• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Women

နိုင်ငံတကာကျောင်းမှာ ကလေးတို့ကို ကျောင်းထားမယ်ဆိုရင်

by ခေတ်ဘုန်းသစ်
6 December 2014
in Women
A A
နိုင်ငံတကာကျောင်းမှာ ကလေးတို့ကို ကျောင်းထားမယ်ဆိုရင်

သရုပ်ဖော်ပုံ ကာတွန်း အာကာ

10.5k
VIEWS
Share on FacebookShare on Twitter

ကလေးတို့ ကျောင်းနေမယ့် အရွယ်ကို ရောက်ပြီ ဆိုတာနဲ့ တပြိုင်နက်တည်းမှာ မိဘများ စတင်စဉ်း စားလာရတဲ့ အလုပ်ကတော့ ကျောင်းရွေးချယ်တဲ့ အလုပ်ပါပဲ။ ကျမတို့ ငယ်ငယ်တုန်းကလိုမျိုး အစိုးရကျောင်း တခုတည်း တက်စရာ ရှိတဲ့ခေတ် မဟုတ်တော့ တာမို့ ကလေးများကို ဘယ်ကျောင်းထားမလဲ ဆိုတဲ့ကိစ္စက မိဘများ အတွက် စဉ်းစားစရာ ဖြစ်လာပါပြီ။

အထူးသဖြင့် ငွေရေးကြေးရေး ချောင်လည်သူ မိဘများ အနေနဲ့ ရွေးချယ်စရာ ကျောင်းတွေက ဒီခေတ်မှာ များလာပြီမို့ ကလေးတို့ကို နာမည်ရ အစိုးရကျောင်းများမှာ ထားမလား၊ ဒါမှမဟုတ် အပြင်ကျောင်း (နိုင်ငံတကာ ကျောင်းများမှာ) ထားမလား ဆိုတာကို ရွေးချယ်လာကြရ ပါတယ်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
88
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
32
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
98

တချို့ကလည်း ဆယ်တန်းမှာ ဆရာဝန်၊ အင်ဂျင်နီယာ စသဖြင့် လိုင်းကောင်းကောင်း ရဖို့အတွက် တန်းစီရအောင်လို့ နာမည်ရ အစိုးရကျောင်းများမှာ ကလေးတို့ကို ကျောင်းထားဖို့ စဉ်းစားကြသလို၊ တချို့ကလည်း နိုင်ငံခြားမှာ ကျောင်းသွားတက်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ကလေးတို့ကို နိုင်ငံတကာ ကျောင်းတွေမှာ ထားကြပါတယ်။

နိုင်ငံတကာကျောင်း အရပ်အခေါ် (ဘိုကျောင်း) ကိုထားပြီဆိုရင်တော့ အနည်းနဲ့အများ ဆိုသလို ဘိုလို (အင်္ဂလိပ်လို) ပြောတတ်၊ ရေးတတ် လာပါပြီ။ မိဘတော် တော်များများဟာ ကိုယ်သွက်သွက် မပြောနိုင်တဲ့ ဘိုစကားကို ကလေးတို့ ရွတ်ရှက်ဒွတ်ဒတ်နဲ့ ပြောဆိုနိုင်ကြတာကိုလည်း ဝမ်းသာကြပါတယ်။

ကလေးတို့ ဘိုလို သွက်သွက်ပြောနိုင်လာပြီ ဖြစ်တဲ့ အတွက် ကလေးတို့ရဲ့ ဘဝအတွက်၊ ပညာရေး အတွက် စိတ်အေးရပြီ လို့လည်း မိဘတချို့က ထင်တတ် ကြပါတယ်။ ဘိုလို ကောင်းကောင်း ပြောနိုင်ပြီ၊ ရေးနိုင်ပြီ ဖြစ်လို့ နိုင်ငံတကာ တက္ကသိုလ်တွေကို တက်ဖို့အတွက် ဝင်ခွင့်ဖြေတဲ့ အခါမှာ ကိုယ့်ကလေးက တပန်းမက သာလိမ့်မယ်လို့လည်း တွေးတတ်ကြ ပါသေးတယ်။

တကယ်တော့ အင်္ဂလိပ်စာဟာ ဘာသာစကားပါ။ ပညာရပ်မဟုတ်ပါဘူး။ အင်္ဂလိပ်စကားကို ရေလည်အောင် ပြောတတ်၊ ရေးတတ်၊ ဖတ်တတ်ဖို့ ဘာကြောင့် လိုပါသလဲ လို့ မေးမယ် ဆိုရင် ဒီစကားဟာ ဘယ်ပညာရပ် မဆိုရဲ့ တံတား ဖြစ်နေလို့ ပါပဲ။ ကျမတို့ဟာ ဘာကိုပဲ လေ့လာချင်၊ လေ့လာချင် အင်္ဂလိပ်လိုတတ်မှ အဆင်ပြေမှာ ဖြစ်တာ ကြောင့် အင်္ဂလိပ်စာကို အရေးတကြီး သင်ကြရပါတယ်။ ပြီးတော့ အင်္ဂလိပ်လို ရေးထားတဲ့ စာအုပ်တွေက ဘယ် သာသာရပ်မှာ မဆို အများကြီးပဲ ရှိတာမို့လို့ပါ။ ဒါကြောင့် မို့လို့ အင်္ဂလိပ်လိုတတ်ဖို့ သိပ်ကိုမှ အရေးကြီးလှပါတယ်။

ဒါပေမယ့် ကလေးတို့ကို သူငယ်တန်းကနေ စလို့ ဆယ်တန်းအထိ ပညာသင်ကြားတဲ့ အခါမှာတော့ အင်္ဂလိပ်စာ တခုတည်းကိုပဲ ကျမတို့ အဓိက ထားပြီးတော့ သင်ကြားလို့ မရပါဘူး။  အင်္ဂလိပ်စာလိုပဲ အရေးကြီးတဲ့ သချၤာ၊ သိပ္ပံ၊ သမိုင်း၊ လူမှုဆက်ဆံရေး၊ ကိုယ်လက်လှုပ်ရှားမှု၊ တွေးခေါ်မှု၊ တီထွင်ဖန်တီးမှု၊ ကျိုးကြောင်းကျနစွာ စဉ်းစားတတ်မှု စသဖြင့် အဲဒီအရာတွေ ကိုပါ သင်ကြားဖို့လိုပါတယ်။

ဒီလိုအရာတွေကို ဘယ်လိုသင်ကြားမလဲ၊ ဘာနည်းနဲ့ သင်ကြားမလဲ ဆိုတဲ့ကိစ္စက ခုနက အင်္ဂလိပ်စာ တတ်ဖို့ ဆိုတာထက် ပိုပြီးတော့ အရေးကြီးပါတယ်။

ကလေးတို့ကို နိုင်ငံတကာ ကျောင်းတွေမှာထား ကြတဲ့ အခါမှာ မိဘများအနေနဲ့ ကလေးတို့ကို ဘယ်လို သင်ရိုး ညွှန်းတမ်းနဲ့ သင်မှာလဲ၊ သင်ရိုးညွှန်းတမ်းထဲမှာ ဘာတွေပါသလဲ ဆိုတာကို သိဖို့လိုပါတယ်။ ဒါ့အပြင် သင်ရိုးညွှန်းတမ်း ထဲက စာတွေကို ကလေးတို့ကို သင်ကြားပေးတဲ့အခါမှာ ဘယ်လို နည်းစနစ်တွေကို သုံးပြီးတော့ သင်သလဲ ဆိုတာ ကိုလည်း သိဖို့ လိုပါတယ်။

ကျမတို့ နိုင်ငံလို ဖွံ့ဖြိုးဆဲ နိုင်ငံများက ကျောင်းတွေဆီကို ရောက်လာကြတဲ့ နိုင်ငံခြားသား ဆရာတွေဟာ တကယ်တော့ ဆရာစစ်စစ်တွေ မဟုတ်ကြတာ များပါတယ်။ နိုင်ငံခြားသား (အဖြူ) ဆရာတွေ များတယ်ဆိုတိုင်း ကျောင်းကောင်းရယ်လို့ ခေါ်လို့ မရပါဘူး။ ကိုယ့်ကလေးရဲ့ ဆရာဟာ တကယ်ရော ဆရာအရည်အချင်းနဲ့ ပြည့်စုံရဲ့လား၊ ပြည့်စုံဖို့ကိုရော ကြိုးစား အားထုတ်နေတဲ့သူ ဟုတ်ရဲ့လား ဆိုတာကိုလည်း မိဘများအနေနဲ့ သိဖို့လိုပါ သေးတယ်။

ဒါ့အပြင် ကလေးတို့တက်နေတဲ့ ကျောင်းများမှာ ကလေးတို့ကို အမူအကျင့် ကောင်းလေးတွေကိုရော သင်ပေးရဲ့လား ဆိုတာကိုလည်း မိဘများအနေနဲ့ လေ့လာဖို့ လိုပါသေးတယ်။ ဥပမာ – စာဖတ်တတ်တဲ့ အကျင့်လေးရသွားအောင်လို့ ကလေးတို့ကို လေ့ကျင့် ပေးတာမျိုးပါ။ စာဖတ်ဝါသနာပါခြင်းဟာ ကလေးတို့ရဲ့ အနာဂတ်ပညာရေး အတွက် သိပ်ကိုမှ အရေးကြီးတဲ့ ရေသောက်မြစ်တခု ဖြစ်တာကြောင့် ဖွံ့ဖြိုးပြီး နိုင်ငံကကျောင်းတွေမှာဆိုရင် ကလေးတို့ကို သူငယ်တန်း လောက်ကတည်းက စပြီးတော့ စာဖတ်ဝါသနာ ပါဖို့ကို စတင်ပျိုးထောင်ပေးနေကြပါပြီ။

ကိုယ့်ရဲ့ ကလေးတက်တဲ့ ကျောင်းမှာ စာကြည့်တိုက်ချိန် ရှိမရှိ ဆိုတာကို မိဘများ အနေနဲ့သိဖို့ လိုပါတယ်။ စာကြည့်တိုက်ချိန် ရယ်လို့ ရှိပေမယ့် ဒီစာကြည့်တိုက်ချိန် ဆိုတာဟာ ဟန်ပြအချိန်လား၊ တကယ်ကိုပဲ ကလေးတို့ကို စာဖတ်ဝါသနာ ပါစေဖို့ အတွက် လေ့ကျင့်ပေးတဲ့ အချိန်လား ဆိုတာကို သိအောင်လို့လည်း လုပ်ထားရပါမယ်။

နိုင်ငံတကာ ကျောင်းတွေမှာ အစိုးရကျောင်း တွေထက်စာရင်တော့ အားသာချက်တွေ အများကြီး ရှိတယ်လို့ ဆိုလို့ ရပေမယ့် အားနည်းချက်တွေလည်း ရှိပါတယ်။ အဆိုးဆုံး အားနည်းချက်ကတော့ မြန်မာစာနဲ့ မြန်မာ့သမိုင်းကို သင်မပေးနိုင်ကြတာ ပါပဲ။ နိုင်ငံတကာကျောင်းများမှာ ထားတဲ့ မိဘများအနေနဲ့ မြန်မာစာနဲ့ မြန်မာ့သမိုင်းကို ကလေးတို့ သိအောင်လို့ အိမ်မှာပြောပြ၊ သင်ပြပေးဖို့ လိုပါတယ်။ နိုင်ငံတကာ ကျောင်းမှာ ထားပေမယ့်လည်း မြန်မာစကား ကောင်းကောင်း ပြောနိုင်အောင်၊ မြန်မာစာ ကောင်းကောင်း ဖတ်နိုင်အောင်လို့ ကလေးတို့ကို သင်ကြားပေးဖို့ လိုပါတယ်။

ဒါ့အပြင် လူမျိုးတိုင်း လူမျိုးတိုင်းမှာ ရိုးရာယဉ် ကျေးမှုဆိုတာ ရှိတာကြောင့် ကိုယ့်ရဲ့ ရိုးရာယဉ်ကျေးမှု များကိုလည်း ကလေးတို့ကို နားလည်အောင်လို့ ရှင်းပြသင်ပြ ပေးဖို့လိုပါတယ်။ ကထိန်ဆိုရင် ဘာကြောင့် ကထိန်ခင်းရတယ်၊ အာဇာနည်နေ့ ဆိုရင် ဘာဖြစ်လို့ အာဇာနည်နေ့လို့ ခေါ်ရတယ်၊ အမျိုးသားနေ့က ဘာ စသဖြင့် ကလေးတို့ သိအောင်လို့  မိဘများက ပြောပြဖို့ လိုပါတယ်။

လူမျိုးတိုင်း လူမျိုး တိုင်းမှာ ယဉ်ကျေးမှုတွေ၊ ဘာသာရေးနဲ့ဆိုင်တဲ့ ပွဲတော်တွေ ရှိတာဟာ ဘာကြောင့် ရှိရသလဲ ဆိုတာကို ကလေးတို့ သိဖို့ လိုသလို၊ ကိုယ့်လူမျိုးရဲ့ ယဉ်ကျေးမှုနဲ့ ပွဲတော်များကို လေးစားတတ်အောင် သင်ပေးဖို့လိုပါ တယ်။ ကိုယ့်လူမျိုးရဲ့ ယဉ်ကျေးမှုနဲ့ ပွဲတော်များကို လေးစားတတ်အောင်၊ ဒီလိုပဲ ကိုယ်နဲ့ မတူတဲ့ လူမျိုးများရဲ့ ယဉ်ကျေးမှုတွေ ကိုလည်း လေးစားတတ်ဖို့ ကလေးတို့ကို သင်ပေးဖို့ လိုပါတယ်။

ဒါဆိုရင်ဖြင့် နိုင်ငံတကာ ကျောင်းတွေမှာ ကလေးကို ထားရတာ ရိုင်းလာတယ်တို့၊ ကိုယ့်လူမျိုး ယဉ်ကျေးမှုနဲ့ သမိုင်းကြောင်းကို မသိတော့ဘူးတို့ ဆိုတဲ့ အားနည်းချက်တွေကို ကျမတို့ ကျော်လွှား နိုင်သွားပါလိမ့်မယ်။ တကယ်တော့ ကျမတို့နိုင်ငံရဲ့ ပညာရေးစနစ် အားနည်းမှုကြောင့် အစိုးရကျောင်းများရဲ့ ကျက်ဖြေစနစ် အောက်မှာ ကလေးတို့ရဲ့ ပညာရေးဟာ တခြားဖွံ့ဖြိုးပြီး နိုင်ငံက ကျောင်းတွေနဲ့ ယှဉ်ရင် အများကြီး နောက်ကျကျန်နေခဲ့ရပါပြီ။

နိုင်ငံတကာ ကျောင်းများ ပေါ်လာချိန်မှာတော့ နောက်ကျ ကျန်ရစ်တဲ့ ပညာရေးကို ပိုက်ဆံတတ်နိုင်သူ မိဘများက ဒီကျောင်းများရဲ့ အကူအညီနဲ့ အမီလိုက်ဖို့ ကြံစည်ပါတယ်။ ဒါပေမယ့် နိုင်ငံတကာကျောင်း တော်တော်များများဟာ သင်ရိုးညွှန်းတမ်း မခိုင်မာ၊ ဆရာကောင်းကောင်းမရှိ၊ သင်နည်းစနစ် အတိအကျ မရှိကြသေးပါဘူး။ ဒါနဲ့ပဲ ပညာရေးဟာ နောက်ကျမြဲ နောက်ကျနေဆဲပါ။

သို့ပေမယ့် ကျမတို့ဟာ ရွေးချယ်စရာလည်း များများစားစား မရှိတာမို့ များပြားလှစွာသော နိုင်ငံတကာကျောင်းတွေ ထဲက ကိုယ့်ကလေးနဲ့ သင့်တော်မယ့် ကျောင်းလေး တကျောင်းကိုတော့ ရှာရဖွေရပါတော့တယ်။ ကလေးတို့ အတွက် ကျောင်း ဆိုတာဟာ ဒုတိယအိမ်ပါပဲ။ ဒီ ဒုတိယအိမ်မှာ ပျော်ပျော်ရွှင်ရွှင်၊ လုံလုံခြုံခြုံနဲ့ စာသင်ကြား တတ်မြောက် နိုင်ဖို့ ဆိုတဲ့ကိစ္စက ကျောင်းအဆောက်အဦတွေ ကောင်းဖို့ဆိုတာထက်၊ ကားပါကင် ကျယ်ကျယ် ဆိုတာတွေထက် ပိုပြီးတော့ အရေးကြီးပါတယ်။

ဒါကြောင့်မို့လို့ ကလေးတို့ကို နိုင်ငံတကာကျောင်းမှာ ထားမယ် ဆိုရင်ဖြင့် မထားခင်ကတည်က ကလေး သင်ရမယ့် သင်ရိုးညွှန်းတမ်းက အစ၊ ဆရာ၊ ဆရာမ အဆုံး မိဘများအနေနဲ့ ကြိုတင်စုံစမ်း လေ့လာကြဖို့ လိုတာမို့လို့ စုံစမ်းပြီးမှ သာ ကလေးကို ကျောင်းထားကြပါလို့။     ။

Your Thoughts …
Tags: Child RightChildren
ခေတ်ဘုန်းသစ်

ခေတ်ဘုန်းသစ်

Contributor

Similar Picks:

၁၃ နှစ်မလေး မအေးကောင်းနှင့် မအေးကောင်း များစွာ

၁၃ နှစ်မလေး မအေးကောင်းနှင့် မအေးကောင်း များစွာ

by သုရီလင်း
28 October 2014
10.1k

ချမ်းသာတဲ့သူ ကြိုက်မှ စီးပွားရေး လုပ်ရတာ မဟုတ်ဘူး၊ ဒေါ်အောင်ဆန်းစုကြည် အခုလာရင် အခု တောင်းလို့ ရတယ်၊ ဒေါ်အောင်ဆန်းစုကြည် သမီးတို့ ခြံနဲ့ဝိုင်းနဲ့ နေချင်တယ်၊ သူများ ခြံနဲ့ဝိုင်းနဲ့လည်း မနေချင်ဘူး” လို့ ပြောဖို့ မအေးကောင်းက...

ဘယ်လို ကျောင်းသား ဗဟိုပြုမှာလဲ

ဘယ်လို ကျောင်းသား ဗဟိုပြုမှာလဲ

by ခေတ်ဘုန်းသစ်
20 March 2013
7.8k

ကျမတို့ တိုင်းပြည်မှာ ဆရာဗဟိုပြု စနစ်က ဗဟိုပြုလွန်း လှတယ်လို့တောင် ဆိုရဦးမှာပါပဲ။ ဘာလို့လဲ ဆိုတော့ ကျနော့် အဖေသည် ဦးဘဖြစ်ပါသည်လို့ ပုံနှိပ်စာအုပ်မှာ ရေးထားရင် ကိုယ့်အဖေက ဦးအောင်အောင် ဖြစ်ဦးတော့ ဦးဘလို့ပဲ တတန်းလုံးဖြေမှ အမှတ်ရတာမို့ပါပဲ။

ကလေးစိတ်ပညာ, အိပ်ရာဝင်ပုံပြင်, ရသခံစားမှု, ယဉ်ကျေးခြင်း,

ကလေးတို့အတွက် အိပ်ရာဝင် ပုံပြင်

by ခေတ်ဘုန်းသစ်
21 August 2014
11.3k

စာမဖတ်တတ်ခင် ကတည်းက အဘွားတို့ အမေတို့ ပြောပြတဲ့ အိပ်ရာဝင် ပုံပြင်တွေထဲက တဆင့် ကျမတို့ သိနေခဲ့ကြပါပြီ။ ပုံပြင်တွေက တဆင့် ကျမ တို့ဟာ စိတ်နှလုံး လိမ္မာယဉ်ကျေး ခဲ့ကြတယ်

ကလေးစိတ်ပညာ, ဗီဇ, ပတ်ဝန်းကျင်

ကလေးတို့ရဲ့ ဗီဇသဘာဝနဲ့ ဝန်းကျင်

by ခေတ်ဘုန်းသစ်
12 November 2013
4.5k

ကိုယ်နဲ့ အကျင့် သဘာဝချင်းတူရင် ကောင်းတယ် ထင်ပြီးတော့၊ ကိုယ်နဲ့ အကျင့်သဘာ၀ မတူတဲ့ အခါမျိုးမှာ မကောင်းဘူးလို့ ထင်တတ်ကြ ပါတယ်။ ဒါဟာ တော်တော်လွဲမှားတဲ့ အယူအဆ တရပ်ပါပဲ။ ကလေးများဟာ တကယ်တော့ ကျမတို့ရဲ့ ကိုယ်ပွားလေးတွေ...

ကလေးကဗျာများ

ကလေးများနဲ့ ကလေးကဗျာ

by ခေတ်ဘုန်းသစ်
28 August 2014
5.6k

ကလေးတို့ကို ကဗျာရွတ်ပြဖို့နဲ့ ကဗျာဖတ်ပြဖို့ ဆိုတဲ့ ကိစ္စဟာ ကလေးတွေကို ဝလုံး လေးတွေ ရေးခိုင်း ဖို့ထက် ပိုပြီးတော့ အရေးကြီး ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကဗျာမှာက အသံတွေ၊ ကာရန်လေးတွေ ပါတာမို့ ကလေးတို့ဟာ...

ခိုးဝှက်, လိမ်ညာ, ကိုယ်ကျင့်တရား, ပြည်သူ့ပိုက်ဆံ, နိုင်ငံတော်ပိုက်ဆံ, ကြားပေါက်, အောက်ဆိုက်, အပိုဝင်ငွေ, အတုယူ,

ခိုးတတ် ဝှက်တတ်တဲ့ ကလေး

by ခေတ်ဘုန်းသစ်
30 June 2014
5.2k

တခါလောက် သူများပစ္စည်း လေးကို ယူမိတာနဲ့ပဲ တသက်လုံး သူခိုး ဖြစ်တော့မယ့် အတိုင်း ကလေးကို တံဆိပ်ကပ်တဲ့ အပြောမျိုးတွေ မပြော သင့်ပါဘူး။

Next Post
ဝါရှင်တန်က သတင်းပြတိုက်သို့ အလည်တခေါက်

ဝါရှင်တန်က သတင်းပြတိုက်သို့ အလည်တခေါက်

Shutter, ဖန်တီးအိမ်,

“အမျိုးသမီးတွေ ဦးဆောင်မှု နေရာ ရစေချင်တယ်”

Please login to join discussion
No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved