Trend

ဗိုင်းရပ်စ် မကြောက်ကြောင်းပြဖို့ ဗိမာန်ကို လျှာနဲ့ လျက်ခဲ့တဲ့ အီရန်အမျိုးသား ထောင်ကျဖွယ်ရှိ

Want create site? Find Free WordPress Themes and plugins.

အီရန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူသေဆုံးမှု မြင့်တက်ပြီးနောက် အစိုးရက တင်းကြပ်တဲ့ အမိန့်တွေကို ထုတ်ပြန်ထားချိန်မှာ အမျိုးသား ၂ ဦးဟာ Qom မြို့က အထွတ်အမြတ်ထားရာ ဗိမာန်ကို လျှာနဲ့ လျက်တဲ့ ဗီဒီယိုတခု ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

ဗီဒီယိုဟာ လူမှုကွန်ရက် စာမျက်နှာတွေမှာ ပျံ့နှံ့သွားခဲ့ပြီး ကြည့်ရှုသူ သန်းနဲ့ချီရှိခဲ့ပါတယ်။ အဲဒီဗီဒီယိုကို ရိုက်ကူးခဲ့တဲ့အတွက် သူတို့ ၂ ဦးဟာ ထောင်ကျနိုင်ဖွယ်ရှိနေပြီး ကြိမ်ဒဏ်လည်း သင့်နိုင်တယ်လို့ သိရပါတယ်။

ဗီဒီယိုအတွင်းမှာ လူတဦးဟာ အထွတ်အမြတ်ထားရာ ဗိမာန်ရဲ့ ဝင်ပေါက်ကို လျှာနဲ့ လျက်ပြနေတာဖြစ်ပြီး ပါးစပ်ကလည်း ” ငါက ကိုရိုနာဗိုင်းရပ်စ်ကို မကြောက်ဘူး”လို့ ပြောဆိုပြီး သံတိုင်တွေကို နမ်းတာတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

နောက်ထပ် ဗီဒီယိုတခုမှာ အဲဒီအမျိုးသားက “လျှာနဲ့ လျက်ပြပြီးပြီ ဆိုတော့ ရောဂါတွေ ရှိရင်လည်း ငါ့ခန္ဓာကိုယ်ထဲ ရောက်ရောပေါ့။ ကျန်တဲ့လူတွေက ဘုရားကျောင်းအတွင်းကို စိတ်လေးလံမှု မရှိဘဲ ဝင်နိုင်ပါပြီ”လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အဲဒီအမျိုးသား လျှာနဲ့ လျက်ပြခဲ့တဲ့ ဗိမာန်ကို ယခင်က လာရောက်ဖူးမျှော်သူ အရေအတွက်ဟာ နှစ်စဉ် ၁၀ သန်းထက် မနည်း ရှိပေမယ့် ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကြောင့် အစိုးရက လူထူထပ်တဲ့ နေရာတွေ မသွားကြဖို့ ပိတ်ပင်ပြီးနောက် လာရောက်သူ နည်းပါးသွားတာ ဖြစ်ပါတယ်။

ဘုရားဖူး လာရောက်သူ နည်းပါးသွားတဲ့အတွက် ဘာသာရေးကိုင်းရှိုင်းသူ အချို့ဟာ ဗိမာန်အတွင်းက နေရာများကို လျှာနဲ့လျက်ပြခြင်း၊ နမ်းပြခြင်းတွေ မကြာခဏဆိုသလို လုပ်ပြနေကြတာ ဖြစ်ပါတယ်။

အဆိုပါ ဗီဒီယို ရိုက်ကူးခဲ့တဲ့ အမျိုးသား ၂ဦးကိုတော့ လက်ရှိအချိန်မှာ ဖမ်းဆီးထားပြီး ထောင်ဒဏ် ၂ လမှ ၄ နှစ်အတွင်း ကျခံရဖွယ်ရှိကာ ကြိမ်ဒဏ် ၇၄ ချက် သင့်စေမှာ ဖြစ်တယ်လို့ သိရပါတယ်။ အီရန်ပြည်သူအချို့ကတော့ သူတို့ကို ဖမ်းဆီးတာဟာ မလုံလောက်သေးကြောင်း၊ ဘာသာရေးဌာနတွေကို ဆက်လက်ပြီး ဖွင့်လှစ်ထားဖို့ မသင့်ကြောင်း ဝေဖန်မှုတွေ ပေါ်ပေါက်နေပါတယ်။

အီရန်နိုင်ငံဟာ ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ ရောဂါဖြစ်ပွားမှု မြင့်မားနေတာဖြစ်ပြီး အစိုးရအကြီးအကဲတွေလည်း ရောဂါကြောင့် သေဆုံးမှုတွေ ရှိနေတာဖြစ်ပါတယ်။ အီရန်သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ အီရန်လွှတ်တော်အမတ် ၂၃ ဦးလည်း ရောဂါကူးစက်မှု ခံထားရပြီး နိုင်ငံအကြီးအကဲရဲ့ အကြံပေးဖြစ်သူ Khamenei ဟာလည်း ဗိုင်းရပ်စ်ကူးစက် ခံရမှုကြောင့် ပြီးခဲ့တဲ့ တနင်္လာနေ့က ကွယ်လွန်သွားခဲ့ပါတယ်။

Ref. foxnews.com

You may also like these stories:

ကိုရိုနာဗိုင်းရပ်ကြောင့် “No Time To Die” ပြသရက်ကို ရွှေ့ဆိုင်းပေးဖို့ ပရိသတ်များ တောင်းဆို

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ်းကပ်ခွင့်မရတဲ့ သင်္ဘောတွေအကြောင်း မှားတင်ခဲ့တဲ့ Ronan Keating

ဝန်ထမ်း၂ ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက် အဆိုတော် Chungha အား စောင့်ကြည့်နေရ

Did you find apk for android? You can find new Free Android Games and apps.
Loading