Trend

အင်ဒိုနီးရှားနိုင်ငံက လိင်အလုပ်သမတွေကြား ရေပန်းစားလာတဲ့ Dating Application များ

အရင်တုန်းကတော့ ဘာလီကျွန်းက လိင်အလုပ်သမားတွေဟာ ကလပ်တွေ၊ လမ်းမတွေပေါ်မှာ ဖောက်သည်ရှာလေ့ ရှိကြပါတယ်။ ဒါပေမဲ့ အွန်လိုင်းခေတ် ရောက်လာတဲ့ ဒီနေ့ခေတ်လို ကာလမျိုးမှာတော့ လိင်အလုပ်သမတွေဟာ ဖောက်သည်ကို အဲ့လိုနေရာမျိုးမှာ မရှာကြတော့ဘဲ အွန်လိုင်းပေါ်ကနေသာ ရှာဖွေကြပါတော့တယ်။ ဒါဟာလည်း အွန်လိုင်းခေတ်ကြီးမှာ ပြောင်းလဲလာတဲ့ ရေစီးကြောင်း တခုပါ။

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းကို နှစ်စဉ် လာရောက် လည်ပတ်ကြတဲ့ နိုင်ငံတကာ ခရီးသွားပေါင်းက ၅ သန်းလောက် ရှိပါတယ်။ လိင်အလုပ်သမတွေကို ချိန်းချင်တဲ့အခါ Tinder Application မျိုးကို သုံးပြီး ရှာလိုက်ရုံပါပဲ။ ဒေသခံ လိင်အလုပ်သမတွေအနေနဲ့လည်း အရင်လို အန္တရာယ်တွေကြားမှာ ဖောက်သည် ရှာစရာ မလိုတော့ဘဲ ကိုယ့်အိမ်အတွင်းမှာ လုံခြုံစိတ်ချစွာ ဖောက်သည်ရှာရုံပါပဲ။ အွန်လိုင်းကနေ ချိန်းပြီးပြီးဆိုရင်တော့ ချိန်းထားတဲ့နေရာကို သွားလေ့ ရှိကြပါတယ်။

အသက် ၂၂ နှစ်အရွယ်ရှိတဲ့ လိင်အလုပ်သမလေး Dewi မှာ ဒီလို Application မျိုး ၅ ခုတောင် ရှိပါတယ်။ အဲဒါတွေကတော့ Tinder, Badoo, WeChat, Michat နဲ့ Bigo တို့ပါ။ ဒါပေမဲ့ သူမ အကြိုက်ဆုံးကတော့ Tinder လို့ ဆိုပါတယ်။ အင်ဒိုနီးရှားက လိင်အလုပ်သမ အများစုကလည်း Tinder ပါပဲ။ သူမတို့တွေကတော့ Tinder ခရီးသွားဧည့်သည်တွေလို့ ခေါ်လေ့ ရှိကြပါတယ်။

အခုနောက်ပိုင်းကာလတွေမှာ နိုင်ငံတကာ ခရီးသွားတွေအနေနဲ့ ဒီလို Application မျိုးတွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြပါတယ်။ အထူးသဖြင့်ကတော့ တကိုယ်တော် ခရီးသွားတွေအကြားမှာ ပိုပြီးရေပန်းစားလာပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းကို နှစ်စဉ်လာရောက်နေတဲ့ ခရီးသွားပေါင်း ၅ သန်းကျော် ရှိနေတာကြောင့်လည်း Tinder လို Application မျိုးတွေက Dewi နဲ့ တခြား လိင်အလုပ်သမတွေအတွက် အဓိက စီးပွားရေးလုပ်ငန်း ဖြစ်လာခဲ့ပါတယ်။

Dewi က စက်တင်ဘာ နောက်ဆုံးအပတ် အတွင်းမှာပဲ Tinder ကနေ ဖောက်သည် ၁၈ ယောက် ရခဲ့ပါတယ်။ ဈေးနှုန်းကတော့ ဖောက်သည်ပေါ် မူတည်ပြီး အပြောင်းအလဲ ရှိပါတယ်။ တကြိမ် နေဖို့အတွက် အမေရိကန်ဒေါ်လာ ၁၀၅ ကနေ ၂၁၀ ကြားယူတယ်လို့ ပြောပါတယ်။

Ref: scmp

You may also like these stories:

နိုင်ငံတကာ ခရီးသွားတွေ လည်ပတ်ကြတဲ့ ထိုင်းနိုင်ငံက ကန်ချနာဘူရီမြို့

Pre Wedding ရိုက်လို့ ကောင်းတဲ့ ဥရောပက မြို့များ

နိုင်ငံတကာ ခရီးသွားတွေ လာရောက် လည်ပတ်ကြတဲ့ အိန္ဒိယက ကျူးကျော်ရပ်ကွက်

Loading