ကိုရိုနာဗိုင်းရပ်စ် ကူးစက်လာတာနဲ့အမျှ သတင်းအမှားတွေကို လူတွေက လုပ်ကြံပြီး အွန်လိုင်းပေါ် ကိုတင်လာကြပါတယ်။ မြန်မာနိုင်ငံမှာလည်း သတင်းအမှားတွေကို အွန်လိုင်းပေါ်ကနေ ဖြန့်ဝေနေကြပေမယ့် အရေးယူတာမျိုးတော့ မရှိသေးပါဘူး။ ထိုင်းနိုင်ငံမှာတော့ အွန်လိုင်းပေါ်ကနေ သတင်းအမှား ဖြန့်ဝေတဲ့ အမျိုးသမီး ၂ ယောက်ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
ဘန်ကောက်မြို့မှာ နေထိုင်တဲ့ ထိုင်းအမျိုးသမီးတယောက်ဟာ ဈေးဝယ်စင်တာမှာ လူတယောက် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့ရသလို အခြားလူပေါင်း ၄၀ ကိုလည်း သီးသန့်ခွဲထားပြီး ဆေးကုသပေးနေတယ်လို့ သူ့ရဲ့ တွစ်တာအကောင့်မှာ တင်ခဲ့ပါတယ်။ လူတွေကို ကြောက်လန့်အောင် ရည်ရွယ်ပြီး ခြိမ်းခြောက်ခဲ့တဲ့အတွက် အဲဒီအမျိုးသမီးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။
လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က မြန်မာနိုင်ငံမှာလည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူ ၄ ယောက် သေဆုံးခဲ့ တယ်ဆိုတဲ့ သတင်းအမှားတခု အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပါတယ်။ အဲဒီသတင်းမှာ ဖော်ပြထားတဲ့ ဓာတ်ပုံဟာ ၂၀၁၉ ခုနှစ် H1N1 ရောဂါဖြစ်ပွားစဉ် ကာလက ဓာတ်ပုံဖြစ်ပြီး လူထုကြောက်လန့်အောင်ရည်ရွယ်ချက်နဲ့ သတင်းအမှား ဖော်ပြခဲ့တာဖြစ်တဲ့အတွက် ရန်ကုန်၊ နာရေးကူညီမှုအသင်းက ရှုတ်ချကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားလာတာနဲ့ အွန်လိုင်းပေါ်မှာ သတင်းအမှားတွေ အများကြီးပါပဲ။ ဒီလို သတင်းအတုကိုပဲ လူအများအပြား Share နေကြတာကို တွေ့ရပါတယ်။ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး သတင်းအမှား ဖြန့်ဝေသူတွေကို ထိုင်းအစိုးရက ရာဇဝတ်မှုကျူးလွန်သူအဖြစ် သတ်မှတ်ထားပါတယ်။ ဒါကြောင့်လည်း တွစ်တာပေါ်ကနေ သတင်းအမှား ဖြန့်ဝေခဲ့တဲ့ အမျိုးသမီးဟာ ထောင်ဒဏ် ၅ နှစ် သို့မဟုတ် ဘတ် ၁ သိန်း ဒဏ်ငွေပေးဆောင်ရမယ်လို့ သိရပါတယ်။
နောက်ထပ် ဖမ်းဆီးခံခဲ့ရတဲ့ အမျိုးသမီးကတော့ Rayong မြို့မှာနေထိုင်သူဖြစ်ပြီး သူက ကိုရိုနာဗိုင်းရပ်စ် ကြောင့် ကျောင်းသားတယောက် သေဆုံးခဲ့ကြောင်း သတင်းအမှားကို ဖြန့်ဝေခဲ့ပါတယ်။ ဒါကြောင့် လည်း သတင်းအမှားဖြန့်ဝေခဲ့တဲ့ နောက်ထပ် အမျိုးသမီးတယောက်ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ တယ်လို့ သိရပါတယ်။
ဒီကနေ့ကာလမှာ ဆိုရှယ်မီဒီယာကို လူတိုင်းနီးပါး အသုံးပြုလေ့ ရှိကြပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကလည်း နိုင်ငံတကာမှာ အလျင်အမြန် ကူးစက်လာနေတဲ့အတွက် သတင်းအမှားတွေကလည်း အများကြီးပါပဲ။ ဒါကြောင့်လည်း လူထုကြောက်လန့်အောင် ရည်ရွယ်ပြီး သတင်းအမှားတွေကို ဆိုရှယ်မီဒီယာပေါ် မတင်သင့်ပါဘူး။
ထိုင်းအစိုးရကတော့ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး သတင်းအမှား ဖြန့်ဝေသူတွေကို ရာဇဝတ်မှု ကျူးလွန်သူတွေအဖြစ် သတ်မှတ်ထားတာ တွေ့ရပါတယ်။
Ref: chiangraitimes
You may also like these stories:
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို တိုက်ဖျက်ဖို့ အီရန်မှာ အကျဉ်းသားများ ယာယီလွှတ်ပေး
ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမေရိကန်မှာ သေဆုံးသူ ၉ ဦးအထိ ရှိလာ
ကိုရိုနာဗိုင်းရပ်စ်ကြောင့် လက်ဆွဲ နှုတ်ဆက်တဲ့ အပြုအမူကို တားမြစ်လိုက်တဲ့ နိုင်ငံများ