• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ်းကပ်ခွင့်မရတဲ့ သင်္ဘောတွေအကြောင်း မှားတင်ခဲ့တဲ့ Ronan Keating

by မစ်ကီ
4 March 2020
in Entertainment
A A
ကမ်းကပ်ခွင့်မရတဲ့ သင်္ဘောတွေအကြောင်း မှားတင်ခဲ့တဲ့ Ronan Keating

ကမ်းကပ်ခွင့်မရတဲ့ သင်္ဘောတွေအကြောင်း မှားတင်ခဲ့တဲ့ Ronan Keating

5.8k
VIEWS
Share on FacebookShare on Twitter

ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေမှုကြောင့် စင်ကာပူနိုင်ငံကို ပြည်ဝင်ခွင့် ငြင်းပယ်ခံထားရတဲ့ ကုန်တင်သင်္ဘောတွေအကြောင်း မှားယွင်းစွာဖော်ပြခဲ့မိတဲ့ အိုင်းရစ်အဆိုတော် Ronan Keating ဟာ Instagram က သူ့ရဲ့ ပို့စ်အတွက် တောင်းပန်ခဲ့ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁ ရက်နေ့မှာ အသက် ၄၃ နှစ်အရွယ် အဆိုတော် Ronan ဟာ သူ့အဆိုအရ ကမ်းကပ်ခွင့်မရဘဲ ထိန်းသိမ်းခံထားရတဲ့ သင်္ဘော နှစ်ဒါဇင်ရှိနေတဲ့ စင်ကာပူ ဆိပ်ကမ်းရဲ့ ဓာတ်ပုံတပုံကို Instagram မှာ တင်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီပို့စ်ကို မတ်လ ၂ ရက်နေ့မှာပဲ ပြန်လည် ဖြုတ်ချခဲ့ပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
136
သဇင်ပန်း

သဇင်ပန်း

10 January 2026
147
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
317

မတ်လ ၃ ရက်နေ့မှာတော့ အဆိုတော် Ronan က အဲ့ဒီအလားတူ ဓာတ်ပုံကိုပဲ ပြန်တင်ပြီး “စင်ကာပူမှာရှိတဲ့ ဒေသခံတဦးက ဗိုင်းရပ်စ်ကြောင့် ကမ်းကပ်ခွင့်မရတဲ့ သဘောင်္တွေရဲ့ ဓာတ်ပုံကို မကြာသေးခင်တုန်းက တင်ခဲ့မိပါတယ်။ နောက်တော့ အဲ့ဒါ အမှန် မဟုတ်ဘဲ ဆိပ်ကမ်းမှာ အမြဲတမ်း အဲ့ဒီလို ဖြစ်နေတယ်ဆိုတာကို သိလိုက်ရတယ်”လို့ ရေးသားခဲ့ပါတယ်။

သူက ဆက်ပြီး “တကယ်လို့ ကျနော့်ရဲ့ ပို့စ်ကြောင့် တစုံတယောက်ကို ထိခိုက်သွားစေတယ်ဆိုရင် ကျနော် တောင်းပန်ပါတယ်။ ကျနော်ဘယ်တုန်းကမှ ဒါကို ရည်ရွယ်ပြီး မလုပ်ဘူးဆိုတာ ခင်ဗျားတို့ အားလုံး သိမှာပါ” လို့ ဆိုပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ကနဦး Instagram ပို့စ်မှာ ဝေဖန်ခဲ့သူတွေကိုလည်း ခပ်ကြမ်းကြမ်း ပြန်လည် တုံ့ပြန်ပြောဆိုခဲ့ပါသေးတယ်။

သူဟာ စင်ကာပူမြို့နဲ့ ဂျာကာတာမြို့တို့မှာ ဖျော်ဖြေခဲ့ပြီး အဲ့ဒီမှာ တခြားဖျော်ဖြေတင်ဆက်သူတွေက သူ့တို့ရဲ့ ဖျော်ဖြေပွဲတွေကို ဖျက်သိမ်းလိုက်တဲ့အကြောင်း ပြောဆိုခဲ့ပါသေးတယ်။ သူ့အနေနဲ့ အခုလို ဖျော်ဖြေတင်ဆက်ခွင့် ရရှိလိုက်တာဟာ ကောင်းချီးပေးခံရသလို ခံစားရတယ်လို့လည်း ဆိုပါတယ်။

အဆိုတော်ရဲ့ ပြောဆိုချက်နဲ့ ပတ်သက်လို့ စင်ကာပူရေကြောင်းနဲ့ ဆိပ်ကမ်းအာဏာပိုင်အဖွဲ့က ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားလို့ နိုင်ငံကနေ ပြန်လှည့်သွားတဲ့ ကုန်တင်သင်္ဘော တစင်းမှ မရှိတဲ့အကြောင်း ရှင်းလင်း ခဲ့ပြီးတဲ့နောက် အခုလိုမျိုး အဆိုတော်ရဲ့ တောင်းပန်မှု ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

အာဏာပိုင်တွေရဲ့အဆိုအရ စင်ကာပူနိုင်ငံကို ၃ မိနစ်လျှင် သင်္ဘောများစွာ ရောက်ရှိ ထွက်ခွာလေ့ရှိပြီး ဘယ်အချိန်မှာ မဆို ဆိပ်ကမ်းမှာ သင်္ဘော ၁၀၀၀ လောက် ရှိနိုင်တယ်လို့ သိရပါတယ်။ အဆိုတော် Ronan ဟာ Boyzone အမျိုးသားအဖွဲ့ဝင်တဦးအနေနဲ့ ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ နာမည်ကြီးခဲ့သူ ဖြစ်ပြီး Instagram မှာ Follower အရေအတွက် ၃၃၀,၀၀၀ ကျော် ရှိပါတယ်။

Ref: straitstimes

You may also like these stories:
ကိုရိုနာဗိုင်းရပ်ကြောင့် သေဆုံးသူ ၃၀၀၀ ကျော်လာ
အီရန်က ကိုရိုနာဗိုင်းရပ်ကူးစက်မှု အရှေ့အလယ်ပိုင်းကို ခြိမ်းခြောက်လာ
Your Thoughts …
Tags: Ronan Keatingကိုရိုနာဗိုင်းရပ်စ်တောင်းပန်
မစ်ကီ

မစ်ကီ

Contributor

Similar Picks:

ဝင်းနိမ္မိတာရုံဆရာတော် အသတ်ခံရမှု စစ်ခေါင်းဆောင် တောင်းပန်

ဝင်းနိမ္မိတာရုံဆရာတော် အသတ်ခံရမှု စစ်ခေါင်းဆောင် တောင်းပန်

by The Irrawaddy
24 June 2024
3.7k

ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ပျံလွန်တော်မူခဲ့ရခြင်းအပေါ် အာဏာသိမ်းစစ်ခေါင်းဆောင်က တောင်းပန်ကြောင်း လျှောက်ထားချက်ကို ဆရာတော်၏ ဈာပနအခမ်းအနားတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဦးတင်ဦးလွင် လာရောက် ဖတ်ကြားခဲ့သည်။

ရန်ကုန်ဘူတာကြီးတွင် တွေ့ရသည့် ခရီးသွားများ  / ထက်ဝေ / ဧရာဝတီ

သင်္ကြန်ပိတ်ရက်ရှည် ခရီးသွားခြင်းများ မပြုလုပ်ရန် ကျန်းမာရေးဌာန သတိပေး

by သဇင်လှိုင်
20 March 2020
41.1k

သင်္ကြန်ကာလ ရုံးပိတ်ရက်ရှည်များ၌ ခရီးသွားရောက် လည်ပတ်ခြင်းများ မပြုလုပ်ကြရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ဒု ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက ပြောသည်။

လယ်တီ ဆရာတော်ကြီး ၏ ရောဂန္တရဒီပနီကျမ်းတွင် ပါဝင်သော အက္ခရာတံဆိ ပ်ပုံတော်  / ဆွေမျိုးပေါက်ဖော် မဂ္ဂဇင်း

အယူအဆ အလွဲတွေနဲ့ ဝါဒဖြန့်ဖို့ မီဒီယာကို အသုံးမချသင့်

by အောင်သီဟ
4 February 2020
7.8k

တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ်ကို ကမ္ဘာ့နိုင်ငံများတွင် ကုသရန် အဖြေမရှာနိုင်သေးသော် လည်း မြန်မာနိုင်ငံတွင်တော့ ကြိုတင်ကာကွယ်ခြင်း နှင့် ပျောက်ကင်းနိုင်မည်ဟူသော နည်းလမ်းအမျိုးမျိုး ထွက်ပေါ်လျက်ရှိသည်။

ပြီးခဲ့သည့်နှစ်က မန္တလေး သင်္ကြန်ပွဲတော် ကျင်းပနေမှုကို တွေ့ရစဉ် / ဇော်ဇော် / ဧရာဝတီ

မန္တလေး သင်္ကြန် ကျင်းပရန် မသေချာ

by ဒီလှိုင်းဝင်း
11 March 2020
8.3k

လတ်တလော ဖြစ်ပွားလျက်ရှိသည့် ကိုရိုနာ ဗိုင်းရပ်စ် (COVID-19) ရောဂါကူးစက် ပြန့်ပွားနေမှုကြောင့် မန္တလေး သင်္ကြန်ပွဲတော် ကျင်းပရန် မသေချာဟု မန္တလေးတိုင်း အစိုးရ အဖွဲ့က သိရသည်။

တရုတ်-မြန်မာနယ်စပ် ရွှေလီမှ ရှိ နယ်ခြားဂိတ် / AFP

ကိုဗစ်နောက်ပိုင်း ရွှေလီမြို့ ပြန်လည်ရှင်သန်ရန် အားယူနေ

by ဧရာဝတီ
16 January 2023
9k

တရုတ်နိုင်ငံသည် ဇန်နဝါရီလ ၁၅ ရက်နေ့အထိ လူများ နယ်စပ်ဖြတ်ကျော်ခြင်းကို ခွင့်မပြုသေးကြောင်း မူဆယ် ဆန်စပါး ကုန်စည်ဒိုင် ဒု ဥက္ကဋ္ဌ ဦးမင်းသိန်းက ပြောသည်။

Roche အရိုးအဆစ်ရောင် ရောဂါပျောက်ဆေး Actemra ဆေးဟာ ကိုရိုနာရောဂါ ကုသရာမှာ အထောက်ကူပြုတာကို တွေ့ရှိခဲ့ကြပါတယ်။

ဆွစ်ဇာလန်ထုတ် အဆစ်ရောင် ပျောက်ဆေးဟာ ကိုရိုနာဗိုင်းရပ်စ် ကုသရာမှာ သက်သာ‌စေတယ်လို့ ယူဆရ

by Aurora
6 March 2020
10.9k

Roche အဆစ်ရောင်ရောဂါပျောက်ဆေးဟာ ကိုရိုနာရောဂါ လက္ခဏာတချို့ကို ပျောက်ကင်း ကုသနိုင်တာကြောင့် တရုတ်အစိုးရက သုံးစွဲဖို့ အသိမှတ်ပြုလိုက်တာပါ။

Next Post
ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမေရိကန်နိုင်ငံမှာ သေဆုံးမှုနှုန်း မြင့်မားလာတယ်လို့ သိရပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမေရိကန်မှာ သေဆုံးသူ ၉ ဦးအထိ ရှိလာ

အီရန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့်  သေဆုံးသူ ၇၇ ဦးရှိပြီလို့ အစိုးရက တရားဝင် ထုတ်ပြန်ထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို တိုက်ဖျက်ဖို့ အီရန်မှာ အကျဉ်းသားများ ယာယီလွှတ်ပေး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • ခရိုနီ ခြေတက် ဦးဇော်ဝင်းရှိန်အကြောင်း တစေ့တစောင်း

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved