• English
Monday, June 23, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကြွေးကျန် သိန်း ၃ သောင်းကျော် ပြည်သူ့ဘဏ္ဍာ မဟုတ်ဟု မန်းတိုင်း ဝန်ကြီးချုပ်ဟောင်း ရှင်း

by မြတ်ပြည့်ဖြိုး
26 July 2018
in သတင်း
A A
ဇူလိုင်လ ၂၆ ရက် မန္တလေးမြို့တွင် ပြုလုပ်သော မန္တလေးတိုင်း အစိုးရအဖွဲ့ဟောင်း၏ သတင်းစာရှင်းလင်းပွဲ / မြတ်ပြည့်ဖြိုး

ဇူလိုင်လ ၂၆ ရက် မန္တလေးမြို့တွင် ပြုလုပ်သော မန္တလေးတိုင်း အစိုးရအဖွဲ့ဟောင်း၏ သတင်းစာရှင်းလင်းပွဲ / မြတ်ပြည့်ဖြိုး

30.2k
VIEWS
Share on FacebookShare on Twitter

မန္တလေးတိုင်းအစိုးရအဖွဲ့ဟောင်းမှ ကြွေးကျန် ကျပ် သိန်း ၃ သောင်းကျော်သည် ပြည်သူ့ဘဏ္ဍာများ မဟုတ်သည့်အတွက် လက်ရှိအစိုးရအဖွဲ့ထံ ပြန်လည်ပေးသွင်းရန် မဖြစ်နိုင်ဟု မန္တလေးတိုင်း ဝန်ကြီးချုပ် ဟောင်း ဦးရဲမြင့်က ပြောသည်။

ဇူလိုင်လ ၂၆ ရက် မန္တလေးမြို့တွင် ပြုလုပ်သော မန္တလေးတိုင်း အစိုးရအဖွဲ့ဟောင်း၏ သတင်းစာရှင်းလင်းပွဲတွင် ၎င်းက “ဒီငွေတွေက ပြည်သူ့ဘဏ္ဍာတွေလည်း မဟုတ်သလို အစိုးရငွေလည်း တပြားမှ မပါပါဘူး။ မြေမဲ့ယာမဲ့ လုပ်ကိုင်စားသောက်နေသူတွေကို ကူညီနိုင်ဖို့အတွက် မန္တလေးက စီးပွားရေးလုပ်ငန်းရှင်တွေ စေတနာအလျောက် ထည့်ဝင်ကူညီခဲ့တဲ့ငွေတွေပါ” ဟု ပြောသည်။

RelatedPosts

အမေရိကန်ပါဝင်လာတဲ့ အစ္စရေး-အီရန် စစ်ပွဲ (ရုပ်/သံ)

အမေရိကန်ပါဝင်လာတဲ့ အစ္စရေး-အီရန် စစ်ပွဲ (ရုပ်/သံ)

22 June 2025
265
Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

22 June 2025
546
မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်တည်ဆောက်နေတဲ့ စစ်ကောင်စီ (ရုပ်/သံ)

မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်တည်ဆောက်နေတဲ့ စစ်ကောင်စီ (ရုပ်/သံ)

21 June 2025
200

ယခင်အစိုးရလက်ထက်က မန္တလေးတိုင်းအတွင်း ကျေးလက်ဒေသများရှိ ပြည်သူများ၏ စားဝတ်နေရေး ဘဝအဆင်ပြေစေရေး စီမံခန့်ခွဲနိုင်ရန် ရန်ပုံငွေတခု ထူထောင်လိုသည့်အတွက် မန္တလေးတိုင်းရှိ စေတနာရှင်များ၊ လုပ်ငန်းရှင်များအား ခေါ်ယူရှင်းပြခဲ့ပြီး ၎င်းတို့က ကူညီခဲ့သည့် ငွေကြေးများဖြစ်သည်ဟု ဆိုသည်။

၎င်းရန်ပုံငွေအတွက် မန္တလေးတိုင်းအခြေစိုက် စီးပွားရေးလုပ်ငန်းရှင် ၁၀ ဦးကျော်က သန်း ၄ ထောင်ကျော် မတည်ကူညီခဲ့ပြီး ၎င်းငွေများအား မြဝတီဘဏ်တွင် အပ်နှံကာ ကျေးလက်ဒေသရှိ ဆင်းရဲနွမ်းပါးမှုလျှော့ချ ရေးအတွက် ၂ ကျပ်အတိုးနှုန်းဖြင့် တနှစ်ချေးငွေများ ချထားပေးခြင်းဖြစ်သည်ဟု သိရသည်။

သို့သော် ပြီးခဲ့သော ဇွန်လကုန်က ပြုလုပ်ခဲ့သည့် မန္တလေးတိုင်းအစိုးရ၏ ဒုတိယ ၁ နှစ်ပြည့်ကာလအတွင်း ဆောင်ရွက်ချက်များ သတင်းစာရှင်းလင်းပွဲတွင် လက်ရှိ တိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က တိုင်းအစိုးရအဖွဲ့ဟောင်းမှ ပေးစရာ ငွေကြွေးကျန်များနှင့် ပတ်သက်၍ စာရင်းစစ်ချုပ်အစီရင်ခံစာကို ဖတ်ကြားခဲ့ရာ ငွေပမာဏစုစုပေါင်း သိန်းပေါင်း ၃၃၀၀ ကျော်ဖြစ်ကြောင်း ဆိုသည်။

၎င်းသတင်းစာရှင်းလင်းပွဲတွင် လက်ရှိ မန်းတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က “ဒီငွေတွေဟာ ပြည်သူ့ငွေ တွေဖြစ်ပါတယ်။ ဒါကြောင့် စာရင်းရှင်းရမှာဖြစ်ပါတယ်။ သက်ဆိုင်ရာတွေဆီကိုလည်း ပို့ပေးပြီးဖြစ်တယ်။ ပြည်သူ့ငွေတွေ အကြွေးတင်ထားပြီးရင် လျော်လို့မရပါဘူး။ ဆပ်ကို ဆပ်ရမှာပါ” ဟု ပြောကြားခဲ့သည်။

အထက်ပါကိစ္စနှင့် ပတ်သက်၍ တိုင်းအစိုးရအဖွဲ့ဟောင်းက ယနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ ရှင်းလင်းခြင်းဖြစ်ပြီး ၎င်းငွေများသည် ပုဂ္ဂလိက စေတနာရှင်များ၏ အလှူငွေများဖြစ်ပြီး လက်ရှိတွင် ၎င်းငွေကြေးများအား မန္တလေးတိုင်းရှိ ပြည်သူများ ကျန်းမာရေး၊ ပညာရေးအတွက် ပရဟိတပြုလုပ်နိုင်ရန် “ရတနာပုံ” ဖောင်ဒေးရှင်းကို တည်ထောင်ထားပြီး ၎င်းဖောင်ဒေးရှင်းရန်ပုံငွေများအဖြစ် အစိုးရအာဏာ မလွှဲခင်က ပေးခဲ့ပြီးဖြစ်ကြောင်း ဦးရဲမြင့်က မီဒီယာများအား ရှင်းပြသည်။

“ကျနော်တို့အစိုးရလက်ထက်က ပြည်သူတွေအတွက် ကိုယ့်ဉာဏ်စွမ်းနဲ့ရှာခဲ့တဲ့ ပုဂ္ဂလိကပိုင် ပိုက်ဆံ တွေလေ။ နောက် အစိုးရကိုတော့ ဘယ်လွှဲခဲ့ပါ့မလဲ” ဟု တိုင်း လျှပ်စစ်နှင့် စက်မှုဝန်ကြီးဟောင်း ဦးကျော်မြင့်က ဧရာဝတီကို ပြောသည်။

ထို့ကြောင့် အဆိုပါငွေကြေးကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတထံလည်း ပြီးခဲ့သည့်လ ၁၈ ရက်က စာတင်ထားပြီး တိုင်းစာရင်းစစ်ချုပ်အစီရင်ခံစာ ကြည့်ရှုခွင့်ပေးရန် မန္တလေးတိုင်းအစိုးရအဖွဲ့ထံ ယနေ့ စာတင်ထားပြီးဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်း စာရင်းစစ်ချုပ် အစီရင်ခံစာအရ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ စာရင်းစစ်ဆေးတွေ့ရှိချက်တွင် ၂၀၁၇ ခုနှစ် ဇူလိုင် ၃၁ ရက်အထိ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ရန်ပုံငွေစာရင်း ငွေစုစာအုပ် S302 (မြဝတီဘဏ်) ၏ လက်ကျန်ငွေ ကျပ် သန်း ၂၃၀၀ ကျော်၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ရန်ပုံငွေ စာရင်းရရှိရန် ထုတ်ချေးငွေကိစ္စတွင် အနီးစခန်း ပြင်ဦးလွင် ပန်းပွဲရုံ ချေးငွေ ကျပ် ၁၀ သန်း၊ မီးလင်းရေးချေးငွေ ကျပ် ၃၆၉.၆ သန်း၊ စဉ့်ကူးမြို့နယ် အမက ၂၇ ကျောင်းသို့ ချေးငွေ ၄၃ သန်း၊ မန္တလေးတိုင်းအစိုးရအဖွဲ့ ရန်ပုံငွေ စာရင်း OA-020448 နှင့် စပ်လျဉ်း၍ ၂၀၁၆ ခုနှစ် မတ်လအထိ လက်ကျန်ငွေ ကျပ် ၂.၆ သန်းကျော်ပြန်လည် ပေးသွင်းရန်၊ ကျေးလက်ဒေသများသို့ မိုဘိုင်းဖုန်း Sim ကတ်များ အရစ်ကျ ရောင်းရာမှာ ၂ ရာခိုင်နှုန်းပေးသွင်းရန် ကျန်ရှိငွေ ၇၆.၉ သန်းကျော် တို့ ကျန်ရှိကြောင်း သိရသည်။

ထို့အတူ ၂၀၁၂-၁၃ ပညာသင်နှစ်က ကျောင်းသုံးဗလာစာအုပ် အခမဲ့ဖြန့်ဝေခြင်းအတွက် တန်ဖိုးကျပ် ၉၇.၁၁၅ သန်း၊ ပျော်ဘွယ်မြို့မဈေး မီးလောင်သည့်အတွက် ပြန်လည်တည်ဆောက်ရန် မတည်ငွေ ကျပ် သန်း ၅၀၊ မန္တလေးတိုင်းအစိုးရအဖွဲ့သည် တောင်ဝင်စက်မှုလက်မှု ကုမ္ပဏီနှင့် အကျိုးတူဆောင်ရွက်ခြင်း တွင် မြေဧက ၄၆ ဏက အခမဲ့ချထားခြင်းနှင့် ကျပ် သန်း ၃၇၅ အစုရှယ်ယာ ပိုင်ဆိုင်ထားသော်လည်း အကျိုးအမြတ် တစုံတရာ မရရှိခြင်းတို့ကိစ္စဖြစ်ရာ စုစုပေါင်း ငွေကျပ် သိန်း ၃ သောင်းကျော်ဖြစ်ကြောင်း သိရသည်။

အဆိုပါကိစ္စများအနက် ပြည်သူ့ပိုင်ငွေကြေးမဟုတ်၍ ပုဂ္ဂလိကဖောင်ဒေးရှင်း ရန်ပုံငွေအဖြစ် ရောက်ရှိ သွားသောငွေကြေးများအား လက်ရှိအစိုးရအဖွဲ့ထံ ရှင်းလင်းပြောကြားပြီး ဖြစ်သကဲ့သို့ ထုတ်ချေးငွေ ပြန်လည်ပေးသွင်းရန်ကိစ္စနှင့် အကျိုးအကြောင်း ဖော်ပြရှင်းလင်းရန် လိုအပ်သည့်ကိစ္စများ သည် သက်ဆိုင်ရာ တာဝန်ရှိဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ရမည့် ကိစ္စများသာ ဖြစ်သည်ဟု ဝန်ကြီးချုပ်ဟောင်း ဦးရဲမြင့်က ပြောသည်။

Your Thoughts …
Tags: ကြွေးကျန်ပြည်သူ့ဘဏ္ဍာမန္တလေးတိုင်း အစိုးရအဖွဲ့ဟောင်း
မြတ်ပြည့်ဖြိုး

မြတ်ပြည့်ဖြိုး

ဧရာဝတီ

Similar Picks:

ရာထူးဝန်အဖွဲ့အား ဝေဖန်ထောက်ပြမှုများ ပြုလုပ်နေသည့် ကိုနေယံဦး  /  Nay yan oo

ရာထူးဝန်အဖွဲ့ကို တရားစွဲမယ်ဆိုတဲ့ ကိုနေယံဦးနှင့် တွေ့ဆုံခြင်း

by ဇင်လင်းထက်
27 February 2020
28.8k

နည်းလမ်းပေါင်းစုံ သုံးပြီးတော့ ရာထူးဝန်အဖွဲ့ ကိုယ်တိုင် တာဝန်ယူ၊ တာဝန်ခံနိုင် အောင် ကြိုးစားမှာပဲ။ ဒီအစိုးရ လက်ထက်မှာ တာဝန်ခံ လာအောင်၊ ဒီအစိုးရ လက်ထက်မှာ တာဝန်မခံရင် နောက်အစိုးရ တက်လာခဲ့သည်ရှိရင် ဆက်ပြီး တွန်းအားပေးနေမှာပဲ။

ငွေကြေးအဖွဲ့အစည်းတခုမှ ပြည်သူများထံ ချေးငွေထုတ်ပေးနေစဉ် / Jasmines Season / Facebook

အသေးစား ချေးငွေ ပံ့ပိုးပေးနိုင်ရန် စီစဉ်နေကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ပြော

by သဇင်လှိုင်
17 November 2020
4.8k

ကိုဗစ်ကာလအတွင်း အသေးစား ချေးငွေ ပြန်လည် မပေးဆပ်နိုင်သည့် ပြည်သူများအတွက် ကြွေးကျန်များ ကို ဆပ်ချိန် ဆိုင်းငံ့ပေးရန် အစီအစဉ်တွေကိုလည်း ဆောင်ရွက်နေကြောင်း သိရသည်။

လွှတ်တော်တွင် တွေ့ရသော တပ်မတော်သား ကိုယ်စားလှယ်များ  / ထက်နိုင်ဇော် / ဧရာဝတီ

ပြည်သူ့ဘဏ္ဍာ လေလွင့်မှု မရှိရေး စီမံရန် အစိုးရကို တပ်မတော် ပြော

by ထက်နိုင်ဇော်
17 February 2020
22k

ပြည်သူ့ဘဏ္ဍာများ လေ့လွင့် ဆုံးရှုံးမှု မရှိဘဲ ပြည်သူလူထု၏ အကျိုးစီးပွားကို အကောင်းဆုံး ဆောင်ရွက်ပေးနိုင်မည့် အစိုးရ ယန္တရားတရပ် ဖြစ်ရေး တည်ဆောက်ရန် လိုအပ်ကြောင်း တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် တဦးက ယနေ့ ကျင်းပသည့် ပြည်ထောင်စု...

သမ္မတဟောင်း ဦးသိန်းစိန်  / ဧရာဝတီ

ယခင်အစိုးရ၏ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ကြွေးကျန် ကျပ်သန်း ၃ ထောင်ကျော် ကျန်နေသေး

by သီဟလွင်
9 June 2020
35.2k

ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းတို့မှ ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ဘဏ္ဍာနှစ်ထိ ၅ နှစ် စာ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ သုံးစွဲမှုမှာ ယနေ့အထိ ကြွေးကျန် ပေးသွင်းရန် ကျန်ရှိနေခြင်း ဖြစ်သည်

နိုင်ငံတဝန်း လျှပ်စစ်ရရှိရေးအတွက် အရေးပါသည့် မဟာဓာတ်အားလိုင်း / ဧရာဝတီ

ဓာတ်ငွေကြွေးကျန် ရရန် တနင်္သာရီတိုင်းအစိုးရအား လျှပ်စစ်ဝန်ကြီးဌာန ဖိအားပေး

by ကျော်မျိုး
14 December 2018
6.8k

ကုမ္ပဏီအနေဖြင့် ကျပ်သိန်း ၃၀၀၀ ပေးသွင်းမှု တကြိမ်သာရှိပြီး ကျန်ငွေမှာ စက်တင်ဘာလနှင့် နိုဝင်ဘာလ နှစ်လအတွက် ထပ်ပေါင်းပါက ကျပ် ၉ဘီလီယံနီးပါးအထိ ရှိကြောင်းလည်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနဘက်မှ သိရသည်။

ရေသန့်ဌာန၊ လျှပ်စစ်ဌာနနှင့် လမ်းတံတားဌာန တို့ ၃ ခုသည် တခုနှင့် တခု ချိတ်ဆက်မှု အားနည်းနေကြောင်း ရန်ကုန်မြို့တော်ဝန်က ဆိုသည် / အောင်ကျော်ထက်

Master Plan အားနည်းချက်ကြောင့် ဘဏ္ဍာငွေများ ဆုံးရှုံးနေဟု ရန်ကုန်မြို့တော်ဝန် ဝန်ခံ

by ထက်ခေါင်လင်း
10 October 2019
9.2k

YCDC တွင် Master Plan အားနည်းချက်များကြောင့် တိုင်းပြည်၏ ဘဏ္ဍာများ ဆုံးရှုံးနေရကြောင်း ရန်ကုန်မြို့တော်ဝန်က ဝန်ခံ ပြောကြားသည်။

Next Post
အဆိုတော် ရဲနောင်   / ထက်ဝေ / ဧရာဝတီ

"ဒီည Myanmar Idol မှာ Pantene Wild Card နဲ့ ဇော်ကြီးကို ပြန်ခေါ်စေချင်တယ်"

ဗုံးပေါက်ကွဲပြီးနောက် တရုတ်လုံခြုံရေး အရာရှိများ ရောက်ရှိလာစဉ် / Reuters

ဘေဂျင်းမြို့ အမေရိကန်သံရုံးအနီး ပေါက်ကွဲမှုဖြစ်

No Result
View All Result

Recommended

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

3 days ago
4.6k
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

5 days ago
3.2k

Most Read

  • အသက် ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် လျှောက်သောလမ်း

    အသက် ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် လျှောက်သောလမ်း

    shares
    Share 0 Tweet 0
  • အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    shares
    Share 0 Tweet 0
  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0
  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate