မလေးရှားဝန်ကြီးချူပ် Mahathir Mohamad ဟာ ပိတ်ရက်မှာ အနားယူပြီး ဇနီးဖြစ်သူ ဒေါက်တာ Siti Hasmah Mohamad Ali နဲ့ နှစ်ယောက်တည်း လျှောက်လည်ခဲ့ကြတယ်လို့ မလေးရှားအခြေစိုက် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။
ဓာတ်ပုံတွေကို အသက် ၉၄ နှစ်အရွယ် ဝန်ကြီးချုပ်ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ တင်ထားပြီး “တခါတလေတော့ ကျနော့် ဇနီးနဲ့ လျှောက်လည်ရမှာပေါ့”ဆိုတဲ့ ခေါင်းစဉ်ကို တပ်ထားခဲ့ပါတယ်။
ဝန်ကြီးချုပ်တို့ စုံတွဲဟာ ကွာလာလမ်ပူမှာရှိတဲ့ နာမည်ကြီးနေရာတွေကို သွားရောက် လည်ပတ်ခဲ့ကြပြီး ကော်ဖီဆိုင်မှာ တထောက်နားကာ ကော်ဖီသောက်တဲ့ ပုံတွေလည်း တင်ထားတာကို တွေ့ရပါတယ်။ ဓာတ်ပုံနဲ့ ဗီဒီယိုကို တင်ထားပြီး အင်တာနက် အသုံးပြုသူတွေ သောင်းနဲ့ချီကာ Like တွေ ပေးထားပါတယ်။
အင်တာနက် အသုံးပြုသူတွေ အနေနဲ့ ဝန်ကြီးချုပ်က သူရဲ့ ဇနီးအပေါ် ချစ်မြတ်နိုးမှုကို ထုတ်ဖော်ပြသတာနဲ့ ပတ်သက်ပြီး လေးစားအားကျနေကြပြီး ဝန်ကြီးချူပ်ရော ဇနီးဖြစ်သူပါ ကျန်းမာပျော်ရွှင်စွာနဲ့ အသက်ရှည်ရှည်နေနိုင်ဖို့ ဆုတောင်းတဲ့ မှတ်ချက်တွေကို ပေးထားကြပါတယ်။
အင်တာနက်အသုံးပြုသူတွေ အနေနဲ့ လူတိုင်းက ကိုယ့်ရဲ့ ဇနီးမယားကို အလုပ်ဘယ်လောက်ပဲ များနေပါစေ အချိန်ပေးသင့်ကြောင်း၊ ဝန်ကြီးချုပ်က ဇနီးဖြစ်သူကို အခုလို ချစ်တာမြင်ရတော့ ဝမ်းသာကြောင်း စတာတွေကို ရေးသားခဲ့ကြပါတယ်။ အစ္စလာမ်ဘာသာကို ကိုးကွယ်တဲ့ နိုင်ငံဖြစ်တာကြောင့် အလ္လာကောင်းချီးပေးဖို့ မှတ်ချက် ရေးသားသူတွေလည်း ရှိတာကို တွေ့ရပါတယ်။
Ref. straitstimes
You may also like these stories:
မလေးရှားဝန်ကြီးချုပ် စွပ်စွဲချက် မြန်မာအစိုးရ ကန့်ကွက်
ခရီးသွား အများအပြား ဝင်ရောက်လာဖို့ မလေးရှားနိုင်ငံ မျှော်မှန်းထား