Health

တုပ်ကွေးဖျားနာခြင်းကို ကာကွယ်ဖို့ သွေးအမျိုးအစားအလိုက် စားပေးသင့်တဲ့ အစားအစာများ

Want create site? Find Free WordPress Themes and plugins.

မိုးတွင်းကာလမှာ အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာတခုဖြစ်တဲ့ အအေးမိ တုပ်ကွေး ဖျားနာခြင်းတွေကို ကာကွယ်ဖို့ ခန္ဓာကိုယ် ခုခံအားစနစ် ကောင်းမွန်နေဖို့က အရေးကြီးပါတယ်။ ခန္ဓာကိုယ် ခုခံအားစနစ် ကောင်းမွန်နေစေဖို့ နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေက အရေးကြီးသလို ရွေးချယ်စားသုံးတတ်ဖို့လည်း လိုပါတယ်။ အခုဖော်ပြပေးမှာကတော့ ရာသီပေါ် တုပ်ကွေးရောဂါကို ကာကွယ်ဖို့ မိမိ သွေးအမျိုးအစားအလိုက် စားသုံးပေးသင့်တဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။

(၁) အိုသွေး

အိုသွေး ပိုင်ရှင်တွေဟာ ကိုယ်ခံအားစနစ် ကောင်းမွန်သူတွေ ဖြစ်ပေမယ့် တုပ်ကွေးကာကွယ်ဖို့ ဆိုရင်တော့ အဆီဓာတ် ကြွယ်ဝတဲ့ ငါး၊ ဟင်းနုနွယ်၊ ကိုက်လန်တို့လို အစိမ်းရောင် အသီးအရွက်တွေ၊ ဂျင်း၊ ကြက်သွန်ဖြူ၊ သံလွင်ဆီ၊ လက်ဖက်စိမ်း ရေနွေးကြမ်း စတာတွေကို များများ စားသုံးပေးသင့်ပါတယ်။

(၂) အေဘီသွေး

အေဘီသွေး ပိုင်ရှင်တွေဟာ တခြားသော သွေးအမျိုးအစားတွေထက် အအေးမိတုပ်ကွေး ဖြစ်လွယ်တာကြောင့် ကိုယ်ခံအားစနစ် ကောင်းမွန်စေဖို့ ပန်းဂေါ်ဖီစိမ်း၊ ခရမ်းချဉ်သီး၊ သံပုရာတို့လို အသီးအရွက်တွေနဲ့ ပဲပိစပ်ကနေ ထုတ်လုပ်ထားတဲ့ အစားအစာတွေ၊ သံလွင်ဆီ၊ ဒိန်ချဉ်၊ ကြက်သွန်ဖြူ၊ နနွင်းတို့ကို စားပေးသင့်ပါတယ်။

(၃) အေသွေး

အေသွေး အမျိုးအစား ရှိသူတွေအနေနဲ့ ကိုယ်ခံံအားစနစ် ကောင်းမွန်စေဖို့ ဂျင်း၊ ကြက်သွန်ဖြူ၊ နနွင်းတို့လို ဟင်းခတ်အမွှေးအကြိုင်တွေ၊ ထောပတ်သီး၊ နာနတ်သီးတို့လို အသီးအနှံတွေနဲ့ ငါးတို့ကို များများစားပေးသင့်ပါတယ်။

(၄) ဘီသွေး

ဘီသွေး ပိုင်ရှင်တွေအနေနဲ့ကတော့ တုပ်ကွေး ကာကွယ်နိုင်ဖို့ နို့ထွက်ပစ္စည်းတွေ ဖြစ်တဲ့ ဒိန်ချဉ်၊ နွားနို့ စတာတွေ၊ သိုးသား၊ ဆိတ်သား စတဲ့ လတ်ဆတ်ပြီး အဆီဓာတ် နည်းပါးတဲ့ အသားတွေနဲ့ တရုတ်နံနံ၊ ပူစီနံ၊ ဂျင်း၊ နနွင်း စတာတွေကို စားသုံးပေးသင့်ပါတယ်။

Ref. 4yourtype.com

You May Also Like These Stories:

သွေးအမျိုးအစား အလိုက် စိတ်ဝင်စားဖွယ် ကောင်းတဲ့ အချက် ၇ ချက်

သွေးအမျိုးအစားပေါ် မူတည်ပြီး ဂရုစိုက်သင့်တဲ့ အလှအပရေးရာများ

Did you find apk for android? You can find new Free Android Games and apps.
Loading