• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရိုဟင်ဂျာများကို တန်းတူ အခွင့်အရေး ပေးရန် ကုလသမဂ္ဂ တိုက်တွန်း

by လင်းသန့်
20 November 2013
in သတင်း
A A
ဘင်္ဂါလီ, ရိုဟင်ဂျာ, ကုလ သမဂ္ဂ, လူ့အခွင့်အရေး, မြန်မာ, ရခိုင်, မွတ်စလင်

စစ်တွေမြို့ သဲချောင်းရွာ အနီးရှိ ဘင်္ဂါလီ ဒုက္ခသည်စခန်း(ဓာတ်ပုံ – ခင်သြ / ဧရာဝတီ)

3.1k
VIEWS
Share on FacebookShare on Twitter

ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ၏ အင်္ဂါနေ့က ဆုံးဖြတ်ချက်တွင် နိုင်ငံမဲ့ ဖြစ်နေသော ရိုဟင်ဂျာ (ဘင်္ဂါလီ) များအား နိုင်ငံသား အပြည့်အ၀ ဖြစ်သူများနည်းတူ တန်းတူ အခွင့်အရေး ပေးရန် တိုက်တွန်း ထားသည်။

အထွေထွေ ညီလာခံ၏ တတိယ ကော်မတီ အစည်းအဝေး၌ မြန်မာနိုင်ငံနှင့်ပတ်သက်၍ လူ့အခွင့်အရေးဆိုင်ရာ မူကြမ်းတင်ပြ ဆွေးနွေးမှုအား ယမန်နေ့က တညီတညွတ်တည်း အတည်ပြု ဆုံးဖြတ်ချက်တွင် ဘင်္ဂါလီနှင့် မွတ်စလင်ဆန့်ကျင်ရေး အကြမ်း ဖက် တိုက်ခိုက်မှုများကို အရေးယူရန်လည်း ထည့်သွင်း ဖော်ပြ ထားသည်။

ယခု ချမှတ်လိုက်သည့် ဆုံးဖြတ်ချက်တွင် အထိအခိုက်မခံသော မလိုလားသည့် ရိုဟင်ဂျာဟူသော စကားလုံး အသုံးအနှုန်း သုံးထားသည့် အတွက် စိုးရိမ်ကြောင်း ကုလသမဂ္ဂ ညီလာခံတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီးက ကန့်ကွက်ပြော ဆိုသည်။

“ကျနော်တို့ နိုင်ငံမှာ လူ့အခွင့်အရေးဆိုင်ရာ စိန်ခေါ်မှုတချို့က အခုအထိ ရှိနေသေးတယ်ဆိုတာ ကျနော်တို့ အသိအမှတ် ပြုပါတယ်”ဟု မြန်မာ သံအမတ်ကြီး ဦးကျော်တင်က ပြောသည်။

မြန်မာနိုင်ငံတွင် ဘင်္ဂါလီ(မွတ်စလင်)လူမျိုး ၈ သိန်းဝန်းကျင်ရှိပြီး ဘင်္ဂါလီ ခေါင်းဆောင်များက ၎င်းတို့သည် မြန်မာနိုင်ငံတွင် မွေးဖွား ကြီးပြင်းသူများဖြစ်၍ မြန်မာနိုင်ငံ၏ တိုင်းရင်းသား အမည်စာရင်းတွင် ရိုဟင်ဂျာတိုင်းရင်းသား အဖြစ် ထည့်သွင်း ပေး ရန် တောင်းဆိုနေကြသည်။

ယခင် မြန်မာအစိုးရများ လက်ထက်က တချို့ ဘင်္ဂါလီများကို နိုင်ငံသား ကတ်ပြား ထုတ်ပေးသည်များ ရှိခဲ့ပြီး ယခု နောက် ပိုင်း တွင် အဖြူရောင် ကတ်ပြားဟု ခေါ်သော ယာယီ နေထိုင်ခွင့်ကတ်ပြားများ ထုတ်ပေးထားသည်။

သို့သော် မြန်မာအစိုးရက ရိုဟင်ဂျာဟူသည့် စကားလုံးကို လက်မခံဘဲ ဘင်္ဂါလားဒေ့ရှ်မှ ဝင်ရောက်လာပြီး ဘင်္ဂလားဒေ့ရှ် စကားပြောဆို၍ ဘင်္ဂါလီဟုသာ ခေါ်တွင်စေသည်။ ထို့အပြင် ၎င်းတို့အနေဖြင့် ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေ အတိုင်းသာ နိုင်ငံသား ဖြစ်ခွင့်ရှိကြောင်းလည်း မကြာခဏ ထုတ်ပြန် ပြောဆိုထားသည်။

ကုလသမဂ္ဂ ညီလာခံ၏ ဆုံးဖြတ်ချက်၌ မြန်မာနိုင်ငံတွင် ဒေသတချို့ရှိ မွတ်စလင် လူနည်းစုများအပေါ် အကြမ်းဖက် တိုက် ခိုက်မှုများနှင့် ယမန်နှစ်ကတည်းက ဆက်တိုက်ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုများဖြစ်ပွားသည့် ရခိုင် ပြည်နယ်တွင်း လူနည်းစု ရိုဟင်ဂျာ(ဘင်္ဂါလီ) များ၏ အခြေအနေအပေါ် ကုလသမဂ္ဂက အလွန်အမင်းစိုးရိမ်ကြောင်းလည်း ဖော်ပြထားသည်။

RelatedPosts

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
281
OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
152
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
46

ကုလသမဂ္ဂက မြန်မာအစိုးရ၏ စီးပွားရေး၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ဆက်လက်လုပ်ဆောင်မည်ဟု သန္နိဌာန်ချ လုပ်ဆောင် နေသည့်အပေါ် ကြိုဆိုကြောင်း၊ လူ့အခွင့်အရေး ချိုးုဖောက်မှုများ ကာကွယ်လုပ်ဆောင်နေမှုနှင့် လူ့ အခွင့်အရေး အခြေအနေ မြှင့်တင်ရေး လုပ်ငန်းများ လုပ်ဆောင်နေမှုကိုလည်း ကြိုဆိုကြောင်း ယခုဆုံးဖြတ်ချက်တွင် ပါရှိသည်။

ဆယ်စုနှစ်နှင့်ချီ စစ်အုပ်ချုပ်ရေး ကာလများမှ ပြောင်းလဲကာ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်လာသည့် မြန်မာနိုင်ငံတွင် မွတ်စလင်ဆန့်ကျင်ရေး ခြိမ်းခြောက်မှုသည် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာနေပြီး လူနည်းစု မွတ်စလင်များ အပေါ် အကြမ်းဖက်မှုများ ရှိနေခဲ့ကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူအခွင့်အရေး အထူး စုံစမ်းရေးမှူး မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာ က လွန်ခဲ့သည့် လက လူ့အခွင့်အရေး ကော်မတီသို့ တင်ပြထားသည်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာအစိုးရ ကိုယ်စားလှယ်ကမူ မြန်မာနိုင်ငံသည် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ထိတွေ့ ဆက်ဆံလာပြီး ပွင့်လင်းမှုများ လုပ်ဆောင်နေချိန်ဖြစ်ကြောင်း၊ ဘာသာတခုအပေါ် တိုက်ခိုက်ခြင်းမျိုးမဟုတ်ဘဲ လူ့အဖွဲ့အစည်း အချင်းချင်းကြား ဖြစ်ပွားသည့် အကြမ်းဖက်မှုသာ ဖြစ်ကြောင်း ကန့်ကွက် ပြောဆိုသည်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့်နှစ်က ရခိုင်တိုင်းရင်းသူ မသီတာထွေး သတ်ဖြတ်ခံခဲ့ရပြီးနောက် ဘင်္ဂါလီ(ရိုဟင်ဂျာ)များနှင့် ရခိုင် အပါအဝင် မြန်မာလူမျိုးများအကြား အကြမ်းဖက် တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။

ထို့နောက်ပိုင်း မြန်မာနိုင်ငံ အလယ်ပိုင်း မိတ္ထီလာမြို့ နှင့် ရှမ်းပြည်နယ် လားရှိုးမြို့၊ ပဲခူးတိုင်း ဥက္ကံ မြို့ စသည့် ဒေသများတွင် လည်း မွတ်စလင် ဆန့်ကျင်ရေး လှုပ်ရှားမှုများ ဖြစ်ပေါ်လာခဲ့သည်။

အဆိုပါ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် တရားဥပဒေ စိုးမိုးရေး၊ နိုင်ငံ တည်ငြိမ်အေးချမ်းရေးကို ထိခိုက်လာပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေးများကို ရိုက်ခတ်လာနေကြောင်း ဘယ်လ်ဂျီယံ နိုင်ငံ အခြေစိုက် ပဋိပက္ခများ စောင့်ကြည့် လေ့လာရေး အဖွဲ့ ICG အပါအဝင် ကမ္ဘာ့ ခေါင်းဆောင်များ၊ နိုင်ငံတကာ အသင်းအဖွဲ့များကလည်း သတိပေး ကြေညာချက်များ ထုတ်ပြန်ခဲ့ကြသည်။

ယခု ရက်ပိုင်းတွင်လည်း ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်၊ ကြာညိုပြင် ကျေးရွာ၌ ဦးခေါင်းနှင့် ကိုယ်ခန္ဓာတွင် ဒဏ်ရာများဖြင့် အသက် ၅ နှစ်အရွယ် ရခိုင်ကလေးငယ်တဦး၏ ရုပ်အလောင်းတွေ့ရှိခဲ့ပြီး အဆိုပါ လူသတ်မှုကို ရဲတပ်ဖွဲ့ကလည်း အပူတပြင်း စုံစမ်းနေကြောင်း သိရသည်။

ကျောက်တော် ရဲစခန်းမှူး ဦးအောင်မြင့်ဦးက ထို အသက် ၅ နှစ်အရွယ် ကလေး မငယ်ငယ် သေဆုံးမှုနှင့်ပတ်သက်၍ မည်ကဲ့သို့ သေဆုံးသည်ကို စစ်ဆေးနေဆဲဖြစ်ကြောင်း ဧရာဝတီကို ပြောသည်။

ကျောက်တော်မြို့နယ် ကိုယ်စားပြု ရခိုင် ပြည်နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးငြိမ်း ကလည်း အဆိုပါ မိန်းကလေး ငယ် အသတ်ခံရသည်မှာ ဝမ်းနည်ဖွယ် ကောင်းကြောင်း သို့သော် မည်သို့ သေဆုံးရသည်ကို တိတိကျကျ မသိရ သေးကြောင်း ပြောဆိုသည်။

ယခု ဖြစ်ရပ်သည် ယမန်နေ့က စတင်ကာ အင်တာနက် လူမှုကွန်ရက်များတွင် ပျံ့နှံ့သွား၍ လူမျိုးရေး၊ ဘာသာရေး မုန်းတီးမှု လှုံ့ဆော်မှုများကို ပို၍ အရှိန်ရစေရန် ပြောဆိုဝေဖန်ခြင်းများ မြင့်မားလာနေသည်။

ယင်း ဖြစ်ရပ်ကြောင့် လူ့အဖွဲ့အစည်းများအကြား မလိုလားအပ်သည့် အပြန်အလှန် အကြမ်းဖက် တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွားလာမည်ကို ဒေသခံများအပြင် လူနည်းစု မွတ်စလင်များ ကလည်း စိုးရိမ်နေကြောင်း သိရသည်။

Your Thoughts …
Tags: Rohingya
လင်းသန့်

လင်းသန့်

Contributor

Similar Picks:

လက်နက်ကိုင် မူဂျာဟစ်များ မြန်မာ့မြေပေါ်တွင် မရှိဟု ကျွမ်းကျင်သူများ ပြောဆို

လက်နက်ကိုင် မူဂျာဟစ်များ မြန်မာ့မြေပေါ်တွင် မရှိဟု ကျွမ်းကျင်သူများ ပြောဆို

by ဧရာဝတီ
16 July 2013
6.3k

မွတ်ဆလင် စစ်သွေးကြွအချို့က အင်ဒိုနီးရှားနိုင်ငံမှ အခြေခံဝါဒီ အုပ်စုများထံမှ အကူအညီ ရရှိနိုင်ရန် ကြိုးစားနေသည် ဆိုခြင်းမှာ ဖြစ်နိုင်သော်လည်း ရခိုင်ပြည်နယ်တွင် လက်နက်ကိုင် ရိုဟင်ဂျာများက တိုက်ခိုက်ရန် လုပ်ဆောင်နေ ဆိုသည်မှာ မဖြစ်နိုင်ဟု ဆိုကြသည်။

၈၂ နိုင်ငံသားဥပဒေ နိုင်ငံတကာ အဆင့်မီသင့်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

၈၂ နိုင်ငံသားဥပဒေ နိုင်ငံတကာ အဆင့်မီသင့်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

by သာလွန်ဇောင်းထက်
22 February 2013
34.7k

မြန်မာနိုင်ငံတွင် နိုင်ငံသားဖြစ်ခွင့်၊ မဖြစ်ခွင့်ကို နိုင်ငံတော်နှင့် နိုင်ငံသားများက အဓိက ဆုံးဖြတ်ရမည် ဖြစ်သော်လည်း ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေသည် နိုင်ငံတကာ အဆင့်မီသင့်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်

ရိုဟင်ဂျာ, ကုလသမဂ္ဂ, နိုင်ငံသား, အစိုးရ, ရခိုင်, မွတ်စလင်, ဘင်္ဂါလီ

ရိုဟင်ဂျာ အရေး ကုလသမဂ္ဂ တိုက်တွန်းချက် အစိုးရပယ်ချ

by ထက်နိုင်ဇော်
21 November 2013
4.4k

အနောက် ဒီမိုကရေစီ နိုင်ငံများ မှာလည်း နိုင်ငံသားပြုခွင့်နဲ့ ပတ်သက်ပြီး သီးခြား ပြဋ္ဌာန်းထားတဲ့ ဥပဒေများ၊ စည်းကမ်းချက်များ ရှိပါတယ်။ အဲဒီ ဥပဒေများနဲ့ မကိုက်ညီတဲ့ သူတွေကို ဘယ်နိုင်ငံတကာ အဖွဲ့အစည်း ပြောပြော သက်ဆိုင်ရာ နိုင်ငံက...

ရိုဟင်ဂျာ ခေါင်းဆောင် နှစ်ဦး အင်ဒိုနီးရှားတွင် တိုက်ခိုက်ရေး အကူအညီ လာယူ

ရိုဟင်ဂျာ ခေါင်းဆောင် နှစ်ဦး အင်ဒိုနီးရှားတွင် တိုက်ခိုက်ရေး အကူအညီ လာယူ

by ဧရာဝတီ
12 July 2013
6.8k

(ICG) အကြီးတန်း အကြံပေး Sidney Jones က စင်ကာပူ အခြေစိုက် The Straits Times သတင်းစာသို့ “JI အဖွဲ့နဲ့ RSO အဖွဲ့အကြား အဆက်အသွယ်ကို လေ့လာကြည့်ရင် အာဖဂန် ပြဿနာကို...

လဝက, လူဦးရေစာရင်း

လဝက ထုတ်ပြန်သည့် လူဦးရေ စာရင်းသာ အတည်ဖြစ်မည်

by စနေလင်း
2 October 2014
6.3k

၁၃၅ မျိုးလို့ လောလောဆယ် သတ်မှတ် ထားပေမယ့် အတိုး အလျော့၊ နာမည် အသုံး အနှုန်းတွေ ပြောင်းလဲ ကောင်း ပြောင်းလဲ နိုင်ပါတယ်။ သေချာ တာက ကျနော် တို့ဆီမှာ မရှိတဲ့ ရိုဟင်ဂျာလူမျိုး...

ရိုဟင်ဂျာ, ဘင်္ဂါလီ, သမ္မတ ဦးသိန်းစိန်

ရိုဟင်ဂျာကို တိုင်းရင်းသားအဖြစ် လက်မခံနိုင်ဟု ဦးသိန်းစိန်ပြော

by လင်းသန့်
11 September 2014
5.5k

ရိုဟင်ဂျာ ဆိုသည်ကို တိုင်းရင်းသားအဖြစ် လက်မခံနိုင်ဟု သမ္မတ ဦးသိန်းစိန် က ဥရောပသို့ ရောက်ရှိနေစဉ် ပြောကြားကြောင်း သိရသည်။

Next Post
နေပြည်တော်ကောင်စီ, ပြည်ထဲရေးဝန်ကြီးဌာန, NLD, ဖွဲ့စည်းပုံအခြေခံဥပဒေ, လူထုဟောပြောပွဲ

NLD လူထု ဟောပြောပွဲ ခွင့်ပြုမှု နေပြည်တော် ကောင်စီ နှင့် ပြည်ထဲရေး ထိပ်တိုက်တွေ့

ဗုံး, ဖောက်ခွဲရေး, ရဲတပ်ဖွဲ့, ဘာသာရေး

ဗလီ ဗုံးခွဲမည့် မသင်္ကာသူ ၃ ဦးကို ရဲက ဖမ်းထား

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • ခရိုနီ ခြေတက် ဦးဇော်ဝင်းရှိန်အကြောင်း တစေ့တစောင်း

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved