• English
Wednesday, June 25, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

နေပြည်တော် ထောင်ထဲရောက် ပေါင်မုန့်တထုပ်

by အောင်သူရ
8 July 2024
in စီးပွားရေး, သူ့အတွေး သူ့အမြင်
A A
နေပြည်တော် ထောင်ထဲရောက် ပေါင်မုန့်တထုပ်

နေပြည်တော်တွင် ဖွင့်လှစ်ထားသော Bread Talk မုန့်ဆိုင်မှ ပြင်သစ်ပေါင်မုန့် Croissant

15k
VIEWS
Share on FacebookShare on Twitter

နွေဦးတော်လှန်ရေးတွင် အာဏာသိမ်း စစ်ခေါင်းဆောင်များ ကြောက်သည့် အကြောင်းအရာ နှစ်ခုရှိသည်ဟု သူတို့နှင့် နီးစပ်သူများက ဆိုသည်။ ပထမ တခုမှာ စစ်ကောင်စီတပ်မှ စစ်သားများ ပြည်သူ့ဘက်ရပ်တည် CDM လုပ်မည်ကို စစ်ခေါင်းဆောင်များ အလွန်ကြောက်ကြသည်။ ဒုတိယ တခုမှာ စစ်တပ်ထုတ်ကုန်များနှင့် မိသားစုအသိုင်းအဝိုင်းအား ပြည်သူများမှ သပိတ်မှောက် (Boycott) မည်ကို ကြောက်ကြသည် ဆို၏။

စစ်သားများ ပြည်သူ့ဘက် ရပ်တည်သွားပါက စစ်အာဏာရှင် သက်ဆိုးရှည်မည် မဟုတ်ပေ။ဘယ်စစ်ဗိုလ်ချုပ်မှ ရှေ့တန်းထွက် စစ်မတိုက်ကြပေ။ စစ်တပ် ထုတ်ကုန်များ သပိတ်မှောက်ခံရပါက စစ်တပ် ဝင်ငွေ သိသိသာသာ လျော့ကျသွားမည်ဖြစ်သည်။

RelatedPosts

စစ်တပ်က ကလေးစစ်သား ဆက်လက်စုဆောင်းနေသည်

စစ်တပ်က ကလေးစစ်သား ဆက်လက်စုဆောင်းနေသည်

24 June 2025
325
TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

23 June 2025
1.5k
ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

23 June 2025
12.4k

စစ်အာဏာသိမ်း ဆန့်ကျင်သူ လူထုက အာဏာသိမ်း စစ်ကောင်စီ ထုတ်ကုန်များအား သပိတ်မှောက်ရန် စတင်ဆောင်ရွက်လာခဲ့ကြသည်။ သပိတ်မှောက်ခဲ့ကြသည်။ နွေဦးတော်လှန်ရေးနှင့်အတူ BC (Boycott = သပိတ်မှောက်ခြင်း) နှင့် CDM ဆိုသော စကားရပ်များမှာ လူအများက သုံးစွဲ ထင်ရှားလာခဲ့သည်။

ထို့ကြောင့် စစ်အာဏာသိမ်း ဆန့်ကျင်သူ လူထုက အာဏာသိမ်း စစ်ကောင်စီ ထုတ်ကုန်များအား သပိတ်မှောက်ရန် စတင်ဆောင်ရွက်လာခဲ့ကြသည်။ သပိတ်မှောက်ခဲ့ကြသည်။ နွေဦးတော်လှန်ရေးနှင့်အတူ BC (Boycott = သပိတ်မှောက်ခြင်း) နှင့် CDM ဆိုသော စကားရပ်များမှာ လူအများက သုံးစွဲ ထင်ရှားလာခဲ့သည်။

စစ်ကောင်စီ ထုတ်ကုန်များအား သပိတ်မှောက်သူများထဲတွင် အကျဉ်းချခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်သည်။

၂၀၂၂ ခုနှစ်အတွင်း တရားရုံးချိန်းတခုတွင် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့က ဒေါ် အောင်ဆန်းစုကြည်အတွက် ပြင်သစ်ပေါင်မုန့် Croissant တဗူး ဝယ်သွားခဲ့သည်။ အဆိုပါ ပေါင်မုန့်အား နေပြည်တော်တွင် ဖွင့်လှစ်ထားသော Bread Talk မုန့်ဆိုင်မှ ဝယ်လာခြင်းဖြစ်ကြောင်း သူရှေ့နေ အဖွဲ့က ပြောသောအခါ ဒေါ်အောင်ဆန်းစုကြည်က Bread Talk ဆိုင်က BC (Boycott) ဆိုင်လားဟု ပြန်မေးခဲ့ကြောင်း သိရသည်။

၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းဆန့်ကျင်သူများက စစ်တပ်ထုတ်ကုန်များအား သပိတ်မှောက်ရန် ဆော်ဩကြစဉ်

BC ဆိုင်ဆိုလျင် သူမစားဘဲ ဒီလောက်တော့ လိုက်နာရမည်ဟု ဒေါ် အောင်ဆန်းစုကြည်က ပြန်ပြောခဲ့သည် ဆို၏။ ရှေ့နေ့အဖွဲ့က Bread Talk ဆိုင်သည် BC စာရင်းတွင် မပါဝင်ကြောင်းပြောသဖြင့် ဒေါ်အောင်ဆန်းစုကြည်က အဆိုပါ ပေါင်မုန့်ဗူးအား ယူသွားခဲ့ကြောင်း သိရသည်။ ကမ္ဘာကျော် Bread Talk ဆိုင်မှ ပေါင်မုန့်များသည် အလွန်စားကောင်းပါသည်။

နွေဦးတော်လှန်ရေးတွင် စစ်တပ်နှင့်ဆက်စပ်သော ထုတ်ကုန်များအား ပြည်သူများက သပိတ်မှောက် (BC) လုပ်ခဲ့ကြသည့်အတွက် ဝင်ငွေ သိသိသာသာ လျော့ကျသွားသောလုပ်ငန်းများစွာ ရှိသည်။ အရှုံးပေါ်သွားသော လုပ်ငန်းများ ရှိသည်။

အောင်ဘာလေထီလုပ်ငန်းသည် အစိုးရအဆက်ဆက် အကျိုးအမြတ်များစွာ ရသော လုပ်ငန်းဖြစ်သည်။ သို့သော် နွေဦးတော်လှန်ရေးတွင် ပြည်သူက စစ်ကောင်စီအား BC လုပ်သည့်အနေဖြင့် အောင်ဘာလေ ထီမထိုးပဲ သပိတ်မှောက်ခဲ့ကြသည်။ အောင်ဘာလေထီရောင်းအားသိသိသာသာ ကျဆင်းသွားခဲ့ပြီး ထီလုပ်ငန်း ရပ်တန့်လုနီးပါး ဖြစ်ခဲ့သည်။

သိသာထင်ရှားသော လုပ်ငန်းများထဲတွင် အောင်ဘာလေထီလုပ်ငန်း ဖြစ်သည်။အောင်ဘာလေထီလုပ်ငန်းသည် အစိုးရအဆက်ဆက် အကျိုးအမြတ်များစွာ ရသော လုပ်ငန်းဖြစ်သည်။ သို့သော် နွေဦးတော်လှန်ရေးတွင် ပြည်သူက စစ်ကောင်စီအား BC လုပ်သည့်အနေဖြင့် အောင်ဘာလေ ထီမထိုးပဲ သပိတ်မှောက်ခဲ့ကြသည်။ အောင်ဘာလေထီရောင်းအားသိသိသာသာ ကျဆင်းသွားခဲ့ပြီး ထီလုပ်ငန်း ရပ်တန့်လုနီးပါး ဖြစ်ခဲ့သည်။ စစ်ကောင်စီအတွက် ဝင်ငွေ များစွာ ကျဆင်းသွားခဲ့သည်။

ထို့အပြင် စစ်တပ်ထုတ် မြန်မာဘီယာကိုလည်း ပြည်သူများက သပိတ်မှောက်ခဲ့ကြသည်။ မြန်မာဘီယာ တင်မရောင်းသည့် ဆိုင်များစွာ ရှိလာခဲ့သည်။ ထို့အတွက် အာဏာသိမ်းပြီး ၃ လအကြာတွင် မြန်မာဘီယာ၏ ရောင်းအားမှာ ၄၆ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်ဟု မြန်မာဘီယာနှင့် အကျိုးတူဆောင်ရွက်ခဲ့သည့် ကီရင်ဘီယာက ၂၀၂၁ ခုနှစ် မေလဆန်းတွင် အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။ အမြတ်ငွေ ၅၀ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။ ဖက်စပ်လုပ်ကိုင်နေသော ဂျပန်ကုမ္ပဏီ ပြန်ရုပ်သိမ်းသွားပြီး စစ်တပ်က ကြံရာမရဘဲ သေနတ်ထောက်ပြီး မြန်မာဘီယာကို တင်ရောင်းခိုင်းရသည့် အခြေဆိုက်သွားသည်။

အလားတူ စစ်တပ်ထုတ် Ruby စီးကရက်အား ပြည်သူများက မသောက်သုံးပဲ သပိတ်မှောက်ခဲ့ရာ နိုင်ငံတလွှား ကွမ်းယာဆိုင်တိုင်းတွင် တွေ့ရသော Ruby စီးကရက်ဗူးများ ပျောက်သွားခဲ့ရသည်။

အဆိုတော်လေးဖြူလည်း အခြားဆယ်လီများနည်းတူ ဒေါ်အောင်ဆန်းစုကြည်နှင့် တွဲ ဓာတ်ပုံရိုက်ခဲ့ကြသေးသည်

နွေဦးတော်လှန်ရေးတွင် ထူးရေခဲမုန့်ဆိုင်ပိုင်ရှင်သည် ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်၏ သားမွေးနေ့အား လူမှုကွန်ရက်တွင် ဆုတောင်းခဲ့သည့်အတွက် ထူးရေခဲမုန့်အား လူထုက သပိတ်မှောက်ခဲ့ကြရာ ဆိုင်ရောင်းအား သိသိသာသာ ကျဆင်းသွားခဲ့ပြီး ထူးရေခဲမုန့် တည်ထောင်သူ မောင်နှစ်မနှစ်ဦးမှာ စီးပွားခွဲရသည့် အထိ ဖြစ်ခဲ့သည်။

ထို့ကြောင့်လည်း စီးပွားရေးအသိုင်းအဝိုင်းသည် စားသုံးသူသပိတ်မှောက်မည်ကို အလွန်စိုးရိမ်ကြသည်။ သူတို့ ထုတ်ကုန်များအား BC လုပ်မှာ ကြောက်ကြသည်။ စစ်တပ်နှင့် မလွှဲမရှောင်သာ ဆက်ဆံရသည့်တိုင် ဓာတ်ပုံများအား လူမှုကွန်ရက်တွင် မတင်ကြပေ။

နွေဦးတော်လှန်ရေးနှင့်အတူ တွဲပါလာခဲ့သော သပိတ်မှောက်ခြင်း (Boycott) အား အတိုကောက် ခေါ်သည့် BC စကားလုံးသည် မြန်မာလူထုကြား လူသိများသော စကားလုံးဖြစ်သည်။ ထောင်ထဲတွင် နေထိုင်နေရသော ဒေါ်အောင်ဆန်းစုကြည်ပင် သိသည်။

ထို့ကဲ့သို့နွေဦးတော်လှန်ရေးနှင့်အတူ တွဲပါလာခဲ့သော သပိတ်မှောက်ခြင်း (Boycott) အား အတိုကောက် ခေါ်သည့် BC စကားလုံးသည် မြန်မာလူထုကြား လူသိများသော စကားလုံးဖြစ်သည်။ ထောင်ထဲတွင် နေထိုင်နေရသော ဒေါ်အောင်ဆန်းစုကြည်ပင် သိသည်။ Boycott ကို အတိုကောက်ခေါ်သော BC အား မသိဟု အဆိုတော်လေးဖြူ၏ ပြောဆိုခြင်းသည် မြန်မာပြည်သူအများအား စော်ကားခြင်းသာ။ စစ်အာဏာသိမ်းဆန့်ကျင်ရေး နွေဦးတော်လှန်ရေးအား မလေးစားခြင်းသာ။

(အောင်သူရသည် ဝါရင့် မြန်မာသတင်းထောက်တဦး ဖြစ်သည်။ ဧရာဝတီ မြန်မာပိုင်းကဏ္ဍအတွက် လတ်တလော ရေးသားနေသည်။)

You may also like these stories:

လေးဖြူကို ပရိသတ်တွေ သပိတ်မှောက် (ရုပ်/သံ) 

BC မသိလို့ Boycott လုပ်ခံရတော့မယ့် အဆိုတော်လေးဖြူ

ရှမ်းမြောက်သို့သွားရောက် ဖျော်ဖြေရန် ဖိတ်ခေါ်မှု အနုပညာရှင်များ နှုတ်ဆိတ်နေ

ရုပ်ရှင်ထုတ်လုပ်ရေး အမည်များ ပြောင်းလဲထုတ်လုပ်လာသည့် စစ်ခေါင်းဆောင် သမီး

“ရှောင်လာရတဲ့ အနုပညာရှင်တွေ အနုပညာ ဆက်လက်ဖန်တီးနိုင်ရမယ်”

Your Thoughts …
Tags: BCBoycottCDMCroissantSliderစားသုံးသူသပိတ်မှောက်ဒေါ်အောင်ဆန်းစုကြည်နွေဦးတော်လှန်ရေးပြင်သစ်ပေါင်မုန့်အဆိုတော်လေးဖြူ
အောင်သူရ

အောင်သူရ

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.5k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.1k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.5k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
56k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ

ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ

by ဧရာဝတီ
14 September 2023
48.7k

စစ်ကောင်စီအဖွဲ့ဝင် ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို အဂတိလိုက်စားမှုအတွက် နေအိမ်တွင် အကျယ်ချုပ်ဖမ်းဆီးထားသည်။

Next Post
သံတွဲမြို့ မကျရေး စစ်ကူ အလုံးအရင်း ဖြည့်တင်းနေ

သံတွဲမြို့ မကျရေး စစ်ကူ အလုံးအရင်း ဖြည့်တင်းနေ

လားရှိုးမြို့ပေါ် အခြေအနေဆိုးရွားနေ (ရုပ်/သံ )

လားရှိုးမြို့ပေါ် အခြေအနေဆိုးရွားနေ (ရုပ်/သံ )

No Result
View All Result

Recommended

ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

7 days ago
9.2k
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

5 days ago
4.8k

Most Read

  • ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    shares
    Share 0 Tweet 0
  • ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

    shares
    Share 0 Tweet 0
  • အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

    shares
    Share 0 Tweet 0
  • TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

    shares
    Share 0 Tweet 0
  • အသက်အရွယ်ကြီးရင့်တဲ့ NLD ခေါင်းဆောင်တွေ ထောင်ထဲမှာ ဆက်လက် ဒုက္ခခံစားနေရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate