Trend

လုပ်ငန်းခွင်မှာ အရေးပါတဲ့ လုပ်ဖော်ကိုင်ဖက်ကောင်းတွေရဲ့ အခန်းကဏ္ဍ

Want create site? Find Free WordPress Themes and plugins.

လူတယောက်ဟာ အိမ်မှာနေရတဲ့အချိန်ထက် အလုပ်မှာ ကုန်ဆုံးရတဲ့အချိန်က ပိုများပါတယ်။ ဘဝရဲ့ အချိန် တော်တော်များများ ကုန်ဆုံးနေရတဲ့ လုပ်ငန်းခွင်ထဲမှာ စိတ်ပင်ပန်းမှုတွေ သက်သာနိုင်မယ့် အကောင်းဆုံး ကုသဆေးကတော့ လုပ်ဖော်ကိုင်ဖက်ကောင်းတွေ ရှိတာပါ။

လုပ်ဖော်ကိုင်ဖက်ကောင်း ဆိုတဲ့နေရာမှာ ထမင်းစားချိန် ပေါ့ပေါ့ပါးပါး စကားပြောနိုင်ရုံ ရှိတဲ့သူမျိုးမဟုတ်ပါဘူး။ တကယ့်ကို ကိုယ့်အလုပ်တွေကိုလည်း အပြန်အလှန် ကူညီနိုင်သလို တကယ့်ကို ယုံကြည်စိတ်ချရတဲ့သူမျိုး၊ ကိုယ့်ဘက်မှာ အမြဲရပ်တည်ပေးမယ့်သူကတော့ လုပ်ဖော်ကိုင်ဖက်ကောင်း ပီသတာပါ။

ဒီလို လုပ်ဖော်ကိုင်ဖက်ကောင်း ရှိနေပြီဆိုရင်တော့ ဘယ်လို အခက်အခဲ ပြဿနာတွေ ကြုံလာပါစေ၊ လွယ်ကူသွားနိုင်သလို၊ ကိုယ်စိတ်ညစ်နေတဲ့အခါ ပျော်ရွှင်လာအောင် ဘေးနားက ပြောပေးနိုင်မယ့်သူမျိုး၊ ကိုယ်အားငယ်တဲ့အခါ အားပေးစကားပြောမယ့်နိုင်သူမျိုး ရလိုက်သလိုပါပဲ။

အလုပ်ဟာ ဒုတိယအိမ်လို့ ဆိုကြတဲ့အတိုင်း နေ့တိုင်း စိတ်ပါပါ၊ မပါပါ အလုပ်ကို တက်ကြရပါတယ်။ ဒါကြောင့် ကိုယ်အကြိုက်ဆုံး အလုပ်ဖြစ်ရင်တောင် ကြာလာရင် ငြီးငွေ့သွားကြပါတယ်။ အလုပ်ထဲမှာ အမြဲရွှင်လန်းတက် ကြွနေဖို့ဆိုရင် စိတ်တူကိုယ်တူ လုပ်ဖော်ကိုင်ဖက်ကောင်း ပိုင်ဆိုင်နေရခြင်းဟာ ကောင်းချီး တမျိုးပါပဲ။

အလုပ်ထဲမှာ ကိုယ်နဲ့အရင်းနှီးဆုံး လုပ်ဖော်ကိုင်ဖက်ပိုင်ဆိုင်ထားရင် နေ့လယ်စာ စားချိန်ဖြစ်ဖြစ်၊ လက်ဖက်ရည်၊ ကော်ဖီသောက်ချိန်တွေမှာတောင် ကိုယ်တယောက်တည်း အဖော် မမဲ့ပါဘူး။ ကိုယ် အခက်အခဲတခု ပေါ်လာတိုင်း ဘေးကနေ အားပေးနေတဲ့ လုပ်ဖော်ကိုင်ဖက်တွေကို တန်ဖိုးထားပါ။ သူတို့က သင့်အတွက် အဖိုးမဖြတ်နိုင်တဲ့ သစ္စာရှိ လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်နေလို့ပါ။

လုပ်ငန်းတူ လုပ်ဖော်ကိုင်ဖက်ဖြစ်လို့ တခြားသူတွေထက် သင့်အကြောင်းကို ပိုသိသူပါ။ ကြုံရတဲ့အခက်အခဲတွေဆိုလည်း ပိုနားလည်ပေးနိုင်သလို၊ အကောင်းဆုံး အကြံဉာဏ်ကို ပေးနိုင်ကြပါတယ်။ အလုပ်ဆင်းတဲ့အခါလည်း ဆိုင်တဆိုင်မှာ စကားအတူတူပြောရင်း တနေ့တာရဲ့ ညနေခင်းကို ကုန်ဆုံးနိုင်တာပေါ့။

အလုပ်ထဲမှာ ရင်းနှီးမှုတွေ အချိန်ကြာလာလေ၊ ကိုယ့်အကြောင်း နားလည်လာလေ လုပ်ဖော်ကိုင်ဖက်ကောင်းတွေဟာ သူငယ်ချင်း မိတ်ဆွေဆိုတာထက် မိသားစုဝင်တွေလို ဖြစ်လာခဲ့ကြပါတယ်။ တပတ်ကို အနည်းဆုံး နာရီ ၄၀ လောက် အချိန်ကုန်ဆုံးနေရတဲ့ လုပ်ငန်းခွင်ထဲမှာ လုပ်ဖော်ကိုင်ဖက်ကောင်းတွေ လိုအပ်သလို၊ သင်ကိုယ်တိုင်လည်း တခြားသူအတွက် လုပ်ဖော်ကိုင်ဖက်ကောင်း ဖြစ်နိုင်ဖို့ လိုပါတယ်။

Ref: The Power of Silence

You may also like these stories:

ပြည်ပကို ပြောင်းရွှေ့ အခြေချနေထိုင်ဖို့ အသင့်တော်ဆုံး နိုင်ငံ ၂၀

အအိပ်မက်သူတွေကို လစာပေးပြီး ငှားရမ်းနေတဲ့ အိန္ဒိယကုမ္ပဏီ

လုပ်ငန်းခွင်အတွင်း အနိုင်ကျင့်ခံရတဲ့အခါ ဘယ်လို ရင်ဆိုင်သင့်သလဲ

Did you find apk for android? You can find new Free Android Games and apps.
Loading