Travel

စင်ကာပူနိုင်ငံမှာ မပြုလုပ်ဖို့ ချမှတ်ထားတဲ့ စည်းကမ်းများ

Want create site? Find Free WordPress Themes and plugins.

စင်ကာပူနိုင်ငံဟာ လက်ရှိမှာ အရှေ့တောင်အာရှ ဒေသအတွင်း ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတနိုင်ငံပါ။ ဒီလို တိုးတက်လာတာဟာ နိုင်ငံသားတွေရဲ့ စည်းလုံးမှု၊ ကြိုးစားမှုတွေနဲ့ လိုက်နာရမယ့် စည်းကမ်းတွေကို လိုက်နာလို့ ဖြစ်ပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံသားတွေအနေနဲ့ စင်ကာပူကို သွားရောက်လည်ပတ်မယ်ဆိုရင် အထူးဂရုပြုပြီး လိုက်နာရမယ့် စည်းကမ်းတွေကို မျှဝေပေးချင်ပါတယ်။

(၁) ပီကေဝါးခွင့် မရှိဘူး

 

 

မြန်မာနိုင်ငံမှာ “ကွမ်းတံတွေး မထွေးရ” ဆိုတဲ့ စည်းကမ်းတထက် ပိုပါတယ်။ စင်ကာပူဟာ သန့်ရှင်းမှုကို အလေးထားတဲ့ နိုင်ငံဖြစ်လို့ သင် အဲဒီနိုင်ငံမှာ “ပီကေဝါးခွင့်” မရှိပါဘူး။ ပီကေဝါးခွင့် တင်မကဘူး။ “ပီကေရောင်းချခွင့်”၊ “ပီကေသယ်ဆောင်ခွင့်”၊ “တင်ပို့ခွင့်” ကို မရှိတာပါ။ ဒါကတော့ ရိုးရှင်းပါတယ်။ သင့်မှာ မရှိရင် သင်စားဖြစ်တော့မှာ မဟုတ်ဘူးဆိုတဲ့ စကားအတိုင်း ရောင်းချခွင့်တွေနဲ့ ဝယ်ယူခွင့်တွေကို ပိတ်ထားတာပါ။

(၂) ရေဆွဲချဖို့ မမေ့ပါနဲ့

 

 

ဒါကလည်း လူသိများတဲ့ စင်ကာပူက စည်းကမ်းတခု ဖြစ်ပါတယ်။ မြန်မာနိုင်ငံက အများသုံး အိမ်သာတွေမှာ အမြဲကြုံရတဲ့ ပြဿနာက အိမ်သာတက်ပြီး ရေမလောင်းဘဲ ထားခဲ့ကြတာပါ။ ဒီလိုကိစ္စမျိုး စင်ကာပူမှာ သွားလုပ်လို့ မရပါဘူး။ ရေမဆွဲခဲ့တဲ့ ကိစ္စဟာ စင်ကာပူမှာ ကြီးလေးတဲ့ ပြစ်ဒဏ်ပါ။ ပြုလုပ်ခဲ့မိရင် စင်ကာပူဒေါ်လာ ၁၅၀ ခန့် ငွေဒဏ် ကျနိုင်ပါတယ်။ ဒါဟာ မြန်မာကျပ် ငွေနဲ့ဆိုရင် ၁ သိန်း ၆ သောင်းကျော် ရှိပါတယ်။

(၃) ညစ်ညမ်းကားတွေ ကြည့်ခွင့် မရှိဘူး

 

 

စင်ကာပူနိုင်ငံမှာ ညစ်ညမ်းကားတွေ ကြည့်ခွင့်မရှိတဲ့ အပြင် ကိုယ်လုံးတီးနဲ့ လမ်းထွက်ခွင့်လည်း မရှိပါဘူး။ ဒီတခုကတော့ တော်တော် ခွကျတဲ့ စည်းကမ်းပါ။ ညစ်ညမ်းကားတွေကို Public မှာ ကြည့်ခွင့် မရှိတာကိုတော့ လက်ခံပေးလို့ရပေမယ့် စင်ကာပူနိုင်ငံမှာတော့ တယောက်တည်း ရှိနေရင်တောင် ကြည့်ခွင့် မရှိတာပါ။

အရမ်းကြည့်ချင်တယ်ဆိုရင်တော့ သင်ကြည့်နေတာကို လူလုံးဝ မသိအောင်ကြည့်မှပဲ အဆင်ပြေမှာပါ။ အကယ်လို့ သင်ကြည့်နေတာကို တယောက်ယောက် တွေ့ခဲ့ရင် ငွေဒဏ် စင်ကာပူဒေါ်လာ ၂၀၀၀ ကနေ ထောင်ဒဏ် ၃လအထိ ပြစ်ဒဏ် ချမှတ်မှာ ဖြစ်ပါတယ်။

(၄) အမှိုက် မပစ်ရ

 

 

အထက်မှာ ဖော်ပြခဲ့တဲ့ ပီကေဝါးခွင့် မရှိသလိုပါပဲ။ ဘယ်အမှိုက်ကိုမှ ပစ်ခွင့် မရှိပါဘူး။ နောက်ထပ် ဂရုစိုက်ရမှာကတော့ စင်ကာပူနိုင်ငံက လမ်းတွေအပေါ်မှာ တံတွေးထွေးခွင့် မရှိတာပါ။ ဒီပြစ်မှု တခုခုကို လုပ်ခဲ့မယ် ဆိုရင်တော့ ငွေဒဏ် စင်ကာပူဒေါ်လာ ၁၀၀၀ ကောက်ခံမှာ ဖြစ်ပါတယ်။

(၅) အမုန်းပွားမယ့် စကားများ မပြောရ

 

 

နိုင်ငံရေး၊ ဘာသာရေး စတဲ့ စကားတွေကို အပြုသဘော မဟုတ်ဘဲ ပြောခွင့် မရှိပါဘူး။ စင်ကာပူနိုင်ငံမှာ တရုတ်လူမျိုး ၇၉ ရာခိုင်နှုန်း၊ မလေးလူမျိုး ၁၅ ရာခိုင်နှုန်း၊ အိန္ဒိယလူမျိုး ၆ ရာခိုင်နှုန်းနဲ့ တခြားလူမျိုးတွေလည်း နေထိုင်နေကြတာဖြစ်လို့ သင်ဟာ ဘာသာရေး၊ နိုင်ငံရေးစတဲ့ အကြောင်းအရာတွေကို ပြောမယ်ဆိုရင် လေးစားမှုရှိတဲ့ အနေနဲ့ တည်ငြိမ်စွာ မပြောဆိုနိုင်ရင် မပြောတာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။

လူအချင်းချင်း လေးစားမှု တခြားသူရဲ့ ကိုးကွယ်ရာကို လေးစားမှုဟာ လူတယောက်မှာ အလိုအပ်ဆုံး အရာအဖြစ် သတ်မှတ်ထားကြပါတယ်။

(၆) ဘောက်ဆူး မပေးရ

 

 

နိုင်ငံတိုင်းမှာ သူ့စည်းကမ်းနဲ့သူ ရှိပါတယ်။ သင်ဟာ စင်ကာပူနိုင်ငံက စားသောက်ဆိုင်တွေမှာ သွားရောက် စားသောက်မယ် ဆိုရင် ဘောက်ဆူးပေးစရာ မလိုပါဘူး။ သင့်စားပွဲရဲ့ ဝန်ဆောင်မှု အတွက် တခါတည်း ကောက်ခံပြီးသားဖြစ်လို့ သင်အပို ပိုက်ဆံသုံးစရာ မလိုပါဘူး။

(၇) လက်ညှိုး မထိုးရ

 

 

နိုင်ငံတခုနဲ့ တခု ကွာခြားတဲ့ ယဉ်ကျေးမှုတွေအရ စင်ကာပူမှာ တစုံတယောက်ကို လက်ညှိုး ထိုးတာဟာ ရိုင်းတဲ့ အမူအရာအဖြစ် သတ်မှတ်ထားပါတယ်။

(၈) ဆေးလိပ် မသောက်ရ

 

 

Public Area တွေမှာ ဆေးလိပ်သောက်ခွင့် မရှိပါဘူး။ ဒီစည်းကမ်းကိုတော့ ကမ္ဘာ့နိုင်ငံ တော်တော်များများမှာ ကျင့်သုံး နေကြပါပြီ။ စင်ကာပူနိုင်ငံမှာတော့ ဆေးလိပ်သောက်ရင် ဒဏ်ငွေ စင်ကာပူဒေါ်လာ ၂၀၀ ကောက်ခံမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဆက်စပ် သတင်းလင့်ခ်စင်ကာပူနိုင်ငံမှာ လည်ပတ်စရာ နေရာများ

Ref; destinationtips.com

Did you find apk for android? You can find new Free Android Games and apps.
Loading