• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အစိုးရကြောင့် လုပ်ငန်းနှောင့်နှေးခြင်း မဟုတ်ဟု တယ်လီနော ပြော

by မေစစ်ပိုင်
4 June 2014
in သတင်း
A A
တယ်လီနော, စီးပွားရေး, ဆက်သွယ်ရေး

ရန်ကုန်အခြေစိုက် တယ်လီနော ရုံးချုပ် မြင်ကွင်း (ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ)

5.6k
VIEWS
Share on FacebookShare on Twitter

မြန်မာအစိုးရဘက်က တင်းကျပ်မှုတွေကြောင့် ပုဂ္ဂလိက ဆက်သွယ်ရေး လိုင်စင်ရတဲ့ ကုမ္ပဏီတွေ အနေနဲ့ အခြေခံ အဆောက်အအုံဆိုင်ရာ လုပ်ငန်းတွေ ပြီးစီးမှု နှောင့်နှေးရတယ်ဆိုတဲ့ ဝေဖန်ချက်တွေကို တယ်လီနော မြန်မာ ကုမ္ပဏီဘက်က ငြင်းဆိုလိုက်ပါတယ်။

ပုဂ္ဂလိက ဆက်သွယ်ရေး လိုင်စင်ရ ကုမ္ပဏီတွေဖြစ်တဲ့ တယ်လီနောနဲ့ အော်ရီဒူးတို့က သူတို့ရဲ့ ဆင်းကတ်တွေကို ထုတ်ရောင်းဖို့ အဆင်သင့် ဖြစ်နေပြီဆိုတဲ့ အရိပ်အမြွက် စကားသံမျိုး မကြာခဏ ပြောနေကြပေမယ့်လည်း အစိုးရဘက်က တင်းကျပ်မှုတွေ ရှိတာကြောင့် ဖြန့်ချိလို့ မရဘူးဆိုတဲ့ ဝေဖန်သံတွေ ထွက်ပေါ်နေပါတယ်။

ဒီလိုမျိုး တင်းကျပ်မှုတွေကြောင့် ကုမ္ပဏီတွေရဲ့ တာဝါတိုင်စိုက်တဲ့ လုပ်ငန်း၊ အင်တာနက်လိုင်း စတဲ့ အခြေခံ အဆောက် အအုံ ဆိုင်ရာကိစ္စတွေမှာ နှောင့်နှေးမှုတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ် နေတာကြောင့် ဧရာဝတီက တယ်လီနော ကုမ္ပဏီကို ဆက်သွယ်မေးမြန်းကြည့်ရာမှာ တယ်လီနောက အဲဒီလိုမဟုတ်ကြောင်း ငြင်းဆိုလိုက်ပါတယ်။

တယ်လီနော မြန်မာ ကုမ္ပဏီ ရဲ့ တာဝန်ရှိသူ Hanne Knudsen က အစိုးရပိုင်းရဲ့ တင်းကျပ်မှုမရှိသလို ဆင်းကတ်တွေ ဖြန့်ချိဖို့ ခွင့်မပြုဘူးဆိုတာလည်း မဟုတ်ဘူးလို့ တုန့်ပြန်ပြောဆိုပါတယ်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
111
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
34
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
115

“ဆက်သွယ်ရေးနဲ့ဆိုင်တဲ့ အခြေခံအဆောက်အအုံ ဆိုင်ရာ ကိစ္စတွေ အားလုံး ပြီးစီးတာနဲ့ ရောင်းသွားမှာပါ။ ပြည်သူတွေ အတွက် စွမ်းရည်မြင့် လိုင်းဆွဲအားတွေနဲ့ အင်တာနက် လိုင်းတွေကို သေချာအောင် လုပ်နေတယ်။ ဆင်းကတ်တွေ ရောင်းချဖို့ အဆင်သင့်ဖြစ်နေပြီ၊ အစိုးရကို ကတိပေးထားတဲ့ အတိုင်း ၈ လ အတွင်းမှာ ရောင်းမှာပါ” လို့ သူက ဧရာဝတီကို ပြောပါတယ်။

ဆက်သွယ်ရေး ကုမ္ပဏီတွေအပေါ် ဘယ်လိုမျိုး လုပ်ဆောင်မှုတွေနဲ့မှ ချုပ်ကိုင်မှာ မဟုတ်ဘဲ ပေါ်လစီပိုင်းကိုသာ ချုပ်ကိုင်မှာ ဖြစ်တာကြောင့် သတ်မှတ်ဥပဒေတွေကို လိုက်နာမှု ရှိမရှိ ဆိုတဲ့ အပိုင်းကိုပဲ ကိုင်တွယ် ဆောင်ရွက်မှာလို့ ဆက်သွယ်ရေး ဒု ဝန်ကြီး ဦးသောင်းတင်က ဆိုပါတယ်။

တယ်လီနောက ဆင်းကတ်တွေကို ၈ လအတွင်း ဖြန့်ချိမယ်လို့ အစိုးရကို ကတိပြုခဲ့တာဟာ ဖေဖော်ဝါရီလ ၅ ရက် နေ့က ဖြစ်တာကြောင့် တွက်ချက် ကြည့်မယ်ဆိုရင်တော့ ဆင်းကတ်တွေဟာ အောက်တိုဘာ မတိုင်ခင် ပြည်သူတွေ လက်ထဲ ရောက်ဖွယ်ရှိပါတယ်၊ ဒါပေမယ့် ဆင်းကတ် ပမာဏ ဘယ်လောက်ထုတ်လုပ် ဖြန့်ချိမယ် ဆိုတာတော့ အတိအကျ ပြောကြားခြင်း မရှိပါဘူး။

“၈ လအတွင်းမှာ ရောင်းချဖို့ အစိုးရ ကို ကတိပေးထားပြီးပြီ၊ ပြည်သူတွေအတွက် စွမ်းရည်မြင့် လိုင်းဆွဲအားတွေနဲ့ အင်တာနက် လိုင်းတွေကို သေချာအောင် လုပ်နေတယ်” လို့ ရန်ကုန်အခြေစိုက် တယ်လီနော ရုံးချုပ်က တာဝန်ရှိသူ Hanne Knudsen က ပြောပါတယ်။
စတင်ဖြန့်ချိပြီ ဆိုတာနဲ့ ဆင်းကတ်တွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်အားလုံံးက လက်လီရောင်းချသူတွေနဲ့ အကျိုးတူ လုပ်ငန်း ပူးပေါင်း ဆောင်ရွက်သူတွေဆီက တဆင့် ရောင်းချ ပေးသွားမှာလို့ သိရပါတယ်။

ဆက်သွယ်ရေးလုပ်ငန်း လိုင်စင်ရ ကုမ္ပဏီ ၂ ခု ဖြစ်တဲ့ တယ်လီနောနဲ့ ကာတာနိုင်ငံ အခြေစိုက် ကုမ္ပဏီဖြစ်တဲ့ အော်ရီဒူး တို့ယှဉ်လိုက်မယ်ဆိုရင် အော်ရီဒူးက ဈေးကွက်တွင်းမှာ ကြော်ငြာအား ကောင်းကောင်းနဲ့ ဆွဲဆောင်မှုတွေ ဆက်တိုက် လုပ်နေပေမယ့်လည်း တယ်လီနော ကတော့ လှုပ်ရှားမှုနည်းနေတာ တွေ့ရပါတယ်။

“ဘာကိစ္စပဲလုပ်လုပ် တယ်လီနော ကုမ္ပဏီနဲ့ မြန်မာအစိုးရရဲ့ စည်းမျဉ်း စည်းကမ်းတွေအတိုင်းပဲ သွားတယ်” လို့ ကုမ္ပဏီရဲ့ လှုပ်ရှားမှု နည်းနေသလားဆိုတဲ့ ဧရာဝတီက မေးခွန်းကို Hanne Knudsen က ဖြေပါတယ်။

တယ်လီနော မြန်မာ ကုမ္ပဏီက တာဝါတိုင် တည်ဆောက်ရေး အတွက် Apollo ကုမ္ပဏီ၊ Ayarwaddy Green ကုမ္ပဏီတို့နဲ့အတူ ညှိနှိုင်းသွားမှာ ဖြစ်သလို အဲဒီကုမ္ပဏီ နှစ်ခု လက်အောက်မှာ ပြည်တွင်း ကုမ္ပဏီ ၁၂ ခုခန့် ပါဝင်တယ်လို့ တယ်လီနော ကုမ္ပဏီ မြန်မာပြည် ကိုယ်စားလှယ်  Mr. Petter Furberg က ပြောပါတယ်။

နော်ဝေနိုင်ငံရဲ့ တယ်လီနော ကုမ္ပဏီကြီးဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံပြီး ဆက်သွယ်ရေး ကွန်ရက်နဲ့ တယ်လီဖုန်း ဝန်ဆောင်မှု လုပ်ငန်းလုပ်ဖို့ မနှစ်က လေလံ အောင်ခဲ့ပါတယ်။ ဒါကြောင့် တယ်လီနော ကုမ္ပဏီဟာ အစိုးရကို ဆက်သွယ်ရေး လုပ်ငန်း လိုင်စင်အတွက် တနှစ်ကို အမေရိကန်ဒေါ်လာ သန်း ၅၀၀ ပေးဆောင်ရမှာဖြစ်သလို ဝင်ငွေအားဖြင့် တနှစ်ကို အမေရိကန် ဒေါ်လာ သန်း ၁ ထောင် ရနိုင်ပါတယ်။

လတ်တလောမှာတော့ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံအမတ်ဟောင်းက တယ်လီနော လုပ်ငန်းစုကြီးရဲ့ ဒု ဥက္ကဋ္ဌ တာဝန်ကို ယူလိုက်တဲ့အတွက် နော်ဝေနိုင်ငံရဲ့ ထိပ်သီးသတင်းစာကြီးတွေရဲ့ (ဝေဖန်မှုကို) ခံနေရပါတယ်။

Your Thoughts …
Tags: EconomyTelenor
မေစစ်ပိုင်

မေစစ်ပိုင်

ဧရာဝတီ

Similar Picks:

ဦးအောင်သောင်းနဲ့ သားတွေကြွယ်ဝသမျှ ပြည်သူ့ဘဏ္ဍာများသာ

ဦးအောင်သောင်းနဲ့ သားတွေကြွယ်ဝသမျှ ပြည်သူ့ဘဏ္ဍာများသာ

by ဧရာဝတီ
23 July 2015
194.3k

ဦးအောင်သောင်း တန်ခိုးထွားစဉ်က ဆိုလျှင် ပရောဂျက်တခု ရရှိရေး အတွက် လာဘ်ငွေကို သူ့ကို သာမကသူ၏ ကိုယ်ရေး အရာရှိ နှစ်ဦးကိုပါ ပေးရသည်။ လာဘ်ပေး လာဘ်ယူ မလုပ်လိုဘဲ လမ်းရိုးလမ်းစဉ် အတိုင်း စီးပွားရေး အခွင့်အလမ်း...

၂၀၁၈ ခုနှစ် မတ်လ ၂၇ ရက် နေပြည်တော် စစ်ရေးပြပွဲ

စစ်တပ်ထိပ်ပိုင်း အကွဲအပြဲ ဘာကြောင့် မဖြစ်လဲ

by ဥသြ
15 February 2023
5.9k

တပ်အတွင်းမှာ တရားဝင် ချမှတ်ထားတဲ့ အမိန့်ပေး ညွှန်ကြားမှု ဝါစဉ် (chains of command) အပြင် ဆရာ-တပည့်ဆက်ဆံရေး တည်ဆောက်မှုလည်း ရှိနေဆဲ ဖြစ်ပါတယ်။

ပန်းဆိုးတန်းခုံးကျော်, ရွှေဂုန်ရုံ, မြို့မရုံ, သမ္မာအာဇီ, တိမွေးကု တက္ကသိုလ်

အန်တီစန်း ပန်းဆိုးတန်းမှာ အလုပ်လုပ်သည်

by မြတ်စုမွန်
22 September 2014
26.2k

၁၀ မိနစ် လောက်သာ ကြာမြင့်သည့် ခြေစွယ်ဖော်ခြင်း အလုပ်မှ လုပ်အားခ ၇ ထောင်ကျော် ရလိုက်သည်။ ဓား အသစ်ကို သုံးရန် တောင်းဆိုသဖြင့် ဓားတချောင်း ရောင်းရသည့်ငွေနှင့် ခြေစွယ် ဖော်ပေးသည့် ဝန်ဆောင်ခ နှစ်ခု...

UNICEF,ရန်ကုန် ရုံးခန်းငှားခ,ဗိုလ်ချုပ် ညွန်တင်,ဗိုလ်ချုပ်မှူးကြီး သန်းရွှေ,အမေရိကန် ဒေါ်လာ ၈၇၀၀၀

UNICEF ရန်ကုန် ရုံးခန်းငှားခ တလ ဒေါ်လာ ၉၀၀၀၀ နီးပါးရှိဟု ထုတ်ပြန်

by လင်းသန့်
22 May 2014
6.2k

UNICEF ၏ ရုံးခန်းသည် စတုရန်း ပေ ၃၃၀၀၀ ကျယ်ဝန်းသည့် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြား ၂ ရပ်ကွက် အမှတ် ၂၃/အေ တွင် ဖွင့်လှစ်ထား ခြင်းဖြစ်ပြီး တလလျှင် ငှားရမ်းခ ဒေါ်လာ...

War on Economy

War on Economy

by ဘီရုမာ
17 June 2024
189

ကာတွန်း

ကွမ်းယာကောင်းကောင်း နေပြည်တော်မှာ ၂၄ နာရီ ရောင်းသည်

ကွမ်းယာကောင်းကောင်း နေပြည်တော်မှာ ၂၄ နာရီ ရောင်းသည်

by ကျော်ခ
20 October 2012
22.4k

ကျပ် ၁ ထောင်ဖိုးကနေ ၅ ထောင်ဖိုးလောက် အထိ မှာတဲ့လူတွေ များတယ်လို့ သူတို့က ရှင်းပြပါတယ်။ တခါတရံ ခရီးဝေးသွားမယ့် လူတွေဆိုရင် သောင်းဖိုးနဲ့ချီပြီး မှာယူသွားတာမျိုးတောင် ရှိတဲ့အကြောင်း သိရပါတယ်။

Next Post
ထိုင်းနိုင်ငံ , စစ်အာဏာသိမ်း , မဲဆောက် , မြန်မာ အလုပ်သမား , ထိုင်း စစ်အစိုးရ

ထိုင်း စစ်အာဏာသိမ်းပြီး ပထမဆုံးအကြိမ် မြန်မာ အလုပ်သမား ၂၀၀ ဝန်းကျင် ဖမ်းဆီးခံရ

FMI ကုမ္ပဏီ, Shangri-la , ဦးသိမ်းဝေ, ကမ္ဘာ့ဘဏ်, မြန်မာ့စီးပွားရေး, ရင်းနှီးမြှုပ်နှံမှု, အမေရိကန်, US Campaign for Burma

FMI ကုမ္ပဏီ၊ Shangri-La အုပ်စုနှင့် လုပ်ငန်းများသို့ IFC ငွေထုတ်ချေးမှု ဝေဖန်ခံရ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved