အိမ်သာထဲမှာ အချိန်ကြာကြာ အချိန်ဖြုန်းတတ်သူတွေဟာ လူနည်းစုဆိုပေမယ့် အိမ်သာကြာကြာ တက်တတ်တဲ့ အလေ့အကျင့်ဟာ ကျန်းမာရေးအတွက်တော့ ရေရှည်မှာ ထိခိုက်စေနိုင်တဲ့ အကျင့်တခုပါ။ အိမ်သာတက်နေရင်း ဖုန်းသုံးတာ၊ စာဖတ်တာ စတာတွေဟာ အိမ်သာတက်ချိန်ကိ ပိုမိုကြာရှည်စေတာဖြစ်ပြီး အိမ်သာတက်နေတာကို မေ့လျော့သွားစေနိုင်တဲ့အထိတောင် ဖြစ်သွားစေနိုင်ပါသေးတယ်။
ဒီလိုမျိုး အိမ်သာထဲမှာ အချိန်ကြာကြာဖြုန်းတတ်သူတွေ ရေရှည်မှာ ကျန်းမာရေးမထိခိုက်ရအောင် Amazon ကနေ Toilet Timer ဆိုတဲ့ ပစ္စည်းတမျိုးကို ထုတ်လုပ်လိုက်ပြီပဲ ဖြစ်ပါတယ်။ ဒီ Toilet Timer ဟာဆိုရင်တော့ သဲနာရီပုံစံအတိုင်း နမူနာယူ ထုတ်လုပ်ထားတာဖြစ်ပြီး ၅ မိနစ်တခါ အချိန်မှတ်ပေးသွားမှာပါ။
Toilet Timer ထဲမှာပါတဲ့ အမှုန်လေးတွေက အချိန် ၅ မိနစ်ပြည့်တာနဲ့ ကုန်သွားမှာမျိုးဖြစ်ပြီး အိမ်သာတက်နေသူအနေနဲ့ ဒီအမှုန်လေးတွေ ကုန်သွားပြီဆိုတာနဲ့ အိမ်သာတက်နေတာ အချိန် ၅ မိနစ်ကြာပြီဆိုတာကို သိနိုင်မှာ ဖြစ်ပါတယ်။
ဒီ Toilet Timer ဟာဆိုရင်တော့ ၂၀၁၈ ခုနှစ်လောက်တည်းက ထုတ်လုပ်ရောင်းချခဲ့တဲ့ ပစ္စည်းတမျိုးဖြစ်ပြီး လက်ရှိအချိန်မှာတော့ ဝယ်လိုအားများနေတဲ့ ပစ္စည်းတခုလည်း ဖြစ်ပါတယ်။ ဈေးနှုန်းအားဖြင့် ၁၅ ဒေါ်လာဝန်းကျင် ခန့်သာ ရှိတဲ့အတွက်ကြောင့်လည်း လူတိုင်းနီးပါး ဝယ်ယူအသုံးပြုနိုင်တဲ့ ပစ္စည်းဖြစ်ပြီး အခုနောက်ဆုံးအနေနဲ့ ဒေါ်နယ်ထရန့် အိမ်သာတက်နေတဲ့ပုံနဲ့ Trump Edition ဆိုပြီး ထပ်မံထုတ်လုပ်ထားတာဖြစ်ပါတယ်။
နေ့စဉ်ဘဝမှာ လွယ်ကူမှုရှိစေဖို့ အလွယ်သုံး ပေါ့ပေါ့ပါးပါး ပစ္စည်းလေးတွေ ထုတ်လုပ်တဲ့ Katamco ကုမ္ပဏီကနေ Toilet Timer ကို ထုတ်လုပ်ခဲ့တာဖြစ်ပြီး လက်ဆောင်ပစ္စည်းအနေနဲ့ပါ ဝယ်ယူအားပေးမှုတွေရှိနေတာဖြစ်ပါတယ်။
“အမျိုးသမီးတော်တော်များများက သူတို့ရဲ့ အဖေတွေ၊ ခင်ပွန်းတွေအတွက် ခရစ်စမတ်လက်ဆောင်အနေနဲ့ရော မွေးနေ့လက်ဆောင်အဖြစ်ပါ Toilet Timer ကို ဝယ်ယူလက်ဆောင်ပေးနေကြတာပါ။ ဒါလေးမြင်တာနဲ့ အရင်ဆုံး ရယ်ချင်သွားမှာဖြစ်ပြီး နောက်ကျမှ သူ့ရဲ့အသုံးဝင်ပုံကို သိလာရမှာဖြစ်ပါတယ်” ကုမ္ပဏီက တာဝန်ရှိသူတဦးက ဆိုပါတယ်။
Ref. www.boredpanda.com
You may also like these stories:
တရုတ်အမျိုးသမီးတွေကြား ရေပန်းစားနေတဲ့ Headphone Wire Waist Challenge
ကင်ဆာရောဂါသည် အမျိုးသမီးတွေရဲ့ ခေါင်းမှာ Henna Crowns ရေးဆွဲပေးတဲ့ အနုပညာရှင်
ကိုရိုနာဗိုင်းရပ်စ်ကြောင့် လက်ဆွဲ နှုတ်ဆက်တဲ့ အပြုအမူကို တားမြစ်လိုက်တဲ့ နိုင်ငံများ