• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Trend

တောင်ကိုရီးယားမှာ ကျန်းမာရေးဝန်ထမ်းများအား ဒရုန်းလွှတ်တင်ပြီး ဂုဏ်ပြု

by Aurora
9 July 2020
in Trend
A A
မြို့တော် ဆိုးလ်ရှိ ဟန်မြစ်ပေါ်က ညဘက်ကောင်းကင်ယံမှာ ၁၀ မိနစ်ကြာ Lighting Show ကို ဒရုန်းတွေ လွှတ်တင်ပြီး ဂုဏ်ပြုပေးခဲ့ပါတယ်။

မြို့တော် ဆိုးလ်ရှိ ဟန်မြစ်ပေါ်က ညဘက်ကောင်းကင်ယံမှာ ၁၀ မိနစ်ကြာ Lighting Show ကို ဒရုန်းတွေ လွှတ်တင်ပြီး ဂုဏ်ပြုပေးခဲ့ပါတယ်။

5.1k
VIEWS
Share on FacebookShare on Twitter

တောင်ကိုရီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကို ရှေ့တန်းကနေ အချိန်ပြည့် ကာကွယ်ကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများအား ကျေးဇူးတင်တဲ့အနေနဲ့ အစိုးရက ဒရုန်း အစင်း ၃၀၀ လွှတ်တင်ပြီး ဂုဏ်ပြုပေးခဲ့ပါတယ်။

Land Infrastructure and Transport ဝန်ကြီးဌာနကနေ ဇူလိုင် ၄ ရက် တောင်ကိုရီးယားနိုင်ငံ၊ မြို့တော် ဆိုးလ်ရှိ ဟန်မြစ်ပေါ်က ညဘက်ကောင်းကင်ယံမှာ ၁၀ မိနစ်ကြာ Lighting Show ကို ဒရုန်းတွေ လွှတ်တင်ပြီး ဂုဏ်ပြုပေးခဲ့ပါတယ်။

ဒရုန်းတွေကို သုံးပြီး လက်ဆေးနေပုံ၊ အကာအကွယ် နှာခေါင်းစည်း Mask တပ်နေပုံနဲ့ တယောက်နဲ့ တ ယောက် Social distancing အရ ခပ်ခွာခွာနေပုံတို့ကို ကျန်းမာရေးဝန်ထမ်းတွေအတွက် ရည်စူး ပုံဖော်ပြသွားခဲ့ပါတယ်။ Lighting Show လုပ်မယ့် ဟန်မြစ်ကမ်းဘေးမှာ လူစုလူဝေးဖြစ်မှာ စိုးရိမ်တာကြောင့် ပြုလုပ်မယ့် အချိန်ကို အတိအကျ ထုတ်ပြန် ကြေညာခဲ့ခြင်း မရှိပါဘူး။

နိုင်ငံတွင်းမှာတော့ COVID-19 ကူးစက်မှုတွေကို လူထုကြား သတိမူမိအောင် ပြုလုပ်နေပေမယ့် အစုလိုက် အပြုံလိုက် ကူးစက်မှုအသစ်တွေ ရှိနေဆဲပါ။

စနေနေ့က တောင်ကိုရီးယားမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအသစ် ၆၃ မှုရှိခဲ့ပြီး ဒီထဲက ၃၆ မှုက ပြည်တွင်းကူးစက်မှုဖြစ်ကာ ၂၇ မှုကတော့ ပြည်ပကပြန်လာသူတွေဖြစ်တယ်လို့ ကိုရီးယားနိုင်ငံကူးစက်ရောဂါ စောင့်ကြည့်ကာကွယ်ရေးစင်တာရဲ့ လက်ထောက်ဒါရိုက်တာ Kwon Joon Wook က ဆိုပါတယ်။

အများအပြား ကူးစက်မှုတွေထဲက ၂၅ မှုဟာ Uijeongbu က တိုက်ခန်းတခုနဲ့ ဆက်စပ်နေသလို ၁၆ မှုကတော့ အိမ်ရာ တခုရှိ ရုံတွင်းအားကစားခန်းမ တခုတည်းကို သွားရောက်ခဲ့သူတွေ ကူးစက်ခံခဲ့ရတာပါ။ ကူးစက်မှု ၆၁ မှုက Gwangju က ဗုဒ္ဓဘာသာဘုရားကျောင်းတခုကနေ ကူးစက်ခံခဲ့ရသလို၊ ၂၄ မှုကတော့ Anyang မှာရှိတဲ့ ခရစ်ယာန်ဘုရားရှိခိုးကျောင်းကနေ ကူးစက်ခံခဲ့ကြတာ ဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံ ကူးစက်ရောဂါစုံစမ်းရေးအဖွဲ့က Gwangju မြို့မှာ ကူးစက်နေတဲ့ အသွင်ပြောင်းလာတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ အရင်ကူးစက်မှုတွေ စတင်ခဲ့တဲ့ Daegu နဲ့ မြောက်ပိုင်း Gyeongsang ပြည်နယ်တွေမှာ ပျံ့နှံ့ခဲ့တဲ့ ဗိုင်းရပ်စ်ထက် လျင်မြန်စွာ ကူးစက်နိုင်တာကို တွေ့ရှိခဲ့ကြပါတယ်။

လက်ရှိအချိန်မှာတော့ တောင်ကိုရီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၃,၂၄၄ ဦးရှိပြီး ၂၈၅ ဦးသေဆုံးခဲ့ပါတယ်။ Quarantine ဝင်နေသူထဲက ၁၁,၉၇၀ ဦးက စောင့်ကြည့်ကာလ ပြီးဆုံးသွားခဲ့ပြီး ၉၈၉ ဦးကို စောင့်ကြည့်နေဆဲလို့ ကူးစက်ရောဂါ စောင့်ကြည့်ကာကွယ်ရေးစင်တာက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Ref: edition.cnn

You may also like these stories:

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
124
သဇင်ပန်း

သဇင်ပန်း

10 January 2026
134
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
311

ဥပဒေသစ်ကြောင့် ဟောင်ကောင်မှာ Tiktok နဲ့ Zoom သုံးစွဲမှု ရုပ်သိမ်း

ထိုင်းမှာ တရက်ကို Mask ၄ သန်းကျော် ထုတ်

ဘရာဇီးသမ္မတ COVID-19 ကူးစက်ခံရ

Your Thoughts …
Tags: COVID-19ကူးစက်မှုတောင်ကိုရီးယားဒရုန်း
Aurora

Aurora

Contributor

Similar Picks:

မန္တလေး နန်းတွင်းအပါအဝင် စစ်ကောင်စီ နေရာ ၅ ခု တပြိုင်နက် တိုက်ခိုက်ခံရ

မန္တလေး နန်းတွင်းအပါအဝင် စစ်ကောင်စီ နေရာ ၅ ခု တပြိုင်နက် တိုက်ခိုက်ခံရ

by ဧရာဝတီ
21 December 2023
14k

ရွှေပြည်စိုးစစ်ဆင်ရေး အရှိန်မြင့်လာသည်နှင့်အမျှ ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် သက်ဆိုင်သော နေရာများ၊ ပျော်ပွဲရွှင်ပွဲများသို့ မလိုအပ်ဘဲ သွားလာခြင်း မပြုကြရန်နှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၊ လက်အောက်ခံ Non CDM များအနေဖြင့် ပြည်သူနှင့်အတူ အမြန်ဆုံး ရပ်တည်ကြရန်

ကရင်နီထိုးစစ်မှာ စစ်တပ်ကို ရုရှားပညာရှင်တွေ ကူနေသလား

ကရင်နီထိုးစစ်မှာ စစ်တပ်ကို ရုရှားပညာရှင်တွေ ကူနေသလား

by စောလွင်
21 November 2024
13.8k

ရှမ်းပြည်နယ်တောင်ပိုင်းမှ ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် စစ်ကြောင်း ထိုးရာတွင် ရုရှားပညာရှင်များကူညီနေသည့် သတင်းများကြားနေရကြောင်း

