Trend

ချက်သမ္မတနိုင်ငံက ဆေးရုံကို သေနတ်သမားတယောက် ဝင်ရောက်ပစ်ခတ်မှုကြောင့် လူ ၆ ဦး သေဆုံး

Want create site? Find Free WordPress Themes and plugins.

ဒီဇင်ဘာ ၁၀ ရက်နေ့က ချက်သမ္မတနိုင်ငံအရှေ့မြောက်ပိုင်းမှာရှိတဲ့ အော့စ်ထရာဗာမြို့က ဆေးရုံ တရုံကို သေနတ်သမားတယောက်က ဝင်ရောက်ပတ်ခတ်ခဲ့တဲ့အတွက် လူ ၆ ယောက်သေဆုံးခဲ့ပါ တယ်။ အဲဒီနောက်မှာတော့ ဝင်ရောက်ပစ်ခတ်ခဲ့တဲ့ သေနတ်သမားလည်း ကိုယ်တိုင်အဆုံးစီရင် သွားခဲ့ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ စုံစမ်းမှုတွေအရ သေနတ်သမားဟာ အသက် ၄၂ အရွယ်ရှိတဲ့ လူလတ်ပိုင်းတယောက်လို့ သိရပြီး ရဲတွေ ရောက်မလာခင်မှာဘဲ ကိုယ့်သေနတ်နဲ့ ကိုယ့်ကိုယ်ကိုပြန်ပစ်ပြီး အဆုံးစီရင်သွားခဲ့တယ်လို့ သိရပါတယ်။

၂၀၁၅ ခုနှစ်ကလည်း စားသောက်ဆိုင်တဆိုင်ကို သေနတ်သမားတယောက် ဝင်ရောက်ပစ်ခတ် ခဲ့ ပြီး လူ ၈ ယောက် သေဆုံးခဲ့ရပါတယ်။ အဲဒီသေနတ်သမားလည်း ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့ပါတယ်။ ဒါကြောင့်လည်း ၂၀၁၉ ၊ ဒီဇင်ဘာ ၁၀ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်ဟာ ချက်သမ္မတနိုင်ငံအတွက်တော့ ဒုတိယမြောက် အဆိုးဝါးဆုံးပြစ်မှုတခုပါပဲ။

ပစ်ခတ်မှုဟာ ဒီဇင်ဘာ ၁၀ ရက် မနက် ၇ နာရီလောက်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး ခွဲစိတ်ဆရာဝန်အပါ အဝင် လူ ၅ ယောက် စုစုပေါင်း ၆ ယောက် သေဆုံးခဲ့ရပါတယ်။ ဘာကြောင့် အခုလိုပစ်ခတ်ခဲ့တယ်ဆိုတဲ့အကြောင်းကိုတော့ မသိရသေးပါဘူး။ သေနတ်သမားဟာ အိုပါဗာအခြေစိုက် AZ-INTERGRIPS ဆောက်လုပ်ရေးကုမ္ပဏီရဲ့ နည်းပညာရှင် Ctirad Vitasek ဆိုသူဖြစ်တယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ပစ်ခတ်မှုကျူးလွန်ခဲ့သူဟာ လွန်ခဲ့တဲ့လအနည်းငယ်လောက်က ဆေးဝါးကုသမှုခံယူထားသူ တယောက်လည်း ဖြစ်ပါတယ်။

Ref:jpost

You may also like these stories:

စားစရာ မှာတာ အချိန်ကြာလို့ စားပွဲထိုးကို သေနတ်နဲ့ ပစ်သတ်မှု ဖြစ်ပွားခဲ့တဲ့ ပြင်သစ်က ဆိုင် 

အမေရိကန်၌ ပစ်ခတ်မှုဖြစ်ပွား အနည်းဆုံး ၂၆ ဦးသေဆုံး

အမေရိကန်က ကမ္ဘာလှည့်ခရီးသည် လာရောက်မှု များပြားတဲ့ နေရာမှာ ပစ်ခတ်မှုဖြစ်ပွား

Did you find apk for android? You can find new Free Android Games and apps.
Loading