• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Trend

ဂျာကာတာမြို့ကို အင်ဒိုနီးရှားနိုင်ငံရဲ့ မြို့တော်အဖြစ် သတ်မှတ်တော့မှာ မဟုတ်

by ညီညီသူ
27 August 2019
in Trend
A A
အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒို

အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒို

4.7k
VIEWS
Share on FacebookShare on Twitter

အင်ဒိုနီးရှားနိုင်ငံရဲ့ မြို့တော်ကို ဂျာကာတာမြို့လို့ သိထားကြပါတယ်။ ဒါပေမဲ့ အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုက မြို့တော်သစ် စီမံကိန်းကို စတင်မှာဖြစ်ကြောင်း သြဂုတ်လ ၂၆ ရက်နေ့က ပြောဆိုလိုက်ပါတယ်။

သမ္မတ ဂျိုကိုဝီဒိုဒိုရဲ့ ဆန္ဒအရ ဂျာကာတာကို အင်ဒိုနီးရှားနိုင်ငံရဲ့ မြို့တော်အဖြစ် သတ်မှတ်တော့မှာ မဟုတ်ပါဘူး။ နောက်ပိုင်းနှစ်တွေမှာ အင်ဒိုနီးရှားနိုင်ငံရဲ့ မြို့တော်က ဘာနီယိုကျွန်းမှာ တည်ရှိတဲ့ Kalimantan အရှေ့ပိုင်း ဖြစ်လာပါလိမ့်မယ်။ ဗဟိုအစိုးရကိုလည်း ဂျာကာတာကနေ Kalimantan အရှေ့ပိုင်းကို ပြောင်းရွှေ့ဖို့ စီစဉ်ထားပါတယ်။

ဂျာကာတာမြို့ဟာ ပြီးခဲ့တဲ့ ၅ နှစ်ကနေ ၁၀ နှစ်အတွင်း ယာဉ်ကြောပိတ်ဆို့မှုကြောင့် ဒေါ်လာ ၄ ဘီလီယံလောက် ဆုံးရှုံးခဲ့ရပါတယ်။ ဒါကြောင့်လည်း သမ္မတအနေနဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ မြို့တော်ကို ဂျာကာတာကနေ Kalimamtan အရှေ့ပိုင်းကို ပြောင်းရွှေ့တော့မှာပဲ ဖြစ်ပါတယ်။

ဂျာကာတာမြို့တော်ကို အင်ဒိုနီးရှားနိုင်ငံရဲ့ မြို့တော်အဖြစ် မသတ်မှတ်လိုတော့တဲ့ အကြောင်းအရင်းတွေထဲမှာ လူဦးရေ ထူထပ်မှုလည်း ပါဝင်ပါတယ်။ လက်ရှိ စာရင်းအရဆိုရင် ဂျာကာတာ မြို့တော်မှာ လူဦးရေ သန်း ၃၀ ရှိနေပါတယ်။ နောက်ထပ် အကြောင်းတခုလည်း ရှိနေပါသေးတယ်။ အဲဒီအကြောင်းကတော့ ၂၀၄၀ ခုနှစ်မှာ ဂျာကာတာ တမြို့လုံးနီးပါး ရေလွှမ်းမိုးပြီး သောက်သုံးရေ ပြတ်တောက်သွားမယ့် အန္တရာယ်ရှိနေလို့ပါ။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
132
သဇင်ပန်း

သဇင်ပန်း

10 January 2026
146
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
317

မြို့တော်သစ် စီမံကိန်းကိုတော့ ၂၀၂၁ ခုနှစ်မှာ စတင်နိုင်မှာဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာတော့ အစိုးရရုံး အားလုံးကို ပြောင်းရွှေ့နိုင်မယ်လို့ သမ္မတက မျှော်လင့်နေပါတယ်။ ဂျာကာတာ မြို့တော်နဲ့ ဂျာဗားကျွန်းကို နောက်ထပ် လူဦးရေ ထူထပ်မှုနဲ့ ဝန်မပိစေသင့်တော့ဘူးလို့လည်း သမ္မတ ဂျိုကိုဝီဒိုဒိုက ပြောပါတယ်။

ဂျာဗားကျွန်းမှာ အင်ဒိုနီးရှားနိုင်ငံရဲ့ လူဦးရေ ၅၄ ရာခိုင်နှုန်းနီးပါး နေထိုင်ပြီး သန်း ၂၇၀ လောက် ရှိပါတယ်။ ဒါကြောင့်လည်း ဂျာဗားကျွန်းဟာ လူဦးရေ ထူထပ်မှုနှုန်း မြင့်မားလွန်းတဲ့ နေရာပါ။

သမ္မတ ဂျိုကိုဝီဒိုဒိုကတော့ ဂျာကာတာကနေ ကီလိုမီတာ ၁,၃၀၀ (၈၀၇ မိုင်) ကျော်မှာ မြို့တော်သစ်ကို တည်ဆောက်ဖို့ ရည်ရွယ်ထားပါတယ်။ နောက်ပိုင်းဆိုရင် မြို့တော်သစ်က အင်ဒိုနီးရှားနိုင်ငံရဲ့ မြို့တော် ဖြစ်လာပါလိမ့်မယ်။ အဲဒီမြို့တော်သစ်ဟာ သဘာဝဘေးအန္တရာယ် အနည်းပါးဆုံး မြို့တော် ဖြစ်သလို ကျွန်းစုပေါင်းများစွာ ဝန်းရံထားတဲ့ မြို့တမြို့ပါပဲ။

လက်ရှိ အခြေအနေမှာဆိုရင်လည်း ဂျာကာတာမြို့တော်က သဘာဝ ပတ်ဝန်းကျင် ယိုယွင်းမှုတွေကို ရင်ဆိုင် နေရပါတယ်။ အဓိက အကြောင်းကတော့ ယာဉ်ကြောပိတ်ဆို့တဲ့ ပြဿနာနဲ့ လူဦးရေ ထူထပ်လွန်းတဲ့ ပြဿနာပါ။

အရှေ့တောင်အာရှမှာ မြို့တော်သစ်အဖြစ် ပြောင်းလဲ သတ်မှတ်တာ အင်ဒိုနီးရှား တနိုင်ငံတည်းတော့ မဟုတ်ပါဘူး။ ၂၀၀၅ ခုနှစ်မှာလည်း မြန်မာစစ်အစိုးရက မြန်မာနိုင်ငံရဲ့ မြို့တော်ကို ရန်ကုန်ကနေ နေပြည်တော်မြို့ဆိုပြီး ပြောင်းလဲ သတ်မှတ်ခဲ့ပါတယ်။ မြို့တော်ရဲ့တရားဝင် နာမည်ကို ၂၀၀၆ ခုနှစ် မတ်လ ၂၇ ရက် တပ်မတော်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အစိုးရ အဖွဲ့အစည်းတွေအားလုံးကိုလည်း နေပြည်တော်မြို့ကို ပြောင်းရွှေ့စေခဲ့ပါတယ်။

၁၉၉၀ ပြည့်နှစ်မှာလည်း မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က အစိုးရအဖွဲ့အစည်းအားလုံးကို ကွာလာလမ်ပူကနေ Putrajaya ကို ပြောင်းရွှေ့စေခဲ့ပါတယ်။

Ref. Bangkokpost, ABC , NPR

You may also like these stories:

မြို့တော်ကို ဘော်နီယိုကျွန်းသို့ ပြောင်းရန် အင်ဒိုနီးရှားသမ္မတ ဝီဒိုဒို လွှတ်တော်သို့ အဆိုတင်

တောမီး မငြိမ်းပါက ရဲတပ်ဖွဲ့နဲ့ စစ်တပ် အရာရှိတွေကို အလုပ်ဖြုတ်မယ်လို့ အင်ဒိုနီးရှားသမ္မတ ပြောကြား

Your Thoughts …
Tags: ဂျာကာတာမြို့အင်ဒိုနီးရှားနိုင်ငံ
ညီညီသူ

ညီညီသူ

Similar Picks:

အင်ဒိုနီးရှားနိုင်ငံက Prambanan Temple

အင်ဒိုနီးရှားနိုင်ငံက အထင်ကရနေရာများ

by ညီညီသူ
5 March 2019
10k

Borobudur ကတော့ ဗုဒ္ဓဘာသာ ကျောင်းတကျောင်းဖြစ်ပြီး ကမ္ဘာပေါ်မှာ အကြီးဆုံး ဗုဒ္ဓသာသနိက အဆောက်အဦတွေပါ။ စေတီရုပ်ပွားတော်ပေါင်း အများအပြား ပါဝင်ပါတယ်။

ဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံက မြန်မာတွင် အကြမ်းးဖက်မှုမြင့်မားနေခြင်းကို ကိုင်တွယ်ရာတွင် ဆက်လက်ညီညွတ်ရန် အဖွဲ့၏ နိုင်ငံခြားရေးဝန်ကြီးများကို တိုက်တွန်းသည်။

မြန်မာအကြမ်းဖက်မှုများကို အရှေ့တောင်အာရှ နိုင်ငံခြားရေးဝန်ကြီးများ ရှုတ်ချ

by ဧရာဝတီ
14 July 2023
4.9k

ဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံက မြန်မာတွင် အကြမ်းးဖက်မှုမြင့်မားနေခြင်းကို ကိုင်တွယ်ရာတွင် ဆက်လက်ညီညွတ်ရန် အဖွဲ့၏ နိုင်ငံခြားရေးဝန်ကြီးများကို တိုက်တွန်းသည်။

အင်ဒိုနီးရှားနိုင်ငံက နာမည်ကြီး အစားအစာများ

အင်ဒိုနီးရှားနိုင်ငံကို သွားလည်တဲ့အခါ မဖြစ်မနေ စားသင့်တဲ့ အစားအစာ ၅ မျိုး

by ဟယ်လ်သင်
25 August 2019
6.5k

Nasi Goreng ဟာဆိုရင် အင်ဒိုနီးရှားရိုးရာ ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ အသား၊ အသီးအရွက်ချဉ်တွေနဲ့ ခပ်စပ်စပ် အရသာမျိုး ကြော်လှော်ထားတာ ဖြစ်ပြီး မစားမဖြစ် စားသင့်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံက ဘောရောဗုဒ္ဓေါ (Borobudur) ပုထိုးတော်

လူငယ်အများစု သွားကြတဲ့ အင်ဒိုနီးရှားနိုင်ငံက Borobudur နဲ့ Prambanan ဟိန္ဒူဘုရားကျောင်း

by ညီညီသူ
14 August 2019
6.1k

အနောက်နိုင်ငံက လူငယ်အများစုဟာ ခရစ်ယာန်ဘာသာဝင်တွေ ဖြစ်ကြပေမယ့် သူတို့ အဓိကထားပြီး လည်ပတ်ကြတဲ့ နေရာကတော့ ဘောရောဗုဒ္ဓေါ (Borobudur) ဘုရားကျောင်းတော်ကြီးပါ။

အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်း

ဘာလီမှာ နိုင်ငံတကာခရီးသွားလုပ်ငန်းများ ပြန်စတင်တော့မည်

by ညီညီသူ
8 July 2020
5k

ကိုဗစ် ကာလအတွင်း ဘာလီမှာ ခရီးသွားလုပ်ငန်းတွေ ရပ်ဆိုင်းခဲ့ရပေမယ့် လာမယ့် စက်တင်ဘာလကစပြီး နိုင်ငံတကာ ခရီးသွားတွေကို လာရောက်ခွင့်ပြုတော့မယ်လို့ သိရပါတယ်။

အင်ဒိုနီးရှားနိုင်ငံ တောမီးလောင်ကျွမ်းမှု

၂၀၁၉ ခုနှစ်မှာ အင်ဒိုနီးရှားနိုင်ငံတွင်း တောမီးလောင်ကျွမ်းမှု အကြိမ်ရေ ပိုများလာ

by Aurora
22 October 2019
2.4k

၂၀၁၅ ခုနှစ်ထဲက ဆက်တိုက် ဆိုသလို လောင်ကျွမ်းလာတဲ့ တောမီးကြောင့် ၂ ဒဿမ ၆ ဟက်တာခန့် မီးလောင်ကျွမ်းခံခဲ့ရပါတယ်။

Next Post
YG အကြီးအကဲနဲ့ အဆိုတော် Seungri 

Seungri နဲ့ YG အကြီးအကဲတို့ကို လောင်းကစားမှု စွဲချက်များနဲ့ ရဲတပ်ဖွဲ့ ဆင့်ခေါ် စစ်ဆေးမည်

၂၀၁၉ ခုနှစ်ရဲ့ ဝင်ငွေအကောင်းဆုံး မင်းသားများ

Forbes မဂ္ဂဇင်းက ထုတ်ပြန်ထားတဲ့ ၂၀၁၉ ခုနှစ်ရဲ့ ဝင်ငွေအကောင်းဆုံး မင်းသားများ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved