Entertainment

အောက်ဆီဂျင် လိုအပ်တဲ့ နေရာတွေအတွက် သိန်း ၁၀၀ လှူဒါန်းမယ့် ဟန်ဇော်လတ်

Want create site? Find Free WordPress Themes and plugins.

Miss Golden Land Myanmar Organization ရဲ့ CEO & Founder ကိုဟန်ဇော်လတ်က အောက်ဆီဂျင် လိုအပ်တဲ့ နေရာတွေမှာ ဝယ်ဖို့အတွက် ငွေကျပ် သိန်း ၁၀၀ တိတိ လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။

“ကိုယ်တိုင် ကူကယ်ရာမဲ့လို့ ခံစားနေရရင် တခြားသူကို ကူညီဖို့ ကြိုးစားလိုက်ပါ။ ကျနော် ဒီစာကို ကိုယ်ချင်းစာစိတ်အပြည့်နဲ့ ရေးနိုင်ဖို့ အမှားမကျူးလွန်ထားတဲ့ ဝရမ်းပြေး တယောက်အနေနဲ့ ခေါင်းကို ရေထဲနှစ်ပြီး အသက်ရှူရဖို့ ကြိုးစားကြည့်ပြီးမှ ရေးခဲ့တာပါ”လို့ ကိုဟန်ဇော်လတ်က ဆိုပါတယ်။

မွန်းကျပ်တယ် ဆိုတာကို ကိုယ်တိုင် ခံစားကြည့်ခဲ့ပြီး၊ ကိုယ်ချင်းစာစိတ်နဲ့ ကူညီ ဖေးမပေးဖို့ လိုတယ်လို့ သူက ဆိုပါတယ်။

“ပြောချင်တာက မွန်းကျပ်တယ် ဆိုတာကို တကယ် စာနာနိုင်ဖို့ ကိုယ်တိုင် ခံစားကြည့်ခဲ့တာပါ။ အရမ်းခက်ခဲပါတယ်။ ငါဘာလုပ်ပေးနိုင်မလဲ၊ ငါဘာလုပ်ပေးလို့ရမလဲ ဆိုတာ စက္ကန့်နဲ့အမျှ မွန်းကျပ်စွာ အဖြေရှာနေမိပါတယ်။ လုပ်ပေးနိုင်တာ အားလုံး လုပ်ကို လုပ်ရမယ်”

Miss Golden Land Myanmar ရဲ့ CEO ကိုဟန်ဇော်လတ် (ဓာတ်ပုံ – Han Zaw Latt’s Facebook)

“ကိုယ်ချင်းစာပါတယ်ဆိုတဲ့ စိတ်လေးနဲ့တင် ရပ်နေလို့ မရပါဘူး။ အမှန်တကယ် မျှဝေ ခံစားပေးပြီး ကူညီ ဖေးမပေးဖို့ လိုပါတယ်။ ကျနော် အောက်ဆီဂျင် လိုအပ်တဲ့ နေရာတွေမှာ ဝယ်ဖို့အတွက် တနေရာကို ၁၀ သိန်းနှုန်းနဲ့ (၁၀) နေရာစာ၊ သိန်း ၁၀၀ ကျပ်တိတိ လှူဒါန်းပါမယ်”လို့ ကိုဟန်ဇော်လတ်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့မှာ ကိုဟန်ဇော်လတ်က “ခိုင်နှင်းဝေ” ပရဟိတ အသင်းသို့ အောက်ဆီဂျင်အိုး ဝယ်ယူရန် အလှူ ငွေကျပ် ၁၀ သိန်း လှူဒါန်းခဲ့ပါတယ်။

တတိုင်းပြည်လုံး ဒုက္ခမျိုးစုံ ရင်ဆိုင်နေရတဲ့အတွက် ပြည်သူအချင်းချင်း စာနာကြပါ၊ စောင့်ရှောက်ကြပါလို့ သူက ဆိုပါတယ်။

“အသံကျယ်ကျယ်နဲ့ သတ်တဲ့ လူသတ်သမားရော၊ အသံတိတ် လူသတ်သမားရောက ပြည်သူတွေကို သတ်နေပြီ။ တတိုင်းပြည်လုံး ဒုက္ခမျိုးစုံ ရင်ဆိုင်နေရတာဖြစ်တဲ့အတွက် ပြည်သူတွေ အချင်းချင်း စာနာကြပါ”

“ရှိတာလေးနဲ့ အတူတကွ မျှဝေကြပါ။ အားပေး စောင့်ရှောက်ကြပါ။ ကိုယ်တိုင် ဘာလုပ်ပေးနိုင်မလဲ အဖြေရှာကြပါ။ နိုင်ရာဝန်ကို ထမ်းကြပါ။ ငါတို့အတွက် ငါတို့ရှိရမယ်”လို့ ကိုဟန်ဇော်လတ်က ပြောထားပါတယ်။

You may also like these stories:

အလှမယ်တွေ မွေးထုတ်ရင်း တော်လှန်ရေးနယ်ထဲ ရောက်ခဲ့ရတဲ့ ဟန်ဇော်လတ် ကို မေးမြန်းခြင်း

“အုပ်တချပ် သဲတပွင့် တာဝန်ယူပေးနိုင်တာကို ကျေနပ်နေမိတယ်”

လိုအပ်တဲ့အချိန်ကျရင် ပြည်သူတွေအတွက် လက်နက်ကိုင်မှာပါ

Did you find apk for android? You can find new Free Android Games and apps.
Loading