo's Facebook

27.2k
VIEWS
Share on FacebookShare on Twitter

ရော့ခ်ဂီတ အဆိုတော်တဦးဖြစ်တဲ့ အဆိုတော် ရေမွန်ဟာ ဇွန်လ ၂၃ ရက်နေ့ မနက်ပိုင်းက ကွယ်လွန်သွားခဲ့ပါတယ်။ ရေမွန်ဟာ ငှက်ဖျားရောဂါကြောင့် ကွယ်လွန်တာ မဟုတ်ဘဲ အစာအိမ် သွေးကြောပေါက်ပြီး ကွယ်လွန်သွားခဲ့တာလို့ သိရပါတယ်။

Idiots Band ရဲ့ ပင်တိုင် အဆိုတော် ရေမွန် ကွယ်လွန်မှုအပေါ် အနုပညာရှင်များ၊ ပရိသတ်များက နှမြောတသ ဝမ်းနည်းနေကြပြီး၊ အလှမယ် ထားထက်ထက်ကလည်း ရေမွန် ဆုံးရှုံးမှုအပေါ် အခုလိုပဲ နှမြောတသစွာ ရေးသား ဂုဏ်ပြုထားပါတယ်။

“တော်လှန်ရေး ရဲဘော်ရဲဘက် အစ်ကို ရေမွန်သို့၊ မမြင်နိုင် မကြားနိုင်တော့ပေမယ့် လေးစားဂုဏ်ပြုပါရစေ။ အစ်ကို့အမေဆီမှာ သီချင်းဆို သင်တန်းတက်ရင်း အစ်ကို့ကို သိခဲ့ပါတယ်။ အစ်ကို့ သီချင်းတွေ နားထောင်ဖြစ်ပါတယ်။ အစ်ကို့ အနုပညာကို ကြိုက်ခဲ့ပါတယ်”

အဆိုတော် ရေမွန်တို့ စုံတွဲ (ဓာတ်ပုံ – Wai Mon Oo’s Facebook)

“နောက်ပိုင်း We Love Yangon မှာ ပရဟိတလုပ်ရင်း ထပ်ဆုံကြတဲ့အခါ အရင်လိုပဲ ဖော်ရွေဖြူစင်တဲ့ အပြုံးနဲ့ အစ်ကို့ ကောင်မလေး ကေကေနဲ့ အတူတူ အစ်ကို့ အနုပညာနဲ့ ပရဟိတ လုပ်နေသူတွေကို အားပေးရင်း သီချင်းတွေနဲ့ ဖျော်ဖြေပေးတဲ့ အစ်ကို”

“တော်လှန်ရေးအတွက် အစ်ကို လွတ်မြောက်နယ်မြေကို ရောက်နေတာ သိခဲ့ရပြန်တော့လည်း လေးစားရပါတယ်။ အခုလို ဆုံးရှုံးလိုက်ရတာကိုလည်း တော်တော် စိတ်မကောင်းဖြစ်ရပါတယ် အစ်ကို။ အစားအသောက်၊ အနေအထိုင် ဆင်းရဲပြီး ငှက်ဖျားပိုးကြောင့်ဖြစ်ဖြစ်၊ အစာအိမ် သွေးကြောပေါက်တာကြောင့်ဖြစ်ဖြစ် အသက်ဆုံးရှုံးရလို့ ဝမ်းနည်းရပါတယ်”လို့ ထားထက်ထက်က ဆိုပါတယ်။

စစ်ကောင်စီ တပ်တွေကို မတိုက်ရခင်မှာ တော်လှန်ရေး ရဲဘော်တယောက် ဆုံးရှုံးသွားတဲ့အတွက် ပိုပြီး နှမြောတသ ဖြစ်ရတယ်လို့ ထားထက်ထက်က ဆိုပါတယ်။

အဆိုတော် ရေမွန်၊ ကျားပေါက်နဲ့ နိုဗန်ထူး (ဓာတ်ပုံ – Wai Mon Oo’s Facebook)

“ပိုပြီးဝမ်းနည်းရတာက တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ပြီး ပြင်ဆင်နေတဲ့ ရဲဘော်တယောက်ဟာ အသက်ဆုံးရှုံးနိုင်တယ်ဆိုတာ သိသိကြီးနဲ့ ဒီအထိ ရောက်လာ၊ တိုက်ခိုက်ရေး ပညာတွေသင်ပြီးမှ အဆင်သင့် မဖြစ်ခင်၊ မတရားမှုအတွက် စကစ သူပုန်တွေကို ပြန်ပြီး မတိုက်ရခင်မှာ ဆုံးရှုံးသွားရတာကို ပိုနှမြောတသဖြစ်ရတယ်”

“ကိုရေမွန်လည်း ဒီအတိုင်းပဲ စိတ်ထဲရှိနေမယ်လို့ ကျမ ထင်တယ်။ ကျဆုံးခဲ့ပြီးသော ရဲဘော်ကို ကျမ ကတိပေးပါတယ်။ ကျမတို့ အခုထက်ပိုပြီး ကြိုးစားပါမယ်။ အခုထက် ပိုပြီး အားစိုက်ပါမယ်”

အဆိုတော် ရေမွန် (ဓာတ်ပုံ – Wai Mon Oo’s Facebook)

“အခုထက် ပိုပြီး တန်ဖိုးရှိတဲ့ အသက်တွေ မဆုံးရှုံးရအောင်၊ ရဲဘော်တွေအားလုံး တိုက်ပွဲအတွက် ချပ်ဝတ်တန်ဆာ အဆင်သင့်ဖြစ်အောင်၊ ကိုယ်တတ်နိုင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါ့မယ်။ မြင့်မြတ်သော ဘုံဘဝမှာ အနုပညာနဲ့ ငြိမ်းချမ်းပါစေ”လို့ ထားထက်ထက်က ဆုတောင်းပေးထားပါတယ်။

အဆိုတော် ရေမွန်ဟာ ကွယ်လွန်ချိန်မှာ အသက် ၃၂ နှစ်အရွယ် ရှိပြီဖြစ်ပြီး၊ ရေမွန်ရဲ့ “ချန်ခဲ့” ၊ “ဝမ်းနည်းတတ်တဲ့ ချစ်သူ”၊ “သေလို့ရတယ်”၊ “ဆုလာဘ်” ၊ “တွေ့ရတာ ဝမ်းသာတယ်” စတဲ့ သီချင်းများဟာ ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့တဲ့ သီချင်းတွေ ဖြစ်ပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
128
သဇင်ပန်း

သဇင်ပန်း

10 January 2026
143
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
315

You may also like these stories:

အဆိုတော် ရေမွန် ငှက်ဖျားကြောင့် ဆုံးပါးတာ မဟုတ်ဟုဆို

စိတ်ဖြောင့်ဖြောင့်နဲ့ ချန်ခဲ့တဲ့ အဆိုတော် ရေမွန်

ဂီတကြယ်ပွင့် ရေမွန်အတွက် တေးရေး စံပီး ဂုဏ်ပြု ရေးတဲ့စာ

Your Thoughts …
Tags: Idiotsကွယ်လွန်မှုတော်လှန်ရေးထားထက်ထက်အဆိုတော် ရေမွန်အလှမယ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

အလှမယ် သရဖူထက်ပိုတဲ့ မြန်မာနိုင်ငံ ကိုယ်စားပြုမှု

အလှမယ် သရဖူထက်ပိုတဲ့ မြန်မာနိုင်ငံ ကိုယ်စားပြုမှု

by ဥသြ
30 October 2024
16.1k

မြန်မာနိုင်ငံနဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေကို ကိုယ်စားပြုတယ်ဆိုတာ ဝတ်စုံလှလှလေးဝတ်ပြီး စင်မြင့်ပေါ်မှာ လမ်းလျှောက်ပြတာထက် အများကြီး ပိုပါတယ်။

“အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

“အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

by ဧရာဝတီ
18 November 2023
13.5k

လတ်တလော အရှိန်မြင့်လာတဲ့ တော်လှန်ရေးနဲ့ ပတ်သက်ပြီး KNU ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖဒိုစောတောနီး နဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

by နန်းဆိုင်နွမ်
24 May 2025
7.8k

“သျှမ်းလူမျိုး၊ သျှမ်းပြည်၊ အာဏာရှင်မှန်သမျှ တိုက်ဖျက်ရေး” ဆိုပြီး ကြွေးကြော်လက်နက်ကိုင်ခဲ့တာ မေ ၂၁ ရက်မှာ ၆၇ နှစ် တိုင်ခဲ့ပါပြီ။

နိုင်ငံတကာမှာ အရှက်ရခဲ့ရတဲ့ Miss Grand Myanmar (ရုပ်/သံ)

နိုင်ငံတကာမှာ အရှက်ရခဲ့ရတဲ့ Miss Grand Myanmar (ရုပ်/သံ)

by ဧရာဝတီ
2 November 2024
7.8k

Miss Grand International 2024 ကို မြန်မာနိုင်ငံက ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ် သဲစုငြိမ်း တတိယဆု ရရှိခဲ့တဲ့အပေါ် အလှမယ်ကိုယ်စားပြု ဒါရိုက်တာက မကျေနပ်ခဲ့ဘဲ သရဖူနဲ့ ဆုစလွယ်ကို ပြိုင်ပွဲစင်မြင့်မှာတင် ဖယ်ရှားခဲ့တာကြောင့် ဒီဖြစ်ရပ်ဟာ ပွဲဆူသွားစေခဲ့ပါတယ်။

တိုက်ကွန်းလား၊ ခရိုနီလား၊ အခွင့်ထူးခံ သူဌေးကြီးတွေလား

တိုက်ကွန်းလား၊ ခရိုနီလား၊ အခွင့်ထူးခံ သူဌေးကြီးတွေလား

by ကြာဖက်နှင်း
2 June 2024
7.3k

ခရိုနီ သူဌေး အတော်များများသည် စစ်တပ် ဗိုလ်ချုပ်တွေ အပါအဝင် စစ်အစိုးရနှင့် ပေါင်းစား၍ ကြီးပွား ချမ်းသာ လာခဲ့သူများ ဖြစ်သည်။

ခရိုနီ ပြိုလဲမှ စစ်တပ် ပြိုလဲနိုင်မယ်

ခရိုနီ ပြိုလဲမှ စစ်တပ် ပြိုလဲနိုင်မယ်

by ကြာဖက်နှင်း
4 May 2024
6.7k

အာဏာ မသိမ်းခင်ကလည်း ဒီခရိုနီတွေပဲ ဗိုလ်ချုပ်ကြီးတွေနဲ့ အတူတူ စီးပွားရေး လုပ်ခဲ့ကြတယ်။ တိုင်းပြည်ရဲ့ ဘတ်ဂျက်တွေကို၊ စီမံကိန်းတွေကို ခွဲဝေ စားသုံးခဲ့ကြတယ်။

Next Post
Adani အုပ်စုက ၎င်း၏ ရန်ကုန်ရှိ ဆိပ်ကမ်း အတွက် MEC မှ မြေငှားခဲ့သည်

မြန်မာစစ်တပ်နှင့်ပတ်သက်သည့် ဆိပ်ကမ်းလုပ်ငန်းရှယ်ယာများကို နော်ဝေး ပြန်ရောင်းထုတ်

Editorial Talk | ရုရှားက မြန်မာနိုင်ငံကို သူတို့ စစ်လက်နက်ရောင်းချဖို့ ဈေးကွက် တခုလို့ပဲ မြင်တယ် (ရုပ်/သံ)

Editorial Talk | ရုရှားက မြန်မာနိုင်ငံကို သူတို့ စစ်လက်နက်ရောင်းချဖို့ ဈေးကွက် တခုလို့ပဲ မြင်တယ် (ရုပ်/သံ)

No Result
View All Result

Recommended

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved