• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဗုဒ္ဓဂယာ ဗုံးကွဲမှုကြောင့် ရွှေတိဂုံနှင့် မန္တလေး မဟာမြတ်မုနိဘုရား လုံခြုံရေး တိုးမြှင့်ပြီ

by ထက်နိုင်ဇော်
9 July 2013
in သတင်း
A A
ဗုဒ္ဓဂယာ ဗုံးကွဲမှုကြောင့် ရွှေတိဂုံနှင့် မန္တလေး မဟာမြတ်မုနိဘုရား လုံခြုံရေး တိုးမြှင့်ပြီ

မန္တလေးမြို့ရှိ မဟာမြတ်မုနိဘုရားကို တွေ့ရစဉ် (ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ)

4.2k
VIEWS
Share on FacebookShare on Twitter

ဗုဒ္ဓဘာသာဝင် တို့၏ အထွဋ်အမြတ်ထားရာ ဂေါတမမြတ်စွာဘုရားရှင် ပွင့်တော်မူခဲ့သော အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာတွင် ဇူလိုင်လ ၇ ရက်နေ့က ဗုံးပေါက်ကွဲခဲ့မှုကြောင့် ရန်ကုန်ရှိ ရွှေတိဂုံစေတီတော်နှင့် မန္တလေးမြို့ရှိ မဟာမြတ်မုနိ ဘုရားကြီးတို့တွင် လုံခြုံရေး အထူးတိုးမြှင့် ချထားလိုက်ကြောင်း သတင်းရရှိသည်။

ဗုဒ္ဓဂယာ ဗုံးခွဲ တိုက်ခိုက်ခံရမှုသည်  ဗုဒ္ဓဘာသာဝင်များ၏ အထွဋ်အမြတ်ထားရာ နေရာများကို အဓိက ဦးတည်သော ပထမဦးဆုံးအကြိမ် အကြမ်းဖက်မှုဟု ယူဆရသဖြင့် မြန်မာနိုင်ငံရှိ တန်ခိုးကြီးဘုရား၊ စေတီပုထိုးများတွင် လုံခြုံရေး တိုးမြှင့်လိုက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ရန်ကုန်မြို့ရှိ တန်ခိုးကြီး ရွှေတိဂုံ စေတီတော်တွင် ဘုရားလုံခြုံရေး ဝန်ထမ်း ၂၀၄ ဦးရှိပြီး လုံခြုံရေး အစီအမံများ အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်လျှက်ရှိကြောင်း၊ ဘုရား လုံခြုံရေး အဖွဲ့ဝင်များ ယခင် ၂ ရက် အလုပ်ဆင်း၊ တရက်အနားပေးသည့် စနစ်မှ တရက်အလုပ်ဆင်း၊ တရက်အလုပ်နား စနစ်သို့ ပြောင်းလဲပြီး လုံခြုံရေး အင်အား တိုးမြှင့်ထား ကြောင်း၊ ရွှေတိဂုံ စေတီတော်ကြီး အထိအခိုက် မရှိစေရန် လုံခြုံရေးကို သိသိသာသာ တိုးမြှင့်ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကပါ ပူးပေါင်း၍ လုံခြုံရေး ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း ရွှေတိဂုံ စေတီတော် ဂေါပကအဖွဲ့၏ ရုံးအဖွဲ့မှူး ဦးဝင်းကြိုင်က ပြောသည်။

“ကျနော်တို့ အဆင့်နဲ့ မရတော့တဲ့အတွက် ကျနော်တို့ထက်အဆင့်မြင့်တဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကနေ လာပြီးတော့ လုပ်ပေး နေတာပေါ့။ လုံခြုံရေးအင်အား တိုးမြှင့်ပြီးတော့ ဆောင်ရွက်နေတယ်။ ကျနော်တို့ ဘုရားလုံခြုံရေး ဝန်ထမ်းတွေက ရဲတပ်ဖွဲ့ အောက်ကို ရောက်သွားတယ်။ ရဲတပ်ဖွဲ့နဲ့ ပေါင်းလုပ်တာပါ” ဟု ဦးဝင်းကြိုင်က ရှင်းပြသည်။

လုံခြုံရေး တိုးမြှင့် ဆောင်ရွက်လျှက်ရှိရာတွင် အဓိကအားဖြင့် ဘုရားဖူး လာရောက်သူများ၏ အိတ်များကိုလည်း ယခင်က ထက် ပိုမို အရေးတယူ စစ်ဆေးလျက်ရှိပြီး လှိုင်သာယာ ရဲတပ်ရင်း ၉ မှ ရဲတပ်ဖွဲ့ဝင်များကို အရပ်ဝတ် လုံခြုံရေး ပုံစံဖြင့် ရွှေတိဂုံ စေတီတော်တွင် ဖြန့်ကျက် ချထားကြောင်း ရဲတပ်ဖွဲ့ဝင်များထံမှ သိရှိရသည်။

“ကျနော်တို့ ရဲတပ်ရင်း ၉ က လူအင်အား တော်တော်များများ ဒီကို ရောက်နေတယ်။ အထက်က ညွှန်ကြားလို့ ဒီမှာလုံခြုံရေး စောင့်နေရတာပါ” ဟု ရွှေတိဂုံစေတီတော် မြောက်ဘက် စောင်းတန်းတွင် လုံခြုံရေး တာဝန်ယူနေသော ရဲဝန်ထမ်းတဦးက ပြောသည်။

မန္တလေးမြို့၏ အထင်ကရ တန်ခိုးကြီးဘုရား တဆူဖြစ်သော မဟာမြတ်မုနိ ဘုရားကြီးတွင်လည်း ရန်ကုန်မြို့ နည်းတူ
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက် နေရကြောင်း၊ မဟာမြတ်မုနိ ဘုရားကြီးတွင် လုံခြုံရေး အဆိုင်း ၄ ဆိုင်း ခွဲထားပြီး တဆိုင်းလျှင် ၁၅ ဦးစီဖြင့် ဘုရားကြီးကို လှည့်ပတ် စစ်ဆေးလျှက်ရှိကြောင်း မဟာမြတ်မုနိ ဘုရားကြီး ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးစိန်သင်က ပြောသည်။

“ကျောပိုးအိတ်တွေကို ဘုရားကြီးထဲ ယူခွင့် မပေးတော့ဘူး။ တခြား ပစ္စည်းတွေကိုလည်း ယူခွင့်မပေးဘူး။ သေတ္တာထဲမှာ အပ်ခိုင်းတယ်။ ကျောက်ဆည်မှာကော၊ ပြင်ဦးလွင် မဟာအံ့ထူး ကံသာမှာပါ လုံခြုံရေးတွေ တိုးချ ထားတယ်လို့ သိရတယ်” ဟု မန္တလေးမြို့ အခြေစိုက် ဧရာဝတီ သတင်းထောက် မန်းသားလေးက ပြောသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
88
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
32
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
98

ဗုဒ္ဓဂယာ ဗုံးခွဲခံရမှု သတင်းကြောင့် မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာသို့ ဘုရားဖူးသွားရောက်မည့်သူ အရေအတွက် လျော့ကျသွားဖွယ် ရှိကြောင်း၊ ယခုအချိန်သည် ဘုရားဖူးရာသီ မဟုတ်သော်လည်း ယခင်နှစ်များက ဗုဒ္ဓဂယာ ဘုရားဖူး သွားရောက်သူ သောင်းဂဏန်းရှိကြောင်း ဗုဒ္ဓဂယာ ဘုရားဖူး ခရီးစဉ်များ သီးသန့် ပို့ဆောင် ပေးနေသော ရွှေတော်ဝင် ခရီးသွားလုပ်ငန်းမှ ဒေါက်တာ သန်းဇော်ဝင်းက ဆိုသည်။

“ဗုဒ္ဓဂယာ ခရီးသွားရာသီက စက်တင်ဘာ လပိုင်းအကုန်မှ စတယ်ဆိုပေမယ့် ဒီဗုံးသတင်းကြောင့် ဘုရားဖူးတွေ တွန့်သွား နိုင်တယ်။ နောက်ဆုတ် သွားနိုင်တယ်။ ပြီးခဲ့တဲ့ နှစ်လောက်တော့ သွားကြမှာ မဟုတ်တော့ဘူး” ဟု ဒေါက်တာ သန်းဇော်ဝင်းက သုံးသပ်သည်။

ဗုဒ္ဓဂယာတွင် ဗုံးခွဲ တိုက်ခိုက်ခံရမှုသည် အိန္ဒိယနိုင်ငံ၏ အကြမ်းဖက်မှု သမိုင်းတွင် ဖြစ်တောင့်ဖြစ်ခဲ ရှားပါးသော ဖြစ်စဉ် တခုဖြစ်ပြီး  မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလမ် ဘာသာဝင်များ အကြား ပဋိပက္ခများ ဖြစ်ပွားခဲ့သောကြောင့် ဖြစ်နိုင်ကြောင်း၊ အိန္ဒိယနိုင်ငံရှိ  အစ္စလမ် ဘာသာဝင် မူဂျာဟစ်ဒင်များက လက်တုံ့ပြန်မှု ဖြစ်နိုင်ကြောင်း အိန္ဒိယ သတင်းစာ များက ရေးသား ဖော်ပြကြသည်။

ဗုဒ္ဓဂယာ ဗုံးခွဲခံရမှုဖြစ်စဉ်နှင့် ဆက်စပ်သော သံသယရှိသူ ၂ ဦး၏ ဓာတ်ပုံကို အိန္ဒိယရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်ပြီး မြန်မာ နိုင်ငံသို့ အလည်အပတ် ရောက်ရှိ နေသော အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး Ranjan Mathai က မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တွေ့ဆုံကာ ဗုဒ္ဓဂယာ ဗုံးခွဲတိုက်ခိုက်ခံရမှု၏ နောက်ဆုံး စုံစမ်းစစ်ဆေးမှု ရလဒ်များကို မြန်မာအစိုးရနှင့် သတင်းဖလှယ် ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ကတိပြုလိုက်ကြောင်း အိန္ဒိယနိုင်ငံမှလာသော သတင်းများတွင် ဖော်ပြထားသည်။

ဗုဒ္ဓဂယာ ဗုံးခွဲတိုက်ခိုက်ခံရမှုတွင် ဒဏ်ရာရရှိခဲ့သူ ၂ ဦးအနက် တဦးမှာ  မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ စာသွားရောက် သင်ယူနေသော ရဟန်းတပါး ဖြစ်ပြီး ရရှိသောဒဏ်ရာမှာ အသက် အန္တရာယ် စိုးရိမ်စရာမရှိဟု သိရှိရသည်။

Your Thoughts …
Tags: BuddhismNational Security
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

မိတီ္ထလာက အမုန်းမီးတောက်များ

မိတီ္ထလာက အမုန်းမီးတောက်များ

by ဂျေဆင်ဇပ်
23 April 2013
15.6k

ရွှေဆံညှပ်ပိုင်ရှင် ဒေါ်အေးအေးမြင့်က ခုချိန်ထိ ထိတ်လန့် တုန်လှုပ်နေဆဲ ရှိသေးသည်။ “အသတ်ခံလိုက်ရတဲ့ မူဆလင်တွေ အတွက် ကျမ စိတ်မကောင်းပါဘူး၊ လူတွေအားလုံး တူတူပါပဲ။ ကျမ ဆံညှပ် ကလေးကြောင့် ဘာတွေဖြစ်လာရတယ် ဆိုတာ ကျမ မသိတော့ပါဘူး”

လက်ထပ်ထိမ်းမြားခြင်း အပေါ် ဗုဒ္ဓဘာသာ အမြင်

လက်ထပ်ထိမ်းမြားခြင်း အပေါ် ဗုဒ္ဓဘာသာ အမြင်

by ကေ သီရိ ဓမ္မာနန္ဒ
10 July 2013
7.2k

ဗုဒ္ဓဘာသာဝင် မိသားစုများ အနေဖြင့် ကလေး မဖြစ်မနေ မွေးရမည် သို့မဟုတ် ကလေး အရေအတွက် မည်မျှ မွေးရမည် စသည်ဖြင့် စည်းကမ်း ချမှတ်ထားခြင်းမျိုး မရှိပေ။ ဗုဒ္ဓဘာသာက ၎င်း၏ ဘာသာဝင်တိုင်းကို အိမ်ထောင်ပြုခြင်းနှင့် စပ်လျဉ်းသမျှကို...

မြောက်ဥက္ကလာတွင် ဗလီ၌ သံဃာများကို ဆွမ်းကပ်၊ ငြိမ်းချမ်းရေး ဆွေးနွေး

မြောက်ဥက္ကလာတွင် ဗလီ၌ သံဃာများကို ဆွမ်းကပ်၊ ငြိမ်းချမ်းရေး ဆွေးနွေး

by ညိမ်းပြည့်စုံ
3 July 2013
8.5k

ကိုယ့်ကိုလာပြီး ကိုယ်ထိလက်ရောက် ကျူးလွန်ရင်လည်း ကိုယ်က ဘာမှပြန်မကျူးလွန်ဘဲ သက်ဆိုင်တဲ့ တာဝန်ရှိသူတွေကို၊ ရပ်ကွက်က အကြီးအကဲတွေကို၊ ဥပဒေအရ တာဝန်ရှိသူတွေကို အသိပေးပြီး အပြစ်ပေး အရေးယူခိုင်းမယ် ဆိုရင်လည်း ရတာပဲလေ။

အိန္ဒိယရှိ ဗုဒ္ဓဘာသာ နယ်မြေများနှင့် မြန်မာများ လုံခြုံရေး အစိုးရ စီစဉ်မည်

အိန္ဒိယရှိ ဗုဒ္ဓဘာသာ နယ်မြေများနှင့် မြန်မာများ လုံခြုံရေး အစိုးရ စီစဉ်မည်

by လင်းသန့်
8 July 2013
3k

အိန္ဒိယ နိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များ ဘာသာရေးအရ အထွဋ်အမြတ်ထားရာ နေရာများနှင့် အိန္ဒိယရောက် မြန်မာများ၏ လုံခြုံရေး ဆိုင်ရာ အစီအစဉ်များအတွက် အစိုးရ တာဝန်ရှိသူများ ညှိနှိုင်းဆောင်ရွက်နေကြောင်း သိရသည်။

သံဃမဟာနာယက အဖွဲ့၏ ပိတ်ပင်မှု  ၉၆၉ အစည်းအဝေး ခေါ်မည်

သံဃမဟာနာယက အဖွဲ့၏ ပိတ်ပင်မှု ၉၆၉ အစည်းအဝေး ခေါ်မည်

by မေစစ်ပိုင်
9 September 2013
6.2k

၉၆၉ တွေက သံဃကွန်ရက် ဖွဲ့စည်း နေတာနဲ့ ပတ်သက် ပြီးတော့ ခွင့်မပြုဘူး၊ ညွှန်ကြားချက်လည်း ထုတ်မပေးဘူး။ တရားဝင်ခွင့်ပြုထားတာ သံဃ ဂိုဏ်း ၉ဂိုဏ်းပဲ ရှိတယ် ဆိုတာ သိရအောင် သံဃ အဖွဲ့အစည်းဆိုင်ရာ ဥပဒေနဲ့...

လယ်တီဆရာတော်ကြီး, လက်ပံတောင်း, ဆန္ဒထုတ်ဖော်

လယ်တီဆရာတော်ကြီး၏ သိမ်နှင့်စေတီ မဖျက်ရေး လတ်တလော သဘောတူညီချက်ရ

by မန်းသားလေး
30 September 2013
4.1k

ဦးဇင်းအနေနဲ့ မီးလောင်ဗုံး ထိခဲ့လို့လည်း ဘာမှ မဖြစ်ဘူး။ ဒီကိစ္စကို စပြီး ပါဝင်လာခဲ့တဲ့ အကြောင်းကလည်း လယ်တီ ဆရာတော် ဘုရားကြီးရဲ့ သာသနာရေး အထင်ကရ ဘုရားစေတီတွေကို မဖျက်ဆီးစေချင်တာပါ

Next Post
မူ မပြောင်းခင် လူ ပြောင်းဖို့ လိုပြီ

မူ မပြောင်းခင် လူ ပြောင်းဖို့ လိုပြီ

သွေးလွန်တုပ်ကွေး ဖြစ်ပါက ငွေအတွက်မပူဘဲ ကလေးဆေးရုံကြီးသို့ အမြန်လာရန် နှိုးဆော်

သွေးလွန်တုပ်ကွေး ဖြစ်ပါက ငွေအတွက်မပူဘဲ ကလေးဆေးရုံကြီးသို့ အမြန်လာရန် နှိုးဆော်

Please login to join discussion
No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved