Trend

အင်ဒိုနီးရှားမှာ ကိုဗစ် ကူးစက်သူ ၁ သိန်းကျော်အထိရှိလာ

Want create site? Find Free WordPress Themes and plugins.

အင်ဒိုနီးရှားနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေ ပြန်လည် လုပ်ကိုင်ခွင့်ပြုခဲ့ပြီး COVID-19 စည်းကမ်းတွေ ကို ပြန်ဖြေလျှော့ပေးပြီးတဲ့နောက်ပိုင်း ကူးစက်သူ အရေအတွက် ပိုမိုများပြားလာခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ကူးစက်ခံရသူ ၁ သိန်းကျော် ရှိသွားပြီဖြစ်တဲ့အတွက် အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုကလည်း ကူးစက်မှု မြင့်မားနေတဲ့ ပြည်နယ် ၈ ပြည်နယ်ကို ရောဂါထိန်းချုပ်ဖို့ အာရုံစိုက်စေလိုကြောင်း ကျန်းမာရေးဝန်ထမ်းတွေကို ပြောကြားခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း အင်ဒိုနီးရှားနိုင်ငံမှာ ကူးစက်လူနာသစ် ၁,၅၂၅ ယောက် တွေ့ရှိခဲ့တဲ့အတွက် ကူးစက်လူနာပေါင်း ၁၀၀,၃၀၃ ယောက်အထိ ရှိနေပြီး ၄၈၃၃ ယောက် သေဆုံးခဲ့ပါတယ်။

အာရှနိုင်ငံတွေထဲမှာတော့ အိန္ဒိယနိုင်ငံက ကူးစက်သူ အရေအတွက် အများဆုံးနိုင်ငံဖြစ်နေပြီး အင်ဒိုနီးရှားနိုင်ငံက အဆင့် ၉ နေရာမှာ ရှိနေပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာတော့ အင်ဒိုနီးရှား  နိုင်ငံက ကူးစက်မှု အများဆုံးနိုင်ငံလည်း ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း အင်ဒိုနီးရှားနိုင်ငံမှာ COVID-19 ကြောင့် လူပေါင်း ၅၇ ယောက် သေဆုံးခဲ့ရပါတယ်။

မေလကုန်ပိုင်းလောက်ကစပြီး ဂျကာတာနဲ့ ဆူရာဘရာမြို့အပါအဝင် တခြားမြို့နဲ့ ပြည်နယ်တွေမှာ လည်း ကူးစက်မှုနှုန်းက ၄ ဆနီးပါး မြင့်တက်လာခဲ့ပါတယ်။ ဒီလို မြင့်တက်လာရတဲ့အကြောင်းက လည်း ဇွန်လအစောပိုင်းလောက်ကစပြီး ကန့်သတ်မှုတွေကို ပြန်လည် ဖြေလျှော့ပေးခဲ့တဲ့အတွက် ဖြစ်ပါတယ်။

သမ္မတ ဂျိုကိုဝီဒိုဒိုကလည်း COVID-19 ကပ်ရောဂါဆိုးက ၁၉၉၀ ခုနှစ် အာရှ စီးပွားရေးအကျပ်အတည်းကာလ နောက်ပိုင်း အဆိုးဆုံးအခြေအနေကို ရောက်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ COVID-19 စတင်ပြန့်ပွားလာပြီးနောက်ပိုင်း လူသန်းနဲ့ချီပြီး အလုပ်လက်မဲ့ဖြစ်ခဲ့ ရသလို ဆင်းရဲနွမ်းပါးမှု ဘေးအန္တရာယ်ကိုလည်း ရင်ဆိုင်နေရပါတယ်။ အင်ဒိုနီးရှား အစိုးရအနေနဲ့ ကူးစက်လူနာသစ်တွေ ထပ်တိုးလာနေပေမယ့် စီးပွားရေးလုပ်ငန်းနဲ့ ခရီးသွားလုပ်ငန်းတွေကို ပြန်လည်စတင်ဖို့ ဆောင်ရွက်နေပါတယ်။

ဘာလီ ခရီးသွားလုပ်ငန်းကနေ ဝင်ငွေများစွာ ရရှိတဲ့အတွက်ကြောင့်လည်း မကြာခင် ရက်ပိုင်းအတွင်း ဘာလီ ခရီးသွားလုပ်ငန်းတွေကို ပြန်လည် ဆောင်ရွက်နိုင်ဖို့  ပြင်ဆင်နေပါတယ်။ ဇူလိုင်လအစောပိုင်းကတည်းက ပြည်တွင်းခရီးသွားတွေ ဘာလီကျွန်းကို လာရောက် လည်ပတ်ဖို့ ခွင့်ပြုထားပေမယ့် မကြာခင်အချိန်အတွင်း နိုင်ငံတကာ ခရီးသွားတွေကို ပြန်လည် လက်ခံဖို့ ဆောင်ရွက်နေပါတယ်။

Ref: bloomberg

You may also like these stories:

ဗီယက်နမ်မှာ ကိုဗစ် ပြည်တွင်း ကူးစက်မှု ပြန်တွေ့

တိုကျိုမှာ ကိုဗစ် ကူးစက်သူ တိုးလာတာကြောင့် အိမ်မှာနေကြဖို့ တိုက်တွန်း

COVID-19 ကူးစက်မှုကို ရပ်တန့်နိုင်တဲ့ နည်းလမ်း ၃ ခု

Did you find apk for android? You can find new Free Android Games and apps.
Loading