အခုလို တုပ်ကွေးဖျားနာတာတွေ အဖြစ်များနေချိန်မှာ တုပ်ကွေး လျင်လျင်မြန်မြန် ပျောက်ကင်းဖို့ အစားအသောက် ရွေးချယ် စားသုံးတတ်ဖို့ကလည်း အရေးကြီးပါတယ်။ တုပ်ကွေးဖြစ်နေချိန်မှာ အသင့်စား အစားအစာတွေ၊ ကဖင်းဓာတ် ပါဝင်တဲ့ လက်ဖက်ရည်၊ ကော်ဖ ီစတာမျိုးတွေနဲ့ အယ်လ်ကိုဟော သောက်သုံံးခြင်းတို့ကို ရှောင်ကြဉ်သင့်ပြီး အခုဖော်ပြပေးမယ့် အစားအစာတွေကို များများ စားသုံးပေးသင့်ပါတယ်။
(၁) စွပ်ပြုတ်
ကြက်စွပ်ပြုတ်လိုမျိုး အသားစွပ်ပြုတ်တွေဟာ တုပ်ကွေးဖြစ်နေချိန်မှာ အားနည်းနေတဲ့ ကိုယ်ခံအားစနစ်ကို အလျင်အမြန် ပြန်လည် ဖြည့်တင်းပေးနိုင်တဲ့အပြင် ခန္ဓာကိုယ်တွင်း ရေဓာတ်ကိုလည်း ပြည့်ဝစေနိုင်ပါတယ်။ ဒါ့အပြင် တုပ်ကွေးကြောင့် ခံတွင်းပျက်ခြင်းနဲ့ လည်ချောင်းနာခြင်းတို့လို နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကိုပါ ကာကွယ်ပေးနိုင်ပါသေးတယ်။
(၂) ဒိန်ချဉ်
ဒိန်ချဉ်မှာပါတဲ့ ပရိုတင်းဓာတ်ဟာ ခန္ဓာကိုယ် ခုခံအားစနစ်ကို ကောင်းမွန်စေပြီး လည်ချောင်းနာခြင်းကို သက်သာ စေနိုင်တာကြောင့် သကြား ထည့်သွင်း မထားတဲ့ ဒိန်ချဉ်စစ်စစ်ကို တုပ်ကွေးဖြစ်နေချိန်မှာ စားပေးသင့်ပါတယ်။
(၃) ဗီတာမင်စီ
ဗီတာမင်စီ ပါဝင်ပြီး အချဉ်ဓာတ်များတဲ့ အသီးအနှံတွေ စားသုံးခြင်းကလည်း တုပ်ကွေး မြန်မြန်ပျောက်ဖို့ ကူညီပေးနိုင်ပြီး တုပ်ကွေးဗိုင်းရပ်စ်ကို တိုက်ထုတ်နိုင်ဖို့ အထောက်အကူ ဖြစ်စေပါတယ်။
(၄) ကြက်သွန်ဖြူ
ကြက်သွန်ဖြူဟာဆိုရင် တုပ်ကွေး မဖြစ်အောင် ကြိုတင်ကာကွယ်ပေးနိုင်သလို တုပ်ကွေးဖြစ်နေချိန်မှာလည်း သက်သာပျောက်ကင်းဖို့ အကူအညီ ပေးနိုင်ပါတယ်။ ကြက်သွန်ဖြူမှာပါတဲ့ Allicin ဓာတ်ဟာ တုပ်ကွေးဖြစ်စေတဲ့ ဘက်တီးရီးယားတွေနဲ့ ဗိုင်းရပ်စ်တွေကို တိုက်ထုတ်ပေးနိုင်တာကြောင့် အခုလို ရာသီမှာ နေ့စဉ် စားသုံးပေးသင့်ပါတယ်။
(၅) အစိမ်းရင့်ရောင် အရွက်များ
ဟင်းနုနွယ်၊ ကိုက်လန်တို့လို အစိမ်းရင့်ရောင်အရွက်တွေမှာ ဗီတာမင်စီနဲ့ ဗီတာမင်အီးတို့ ပါဝင်တာကြောင့် ကိုယ်ခံအားစွမ်းအားကို ကောင်းမွန်စေပြီး တုပ်ကွေးဖျားနာခြင်းကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။
Ref. www.healthline.com
You may also like these stories:
အအေးမိတုပ်ကွေးရောဂါတွေကို ကာကွယ်ပေးနိုင်တဲ့ အံအားသင့်စရာ နည်းလမ်းများ
အအေးမိ၊ တုပ်ကွေး ဖျားနာခြင်းတွေကို ကာကွယ်ပေးနိုင်တဲ့ ကြက်သွန်ဖြူ
တုပ်ကွေးဖျားနာခြင်းကို ကာကွယ်ဖို့ သွေးအမျိုးအစားအလိုက် စားပေးသင့်တဲ့ အစားအစာများ
မိုးရာသီမှာ များများစားပေးသင့်တဲ့ အစားအစာများ
ခန္ဓာကိုယ် ခုခံအားစနစ်ကို ကောင်းမွန်စေတဲ့ အစားအစာများ