မြောက်ကိုရီးယား လုပ်ကြံရေးသမားကို ဖမ်းဆီးခဲ့သည့် အမေ့ခံ ဒေါ်ဓားစန်းရီ

မြောက်ကိုရီးယား လုပ်ကြံရေးသမားကို ဖမ်းဆီးခဲ့သည့် အမေ့ခံ ဒေါ်ဓားစန်းရီ

by ဧရာဝတီ
11 October 2023
10k

"သူ့ရဲ့ ဘယ်လက် ပြတ်သွားတယ်။ ညာဘက်လက်မှာ လက်ချောင်း လေးချောင်းပြတ်ပြီး လက်မပဲ ကျန်တော့တယ်" ဟု ဒေါ်ဓားစန်းရီက ပြောသည်။

ဗန်းမော်ကို KIA ဘာကြောင့် မသိမ်းနိုင်သေးလဲ

ဗန်းမော်ကို KIA ဘာကြောင့် မသိမ်းနိုင်သေးလဲ

by ဧရာဝတီ
7 May 2025
9.5k

ဗန်းမော်စစ်မျက်နှာသို့ စစ်ကောင်စီ စစ်ကူများ ရောက်လာခြင်းနှင့် ပတ်သက်၍ စစ်ရေးသုံးသပ်ချက်များ ပြုလုပ်နေသည့် CDM ဗိုလ်ကြီး ဇင်ယော်က ရဟတ်ယာဉ် သုံးစီးတိုက် အင်အားသည် KIA တပ်ပေါင်းစု၏ အသားစီးရနေမှုကို တိုက်ပွဲ ပြောင်းလဲမသွားန်ိုင်သော်လည်း စစ်ကူလမ်းကြောင်း ပွင့်သွားခြင်း၊...

ဒု စစ်ခေါင်းဆောင် ရောက်နေချိန် ရတခ ဒရုန်းဖြင့် တိုက်ခိုက်ခံရ

ဒု စစ်ခေါင်းဆောင် ရောက်နေချိန် ရတခ ဒရုန်းဖြင့် တိုက်ခိုက်ခံရ

by မိအိသဉ္ဇာမြင့်
9 April 2024
9k

ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် တောင်ပိုင်းစစ်မျက်နှာပြင်ဖြစ်သော မြဝတီ၊ သင်္ဃန်းညီနောင်၊ ကော့ကရိတ် စစ်ဆင်ရေးများကို အနီးကပ် ကွပ်ကဲရန် ရောက်နေခြင်းဖြစ်ပြီး ယနေ့ထိ ရှိနေဆဲဖြစ်သည်ဟု အတည်ပြုနိုင်ကြောင်း

တောင်ကိုရီးယားက မြန်မာသံရုံး ငွေကြေးအရှုပ်တော်ပုံ

တောင်ကိုရီးယားက မြန်မာသံရုံး ငွေကြေးအရှုပ်တော်ပုံ

by ဧရာဝတီ
19 July 2025
7.6k

တောင်ကိုရီးယားနိုင်ငံရှိ စစ်ကောင်စီသံရုံးတွင် ငလျင်ဘေးအတွက် ကိုရီးယားနိုင်ငံအတွင်း လှူဒါန်းငွေများ အပါအဝင် အမေရိကန်ဒေါ်လာ ၇ သိန်းကျော် အလွဲသုံးစားပြုလုပ်ခဲ့သူ သံရုံးဝန်ထမ်း မနှင်းဦးလှိုင်ကို နေပြည်တော်၌ ဖမ်းဆီးထား ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် နီးစပ်သူတဦးက ပြောသည်။

Next Post
အမေရိကန်နိုင်ငံဟာ ကမ္ဘာမှာ ကိုဗစ် ကူးစက်မှုနှုန်းအများဆုံးနိုင်ငံဖြစ်သလို သေဆုံးသူ အရေအတွက် အများဆုံးနိုင်ငံလည်း ဖြစ်တယ်လို့ သိရပါတယ်။

အမေရိကန်မှာ ကိုဗစ် ကူးစက်ခံရသူ ၃ သန်း ကျော်ပြီ

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် မဲပေးနေသူများ / ဧရာဝတီ

ပြည်ပရောက်နေသူများ မဲပေးခွင့် မဆုံးရှုံးရေး စနစ် ပြောင်းဖို့လိုဟုဆို

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.7k
ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

1 hour ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved