အစားအသောက်တွေ ချက်ပြုတ်တာ၊ မုန့်ဖုတ်တာစတဲ့ အချက်အပြုတ်ကိစ္စတွေဟာ စိတ်ပိုင်းဆိုင်ရာပြဿနာတရပ်ဖြစ်တဲ့ စိတ်ဖိစီးမှုကို လျော့ကျစေနိုင်ကြောင်း သိပ္ပံပညာရှုထောင့်ကနေ အတည်ပြုတင်ပြနိုင်ခဲ့တာဖြစ်ပါတယ်။
လတ်တလောကြုံတွေ့နေရတဲ့ ဗိုင်းရပ်စ်ပြန့်ပွားနေမှုနဲ့ နောက်ဆက်တွဲအခြေအနေ အကြောင်းကြောင်းတွေကြောင့် လူတိုင်းလူတိုင်းဟာ မိမိတို့ရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပိုင်းမှာလည်း ရုန်းကန်နေကြရတာဖြစ်ပါတယ်။ တကမ္ဘာလုံးနီးပါး ပိတ်ဆို့ကန့်သတ်မှုတွေရှိနေဆဲဖြစ်တာကြောင့် လူတိုင်းဟာ အိမ်ထဲမှာနေရင်း မိမိတို့ ဝါသနာပါရာတွေ လုပ်ဆောင်ရင်း ဖြတ်သန်းနေကြရတာပါ။
ဒီအချိန်ဒီကာလ အိမ်တွင်းအောင်းနေရတဲ့အချိန်မှာ မုန့်ဖုတ်ခြင်းဟာ လူတွေရဲ့ စိတ်ဖိစီးမှုကို လျော့ကျစေနိုင်ကြောင်း စိတ်ပညာဆရာဝန်တွေဟာ အတည်ပြုဖော်ဆိုခဲ့တာဖြစ်ပါတယ်။ မုန့်ဖုတ်ခြင်းဟာ သဘာဝတရားနဲ့ အနီးစပ်ဆုံး ထိတွေ့နေတာဖြစ်ပြီး ရရှိမယ့် စိတ်ပိုင်းဆိုင်ရာ သက်သောင့်သက်သာဖြစ်မှုတွေအပြင် တခြားအကျိုးကျေးဇူးတွေကိုပါ ပူးတွဲဖော်ပြခဲ့ကြတာလည်းဖြစ်ပါတယ်။
စိတ်ပညာဆရာဝန်တွေကတော့ အခုလိုချိန်မုန့်ဖုတ်ခြင်းကို “Stress Baking” လို့ တင်စားခေါ်ဝေါ်ခဲ့ကြတာဖြစ်ပြီး မုန့်ဖုတ်ဖို့ ပြင်ဆင်နေစဉ်အချိန်အတွင်းမှာလည်း မိမိပြုလုပ်လိုတဲ့ ပုံပန်းသဏ္ဍာန်အနေအထားကို အာရုံစူးစိုက်နေရတာဖြစ်တဲ့အတွက် စိတ်ဖိစီးမှုကို လျော့ကျစေနိုင်တာဖြစ်တယ်လို့ စိတ်ပညာဆရာဝန်တဦးဖြစ်သူ Elizabeth McKay က ဆိုပါတယ်။
ဒါ့အပြင် မုန့်ဖုတ်လို့ပြီးသွားမယ့်အချိန်ကို စောင့်ဆိုင်းရခြင်းဟာလည်း နောက်ထပ် အာရုံစူးစိုက်မှုတခု ထပ်မံဖြစ်ပွား စေတာကြောင့် လတ်တလောဖြစ်ပျက်နေတဲ့ အခြေအနေတွေကို လျစ်လျူရှုနိုင်ကြောင်း ဖြည့်စွက်ရည်ညွှန်း ပြောကြားသွားခဲ့ပါသေးတယ်။
နေ့စဉ်လှုပ်ရှားရုန်းကန်မှုတွေကို အခုလိုအခြေအနေမှာ ရပ်တန့်ထားရတာဖြစ်တဲ့အတွက်ကြောင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးထိခိုက်စေနိုင်တာဖြစ်ပြီး စိတ်ဓာတ်ကျခြင်းနဲ့ တခြားနောက်ဆက်တွဲပြဿနာတွေ ကြုံတွေ့နိုင်ရခြေရှိတာ ကြောင့် မုန့်ဖုတ်ခြင်းကနေ စိတ်ဖိစီးမှုလျော့ကျစေနိုင်တဲ့ အကျိုးကျေးဇူးတွေကို သုတေသနပြုလုပ်ပြီး လေ့လာမျှဝေခဲ့ တာလည်းဖြစ်ပါတယ်။
Ref. mysticalraven.com
You may also like these stories:
အိမ်မှာ အလုပ်လုပ်သူတွေကို မီတာခ ၃ လစာ လျှော့ပေးမယ့် ထိုင်းနိုင်ငံ
ကိုဗစ်ကြောင့် အလုပ်လက်မဲ့ ဖြစ်သွားသူတွေကို ထိုင်းမှာ အလှူအတန်း လုပ်
ဖိလစ်ပိုင်မှာ ကျန်းမာရေး ဝန်ထမ်း ၁ ထောင်ကျော် COVID-19 ရောဂါ ကူးစက်ခံရ