• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Travel

လူငယ်အများစု သွားကြတဲ့ အင်ဒိုနီးရှားနိုင်ငံက Borobudur နဲ့ Prambanan ဟိန္ဒူဘုရားကျောင်း

by ညီညီသူ
14 August 2019
in Travel
A A
အင်ဒိုနီးရှားနိုင်ငံက ဘောရောဗုဒ္ဓေါ (Borobudur) ပုထိုးတော်

အင်ဒိုနီးရှားနိုင်ငံက ဘောရောဗုဒ္ဓေါ (Borobudur) ပုထိုးတော်

6.1k
VIEWS
Share on FacebookShare on Twitter

အင်ဒိုနီးရှားနိုင်ငံကို အနောက်နိုင်ငံက ခရီးသွား လူငယ်တွေ များစွာ လာရောက် လည်ပတ်လေ့ ရှိကြပါတယ်။ အနောက်နိုင်ငံက လူငယ်အများစုဟာ ခရစ်ယာန်ဘာသာဝင်တွေ ဖြစ်ကြပေမယ့် သူတို့ အဓိကထားပြီး လည်ပတ်ကြတဲ့ နေရာကတော့ ဘောရောဗုဒ္ဓေါ (Borobudur) ဘုရားကျောင်းတော်ကြီးပါ။

လူငယ် ခရီးသွားတွေဟာ အင်ဒိုနီးရှားနိုင်ငံကို လာရောက် လည်ပတ်ကြတဲ့အခါ ဘာလီကျွန်းလို နေရာတွေတင်သာမကပဲ ဘာသာရေးဆိုင်ရာ အဆောက်အဦတွေကိုပါ လည်ပတ်လေ့ ရှိကြပါတယ်။

ဘောရောဗုဒ္ဓေါ ဘုရားကျောင်းတော်ကြီးဟာ ဂျာဗားကျွန်းအလယ်ပိုင်းက Megelang မြို့မှာ တည်ရှိပါတယ်။ အေဒီ ၉ ရာစုနှစ်က တည်ဆောက်ခဲ့တဲ့ မဟာယာန ကျောင်းတော်ကြီးလည်း ဖြစ်ပါတယ်။ ဘောရောဗုဒ္ဓေါကျောင်းတော်ကြီးဟာ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) အသိအမှတ်ပြု ကမ္ဘာ့ ရှေးဟောင်း အမွေအနှစ်ပါ။

Prambanan ဟိန္ဒူဘုရားကျောင်း

နောက်ထပ် လူငယ်ခရီးသွားတွေ သွားရောက် လည်ပတ်လေ့ ရှိတဲ့နေရာကတော့ ဟိန္ဒူဘုရားကျောင်းဖြစ်တဲ့ Prambanan ဘုရားကျောင်းပါ။ ဒီဘုရားကျောင်းဟာလည်း ကမ္ဘာ့ ရှေးဟောင်း အမွေအနှစ် စာရင်းဝင်ကျောင်းတော်ကြီးပါပဲ။ အခုအချိန်မှာတော့ ဘောရောဗုဒ္ဓေါနဲ့ Prambanan ဟိန္ဒူဘုရားကျောင်းကို ခရီးသွားအများအပြား လာရောက် လည်ပတ်နေကြပါပြီ။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာ ဘာလီကျွန်းကို လာရောက် လည်ပတ်ကြတဲ့ ခရီးသွားပေါင်းက ၆ သန်းကျော် ရှိခဲ့ပါတယ်။ အင်ဒိုနီးရှာနိုင်ငံ တဝှမ်းလုံးကို လည်ပတ်ခဲ့ကြတဲ့ ခရီးသွားဧည့်သည် အရေအတွက်ဟာ ၁၅ ဒဿမ ၈ သန်း ရှိခဲ့ပြီး ဒီပမာဏက ခရီးသွားအားလုံးရဲ့ ၄၀ ရာခိုင်နှုန်း ရှိပါတယ်။

အင်ဒိုနီးရှားနိုင်ငံရဲ့သမ္မတဖြစ်တဲ့ ဂျိုကိုဝီဒိုဒိုကလည်း ခရီးသွားလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံဖို့ မျှော်လင့်နေတဲ့အကြောင်း အခုလိုပဲ ပြောပါတယ်။

“ကျနော်တို့အနေနဲ့ အရှေ့အလယ်ပိုင်းဒေသတွေကနေ အင်ဒိုနီးရှားနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံကြမယ့်သူတွေကို ဖိတ်ခေါ်ချင်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ ခရီးသွားလုပ်ငန်းနဲ့ အောင်မြင်နိုင်တဲ့ နေရာတွေ အများကြီးပါပဲ။ ဒါကြောင့်လည်း ခရီးသွားလုပ်ငန်းတွေမှာ လာရောက် ရင်းနှီးမြှုပ်နှံစေချင်ပါတယ်”လို့ အင်ဒို သမ္မတ ဂျိုကိုဝီဒိုဒိုက ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံအနေနဲ့ အရှေ့တောင်အာရှနိုင်ငံတွေမှာ ကြီးမားတဲ့ ခရီးသွားဈေးကွက်ကို ပိုင်ဆိုင်ချင်တဲ့ဆန္ဒလည်း သမ္မတ ဂျိုကိုဝီဒိုဒိုမှာ ရှိနေပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာပေါ်မှာ မူဆလင် လူဦးရေ အများဆုံး နေထိုင်တဲ့ နိုင်ငံပါ။ ဒါကြောင့်လည်း ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးလာဖို့အတွက် အရှေ့အလယ်ပိုင်း နိုင်ငံတွေအပါအဝင် မူဆလင် ခရီးသွား အများအပြား အင်ဒိုနီးရှားနိုင်ငံကို လာရောက် လည်ပတ်ဖို့ မျှော်လင့်နေပါတယ်။

၂၀၁၇ ခုနှစ်တုန်းကတော့ အမေရိကန်သမ္မတဟောင်း ဘားရက် အိုဘားမားနဲ့ သူ့မိသားစုဟာ အင်ဒိုနီးရှားနိုင်ငံကို လာရောက် လည်ပတ်ခဲ့ဖူးပါတယ်။ အိုဘားမားဟာ သူ ငယ်စဉ်အခါက အင်ဒိုနီးရှားနိုင်ငံမှာ နေထိုင်ခဲ့ဖူးသူ တယောက်ပါ။ သူ့ခရီးစဉ်မှာတော့ ဘောရောဗုဒ္ဓေါကျောင်းတော်ကြီးနဲ့ Prambanan ဟိန္ဒူကျောင်းတော်ကြီးတွေဆီ သွားရောက် လည်ပတ်ခဲ့ပါတယ်။

၂၀၁၉ ခုနှစ် ဇွန်လအထိ အင်ဒိုနီးရှားနိုင်ငံကို လာရောက် လည်ပတ်ခဲ့ကြတဲ့ နိုင်ငံတကာခရီးသွား အရေအတွက်က ၁ ဒဿမ ၄၅ သန်းရှိခဲ့ပြီး ၂၀၁၈ ခုနှစ်ထက်စာရင် ၉  ဒဿမ ၉၄ သန်း တိုးလာခဲ့ပါတယ်။ အများဆုံး လာရောက် လည်ပတ်ကြတာကတော့ မလေးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်နဲ့ ထိုင်းနိုင်ငံကပါ။ ၂၀၁၉ ခုနှစ်အတွင်း ခရီးသွား သန်း ၂၀ လာရောက်ဖို့ အင်ဒိုနီးရှားအစိုးရက မျှော်လင့်ထားပါတယ်။

Ref. Bangkokpost, Trading Economics

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
126
သဇင်ပန်း

သဇင်ပန်း

10 January 2026
136
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
311

You may also like these stories:

အင်ဒိုနီးရှားနိုင်ငံက အထင်ကရနေရာများ

ဂျာမနီနိုင်ငံကို သွားရောက် လည်ပတ်သင့်တဲ့ အကြောင်းရင်း

ထိုင်းနိုင်ငံကို နိုင်ငံတကာ ခရီးသွားတွေ ဘာကြောင့် အများအပြား လည်ပတ်ကြသလဲ

ယခုနှစ် ကမ္ဘောဒီးယားသို့ တရုတ်ခရီးသည်များ ပိုမိုလာရောက်

ရောမမြို့ရှိ ယူနက်စကို အသိအမှတ်ပြု နေရာတွေမှာ ညစ်ပတ်အောင် လုပ်ရင် ဒဏ်တပ်မည်

Your Thoughts …
Tags: BorobudurPrambananဟိန္ဒူဘုရားကျောင်းအင်ဒိုနီးရှားနိုင်ငံ
ညီညီသူ

ညီညီသူ

Similar Picks:

အင်ဒိုနီးရှားနိုင်ငံက Prambanan Temple

အင်ဒိုနီးရှားနိုင်ငံက အထင်ကရနေရာများ

by ညီညီသူ
5 March 2019
10k

Borobudur ကတော့ ဗုဒ္ဓဘာသာ ကျောင်းတကျောင်းဖြစ်ပြီး ကမ္ဘာပေါ်မှာ အကြီးဆုံး ဗုဒ္ဓသာသနိက အဆောက်အဦတွေပါ။ စေတီရုပ်ပွားတော်ပေါင်း အများအပြား ပါဝင်ပါတယ်။

ဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံက မြန်မာတွင် အကြမ်းးဖက်မှုမြင့်မားနေခြင်းကို ကိုင်တွယ်ရာတွင် ဆက်လက်ညီညွတ်ရန် အဖွဲ့၏ နိုင်ငံခြားရေးဝန်ကြီးများကို တိုက်တွန်းသည်။

မြန်မာအကြမ်းဖက်မှုများကို အရှေ့တောင်အာရှ နိုင်ငံခြားရေးဝန်ကြီးများ ရှုတ်ချ

by ဧရာဝတီ
14 July 2023
4.9k

ဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံက မြန်မာတွင် အကြမ်းးဖက်မှုမြင့်မားနေခြင်းကို ကိုင်တွယ်ရာတွင် ဆက်လက်ညီညွတ်ရန် အဖွဲ့၏ နိုင်ငံခြားရေးဝန်ကြီးများကို တိုက်တွန်းသည်။

အင်ဒိုနီးရှားနိုင်ငံက နာမည်ကြီး အစားအစာများ

အင်ဒိုနီးရှားနိုင်ငံကို သွားလည်တဲ့အခါ မဖြစ်မနေ စားသင့်တဲ့ အစားအစာ ၅ မျိုး

by ဟယ်လ်သင်
25 August 2019
6.5k

Nasi Goreng ဟာဆိုရင် အင်ဒိုနီးရှားရိုးရာ ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ အသား၊ အသီးအရွက်ချဉ်တွေနဲ့ ခပ်စပ်စပ် အရသာမျိုး ကြော်လှော်ထားတာ ဖြစ်ပြီး မစားမဖြစ် စားသင့်ပါတယ်။

အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒို

ဂျာကာတာမြို့ကို အင်ဒိုနီးရှားနိုင်ငံရဲ့ မြို့တော်အဖြစ် သတ်မှတ်တော့မှာ မဟုတ်

by ညီညီသူ
27 August 2019
4.7k

ဂျာကာတာ မြို့တော်နဲ့ ဂျာဗားကျွန်းကို နောက်ထပ် လူဦးရေ ထူထပ်မှုနဲ့ ဝန်မပိစေသင့်တော့ဘူးလို့လည်း သမ္မတ ဂျိုကိုဝီဒိုဒိုက ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်း

ဘာလီမှာ နိုင်ငံတကာခရီးသွားလုပ်ငန်းများ ပြန်စတင်တော့မည်

by ညီညီသူ
8 July 2020
5k

ကိုဗစ် ကာလအတွင်း ဘာလီမှာ ခရီးသွားလုပ်ငန်းတွေ ရပ်ဆိုင်းခဲ့ရပေမယ့် လာမယ့် စက်တင်ဘာလကစပြီး နိုင်ငံတကာ ခရီးသွားတွေကို လာရောက်ခွင့်ပြုတော့မယ်လို့ သိရပါတယ်။

အင်ဒိုနီးရှားနိုင်ငံ တောမီးလောင်ကျွမ်းမှု

၂၀၁၉ ခုနှစ်မှာ အင်ဒိုနီးရှားနိုင်ငံတွင်း တောမီးလောင်ကျွမ်းမှု အကြိမ်ရေ ပိုများလာ

by Aurora
22 October 2019
2.4k

၂၀၁၅ ခုနှစ်ထဲက ဆက်တိုက် ဆိုသလို လောင်ကျွမ်းလာတဲ့ တောမီးကြောင့် ၂ ဒဿမ ၆ ဟက်တာခန့် မီးလောင်ကျွမ်းခံခဲ့ရပါတယ်။

Next Post
"Aladdin" ရုပ်ရှင်

နောက်ဆက်တွဲ ဆက်ရိုက်ဖို့ ရှိတယ်လို့ "Aladdin" ရုပ်ရှင်ထုတ်လုပ်သူ အရိပ်အမြွက် ပြော

သရုပ်ဆောင် စည်သူဝင်း  / ချစ်ပိုး / ဧရာဝတီ

"ကျနော်က အပြင်မှာ မိန်းကလေးတွေကို တန်ဖိုးထားတယ်"လို့ ပြောတဲ့ စည်သူဝင်း

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

4 hours ago
2.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved