• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ARSA ၏ အစုလိုက်သတ်ဖြတ်မှု နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ဖော်ထုတ်

by ဧရာဝတီ
23 May 2018
in သတင်း
A A
ARSA အဖွဲ့သည် ဩဂုတ်လက ဟိန္ဒူ အမျိုးသမီး၊ အမျိုးသားနှင့်ကလေး ၉၉ ဦးအထိ သတ်ဖြတ်ခဲ့သည် / Reuters

ARSA အဖွဲ့သည် ဩဂုတ်လက ဟိန္ဒူ အမျိုးသမီး၊ အမျိုးသားနှင့်ကလေး ၉၉ ဦးအထိ သတ်ဖြတ်ခဲ့သည် / Reuters

23k
VIEWS
Share on FacebookShare on Twitter

လွန်ခဲ့သောနှစ်က ရခိုင်ပြည်နယ်မှ ဟိန္ဒူဘာသာဝင်များကို ရိုဟင်ဂျာ စစ်သွေးကြွများက ရက်စက်ကြမ်းကြုတ်စွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည့် အထောက်အထားများသစ်များကို နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ -AI က ထုတ်ပြန်လိုက်သည်။

ထိုသို့ထုတ်ပြန်သောကြောင့် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့သည် ၎င်းတို့ပြောဆိုနေသည့် အကြီးအကျယ် ထိန်ချန်ထားသော ARSA ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပထမဆုံး ထုတ်ဖော်ပြောဆိုသော နိုင်ငံတကာလူ့အခွင့်အရေး အဖွဲ့အစည်းဖြစ်လာသည်။

အင်္ဂလန်အခြေစိုက် ထိုအဖွဲ့က ဗုဒ္ဓဟူးနေ့နံနက်ကထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်အရ ARSA အဖွဲ့သည် ဩဂုတ်လက ဟိန္ဒူ အမျိုးသမီး၊ အမျိုးသားနှင့်ကလေး ၉၉ ဦးအထိ သတ်ဖြတ်ခဲ့ပြီး ဟိန္ဒူများကို နောက်ထပ် သတ်ဖြတ် ဖမ်းဆီးမှုများလည်းကျူးလွန်ခဲ့သည်ဟု သိရသည်။

အစိုးရက အကြမ်းဖက်အဖွဲ့အစည်း အဖြစ်သတ်မှတ်ထားသော ထိုအဖွဲ့သည် ဩဂုတ်လ ၂၅ ရက်နေ့တွင် ရခိုင်မြောက်ပိုင်းမှ လုံခြုံရေး စခန်းများကို တိုက်ခိုက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၁၂ ဦးကို သတ်ဖြတ်ပြီး နောက် အထက်ပါ ဖမ်းဆီးသတ်ဖြတ်မှုများကို ကျူးလွန်ခဲ့ခြင်းဖြစ်သည်။ ထိုတိုက်ခိုက်မှုကြောင့် မြန်မာ စစ်ဖက်က ထိုဒေသတွင် နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးမှု စစ်ဆင်ရေးများ ပြုလုပ်ခဲ့ပြီး ဒုက္ခသည် ၇၀၀၀၀၀ နီးပါး ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးစေခဲ့ သည်။ ထိုဒုက္ခသည်များ ကလည်း လုံခြုံရေးတပ်များ ၏ အငြင်းပွားဖွယ်ရာ သတ်ဖြတ်၊ နှိပ်စက်၊ အဓမ္မပြုကျင့်ခံရသည်ဟု စွပ်စွဲပြောကြားသည်။

ထိုမှစတင်ပြီး ရိုဟင်ဂျာ ပြဿနာကို နိုင်ငံတကာမှ အာရုံစိုက်မိလာသည်။ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂ တို့က မြန်မာ စစ်ခေါင်းဆောင်များကို အရေးယူပိတ်ဆို့မှုများ ပြုလုပ်သည်။ လူ့အခွင့်အရေး အဖွဲ့များက စစ်တပ်ကို နိုင်ငံတကာ ရာဇဝတ်တရားရုံး – ICC တွင် စစ်ဆေးရန် တောင်းဆိုသည်။

ထိုပြဿနာကို စစ်ဆေးရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်သို့ အဖွဲ့များစေလွှတ်သည်။ ထိုအဖွဲ့က ရိုဟင်ဂျာများ ဘေးကင်းစွာ ပြန်လာရေးအတွက် နေပြည်တော်ကို တိုက်တွန်းသည်။

သို့သော် ARSA ကိုပြစ်တင်ရှုတ်ချမှု အနည်းငယ်သာရှိသည်။ ARSA ကို နိုင်ငံတကာ ပြစ်တင်ရှုတ်ချမှု ကင်းမဲ့ခြင်း ကြောင့် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်က ကုလသမဂ္ဂ အဖွဲ့ဝင်အချို့သည် ဇာတ်လမ်း၏တဖက်ကိုသာ နားထောင်ပြီး ARSA ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို မသိကျိုးကျွံပြုထားသည်ဟု စွပ်စွဲသည်။

၎င်းတို့၏ ထုတ်ပြန်ချက်သစ်သည် ရခိုင်ပြည်နယ်အတွင်း ပြုလုပ်ခဲ့သည့် တွေ့ဆုံမေးမြန်းမှု ဒါဇင်ပေါင်း များစွာနှင့် အထောက်အထား ဓာတ်ပုံများကို သေမှုသေခင်း စစ်ဆေးသူများ၏ တွေ့ရှိချက်များ ကို အခြေခံသည်ဟု နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကပြောသည်။

“လက်တွေ့အခြေအနေကို အဖွဲ့ရဲ့ နောက်ဆုံးစုံစမ်းစစ်ဆေးမှုကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်းရဲ့ထုတ်ဖော် မပြောနိုင်လောက်အောင် မှောင်မိုက်တဲ့သမိုင်းအတွင်း အကြီးအကျယ် ထိန်ချန်ထားတဲ့ ARSA အဖွဲ့ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဖော်ထုတ်နိုင်ခဲ့ပါတယ်” ဟု နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့မှ အကျပ်အတည်းဖြေရှင်းရေး ဒါရိုက်တာ တီရာနာ ဟက်ဆန်က ပြောကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ARSA အဖွဲ့ရဲ့ လုံး၀ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေကို လျစ်လျှူရှုထားဖို့ ခက်ပါတယ်။ ဒီလိုလုပ်ရပ်တွေဟာ အဖွဲ့က တွေ့ဆုံမေးမြန်းခဲ့တဲ့ ရှင်ကျန်လွတ်မြောက်သူတွေမှာ မေ့ဖျောက်မရတဲ့ စိတ်ဝေဒနာတွေ ဖြစ်စေခဲ့ပါတယ်။ ဒီရက်စက်ကြမ်းကြုတ်မှုတွေအတွက် တာဝန်ရှိမှုဟာ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ မြန်မာလုံခြုံရေးတပ်တွေ လုပ်ဆောင်ခဲ့တဲ့ လူသားမျိုးနွယ် အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေလိုပဲ အရေးကြီးပါတယ်” ဟုလည်း သူက ဆက်လက်ပြောကြားသည် ဟုဆိုသည်။

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ တွေ့ရှိချက်များသည် မောင်တောမြို့နယ်ရှိ ခမောင်းဆိပ်ကျေးရွာ အုပ်စုနှင့် မြို့သူကြီးကျေးရွာများမှ ဟိန္နူအသိုင်းအဝန်းအား ဖမ်းဆီးသတ်ဖြတ်မှုများကို အဓိကထားသည်။ ထိုဖြစ်ရပ်များကို ဧရာဝတီသတင်းဌာနကလည်း စက်တင်ဘာလက ကျယ်ကျယ်ပြန့်ပြန့် သတင်း ထုတ်ပြန်ခဲ့သည်။

သြဂုတ်လ ၂၅ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ARSA သည် ထို ဟိန္နူ အသိုင်းအဝန်းကို ခမောင်းဆိပ်ကျေးရွာ အုပ်စုမှ အနောက် ခမောင်းဆိပ် ကျေးရွာတွင် တိုက်ခိုက်ခဲ့သည်ဟု နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က တွေ့ရှိခဲ့သည်။

“နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့သို့ ပေးပို့သော သေဆုံးသူစာရင်း အသေးစိတ်အရ အနောက် ခမောင်းဆိပ်မှ သတ်ဖြတ်ခံရသူများတွင် အမျိုးသား ၂၀ ဦး၊ အမျိုးသမီး ၁၀ ဦး နှင့် ကလေး ၂၃ ဦးပါဝင်ပြီး ၎င်းတို့အနက် ၁၄ ဦးမှာ အသက် ၈ နှစ်အောက်များဖြစ်သည်။

ထိုတွေ့ရှိချက်သည် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများမှ ရှင်ကျန်လွတ်မြောက်သူများ၊ မျက်မြင်သက်သေများနှင့် ဟိန္နူအသိုင်းအဝန်း ခေါင်းဆောင်များထံမှရရှိသည် သက်သေထွက်ဆိုချက်များနှင့်လည်းကိုက်ညီသည်” ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

RelatedPosts

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

10 January 2026
16
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
596
အကျဥ်းသားတွေ ကျွန်ပြုခံရတဲ့ မှတ်တမ်းတွေထွက်လာ (ရုပ်/သံ)

အကျဥ်းသားတွေ ကျွန်ပြုခံရတဲ့ မှတ်တမ်းတွေထွက်လာ (ရုပ်/သံ)

10 January 2026
43

ဟိန္နူအမျိုးသမီး ၈ ဦးနှင့် ၎င်းတို့၏ ကလေး ၈ ဦးတို့ကို ဖမ်းဆီးခေါ်ဆောင်ပြီးနောက် ARSA အဖွဲ့ဝင်များက အစ္စလာမ်ဘာသာသို့ ကူးပြောင်းစေကာ အသက်ချမ်းသာခွင့် ပေးခဲ့သည်ဟုလည်း ထိုသတင်းထုတ်ပြန်ချက်က ဆက်လက်ဖော်ပြသည်။ ရက်အတန်ကြာသောအခါ ထိုသူများကို ARSA တိုက်ခိုက်ရေးသမားများနှင့်အတူ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးစေခဲ့သည်။ ၎င်းတို့ကို မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များ အကူအညီဖြင့် အောက်တိုဘာလတွင် နေရပ်သို့ပြန်လည်ပို့ဆောင်နိုင်ခဲ့သည်။

သြဂုတ်လ ၂၅ ရက်နေ့တွင်ပင် အနီးရှိ ရဲဘောက်ကျားရွာအနီး ဟိန္နူအမျိုးသား၊ အမျိုးသမီးနှင့် ကလေး ၄၆ ဦးတို့ပျောက်ဆုံးသွားခဲ့သည်။ ၎င်းတို့ကို ARSA အဖွဲ့က သတ်ဖြတ်လိုက်သည်ဟု ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ဟိန္နူ အသိုင်းအဝိုင်းက ယုံကြည်နေသည်။

ထို့ကြောင့် စုစုပေါင်း သတ်ဖြတ်ခံရသူစာရင်းမှာ ၉၉ ဦးရှိသည်ဟု ယုံကြည်ရသည်။

အနောက်ခမောင်းဆိပ်ကျေးရွာမှ သတ်ဖြတ်ခံရသူ ၄၅ ဦးတို့၏ အလောင်းများကို အစုလိုက် အပြုံလိုက် မြှုပ်နှံထားသော နေရာ ၄ ခုမှ စက်တင်ဘာလတွင် ပြန်လည်တူးဖော် နိုင်ခဲ့သည်။ ထိုကျေးရွာမှ ကျန်သတ်ဖြတ်ခံရသူများနှင့် ရဲဘော်ကျ ကျေးရွာမှ ပျောက်ဆုံးသူ ၄၆ ဦးတို့၏ ကြွင်းကျန်ရစ်သော ရုပ်အလောင်းများကို မတွေ့ရှိသေးပါ။

ARSA နှင့် မြန်မာစစ်ဖက်တို့ ကျူးလွန်ခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများကို အပြည့်အ၀ ဖော်ထုတ် နိုင်ရေးအတွက် ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ အပါအဝင် လွတ်လပ်သော စုံစမ်းစစ်ဆေးသူများ အကန့်အသတ်မရှိ သွားရောက်ခွင့်ပြုရေးကို နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က တောင်းဆိုသည်။

“ထိုသို့ ရက်စက်ကြမ်းကြုတ် ဆင်ခြင်တုံ တရားမဲ့သော လုပ်ရပ်တွင် ARSA အဖွဲ့ဝင်များသည် ဟိန္နူ အမျိုးသား၊ အမျိုးသမီးနှင့်ကလေး ဆယ်ပေါင်းများစွာကို ဖမ်းဆီးပြီး ၎င်းတို့၏ရွာများ ပြင်ပတွင် မသတ်ဖြတ်မီ အကြမ်းဖက်ခဲ့ကြသည်။ ထိုသို့စက်ဆုပ်ဖွယ်ရာ ရာဇဝတ်မှု ကျူးလွန်သူများကို ပြစ်ဒဏ်ချမှတ်ရမည်” ဟု တီရာနာ ဟက်ဆန်ကပြောသည်။

“ရှင်ကျန်လွတ်မြောက်သူနှင့် သတ်ဖြတ်ခံရသူများအားလုံး၏ မိသားစုများအားလုံးသည် ၎င်းတို့ခံစားခဲ့ရသော ကြီးမားလှသည့် ဘေးဒုက္ခကြီးအတွက် တရားမျှတမှု၊ အမှန်တရားနှင့် နစ်နာမှုအတွက် ပြန်လည်ပေးဆပ်မှုများကို ခံစားခွင့်ရှိသည်” ဟုလည်း ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

ဆက်စပ်ဖတ်ရှု့ရန်

ARSA ၏ အစုလိုက်သတ်ဖြတ်မှု နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ဖော်ထုတ်

အကြမ်းဖက်သမားများ လက်မှလွတ်မြောက်လာသူ ဟိန္ဒူအမျိုးသမီး မရီခါး နှင့် ဆက်သွယ်မေးမြန်းချက်

အိပ်မက်ဆိုးက နိုးထ မရနိုင်သေးသော မရီခါး

Your Thoughts …
Tags: ARSAနိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

အာရက္ခတပ်တော်၏ ရခိုင်ပြည်ကို အုပ်ချုပ်နိုင်စွမ်း ဆန်းစစ်ချက်

အာရက္ခတပ်တော်၏ ရခိုင်ပြည်ကို အုပ်ချုပ်နိုင်စွမ်း ဆန်းစစ်ချက်

by ကျော်ဆန်းလှိုင်
26 November 2024
10.4k

AA တွင် ရခိုင်ပြည်နယ်ကို အုပ်ချုပ်ရန် ပြည့်ဝသောစွမ်းရည် မရှိနိုင်သော်လည်း ကြီးထွားတိုးတက်နိုင်သည့် စွမ်းရည်ရှိကြောင်း ပြသပြီးဖြစ်သည်။

ရခိုင်ပြည်နယ်ကို စစ်ကောင်စီ လက်လွှတ်ရတော့မည်

ထိုးစစ်ရှိန် ပိုမြင့်လာသည့် ရခိုင်စစ်မျက်နှာ

by အေးချမ်းဆု
22 October 2024
9.8k

မြန်မာပြည် အခြားစစ်မျက်နှာများ၏ အရှိန်အဟုန်များနှင့်ပါ ပေါင်းစပ်ပါက ၂၀၂၅ ခုနှစ်တွင် ရခိုင်၌ သစ်လွင်သည့် အခြေအနေတရပ်ကို မြင်ရမည်မှာ မလွဲမသွေ ဖြစ်ပေလိမ့်မည်။

မေယုတောင်ကြောတွင် AA နှင့် ARSA တိုက်ပွဲဖြစ်

မေယုတောင်ကြောတွင် AA နှင့် ARSA တိုက်ပွဲဖြစ်

by ဧရာဝတီ
21 July 2023
6.7k

ဘူးသီးတောင်မြို့နယ်အတွင်းရှိ မေယုတောင်ကြောတွင် စိမ့်ဝင်လှုပ်ရှားနေသော ARSA အဖွဲ့နှင့် စစ်ကောင်စီတပ်မှ အောက်ခြေအရာရှိတချို့နှင့် AA ၏အောက်ခြေ အရာရှိတချို့တို့သည် မူးယစ်ဆေးဝါးလုပ်ငန်းများ တွင် ဆက်နွယ်မှုရှိသည်

AA ၏ “အားလုံးအကျုံးဝင် အုပ်ချုပ်ရေး” အစီအစဉ် ရိုဟင်ဂျာများအကြား သဘောထား ကွဲလွဲနေ

AA ၏ “အားလုံးအကျုံးဝင် အုပ်ချုပ်ရေး” အစီအစဉ် ရိုဟင်ဂျာများအကြား သဘောထား ကွဲလွဲနေ

by Rajeev Bhattacharyya
4 November 2024
6.3k

လူမှုအသိုက်အဝန်းများအကြား သဟဇာတဖြစ်ခြင်းသည် ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် အဓိကကျသည်ဟု ULA က ယုံကြည်သည်။

ARSA ခေါင်းဆောင် အဖမ်းခံရအပြီး မွတ်စလင် လက်နက်ကိုင်တွေ ပြိုကွဲသွားနိုင်လား

ARSA ခေါင်းဆောင် အဖမ်းခံရအပြီး မွတ်စလင် လက်နက်ကိုင်တွေ ပြိုကွဲသွားနိုင်လား

by စွယ်တော်
22 March 2025
6.1k

တဖက်တွင် AA အနေဖြင့် ရန်သူ များလာစေရန်အတွက် စစ်ကောင်စီဘက်က ဝင်ရောက် တိုက်ခိုက်ပေးရန် ARSA ကို အသုံးချခဲ့ခြင်းလည်း ဖြစ်သည်။

စစ်ရှောင်စခန်းကို စစ်ကောင်စီက အကြီးဆုံးဗုံး သုံးတိုက်ခိုက်ဟု AI ထုတ်ပြန်

စစ်ရှောင်စခန်းကို စစ်ကောင်စီက အကြီးဆုံးဗုံး သုံးတိုက်ခိုက်ဟု AI ထုတ်ပြန်

by ဧရာဝတီ
16 October 2023
6k

"မြန်မာစစ်တပ်ရဲ့ နောက်ထပ် လူသတ်တိုက်ခိုက်မှုက သူတို့ဟာ အရပ်သားအသက်ကို လုံးဝဂရုမစိုက်ဘူးဆိုတာ ထပ်မံ သက်သေပြလိုက်တာဖြစ်တယ်"

Next Post
နယ်ပရိသတ် အခိုင်အမာ ရရှိထားတဲ့ သရုပ်ဆောင် နေမျိုးအောင် / ချစ်ပိုး / ဧရာဝတီ

"နာမည်တလုံးကို လွယ်လွယ်ရခဲ့တာ မဟုတ်ပါဘူး" ဆိုတဲ့ နေမျိုးအောင်

A Quiet Place ရုပ်ရှင်

တရုတ်နိုင်ငံမှာ ရုံဝင်ငွေ ဒေါ်လာ သန်း ၃၀၀ ကျော်သွားခဲ့တဲ့ “A Quiet Place’” ရုပ်ရှင်

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved