Trend

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သြစတြေးလျမှာ အိမ်သာသုံး စက္ကူများ မတန်တဆ ဈေးတင်ရောင်း

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုရဲ့ နောက်ဆက်တွဲ ရိုက်ခတ်မှုတွေကတော့ စူပါးမားကတ်တွေက နေ့စဉ်သုံးပစ္စည်းတွေ ပြတ်တောက်သွားတဲ့ထိ ဖြစ်ခဲ့ရသလို၊ Facebook စာမျက်နှာပေါ်က ဈေးဝယ်ရောင်းနိုင်တဲ့နေရာ Facebook Marketplace မှာလည်း အရောင်းဝယ်တွေ ဖြစ်နေပါတယ်။

တခါသုံး ကလေး ဒိုက်ဗာ၊ တာရှည်ခံ နွားနို့ဘူး၊ ပါစတာ စတာတွေအပြင် သေးသေးမွှားမွှား လိုအပ်တာမှန်သမျှ အလုအယက် ဝယ်ကြလို့ စတိုးဆိုင်တချို့မှာ ကုန်သလောက် ဖြစ်နေပါတယ်။ ဒါပေမဲ့ Toilet Paper လောက်တော့ ဈေးအများကြီး မရကြပါဘူး။

ပြန်ရောင်းသူ တော်တော်များများက Facebook Marketplace ပေါ်ကတဆင့် မတန်တဆ ဈေးတင်ရောင်းနေပေမယ့်လည်း ဝယ်ယူသူတွေရှိတာမို့ ပုံမှန်ထက် ဈေးကောင်းရနေပါတယ်။ ရောင်းသူတယောက်ဆို ၃ လွှာပါ Toilet Paper (အိမ်သာသုံး စက္ကူ)၂၄ ခုကို သြစတြေးလျဒေါ်လာ ၂ သောင်း ၄ ထောင်ထိ ဈေးရခဲ့ပါတယ်။

တခြားရောင်းတဲ့သူတွေကလည်း Quliltion တံဆပ် Toilet Paper ၃၆ ခု တထုပ်ကို ထပ်ဆောင်း ပို့ခအခမဲ့နဲ့ပါ ရောင်းခဲ့ပါသေးတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတယ်လို့ သံသယရှိတာနဲ့ ၁၄ ရက် အပြင်မထွက်ရဘဲ အိမ်မှာပဲ စောင့်ကြည့်ခံရနိုင်တာကြောင့် လူအများစုက နေ့စဉ်သုံးပစ္စည်းတွေ ပြတ်လပ်သွားမှာ စိုးရိမ်လွန်ပြီး အများအပြား စုဆောင်းထားကြတာပါ။

ဝယ်ယူတယောက်တည်းကပဲ ပစ္စည်းတမျိုးကို အများအပြား ဝယ်ယူလိုက်တာကြောင့် တခြားနေရာတွေမှာ ပြတ်လပ်ကုန်တာမျိုး မဖြစ်အောင် သြစတြေးလျနိုင်ငံရဲ့ စတိုးဆိုင်တွေမှာ ပစ္စည်းတွေကို အကန့်အသတ်နဲ့ပဲ ဝယ်ယူခွင့် ပေးထားပါတယ်။

“ဈေးဝယ်သူတယောက်ကို Toilet Paper တထုပ်ပဲ ဝယ်ယူခွင့်ရှိမယ်”လို့ စတိုးဆိုင်တချို့မှာ သတိပေးစာ ကပ်ထားရတဲ့ထိ ဖြစ်နေသလို၊ ဈေးဝယ်သူတယောက်က ၂၄ နာရီအတွင်း Toilet Paper တထုပ်ဝယ်ယူဖူးတယ်ဆိုရင် နောက်ထပ် ဝယ်ယူခွင့် မပြုတော့တဲ့ထိ ကန့်သတ်နေရပါတယ်။

ဈေးကွက် ဝယ်လိုအား များနေတာကြောင့် လက်လီဆိုင်လေးတွေလိုပဲ အဓိက စတိုးဆိုင်ကြီးတွေမှာလည်း ကျန်းမာရေးသုံးပစ္စည်း လက်သန့်ဆေးရည်နဲ့ လက်ဆေး ဆပ်ပြာရည်တွေ ပြတ်လပ် ကုန်ပေမယ့် ထုတ်လုပ် တင်သွင်းတဲ့ ကုမ္ပဏီတွေကတော့ ဈေးကွက်ထဲ ပြန်ဖြည့်ပေးဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။

ဈေးကွက်ထဲ အဆမတန် ဝယ်ယူ စုဆောင်းနေမှုတွေကို ချင့်ချိန်ကြဖို့ နာမည်ကျော်ကြားသူတွေက ဆိုရှယ်မီဒီယာတွေကတဆင့် မေတ္တာရပ်ခံနေကြပါတယ်။

ကိုယ်တိုင် လာရောက် ဝယ်ယူဖို့ မတတ်နိုင်သူတွေ၊ မသန်စွမ်းတွေနဲ့ စိတ်ပိုင်းဆိုင်ရာ ချို့တဲ့သူတွေအတွက်ပါ မျှမျှတတ ဝယ်ယူနိုင်အောင် လိုအပ်တဲ့ပစ္စည်းတွေကို တယောက်တည်းက အကုန်ဝယ်တာမျိုး မဖြစ်သင့်ဘဲ အကျိုးဆက်တွေကို ကြည့်သင့်တယ်လို့ ဆိုပါတယ်။

Ref: 7 News

You may also like these stories:

ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး သတင်းအမှား ဖြန့်ဝေသူတွေကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး

ဗိုင်းရပ်စ် မကြောက်ကြောင်းပြဖို့ ဗိမာန်ကို လျှာနဲ့ လျက်ခဲ့တဲ့ အီရန်အမျိုးသား ထောင်ကျဖွယ်ရှိ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို တိုက်ဖျက်ဖို့ အီရန်မှာ အကျဉ်းသားများ ယာယီလွှတ်ပေး

Loading