• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အမျိုးသမီးရေးရာ အဖွဲ့ချုပ်ကို ပြုပြင်ပြောင်းလဲရန် အစိုးရ ပြင်ဆင်

by ထက်နိုင်ဇော်
26 December 2016
in သတင်း
A A
သီပေါမြို့နယ် နားမခေါ် ကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် ရောက်ရှိနေသည့် စစ်ဘေးရှောင် ဒုက္ခသည် အမျိုးသမီးတချို့  / Pi Sai Htwe Htew

သီပေါမြို့နယ် နားမခေါ် ကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် ရောက်ရှိနေသည့် စစ်ဘေးရှောင် ဒုက္ခသည် အမျိုးသမီးတချို့ / Pi Sai Htwe Htew

35.2k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်ကို လူကြီးကတော်တွေနဲ့ ဖွဲ့စည်းတာမျိုး မဟုတ်ဘဲ တကယ်လွတ်လပ်ပြီး အမျိုးသမီးထုကို ကိုယ်စားပြုတဲ့ အဖွဲ့တခု ဖြစ်လာဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာ ကော်မတီက ပြင်ဆင်နေပြီ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

“အမျိုးသမီးရေးရာ အဖွဲ့ချုပ်ကို အရင်ကနဲ့ မတူဘဲ ပြန် ဖွဲ့စည်းမယ်။ သူက NGO ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတခု။ သီးခြား လွတ်လပ်စွာ တည်ရှိနေရမယ်။ အဲဒါကြောင့် အမျိုးသမီးရေးရာ အဖွဲ့ချုပ်နဲ့ ဆွေးနွေးပြီးတော့ လွတ်လပ်ပြီး တက်ကြွစွာ ပါဝင်တဲ့ အမျိုးသမီးတွေနဲ့ ဖွဲ့စည်းဖို့ လိုတယ်လို့ ကျနော်တို့ မှတ်ချက်ပေးထားတယ်”လို့ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ဝင်းမြတ်အေးက ဧရာဝတီကို ပြောပါတယ်။

လက်ရှိ ဖွဲ့စည်းပုံအရ တိုင်း၊ ပြည်နယ်၊ ခရိုင်နဲ့ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့တွေမှာ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက အကြီး အကဲတွေရဲ့ ဇနီးတွေက ဥက္ကဋ္ဌ တာဝန်တွေ ယူထားတာဖြစ်လို့ လွတ်လပ်ပြီး လူထု အခြေပြုတဲ့ CSO အဖွဲ့တခု ဖြစ်ဖို့ဆိုရင် ၎င်းတို့ရဲ့ ဖွဲ့စည်းပုံကို ပြန်လည် ပြင်ဆင်ရမှာ ဖြစ်ပါတယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးလည်းဖြစ်သူ ဒေါက်တာ ဝင်းမြတ်အေးက ဆိုပါတယ်။

“လက်ရှိမှာ အဲဒီလိုဖြစ်နေတော့ ကျနော်တို့က ဘယ်လို ဖွဲ့စည်းမှာလဲဆိုတာကို အသေးစိတ် ပြန်ဆွေးနွေးရဦးမယ်။ နောက်ပိုင်းမှာ ဒီနေရာမှာ သူပဲ ဥက္ကဋ္ဌ ဖြစ်ရမယ်ဆိုပြီး မဟုတ်တော့ဘူး။ အဲဒီလို ပြောင်းလဲလာတဲ့ အကြောင်းတရားတွေ ရှိလာမယ်။ အခုမှ လုပ်ဖို့အတွက် ဆောင်ရွက်နေတယ်။ စီစဉ်နေတုန်းပဲ ရှိသေးတယ်။ ပြောင်းလဲဖွဲ့စည်းလိုက်ရင် ကြေညာမှာပါ”လို့ သူက ဆိုပါတယ်။

ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ နိုင်ငံတော်အဆင့် အဖွဲ့အစည်းတခုဖြစ်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ရေးရာ ကော်မတီရဲ့ အောက်မှာ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေ ပါသလို အမျိုးသမီးအရေးနဲ့ ပတ်သက်ပြီးတော့ တက်ကြွစွာ လှုပ်ရှား နေတဲ့ အမျိုးသမီး အဖွဲ့အစည်တွေနဲ့အတူ မြန်မာ နိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်လည်း တခု အပါအဝင် ဖြစ်တယ်လို့ သိရပါတယ်။

အမျိုးသမီး အခွင့်အရေး လှုပ်ရှားဆောင်ရွက်နေသူတဦးဖြစ်တဲ့ ဒေါ်မေစံပယ်ဖြူကတော့ ယခင် အစိုးရလက်ထက်အထိ အမှီအခို မကင်းခဲ့တဲ့ အမျိုးသမီးရေးရာ အဖွဲ့ချုပ်မှာ အစိုးရ အဆင့်မြင့် အရာရှိတွေရဲ့ ကတော်တွေက နေရာယူထားတဲ့ ဖွဲ့စည်းပုံအစား လူတွေရော၊ မူတွေရော သာမက လုပ်ဆောင်တဲ့ နည်းလမ်းတွေ အားလုံးကိုပါ ပြောင်းလဲသင့်ပြီလို့ အကြံပြုပါတယ်။

လက်ရှိ အမျိုးသမီးရေးရာ အဖွဲ့ချုပ်ဟာ နိုင်ငံတော် အဆင့်ကနေ အောက်ခြေအထိ အဆင့်ဆင့် Top, Down နဲ့ ဖွဲ့စည်းထားပြီး ဖွဲ့စည်းပုံ Structure က ခိုင်မာပြီး အဖွဲ့ဝင် အရေအတွက်ကလည်း အရမ်း များနေပြီဖြစ်လို့ မှီခိုမှုကင်းပြီး လွတ်လပ်စွာနဲ့ ဘယ်အစိုးရ၊ ဘယ် နိုင်ငံရေးပါတီနဲ့မှ မဆက်စပ်ဘဲ အမျိုးသမီးတွေရဲ့ လိုအပ်ချက်တွေကို ကူညီပံ့ပိုးပေးနိုင်ဖို့ တက်ကြွတဲ့ စိတ်ပါဝင်စားသူတွေနဲ့ ပြင်ဆင် ဖွဲ့စည်းနိုင်မယ်ဆိုရင် အမျိုးသမီးထုအတွက် ကောင်းမွန်တဲ့ လုပ်ငန်းတွေကို လုပ်ဆောင်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ဒေါ်မေစံပယ်ဖြူက ပြောပါတယ်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
88
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
32
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
98

“ကျမတို့နိုင်ငံရဲ့ အခက်အခဲက အပြောင်းအလဲကို လိုလားတဲ့ အစိုးရ၊ အပြောင်းအလဲကို လိုလားတဲ့ ပြည်သူတွေ ရှိပေမယ့် တကယ့် လက်တွေ့မှာ မပြောင်းလဲနိုင်သေးတဲ့ လူတွေကလည်း အများကြီးပဲ။ တကယ့် အပြောင်းအလဲတွေ မဖြစ်ဘဲနဲ့တော့ ဘယ်လိုပဲ ပြင်ဆင် ဖွဲ့စည်းပါစေ အမှီအခိုကင်းတဲ့ အဖွဲ့အစည်းတခု ဖြစ်လာမှာ မဟုတ်ဘူးလို့ ကျမ သုံးသပ်တယ်”လို့ သူက ဧရာဝတီကို ပြောပါတယ်။

ဒေါ်မေစံပယ်ဖြူ တောင်းဆိုသလို အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဒေါ်အိအိပြုံးကလည်း နိုဝင်ဘာလ ၁၇ ရက်နေ့က ကျင်းပခဲ့တဲ့ အမျိုးသား လွှတ်တော်မှာ မိခင်နဲ့ ကလေးစောင့်ရှောက်ရေး အသင်းနဲ့ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်တို့ကို လွတ်လပ်တဲ့ အဖွဲ့အစည်းတွေ ဖြစ်ဖို့ မေးခွန်းထုတ်ခဲ့ပါသေးတယ်။

အဲဒီတုန်းက လွှတ်တော်မှာ လာဖြေတဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက မိခင်နဲ့ ကလေးစောင့်ရှောက်ရေး အသင်းကိုတော့ လွတ်လပ်တဲ့ အဖွဲ့တခုဖြစ်လာဖို့ တာဝန်ခံခဲ့ပေမယ့် အမျိုးသမီးရေးရာ အဖွဲ့ချုပ်ကိုတော့ သူနဲ့ တိုက်ရိုက် မသက် ဆိုင်ဘူးဆိုပြီး တာဝန် မခံခဲ့ပါဘူး။

အဲဒါကြောင့် ဧရာဝတီတိုင်းဒေသကြီးက အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်အိအိပြုံးဟာ အမျိုးသမီးရေးရာ အဖွဲ့ချုပ်ကို ဘယ်လို ဆက်လုပ်မလဲဆိုတာ သိချင်လို့ ပြည်ထောင်စု အစိုးရအဖွဲ့ထံကို ဆက်လက်မေးမြန်းခဲ့ပါတယ်။

ပြည်ထောင်စု အစိုးရအဖွဲ့က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနကို တာဝန်ပေးတဲ့အခါ ဝန်ကြီး ဖြစ်သူ ဒေါက်တာ ဝင်းမြတ်အေးက အမျိုးသမီးရေးရာ အဖွဲ့ချုပ်နဲ့ ညှိနှိုင်းပြီး လုပ်ထုံး၊ လုပ်နည်း စည်းမျဉ်း၊ စည်းကမ်းတွေနဲ့အညီ ပြင်ဆင်ဖွဲ့စည်းနိုင်ဖို့ ဆောင်ရွက်သွားမယ်ဆိုတဲ့အကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်အိအိပြုံးဆီကို တိုက်ရိုက် စာပြန် အကြောင်းကြားခဲ့ပါတယ်။

အမျိုးသမီးရေးရာ အဖွဲ့ချုပ်ကို လူထု အခြေပြု အရပ်ဘက်အဖွဲ့အစည်းအဖြစ် ရပ်တည်ဖို့ဆိုရင် ပွင့်လင်းမြင်သာစွာနဲ့ အဆင့်ဆင့် ရွေး ချယ်တင်မြောက်မှုနဲ့ ပြန်လည် ဖွဲ့စည်းဖို့ လိုအပ်ပြီး လက်ရှိ ထွေ/အုပ် အကြီးအကဲတွေရဲ့ ဇနီးတွေက ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက် နေတာ မှန်ပေမယ့် အဖွဲ့ချုပ်အနေနဲ့ ရပ်ရွာအတွင်းမှာ ပိုမိုအားကောင်းစွာ ဆောင်ရွက်နိုင်ရေးအတွက် အမျိုးသမီးထု ဖွံ့ဖြိုး တိုးတက်ရေး ကို အမှန်တကယ် စိတ်ဝင်စားတဲ့ ပြည်သူက တင်မြှောက်တဲ့ တက်ကြွတဲ့ အမျိုးသမီးတွေ ဖြစ်ဖို့ လိုတယ်လို့ ဝန်ကြီးရဲ့ အကြောင်းပြန်စာမှာ ဖော်ပြထားပါတယ်။

“တက်ကြွတဲ့ အမျိုးသမီး ဆိုတာက ဘယ်သူမဆို ဖြစ်နိုင်တယ်။ ရပ်ကွက် ဥက္ကဋ္ဌရဲ့ ဇနီးလည်း ဖြစ်နိုင်သလို တခြား ရပ်ကွက်ထဲက အမျိုးသမီးတယောက်လည်း ဖြစ်နိုင်တယ်။ အဲဒါကြောင့် နောက်ပိုင်းမှာ အဲလို ပုံစံမျိုးတွေ ဖြစ်သွားမှာ”လို့ ဒေါက်တာ ဝင်းမြတ်အေးက ဧရာဝတီကို တယ်လီဖုန်းမှ တဆင့် ပြောဆိုခဲ့ပါတယ်။

လက်ရှိ အမျိုးသမီးရေးရာ အဖွဲ့ချုပ်ဟာ ၂၀၀၃ ခုနှစ်မှာ စပြီးတော့ ပြည်ထဲရေးဝန်ကြီးဌာန၊ အသင်းအဖွဲ့များ ဖွဲ့စည်း ခွင့်ပြုရေးနဲ့ ကြီးကြပ်ရေး ဗဟို အဖွဲ့ဆီမှာ မှတ်ပုံတင်ခဲ့ပြီး ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ မှတ်ပုံတင်သက်တမ်း ကျန်ရှိနေသေးတဲ့ အဖွဲ့တခု ဖြစ်တယ်လို့ သိရှိရပါတယ်။

Your Thoughts …
Tags: Women
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

စစ်ကောင်စီနဲ့ NUG ကို BWU ဝေဖန် (ရုပ်/သံ)

စစ်ကောင်စီနဲ့ NUG ကို BWU ဝေဖန် (ရုပ်/သံ)

by ဧရာဝတီ
9 January 2025
487

အာဏာသိမ်း စစ်ကောင်စီနဲ့ တော်လှန်ရေး အင်အားစုတွေ က ကျူးလွန်နေတဲ့လိင်အကြမ်းဖက်မှုတွေ အရေးယူမှုမရှိတဲ့အပေါ် မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ဝေဖန်ထောက်ပြသွားပါတယ်။

အမျိုးသမီးတွေ မလုံခြုံရင် နိုင်ငံလည်း မလုံခြုံဘူး (ရုပ်/သံ)

အမျိုးသမီးတွေ မလုံခြုံရင် နိုင်ငံလည်း မလုံခြုံဘူး (ရုပ်/သံ)

by ဧရာဝတီ
2 September 2024
359

အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားမှုတွေအပါအဝင် ပြည်သူတရပ်လုံး ခံနေရတဲ့ ဆိုးဆိုးဝါးဝါး လူ့အခွင့်အရေးချိုးဖောက်မှု တွေအတွက် တရားမျှတမှု ရရေးကို တရားစွဲဆိုမှုများ ပြုလုပ်လာနိုင်သည့်အချိန်တွင် ပြည်တွင်းတရားစီရင်ရေးစနစ် နဲ့ပါ ကြိုးပမ်းရင် ပိုမို မြန်ဆန်နိုင်မယ်လို့ ဆရာမ ဒေါက်တာမီမီဝင်းဘတ်က ဆိုပါတယ်။

တရားစီရင်ရေးမဏ္ဍိုင် ပိုပြီးကောင်းမွန်လာဖို့လိုတယ်

တရားစီရင်ရေးမဏ္ဍိုင် ပိုပြီးကောင်းမွန်လာဖို့လိုတယ်

by ဧရာဝတီ
6 September 2024
257

မြန်မာနိုင်ငံက ကလေး လူငယ်တွေနဲ့ အမျိုးသမီးတွေရဲ့လုံခြုံရေးဟာ နေ့စဥ် ခြိမ်းခြောက်ခံနေရပါတယ်။

အမျိုးသမီးတွေပါရင် ငြိမ်းချမ်းရေးက ပိုပြီးခိုင်မာတယ် (ရုပ်/သံ)

အမျိုးသမီးတွေပါရင် ငြိမ်းချမ်းရေးက ပိုပြီးခိုင်မာတယ် (ရုပ်/သံ)

by ဧရာဝတီ
27 August 2024
244

စစ်အာဏာရှင်တော်လှန်ရေးပြီးရင် ရှေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ဆက်လက်ထိန်းထားနိုင်ဖို့ နိုင်ငံရေးဦးဆောင်မှုမှာ အမျိုးသမီးတွေ အနည်းဆုံး ၅၀ ရာခိုင်နှုန်း ပါဝင်ဖို့ လိုတယ်လို့ သုတေသနအချက်အလက်တွေကို ထောက်ပြပြီး ပါမောက္ခ ဒေါက်တာမီမီဝင်းဘတ်က ဆိုပါတယ်။

အချုပ်သူတွေအပေါ် လိင်အကြမ်းဖက်မှု ကိုင်တွယ်နေပြီလို့ NUG ပြော (ရုပ်/သံ)

အချုပ်သူတွေအပေါ် လိင်အကြမ်းဖက်မှု ကိုင်တွယ်နေပြီလို့ NUG ပြော (ရုပ်/သံ)

by ဧရာဝတီ
18 February 2025
192

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) နဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) တာဝန်ရှိသူတွေက အချုပ်သူတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တယ်ဆိုတဲ့ တိုင်ကြားချက်ကို ကိုင်တွယ်ဆောင်ရွက်နေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကအသိပေး ထုတ်ပြန်လိုက်ပါတယ်။

အမျိုးသမီးတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ ချုပ်ငြိမ်းဖို့ လိုတယ် (ရုပ်/သံ)

အမျိုးသမီးတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ ချုပ်ငြိမ်းဖို့ လိုတယ် (ရုပ်/သံ)

by ဧရာဝတီ
9 March 2025
137

အိမ်တွင်းအကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုများအပါအဝင် အကြမ်းဖက်မှု ပုံသဏ္ဍာန်မျိုးစုံကို မြန်မာနိုင်ငံရှိ အမျိုးသမီးများ ကြုံတွေ့နေရဆဲဖြစ်ပြီး အမျိုးသမီးများ တန်းတူညီမျှအခွင့်အရေး ရရှိရေး လှုပ်ရှားမှုများ ခက်ခဲနေဆဲဖြစ်သော်လည်း ဆက်လက် ရပ်တည်လုပ်ဆောင်သွားရန် လိုကြောင်း တန်းတူညီမျှရေး လှုပ်ရှားသူများက ဆိုပါတယ်။

Next Post
လုံခြုံရေးကင်မရာများ CCTV မှတဆင့် မြင်တွေ့ရသည့် ၃၈ လမ်း အလယ်ဘလောက် / ကျော်ခ / ဧရာဝတီ

ရန်ကုန်မြို့လယ် ၃၈ လမ်း သူခိုးသောင်းကျန်းမှု ဖော်ထုတ်အရေးယူနိုင်ခြင်း မရှိသေး

နိုင်ငံတဝန်းရှိ စာတိုက်များ၌ MPT ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းဝန်ဆောင်မှု စတင်ရရှိ

နိုင်ငံတဝန်းရှိ စာတိုက်များ၌ MPT ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းဝန်ဆောင်မှု စတင်ရရှိ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved