• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

ပြည်သူများကို Facebook Cele နေဆန်း ညှိုးငယ်စွာ တောင်းပန်

by ဧရာဝတီ
2 July 2021
in Entertainment
A A
Facebook Cele နေဆန်း  / Nay Sann's Facebook

Facebook Cele နေဆန်း / Nay Sann's Facebook

26k
VIEWS
Share on FacebookShare on Twitter

Facebook ပေါ်မှာ ဟာသဗီဒီယိုများ ရိုက်ကူးကာ လူသိများခဲ့တဲ့ Facebook Cele နေဆန်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက အွန်လိုင်းမှာ ပျံ့နှံ့သွားတဲ့ သူ့ရဲ့ Screenshot တွေနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်ကနေ ညှိုးငယ်စွာ ပြန်လည် တောင်းပန်ထားပါတယ်။

“နေဆန်းရဲ့ အခုလက်ရှိ ပြန့်သွားတဲ့ Screenshot နဲ့ ပတ်သက်ပြီး ပထမဦးစွာ နေဆန်း ဒီစာကို
ညှိုးငယ်သော စိတ်ဖြင့် ရေးရခြင်း ဖြစ်ပါတယ်။ ပြန့်နေတဲ့ Screenshot နဲ့ ပတ်သက်ပြီး နေဆန်း ဘာမှ မငြင်းလိုပါဘူး။ ဟုတ်ပါတယ် နေဆန်း တင်လိုက်မိတာပါ။ ဒါပေမဲ့ နေဆန်း ဂုဏ်မောက် ဘဝမေ့ပြီး ရေးလိုက်ရခြင်း မဟုတ်ပါဘူး”

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
141
သဇင်ပန်း

သဇင်ပန်း

10 January 2026
151
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
317
နေဆန်းရဲ့ ပျံ့နှံ့သွားတဲ့ Screenshot (ဓာတ်ပုံ – Nay Sann’s Facebook)

“နေဆန်းသည် ဘယ်လို နေထိုင်နေတယ်၊ ဘယ်လိုလူမျိုးလဲဆိုတာ ချစ်သူခင်သူ အားလုံးလည်း သိကြမှာပါ။ နေဆန်းကို အဲဒီ ရေးသားထားတဲ့သူ တယောက်ကိုသာ ရည်ညွှန်းပြီး ရေးရခြင်း ဖြစ်ပါတယ်။ အဲဒါကြောင့် My day ကို မိတ်ဆွေ သီးသန့်နဲ့ပဲ တင်ပြီး တင်တဲ့သူကို ရည်ရွယ်ချက်ရှိရှိ ပြောလိုက်တာပါ။ အဲဒါကို Screenshot ပြန်ရိုက်ပြီး ထပ်တင်လိုက်လို့ နေဆန်းအပေါ် အားလုံးပိုပြီး အထင်လွဲသွားကြတာပါ”လို့ နေဆန်းက ဆိုပါတယ်။

ကိုယ်တိုင်က လူငယ်တဦး ဖြစ်တာကြောင့် ကိုယ့်ကို လာတိုက်ခိုက်သူ တယောက်ကို မစဉ်းစားမိဘဲ ချက်ချင်း တုံ့ပြန်လိုက်တာမိတာ အမှားလို့ နေဆန်းက ဆိုပါတယ်။

“ကိုယ်လည်း လူငယ်တယောက်မို့ ကိုယ့်ကို လာတိုက်ခိုက်တဲ့သူ တယောက်အတွက် ကျန်တာ မစဉ်းစားမိဘဲ ချက်ချင်း တုံ့ပြန်လိုက်မိတာလည်း ဆန်း အမှားတခုပါ။ လူတယောက်အတွက်နဲ့ အများပါ အထင်လွဲခံခဲ့ရတယ်။ ဘာပဲဖြစ်ဖြစ် အဆိုးထဲက အကောင်းလို့ပဲ မှတ်ပြီး သင်ခန်းစာ ယူတတ်လာပါတယ်”

နေဆန်းရဲ့ ပျံ့နှံ့သွားတဲ့ Screenshot (ဓာတ်ပုံ – Nay Sann’s Facebook)

“ရန်ရန်ချင်း မတုံ့ပြန်တတ်ဖို့လည်း နောက်ဆို ဂရုစိုက်မှာပါ။ ဒီလိုအချိန် ဒီလိုကာလကြီးမှာ အလုပ်တွေ ရေလို ဝင်မလား၊ မဝင်ဘူးလားဆိုတာ အားလုံးလည်း သိကြမှာပါ။ နေဆန်း တမင်ပြောလိုက်တာပါ။ ပုံမှန် အလုပ်ရခြင်း၊ မရခြင်းဆိုတာ နေဆန်းဘယ်တော့မှ တင်လေ့ ကြွားဝါလေ့ မရှိခဲ့ပါဘူး။ အဲဒီစာအတွက် နေဆန်း မှားပါတယ်”လို့ နေဆန်းက ပြောပါတယ်။

တင်လိုက်တဲ့ ရည်ရွယ်ချက်နှင့် ထင်မြင်မှု လွဲမှားသွားတဲ့အတွက် နေဆန်းက တောင်းပန်ထားပြီး၊ ရှေ့လျှောက်လည်း ထမင်းရှင်တွေကို ဘဝမေ့ပြီး စော်ကားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

Facebook Cele နေဆန်း (ဓာတ်ပုံ – Nay Sann’s Facebook)

“ရည်ရွယ်ချက်နှင့် ထင်မြင် လွဲမှားမှုတွေအတွက် နေဆန်း တကယ် တောင်းပန်ပါတယ်။ နောက်ဆို ပိုပြီး နေဆန်း ဆင်ခြင်ပါ့မယ်။ အမှားမှန်သမျှ ပြုပြင်ပြောင်းလဲပြီး ဘဝကို အမြဲ ရိုးသားကြိုးစား ရုန်းကန်လေ့ ရှိပါတယ်။ နေဆန်းရဲ့ ဘဝအစနဲ့ ကျေးဇူးရှင် ထမင်းရှင်တွေအပေါ်လည်း နေဆန်း ဘယ်တော့မှ ကျေးဇူးကန်း ဘဝမေ့ပြီး စော်ကားမှာ မဟုတ်ပါဘူးလို့ နေဆန်း ပြောရဲပါတယ်”

Facebook Cele နေဆန်း (ဓာတ်ပုံ – Nay Sann’s Facebook)

“နေဆန်း ဘယ်နေရာတွေမှာ ဘယ်လို ပါဝင်ခဲ့လဲ ဆိုတာဟာလည်း တော်တော်များများ သိကြမှာပါ။
ထုတ်ပြောပြလို့ မရတဲ့အတွက်လည်း နားလည်ပေးကြနော်။ ရှေ့ဆက်ပြီး နေကောင်း ကျန်းမာအောင် ပိုပြီး ဂရုစိုက်ကြပါနော်။ ဦးတည်ချက် တခုတည်းနဲ့သာ ဆက်ပြီး ရှင်သန်ကြရအောင်နော်။ တောင်းပန်ပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။ နေဆန်းအတွက် ပိုပြီးဘဝကို အသိနဲ့ သတိနဲ့ အမြဲလုံးဝ ကပ်ပဲ ရှေ့ဆက်စေလို့ပါ”လို့ နေဆန်းက ပြောထားပါတယ်။

Facebook Cele နေဆန်းဟာ Facebook မှာ ဟာသ ဗီဒီယိုများ ရိုက်ကူး တင်ဆက်နေတဲ့ Follower ၆ ဒသမ ၁ သန်း ရှိသူဖြစ်ပြီး၊ သူ့အား ဖြူဖြူထွေးကဲ့သို့ Boycott (သပိတ်မှောက်) ကြဖို့ ပြည်သူများက လူမှုကွန်ရက်မှာ လှုံ့ဆော်နေကြပါတယ်။

You may also like these stories:

ဖြူဖြူထွေးနဲ့ လက်တွဲမှု ရပ်ဆိုင်းကြောင်း လုပ်ငန်းပေါင်း ၂၀ ကျော် ထုတ်ပြန်

Facebook Cele နေဆန်း အောင်မြင်နေတဲ့အပေါ် ဂုဏ်ယူတဲ့ သရုပ်ဆောင် နေဆန်း

ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းမှုများရှိလာတယ်လို့ Facebook Cele နေဆန်း ပြော

Your Thoughts …
Tags: BoycottFacebookFacebook Celeနေဆန်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကျနော်ကတော့ နေတိုးကို အံ့ဩတယ်

ကျနော်ကတော့ နေတိုးကို အံ့ဩတယ်

by ဧရာဝတီ
1 November 2025
19.6k

ပြည်တွင်းထဲမှာနေနေရလို့ စားဝတ်နေရေး၊ ရှင်သန်ရေးအတွက် အလုပ်တွေလုပ်ကြရတာပဲဆိုပြီး မလွန်ကျွံ နေသရွေ့ အားလုံးက နားလည်ပေးထားတာပဲ။ အဲဒါကိုမှ ကုလားအုပ်လို ခေါင်းလေးဝင်၊ ကိုယ်လုံးလေးဝင်နဲ့ တစထက် တစ စော်ကားလာကြတဲ့၊ အနေအထိုင်မတတ်ကြတဲ့သူတွေ ရွံစရာကောင်းလောက်အောင်ကို သိပ်မိုက်ရိုင်းလွန်းတယ်။

နေပြည်တော် ထောင်ထဲရောက် ပေါင်မုန့်တထုပ်

နေပြည်တော် ထောင်ထဲရောက် ပေါင်မုန့်တထုပ်

by အောင်သူရ
8 July 2024
15k

စစ်ကောင်စီ ထုတ်ကုန်များအား သပိတ်မှောက်သူများထဲတွင် အကျဉ်းချခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်သည်။

BC မသိလို့ Boycott လုပ်ခံရတော့မယ့် အဆိုတော်လေးဖြူ

BC မသိလို့ Boycott လုပ်ခံရတော့မယ့် အဆိုတော်လေးဖြူ

by ဧရာဝတီ
5 July 2024
7.2k

ဇူလိုင်လ ၂ ရက်က နေပြည်တော်ရှိ စစ်တပ်အသိုင်းအဝန်းနှင့် ဆက်နွယ်နေသော VIP စားသောက်ဆိုင်တွင် လေးဖြူက သွားရောက် ဖျော်ဖြေရင်း ၎င်းကို သပိတ်မှောက်မည့် BC ဆိုသော စကားလုံးကို နားမလည်ကြောင်း၊ A to Z...

လေးဖြူကို ပရိသတ်တွေ သပိတ်မှောက် (ရုပ်/သံ)

လေးဖြူကို ပရိသတ်တွေ သပိတ်မှောက် (ရုပ်/သံ)

by မိုးသောက်
5 July 2024
3.7k

အဆိုတော် လေးဖြူဟာ စစ်ခေါင်းဆောင်တွေ အခြေစိုက်ရာ နေပြည်တော်မှာ ဇူလိုင်လ ၂ ရက်နေ့က လုပ်တဲ့ VIP ဘား တကိုယ်တော်ရှိုးပွဲမှာ Boycott လုပ်တာမသိဘူးလို့ ပြောဆိုခဲ့တာကြောင့် သူ့ရဲ့ပရိသတ်တွေ နဲ့ တေးရေးဆရာတချို့ က Boycott...

စစ်ကောင်စီ၏ လူမှုကွန်ရက် MySpace MM

စစ်ကောင်စီ၏ လူမှုကွန်ရက် MySpace MM

by Joaquin Camarena
7 June 2024
3.3k

MySpace.mm ကို ဖန်တီးခြင်းသည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်ရန်နှင့် နိုင်ငံသားများအကြား သတင်းမျှဝေခြင်းကို ရပ်တန့်စေရန် စစ်ကောင်စီ၏ လှုပ်ရှားမှု တစိတ်တပိုင်းဖြစ်သည်။

ထရမ့် နဲ့ ပတ်သက်မိလို့ ဒေါ်လာ ဘီလီယံချီ ဆုံးရှုံးကြရတဲ့ ဘီလီယံနာ သူဌေးကြီး ၄ ဦး

ထရမ့် နဲ့ ပတ်သက်မိလို့ ဒေါ်လာ ဘီလီယံချီ ဆုံးရှုံးကြရတဲ့ ဘီလီယံနာ သူဌေးကြီး ၄ ဦး

by ဧရာဝတီ
4 May 2025
3.1k

ထရမ့် အစိုးရအဖွဲ့ရဲ့ ကုန်သွယ်စစ်ပွဲ စတင်မှုဟာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ပြဿနာနဲ့ တိုက်ဆိုင် နေတာကြောင့် ထရမ့်ကို ထောက်ခံတဲ့ နည်းပညာ သူဌေးကြီးတွေရဲ့ ကုမ္ပဏီ တန်ဖိုးတွေနဲ့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေဟာ ကျဆင်းလာခဲ့တယ်…

Next Post
၂၀၁၄ ခုနှစ် တယ်လီနောဆင်းကတ်များ ပထမဆုံးအကြိမ် ရောင်းချရာ ရန်ကုန်တွင် တန်းစီဝယ်နေသူများ

တယ်လီနောမြန်မာကို ရောင်းချရန် ပြင်ဆင်နေဟု ဆို

ရန်ကုန်မြို့တွင် ဖေဖော်ဝါရီလက တွေ့မြင်ရသည့် ရဲများ / ဧရာဝတီ

ရန်ကုန်တွင် ရဲအရာရှိ ၁၅၀ နီးပါး ကိုဗစ် - ၁၉ ရောဂါပိုး ကူးစက်ခံထားရ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved