Trend

ပင်လယ်ထဲက ရှာဖွေတွေ့ရှိခဲ့တဲ့ အဖိုးတန်ပစ္စည်းများ

Want create site? Find Free WordPress Themes and plugins.

ကမ္ဘာပေါ်က ရှာဖွေတွေ့ရှိမှု အချို့ဟာ မတော်တဆ ရှာဖွေတွေ့ရှိတာမျိုးတွေ ရှိပါတယ်။ ဒီထဲကမှ ပင်လယ်ရေနက်ကြမ်းပြင်ပေါ်က ရှာဖွေတွေ့ရှိခဲ့တဲ့ အဖိုးတန် ပစ္စည်းတွေရဲ့ အကြောင်းကို ဖော်ပြပေးချင်ပါတယ်။

(၁) The San José


၁၇၀၈ ခုနှစ်အတွင်းမှာ ဖြစ်ပွားတဲ့ အင်္ဂလန်နဲ့ ပြင်သစ် သင်္ဘောတိုက်ပွဲမှာ ပျက်စီးနစ်မြုပ်ခဲ့တဲ့ သင်္ဘောတခုရဲ့ ပစ္စည်းတွေကို ရှာဖွေတဲ့အခါ အမေရိကန်ဒေါ်လာ သန်းချီတန်တဲ့ ရွှေထည်၊ ငွေထည်ပစ္စည်းတွေကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

(၂) Caesarea Treasure

ကမ်းခြေမှာ ရေလွှာလျှောစီးနေတဲ့ သူငယ်ချင်းတစုဟာ ပင်လယ်ထဲမှာ မျောပါနေတဲ့ ရွှေဒင်္ဂါးပြားတွေကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ကနဦးတွေ့ရှိတဲ့ အချိန်မှာ ကလေးကစားစရာလို့ ထင်နေပေမယ့် ကျွမ်းကျင်သူတွေကို မေးမြန်းတဲ့အခါ လွန်ခဲ့တဲ့ နှစ် ၁၀၀၀ ကျော်က တန်ဖိုးရှိငွေကြေးအဖြစ် သုံးစွဲခဲ့တဲ့ ဒင်္ဂါးပြားတွေ ဖြစ်နေခဲ့တာပါ။

(၃) The Titanic

လူတိုင်း ကြားဖူးပြီးသားဖြစ်တဲ့ တိုက်တန်းနစ်သင်္ဘောဟာ ၁၉၁၂ခုနှစ်မှာ ရေခဲနဲ့ တိုက်မိပြီး နစ်မြုပ်ခဲ့တာ ဖြစ်ပါတယ်။ နစ်မြုပ်ပြီး နှစ်ပေါင်း ၇၀ကျော် အကြာမှ ပြန်လည်တွေ့ရှိတဲ့ ဒီသဘောင်္ဟာ အခုချိန်ထိ မဖြေရှင်းနိုင်တဲ့ ပြဿနာတွေ ရှိနေဆဲ ဖြစ်ပါတယ်။

(၄) The Esmeralda

ဥရောပနိုင်ငံတွေ ဖြစ်တည်စက ပျက်ကျခဲ့တဲ့ သင်္ဘောတခုရဲ့ အစိတ်အပိုင်းတွေကို ၂၀၁၆ ခုနှစ်မှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အိန္ဒိယ သမုဒ္ဒရာကနေ အာရေဗျပင်လယ်ထဲကို လာရောက်ကုန်သွယ်တယ်လို့ ယူဆရတဲ့ သင်္ဘောဖြစ်ပြီး ဒီသင်္ဘောပျက်ကို တွေ့ရှိတဲ့ အခါမှာ အဖိုးတန် ကျောက်မျက်ရတနာတွေကို ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် သင်္ဘောနဲ့ပတ်သက်ပြီး ကျွမ်းကျင်ပညာရှင်တွေက ဒီနေ့အထိ အဖြေတွေကို ရှာဖွေနေဆဲလို့ သိရပါတယ်။

Ref. rd.com

You may also like these stories:

ပင်လယ်သမုဒ္ဒရာအောက်ခင်းမှာ အိပ်စက်လို့ရတဲ့ “The Muraka” ဟိုတယ်

၂၀၁၉ ခုနှစ်အတွက် အာရှတိုက်မှာ အချမ်းသာဆုံး နိုင်ငံများ

ဒူဘိုင်းမှာသာ ရှိတဲ့ ထူးထူးဆန်းဆန်း အရာများ

ပိုလန်နိုင်ငံမှာ ဖွင့်လှစ်မယ့် ကမ္ဘာ့အနက်ဆုံး ရေကူးကန်

Did you find apk for android? You can find new Free Android Games and apps.
Loading