• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Travel

ဘာလီမှာ နိုင်ငံတကာခရီးသွားလုပ်ငန်းများ ပြန်စတင်တော့မည်

by ညီညီသူ
8 July 2020
in Travel
A A
အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်း

အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်း

5k
VIEWS
Share on FacebookShare on Twitter

COVID-19 အကျပ်အတည်းကြောင့် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းမှာ နိုင်ငံတကာခရီးသွားလုပ်ငန်းတွေကို ရပ်ဆိုင်းထားခဲ့ရပါတယ်။ ဘာလီဟာ နှစ်စဉ် နိုင်ငံတကာ ခရီးသွားအများအပြား လာရောက်လည်ပတ်လေ့ရှိတဲ့ နေရာ တနေရာပါ။

ကိုဗစ် ကာလအတွင်း ဘာလီမှာ ခရီးသွားလုပ်ငန်းတွေ ရပ်ဆိုင်းခဲ့ရပေမယ့် လာမယ့် စက်တင်ဘာလကစပြီး နိုင်ငံတကာ ခရီးသွားတွေကို လာရောက်ခွင့်ပြုတော့မယ်လို့ သိရပါတယ်။

ဘာလီပြည်နယ် အုပ်ချုပ်ရေးအဖွဲ့ကလည်း နိုင်ငံတကာ ခရီးသွားတွေ လာရောက်နိုင်ဖို့ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေပါတယ်။ ဘာလီအုပ်ချုပ်ရေးမှူးဖြစ်သူ Wayan Koster ကလည်း ဘာလီခရီးသွားလုပ်ငန်းတွေ ပြန်စတင်နိုင်ဖို့ မူဝါဒတွေနဲ့အညီ ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့သလို စက်တင်ဘာ ၁၁ ရက်နေ့ကစပြီး နိုင်ငံတကာခရီးသွားတွေကို ဝင်ရောက်ခွင့်ပြုမယ်လို့ သိရပါတယ်။

ပြည်တွင်း ခရီးသွားလုပ်ငန်းတွေကိုတော့ ဇူလိုင် ၉ ရက်နေ့ကစပြီး ပြန်လည် စတင်ပါမယ်။ ဒါကြောင့် အင်ဒိုနီးရှားနိုင်ငံသားတွေအနေနဲ့ ဇူလိုင် ၉ ရက်နေ့ကစပြီး ဘာလီကျွန်းကို လည်ပတ်နိုင်တော့မယ်လို့ ဘာလီအုပ်ချုပ်ရေးမှူး Koster က ပြောပါတယ်။

အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ အင်ဒိုနီးရှားနိုင်ငံဟာ ကိုဗစ် ကူးစက်မှုနှုန်း မြင့်မားသလို လူသေဆုံးမှုအများဆုံးဖြစ်နေတဲ့ နိုင်ငံတနိုင်ငံပါ။ ကိုဗစ် ကာလအတွင်း ဘာလီမှာ ခရီးသွားလုပ်ငန်းတွေအားလုံး ကြီးကြီးမားမား ထိခိုက်မှု ရှိခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ COVID-19 ကူးစက်ခံရသူ လူနာ စတွေ့ချိန်ကတည်းက နိုင်ငံတကာ ခရီးသွားဝင်ရောက်မှု သုညအထိ ကျဆင်းသွားခဲ့ပါတယ်။

ကူးစက်ရောဂါ ကျွမ်းကျင် ပညာရှင်တွေကလည်း အင်ဒိုနီးရှားနိုင်ငံဟာ အာရှမှာ ကိုဗစ် ကူးစက်မှု တတိယ အများဆုံးနိုင်ငံ ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ လက်ရှိအချိန်မှာတော့ အင်ဒိုနီးရှားနိုင်ငံမှာ COVID-19 ကူးစက်ခံရသူ အရေအတွက် ၆၆,၂၂၆ ယောက် ရှိနေပြီး သေဆုံးသူ ၃,၃၀၉ ယောက် ရှိခဲ့ပါတယ်။ ဘာလီမှာ ကူးစက်သူ အရေအတွက် ၁,၈၄၉ ယောက် ရှိနေပြီး ၂၀ ယောက် သေဆုံးခဲ့ပါတယ်။

Ref: thejakartapost

You may also like these stories:

တရုတ်ခရီးသွားများအား အီးယူသို့ ဝင်ခွင့်ပြု

အာရှနိုင်ငံများနှင့် ကိုဗစ် ဒုတိယလှိုင်း အန္တရာယ်

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
137
သဇင်ပန်း

သဇင်ပန်း

10 January 2026
147
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
317

နိုင်ငံတကာခရီးသွားများစွာ အာရှနိုင်ငံတွေမှာ သောင်တင်နေ

ဘာလီကျွန်းမှာ မျောက်သားပေါက်တွေ ရောင်းချပြီး ခရီးသွားတွေကို ဆွဲဆောင်

Your Thoughts …
Tags: ခရီးသွားလုပ်ငန်းဘာလီကျွန်းအင်ဒိုနီးရှားနိုင်ငံ
ညီညီသူ

ညီညီသူ

Similar Picks:

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

by ဟိန်းထူးဈာန်
8 March 2025
15.4k

၂၀ နီးပါးရှိသည့် ခရိုနီကိုယ်စားလှယ်အဖွဲ့မှ စီးပွားရေးသမားများတွင် ကိုးဦးကို ဧရာဝတီသတင်းဌာနက ထိုခရီးစဉ်ကိုသိသည့် သတင်းရင်းမြစ်များနှင့် သတင်းများကို အခြေခံပြီး ဖော်ထုတ်နိုင်ခဲ့သည်။

ကမ္ဘာလှည့်ခရီးသည် များကြောင်း မင်းအောင်လှိုင် ပြောဆိုချက် ဟာသဖြစ်နေ

ကမ္ဘာလှည့်ခရီးသည် များကြောင်း မင်းအောင်လှိုင် ပြောဆိုချက် ဟာသဖြစ်နေ

by ဧရာဝတီ
3 October 2023
10.5k

အနောက်တိုင်းခရီးသည် မရှိသလောက်ပင်ဖြစ်ကြောင်း ခရီးသွားလုပ်ငန်းရှင်များနှင့် ဟိုတယ် ကိုယ်စားလှယ်များက ပြောသည်။

ရွှေကုက္ကိုသို့ ဘီဘီစီသတင်းထောက်တဦး သွားရောက်ခြင်း

ရွှေကုက္ကိုသို့ ဘီဘီစီသတင်းထောက်တဦး သွားရောက်ခြင်း

by Jonathan Head
14 February 2025
8.6k

ယာထိုင်ကုမ္ပဏီသည် BBC သတင်းဌာနကို ဖိတ်ခေါ်သည်။

အရှုံးပေါ် ဟိုတယ်များ ထုတ်ရောင်းလာကြ

အရှုံးပေါ် ဟိုတယ်များ ထုတ်ရောင်းလာကြ

by ဧရာဝတီ
21 October 2023
6.7k

ဆီဒိုးနားဟိုတယ်ကို ပိုင်ဆိုင်သည့် စင်ကာပူအခြေစိုက် Keppel Corporation က အခြား စင်ကာပူလုပ်ငန်းစု တခုဖြစ်သော Spring Blossom Venture ထံသို့ အမေရိကန်ဒေါ်လာ ၅၇ ဒသမ ၄ သန်းဖြင့် အပြီးသတ် ရောင်းချ

မြန်မာ ခရီးသွားလုပ်ငန်း ဘေးကင်းလုံခြုံသတဲ့လား

မြန်မာ ခရီးသွားလုပ်ငန်း ဘေးကင်းလုံခြုံသတဲ့လား

by မောင်ကဝိ
13 January 2025
4.7k

တကယ်တော့ စစ်ကောင်စီအောက်မှာ မြန်မာက မြို့ကြီး မြို့ငယ်တွေဟာ နိုင်ငံတကာခရီးသွားတွေ အတွက်သာမက ဒေသခံတွေအတွက်ပါ မလုံမခြုံ ဖြစ်နေပါတယ်။

တရုတ်ကလေးငယ်များ မြန်မာတွင် ပိတ်လှောင်ထားခံရ

တရုတ်ကလေးငယ်များ မြန်မာတွင် ပိတ်လှောင်ထားခံရ

by ဧရာဝတီ
24 August 2023
3.6k

"ကျနော့်ကလေးက ရဲကိုမတိုင်နဲ့၊ တိုင်ရင် သူတို့ ဒုက္ခရောက်မယ်လို့ ပြောတယ်"

Next Post
ဘုရားဟော ကျမ်းဂန်နဲ့ မညီတဲ့ ဆင်းတုတော်တွေကို နေပြည်တော်မှာ ဖယ်ရှားလိုက်ပြီ

ဘုရားဟော ကျမ်းဂန်နဲ့ မညီတဲ့ ဆင်းတုတော်တွေကို နေပြည်တော်မှာ ဖယ်ရှားလိုက်ပြီ

ဘရာဇီးသမ္မတ Jair Bolsonaro

ဘရာဇီးသမ္မတ COVID-19 ကူးစက်ခံရ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.1k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved