• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Ethnic Issues

ချင်းအမျိုးသား ညီလာခံကျင်းပရန် ချင်းပါတီ ၅ ခု ဆွေးနွေးကြမည်

by ကြယ်ပြာ
2 May 2013
in Ethnic Issues
A A
ချင်းအမျိုးသား ညီလာခံကျင်းပရန် ချင်းပါတီ ၅ ခု ဆွေးနွေးကြမည်

ယခုနှစ် ဇန်နဝါရီလက ချင်းအမျိုးသားတပ်ဦးမှ ကိုယ်စားလှယ်များ ငြိမ်းချမ်းရေးဆွေးနွေးရန် ဟားခါးမြို့သို့အသွား ထန်တလန်မြို့နယ်သို့ ရောက်ရှိလာစဉ် (ဓာတ်ပုံ – Chinland Guardian)

4.4k
VIEWS
Share on FacebookShare on Twitter

ချင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ ချင်းနိုင်ငံရေး အသိုင်းအဝိုင်းနှင့် ပါတီများပါဝင်သော အမျိုးသားညီလာခံ တရပ် ကျင်းပရန်အတွက် ချင်းပါတီ ၅ ခုက မေ ၃ ရက်နေ့တွင် ပထမဆုံး အကြိမ်အဖြစ် အကြိုညှိနှိုင်း ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။

ချင်းအမျိုးသားပါတီ၊ ချင်းပြည်သူ့ပါတီ၊ ဇိုမီးအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (ဇိုမီးချင်းပါတီ)၊ တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် အရှိုချင်းအမျိုးသားပါတီ စသည့် ပါတီ ၅ ခုသည် ရန်ကုန် တော်ဝင်နှင်းဆီခန်းမတွင် တွေ့ဆုံကြမည် ဖြစ်သည်။

“အပစ်အခတ် ရပ်စဲရေးတွေသာမက နိုင်ငံရေး ဆွေးနွေးပွဲအဆင့်အထိ လုပ်လာတဲ့အခါမှာ ချင်းလူမျိုးတွေ အနေနဲ့ စိတ်ဝမ်းကွဲတာတွေ မဖြစ်ဘဲ တထပ်တည်း ကျနိုင်ဖို့ ဒီညီလာခံကိုလုပ်မှာပါ” ဟု ချင်းအမျိုးသားပါတီမှ အထွေထွေ အတွင်းရေးမှူး ဆလိုင်းကျဲဘစ်ထောင်းက ဧရာဝတီသို့ ပြောသည်။

ညီလာခံ၌ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အကြားတွင် အပစ်အခတ် ရပ်စဲရေးထက် မြင့်မားသော နိုင်ငံရေး အဆင့်အထိ ဆွေးနွေးရာ၌ ပါတီများဘက်က အဓိကထား ဆွေးနွေးသင့်သည့် အကြောင်းအရာများကို ညှိနှိုင်း သွားမည် ဖြစ်ကြောင်းနှင့် ချင်းပြည်နယ်၏ ဆင်းရဲမွဲတေမှု အခြေအနေများ၊ လက်ရှိပေါ်ပေါက်နေသော ပြဿနာများအားလည်း ဆွေးနွေးသွားကြမည်ဟု အထွေထွေအတွင်းရေးမှူးက ဆိုသည်။

ယခုကျင်းပမည့် တွေ့ဆုံပွဲတွင် ချင်းလက်နက်ကိုင် အဖွဲ့တခုဖြစ်သော ချင်းအမျိုးသားတပ်ဦး (CNF) ပါဝင်ရန် မရှိသေးကြောင်း၊ ပြည်နယ် အသီးသီးက တိုင်းရင်းသားများ အနေဖြင့်လည်း ချင်းအမျိုးသား ညီလာခံကဲ့သို့ ပြုလုပ်ရန် ကြိုးပမ်းနေကြကြောင်းနှင့် လူမျိုးစု ညီလာခံများ ပြီးဆုံးသွားပါက တနိုင်ငံလုံးမှ တိုင်းရင်းသားများ စုပေါင်း၍ တိုင်းရင်းသားပေါင်းစုံ ညီလာခံကြီး တခု ပြုလုပ်ကျင်းပရန်လည်း အစီအစဉ် ရှိကြောင်း သိရသည်။

“ဒီညီလာခံကနေ ချင်းလူမျိုးစုလက်ခံနိုင်တဲ့ ဘုံရပ်တည်ချက် တခုကို ရအောင်လုပ်မှာပါ၊ တောင်းဆိုမှုတွေ လုပ်တဲ့အခါမှာ တယောက်တပေါက် မဖြစ်ရအောင် ဒီရပ်တည်ချက်နဲ့သွားမယ်” ဟု အရှိုချင်း အမျိုးသားပါတီမှ အထွေထွေအတွင်းရေးမှူး ဆလိုင်းအောင်မင်းလှိုင်က ပြောသည်။

အရှိုချင်းပါတီ အထွေထွေအတွင်းရေးမှူးက လက်ရှိတွင် ချင်းပါတီများ အနေဖြင့် အချင်းချင်း စိတ်ဝမ်းကွဲပြားမှု အလွန်နည်းပြီး ပါတီလုပ်ငန်းစဉ်နှင့် ပတ်သက်၍ လုပ်နည်းလုပ်ဟန် ကွဲပြားခြင်း မျိုးသာ ရှိကြောင်း ဆိုသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
2
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
5
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
11

ချင်းပါတီများထဲတွင် ချင်းအမျိုးသားပါတီနှင့် ချင်းပြည်သူ့ပါတီတို့က ပါတီတခုတည်းအဖြစ် ပေါင်းစည်းရန် သဘော တူညီမှု ရရှိခဲ့ကြောင်း ၂၀၁၂ ခုနှစ်ကတည်းက ထုတ်ဖော် ပြောကြားခဲ့ပြီး ယခုနှစ် ဧပြီလ ၂၉ ရက်နေ့က ကျင်းပသည့် ပါတီနှစ်ခု အစည်းအဝေး ပွဲတွင် ပါတီသစ်၏ နာမည်ကို ယာယီအားဖြင့် သတ်မှတ်နိုင်ခဲ့ကြောင်း၊ ပေါင်းစည်းမည့် ပါတီအသစ်၏ အမည်ကို “ချင်းအမျိုးသား တိုးတက်ရေးပါတီ” ဟု ပေးထားပြီး ယာယီသဘော တူညီချက် ၆ ချက် ရထားကြောင်းနှင့် ပါတီသစ်နာမည်အား ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြ၍ ပါတီသစ်၏ ခေါင်းဆောင်များကို ပါတီနှစ်ခု အတွင်းမှနေ၍ အများဆန္ဒဖြင့် ရွေးချယ် တင်မြှောက်သွားမည်ဖြစ်ကြောင်း သိရသည်။

“ပါတီကို ဖျက်သိမ်းတာက ရတယ်၊ ဒါပေမယ့် ပါတီနှစ်ခုပေါင်းတဲ့ နည်းဥပဒေကို ပြန်လည်ပြင်ဆင်ရမယ့် အပိုင်းတွေ ရှိနေလို့ ဒီပေါင်းစည်းရေးကို အလျင်စလို မလုပ်ဖို့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ကျနော့်ကို ပြောထားပါတယ်” ဟု ချင်းပြည်သူ့ပါတီ၏ အထွေထွေအတွင်းရေးမှူး ဦးသိုက်ထွန်းက ပြောသည်။

လက်ရှိကာလတွင် ချင်းပြည်နယ် တောင်ပိုင်းရှိ မင်းတပ်မြို့၊ မတူပီမြို့၊ ကန်ပက်လက် မြို့နယ်များ အပါအဝင် နေရာအနှံ့တွင် ရေရှားပါးမှုများ ကြုံတွေ့နေရကြောင်း နှင့် မတူပီမြို့တွင်သာ အစိုးရငွေဖြင့် ရေပေးဝေရေး လုပ်ငန်းများ လုပ်ဆောင်နေကြောင်း သိရသည်။

Your Thoughts …
Tags: Chin State
ကြယ်ပြာ

ကြယ်ပြာ

ဧရာဝတီ

Similar Picks:

နာဂသည် ချင်းမဟုတ်

နာဂသည် ချင်းမဟုတ်

by ထက်နိုင်ဇော်
12 March 2013
3.6k

နာဂလူမျိုးများကို ချင်းလူမျိုးများ ထဲတွင် ထည့်သွင်း ဖော်ပြမှုသည် တိုင်းရင်းသား စည်းလုံး ညီညတ်မှုကို ထိခိုက်စေနိုင်သည်ဟု နာဂလူမျိုးများနှင့် ဆိုင်သော အဖွဲ့အစည်း ၅ ခုက သဘောထားကြေညာချက် ထုတ်ပြန်လိုက်သည်။

မြေလတ်ဒေသမှသည် အနောက်ဘက် တောင်တန်းများဆီသို့

မြေလတ်ဒေသမှသည် အနောက်ဘက် တောင်တန်းများဆီသို့

by မြတ်စုမွန်
19 June 2013
5.5k

ဆပ်ပြာခွက်ကို ဘီးတပ်ထား သည့်ပုံစံ ကားပြားပြားကလေးဖြင့် ပခုက္ကူမှ မင်းတပ်မြို့သို့ သွားသည့် လမ်းမှာ စတင် ဖြတ်သန်း ရသည့် ပုံတောင်ပုံညာ မြင်ကွင်းများက အသိစိတ်တွင် စွဲထင်နေသည်

နှလုံးသားပုံ ရိ(ဒ်) ရေကန် (သို့မဟုတ်) ချင်းတောင်တန်းပေါ်က အံ့ဖွယ်အလှတရား

နှလုံးသားပုံ ရိ(ဒ်) ရေကန် (သို့မဟုတ်) ချင်းတောင်တန်းပေါ်က အံ့ဖွယ်အလှတရား

by ကျော်ခ
3 February 2015
18.3k

ရေကန်ကြီးရဲ့ အသည်းနှလုံးပုံ အလှတရားကို တိုက်စားပျက်စီး မသွားအောင် ထိန်းသိမ်း ပေးနေတဲ့ စည်းရိုးနဲ့လည်း တူနေပြန်ပါတယ်။ အဲဒီ မိုးမခပင်တွေကို ဒေသခံတွေ ကတော့ သူတို့ရဲ့ ယုံကြည်မှုအရ “ဝိညာဉ်ခြံစည်းရိုး” လို့ တင်စားခေါ်ဝေါ်ကြ ပါတယ်။

မြွေတောင်ဖားတောင် စီမံကိန်း စတင်မည်ကို တီးတိန် ဒေသခံများ စိုးရိမ်နေ

မြွေတောင်ဖားတောင် စီမံကိန်း စတင်မည်ကို တီးတိန် ဒေသခံများ စိုးရိမ်နေ

by နန်းဆိုင်နွမ်
16 September 2013
2.2k

စီမံကိန်းကြောင့် သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုရေးများ ပျက်စီးသွားမည် ဖြစ်ကြောင်းနှင့် လက်ပံတောင်းတောင် စီမံကိန်း ပဋိပက္ခဖြစ်ပွားမှုမျိုး ကြုံတွေ့ရမည်ကို စိုးရိမ်နေကြကြောင်း

ချင်း ခရစ်ယာန်များ ဖိနှိပ်ခံနေရ

ချင်း ခရစ်ယာန်များ ဖိနှိပ်ခံနေရ

by လင်းသန့်
6 September 2012
6.3k

“သာသနာရေးဝန်ကြီးဌာန အမိန့်နဲ့ လက်ဝါးကပ်တိုင် အကြီးကြီးတွေ ဖြိုချဖျက်ဆီးတာ အားလုံး ၁၃ ကြိမ် ရှိတယ်။ အဲဒီအထဲက သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာ ဖြစ်တာ ၄ ကြိမ် ရှိတယ်”

ရေခန်းလာသော ချင်းတောင်တန်း

ရေခန်းလာသော ချင်းတောင်တန်း

by မြတ်စုမွန်
7 May 2013
9.2k

ချင်းပြည်နယ်ကို သဘာဝ ခရီးသွားလုပ်ငန်း အခြေခံကာ ဖွံ့ဖြိုးအောင်ပြုလုပ်မည် ဆိုသည့် နိုင်ငံတော် စီမံချက်သည်လည်း ရေရှားပါးမှုဖြစ်နေလျှင် အကောင်အထည်ဖော်ရန် ခက်ခဲစေမည့် အဓိက အချက်ပင်ဖြစ်သည်။

Next Post

ဖားကန့်ရှိ မွတ်စလင် ဆိုင်တချို့ ဖျက်ဆီးခံရ

ဒေသခံတွေအရေး မျက်ကွယ်ပြုရင် စီမံကိန်းတွေ ရပ်ဆိုင်းရမယ်

ဒေသခံတွေအရေး မျက်ကွယ်ပြုရင် စီမံကိန်းတွေ ရပ်ဆိုင်းရမယ်

Please login to join discussion
No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

8 hours ago
2.9k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.5k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved