ကိုယ်အလေးချိန်လျှော့ချတဲ့နေရာမှာ အစားအသောက်ဟာလည်း လေ့ကျင့်ခန်းပြုလုပ်ခြင်းလိုပဲ အရေးကြီးလှပါတယ်။ အစားအစာတွေကို အလွန်အမင်းလျော့နည်းစွာ စားသုံးဖို့မလိုအပ်သလို ဘယ်လိုအစားအစာမျိုးတွေကို သင့်တင့် မျှတစွာ စားသုံးရမလဲဆိုတာကိုလည်း သိဖို့လိုအပ်ပါတယ်။
ဒါကြောင့်မို့လို့ လူအများစုက ဝိတ်တက်စေနိုင်တယ်လို့ အထင်မှားနေကြတဲ့ အစားအစာတွေကို ဖော်ပြပေးလိုက် ပါတယ်။
(၁) ကြက်ဥ
အာဟာရပညာရှင်တွေရဲ့ လေ့လာချက်တွေအရ မနက်စာအဖြစ် ကြက်ဥပြုတ်စားသုံးပေးခြင်းဟာ ပေါင်မုန့်စားသုံးခြင်း ထက် ကိုယ်အလေးချိန်ကို လျော့ကျစေနိုင်တယ်လို့ ဆိုပါတယ်။ ကြက်ဥဟာ အစာချေဖျက်မှုကို နှေးကွေးစေတာ ကြောင့် မနက်စာမှာ ကြက်ဥပြုတ်စားသုံးပေးခြင်းက အချိန်အတန်ကြာအထိ ဗိုက်ပြည့်နေစေမှာပဲ ဖြစ်ပါတယ်။
(၂) ပဲအမျိုးမျိုး
ပဲအမျိုးမျိုးဟာ ကိုယ်အလေးချိန်တက်စေနိုင်တယ်လို့ အများစုထင်ကြသလို မဟုတ်ပါဘူး။ ပဲအမျိုးမျိုးမှာပါဝင်တဲ့ ပရိုတင်းဓာတ်တွေဟာ ခန္ဓာကိုယ်အလေးချိန်ကို ပါစတာနဲ့ပေါင်မုန့်တွေစားတာမျိုးလောက် ဝိတ်မတက်စေနိုင်ပါဘူး။
(၃) အစေ့အဆန်များ
အစေ့အဆန်တွေမှာ အဆီဓာတ်ပါဝင်မှုများပေးမယ့် ပရိုတင်းဓာတ်နဲ့အမျှင်ဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် ကိုယ်အလေးချိန်ကို မမြင့်တက်စေဘဲ မကြာခဏဗိုက်ဆာခြင်းကို ထိန်းချုပ်ပေးထားနိုင်တယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။
(၄) မလိုင်ထုတ်ထားတဲ့ချိစ်
မလိုင်ထုတ်ထားတဲ့ချိစ်တွေဟာဆိုရင်လည်း ကြက်ဥလိုပဲ ဆာလောင်မှုကို ထိန်းချုပ်ထားနိုင်တာကြောင့် အဆာခံစေတဲ့ အစားအစာတမျိုးပဲဖြစ်ပါတယ်။ ချိစ်မှာပါဝင်တဲ့ ကယ်လ်ဆီယမ်ဓာတ်ဟာ ခန္ဓာကိုယ်တွင်းက အဆီတွေကို လောင်ကျွမ်းနိုင်စေဖို့ အထောက်အကူဖြစ်စေတာကြောင့် လုံးဝမစားဘဲနေတာမျိုး မပြုလုပ်သင့်ပါဘူး။
(၅) ပေါက်ပေါက်ဆုပ်
အရသာနဲ့ထောပတ်ထည့်သွင်းထားတဲ့ ပေါက်ပေါက်ဆုပ်မျိုးမဟုတ်ဘဲ ရိုးရိုးပေါက်ပေါက်ဆုပ်တွေဟာဆိုရင် အမျှင်ဓာတ်များစွာပါဝင်ပြီး ကယ်လိုရီအနည်းငယ်သာရှိတာကြောင့် ကိုယ်အလေးချိန်ကို မမြင့်တက်စေနိုင်ပါဘူး။
Ref: www.healthline.com