ဗစ်တိုးရီးယားအမှုနှင့် ပတ်သက်၍ ပျောက်ဆုံးသွားသည့် CCTV Hard-Disk အတွင်းမှ ဖိုင်များ ပြန်လည်ရရှိရန် အိုင်တီပညာရှင်များနှင့် နှစ်ဖက်ရှေ့နေများ ဒက္ခိဏ ခရိုင်တရားရုံးတွင် စစ်ဆေးမှု ယနေ့မနက်ပိုင်းမှ စတင်ပြုလုပ် နေပြီဖြစ် သည်။
ဗစ်တိုးရီးယား၏ ရှေ့နေ ဒေါ်ရွက်နုအောင်က “ဒီဟာကိုဖွင့်လိုက်ခြင်းအားဖြင့် ဒီအမှုမှာ သက်သေ အထောက်အထားတွေ ပေါ့ ဒီဟာ ရှိသလား၊ မရှိဘူးလား ဆိုတဲ့ အဖြေပေါ် မူတည်ပြီးတော့ ကျမ တို့ လုပ်ရမယ့် လုပ်ငန်းစဉ်တွေ အများကြီး ဖြစ် လာလိမ့်မယ်။ ပြီးတော့ ခိုင်မာတဲ့ အချက် အလက်တွေလည်း ရလာလိမ့်မယ် ။ အားလုံးရှင်းရှင်းလင်းလင်းပေါ့ သိရမယ့် အခြေအနေတွေ ဖြစ်လာလိမ့်မယ်လို့ ယူဆပါတယ်” ဟု စစ်ဆေးမှု မစတင်မီ ပြောသည်။
ယနေ့ပညာရှင်များ စစ်ဆေးဖော်ထုတ်မည့် လုပ်ငန်းစဉ်မှာ အချိန်ကာလအားဖြင့် မည်မျှ ကြာ မည်ကို အတိအကျ ပြော၍ မရကြောင်း၊ စစ်ဆေးမည့် ပညာရှင်များကလည်း လိုအပ်သည့် စက်ပစ္စည် ကိရိယာများ ယူလာကြောင်း၊ စစ်ဆေးနေစဉ် လျှပ်စစ်မီးပြတ်တောက်၍ မရသည့် အတွက် မီးစက်ကိုပါ အရန်သင့် ကြိုတင်ပြင်ဆင်ထားကြောင်း ယင်းအမှုတွင် လိုက်ပါဆောင် ရွက်နေသည့် သက္ကမိုးညို( ဒေါက်တာဝင်းကိုကိုသိန်း) ကရှင်းပြသည်။
“စပြီးဖွင့်တည်းက တွေ့ရှိချက်တွေကို မှတ်တမ်းတင်ထားမယ်။ အဖြေထွက်လာပြီဆိုရင် ကျမ်းကျိန်လုပ်ရမယ်။ လက်မှတ် ထိုးပြီးမှ ဥပဒေ အရာရှိကနေ တဆင့် တရားရုံးကို တင်မယ် ပေါ့။ အဲ့ဒီအချိန်ကျရင် အားလုံးသိခွင့်ရမယ်ပေါ့။ တရားရုံးမတင် ရသေးတဲ့ အခြေအနေကတော့ သိခွင့်ရမှာ မဟုတ်သေးဘူး။ တရားရုံးကိုတင်တဲ့ အချိန်ကျရင်တော့ အားလုံးသိရမယ်” ဟု ဒေါ်ရွက်နုအောင်က ဆိုသည်။
ယင်းအမှုနှင်း ပတ်သက်၍ မနက်ဖန် ဒီဇင်ဘာ ၁၈ ရက်တွင် Wisdom Hill ကျောင်းမှ ဆရာမနှင်းနှ အပါအဝင် ဆရာမ ၂ ဦးကိုစစ်ဆေးသွားမည်ဟုလည်း ဒက္ခိဏ ခရိုင်တရားရုံးမှ သိရသည်။
You may also like these stories:
ဗစ်တိုးရီးယားအမှု ဒေါ်ဥမ္မာလှိုင်၏ သား၂ ဦးကို တရားခွင် စစ်ဆေးမှု ပြုလုပ်မည်ဟုဆို
နေပြည်တော်ရှိ ဗစ်တိုးရီးယားအမှု CCTV ကိုင်ဆောင်သူကို စစ်ဆေးမည်
ဗစ်တိုးရီးယားအမှုမှ ကိုအောင်ကြီးကို အာမခံ ပေးမပေး နောက်ရုံးချိန်းတွင် ဆုံးဖြတ်မည်