Trend

ဗိုင်းရပ်စ်ကူးစက်မှုတွေကြောင့် အီတလီမှာ ကျောင်းများအားလုံး ပိတ်ထား

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် သေဆုံးမှုနှုန်းမြင့်တက်နေတဲ့ အီတလီနိုင်ငံမှာ ကျောင်းများအားလုံးကို ၁၀ ရက်တိတိ ပိတ်ထားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အီတလီမှာ လက်ခံကျင်းပမယ့် အားကစားပွဲတွေ အားလုံးကိုလည်း မတ်လ တလလုံးရပ်တန့်ထားမယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။

အီတလီမှာ မတ်လ ၄ရက်နေ့ ညပိုင်းအထိ ဗိုင်းရပ်စ်ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၁၀၇ ဦးအထိ ရှိခဲ့ပြီး မတ်လ ၄ရက်နေ့ တနေ့တည်းမှာပဲ သေဆုံးသူ ၂၈ ဦးအထိရှိခဲ့တာဖြစ်ပါတယ်။

အီတလီအစိုးရအနေနဲ့ နိုင်ငံမြောက်ပိုင်းမှာရှိတဲ့ မြို့ငယ် ၁၁မြို့ကို အဝင်အထွက်ပိတ်ပင်ပြီး ဗိုင်းရပ်စ်ကူးစက်မှုကို တားဆီးဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ဘဲ ကူးစက်မှုတွေ ဆက်လက်မြင့်တက်လာတာ ဖြစ်ပါတယ်။ နိုင်ငံမြောက်ပိုင်းမှာ ရောဂါကူးစက်ခံထားရသူ ၃၀၀၀ ကျော်ရှိနေပြီး ဆက်လက်တိုးလာနေတယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။

Covid-19 စတင်ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံအတွင်းမှာ ကူးစက်မှုနှုန်းလျော့ကျလာပေမယ့် ကမ္ဘာအနှံ့မှာတော့ ဖြစ်ပွားမှုနှုန်း က မြင့်တက်နေဆဲဖြစ်ပါတယ်။ တောင်ကိုးရီးယား၊ အီတလီနဲ့ အီရန်နိုင်ငံတို့မှာတော့ သေဆုံးသူအရေအတွက်က နေ့စဉ်မြင့်မားလျှက်ရှိနေပါတယ်။

တောင်ကိုးရီးယားနိုင်ငံမှာ မတ်လ ၄ရက်နေ့ ညပိုင်းအထိ စာရင်းတွေအရ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၅၃၂၈ ဦးနဲ့ သေဆုံးသူ ၃၂ဦးအထိ ရှိခဲ့တာကြောင့် ကျောင်းပြန်ဖွင့်မယ့်ရက်ကို ၂ပတ်အထိ ရွှေ့ဆိုင်းမှုတွေ ပြုလုပ်ထားကြောင်း သိရပါတယ်။

Ref;BBC,AFP

You may also like these stories:

တရုတ်အမျိုးသမီးတွေကြား ရေပန်းစားနေတဲ့ Headphone Wire Waist Challenge

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သြစတြေးလျမှာ အိမ်သာသုံး စက္ကူများ မတန်တဆ ဈေးတင်ရောင်း

ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး သတင်းအမှား ဖြန့်ဝေသူတွေကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး

Loading