• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

နယ်စပ်စည်းရိုးအနီး တဲထိုးနေထိုင်သည့် ဘင်္ဂါလီများအရေး ဒေသခံလူထုနှင့် ဆွေးနွေးမည်

by မင်းအောင်ခိုင်
17 September 2018
in သတင်း
A A
ဘင်္ဂါလီများကို အကူအညီပေးရေး ကိစ္စနှင့် ပတ်သက်ပြီး မောင်တောရှိ ICRC ရုံးကို ဒေသခံများ ဆန္ဒပြ / ကိုစိန်လှ

ဘင်္ဂါလီများကို အကူအညီပေးရေး ကိစ္စနှင့် ပတ်သက်ပြီး မောင်တောရှိ ICRC ရုံးကို ဒေသခံများ ဆန္ဒပြ / ကိုစိန်လှ

6.9k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံ နယ်စပ်ခြံစည်းရိုး၊ တောင်ပြိုမြို့အနီးတွင် တဲထိုးနေထိုင်ကြသော ဘင်္ဂါလီများအား ကူညီ ထောက်ပံ့ပေးမည့် ကိစ္စနှင့်ပတ်သက်ပြီး ကြက်ခြေနီလှုပ်ရှားအဖွဲ့ Red Cross Movement (RCM) အနေဖြင့် ဒေသခံလူထုအသိုင်းအဝိုင်းများနှင့် တွေ့ဆုံးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကြက်ခြေနီလှုပ်ရှားအဖွဲ့ Red Cross Movement (RCM) တွင် အပြည်ပြည် ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း (MRCS)နှင့် အပြည်ပြည်ဆိုင်ရာ ဖက်ဒရေးရှင်း (IFRC) စသည့် အဖွဲ့ ၃ ဖွဲ့ပါဝင်သည်။

ဘင်္ဂါလီများအား ရိက္ခာထောက်ပံ့ ကူညီပေးမည်ဆိုသည့် သတင်းများ ထွက်ပေါ် လာမှုကြောင့် စက်တင်ဘာလ ၁၀ ရက်နေ့က မောင်တောမြို့ခံများက ကန့်ကွက်ဆန္ဒပြခဲ့ကြပြီး ထိုအခြေအနေနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC) ၏ သဘောထား အား ဧရာဝတီမှ ဆက်သွယ်မေးမြန်းခဲ့ရာတွင် ယင်းသို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ ပြန်ကြားဆက်သွယ်ရေး အရာရှိ ဦးဇော်ဝင်း က “မောင်တော ဒေသခံတွေ စက်တင်ဘာလ ၁၀ ရက်နေ့က ဆန္ဒပြတာကို သိပါတယ်။ ကျနော်တို့ ကြက်ခြေနီလှုပ် ရှာမှုအဖွဲ့အနေနဲ့တော့ ကူညီပေးမယ် ဆိုတာထက် ဒီကိစ္စက အစီအစဉ်တရပ် အနေနဲ့ပဲ ရှိပါသေးတယ်။ ဘယ်လိုကူညီပေးရင် အဆင်ပြေမလဲဆိုတာကိုလည်း ကျနော်တို့ ရပ်ရွာလူ ထုအသိုင်းအဝိုင်းတွေနဲ့ တွေ့ဆုံ နွေးဖို့ရှိပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ယခင်က အဆိုပါ နယ်စပ်ခြံစည်းရိုးအနီးတွင် တဲထိုးနေထိုင်ကြသည့် ဘင်္ဂါလီများကို ဘင်္ဂလားဒေ့ရ်ှ နိုင်ငံဘက်ခြမ်းမှ စားနပ်ရိက္ခာများအား ထောက်ပံကူညီမှုများ ပေးထားခဲ့သော်လည်း ယင်းဘင်္ဂါလီများ ထိုင်သည့် နေရာမှာ မြန်မာနိုင်ငံပိုင်နက်အတွင်း ကျရောက်သဖြင့် မြန်မာဘက်ခြမ်းမှသာ ကူညီပေးရန် တောင်ဆိုခဲ့ကြောင်းလည်း သိရသည်။

သြဂုတ်လ ၁၀ ရက်နေ့က နေပြည်တော်တွင် တဘက်နိုင်ငံသို့ ဝင်ရောက်သွားသော ဘင်္ဂါလီအရေးနှင့် ပတ်သက်၍ မြန်မာ – ဘင်္ဂလားဒေ့ရ် နှစ်နိုင်ငံ တွေ့ဆုံနွေးရာတွင် နယ်စပ်ရှိ ဘင်္ဂါလီများကို မြန်မာဘက်မှ ထောက်ပံ့ကူညီပေးရေး တောင်းဆိုချက်ကို နှစ်နိုင်ငံသဘာတူညီမှု ရရှိခဲ့ကြောင်းလည်း နိုင်ငံတော်အတိုင်ပင်ခံရုံးမှ ထုတ်ပြန်ခဲ့သည်။

ထိုသဘောတူညီမှု ရရှိခဲ့သည့်အတွက် မြန်မာအစိုးရသည် ကြက်ခြေနီ လှုပ်ရှားအဖွဲ့ Red Cross Movement (RCM) ကို နယ်စပ်ရှိ ဘင်္ဂါလီများကို ကူညီထောက်ပံ့ရန် ကမ်းလှမ်းခဲ့ကြောင်း သိရသည်။

ICRC မှ ပြန်ကြားဆက်သွယ်ရေးအရာရှိ ဦးဇော်ဝင်းက “နယ်စပ်မှာ ရှိနေနဲ့ လူတွေကို ကူညီပေးဖို့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ နှစ်နိုင်ငံတွေ့ဆုံးနွေးတဲ့အခါ မြန်မာဘက်က ကူညီပေးဖို့ သဘောတူညီမှု ရရှိခဲ့တယ်လို့ သိရပါတယ်။ အဲဒီသဘောတူညီချက် ကြောင့် ကျနော်တို့ ကြက်ခြေနီလှုပ်ရှားမှုအဖွဲ့ကို အစိုးရက ကမ်းလှမ်း လာပါတယ်။ ကျနော်တို့က အကူအညီ ပေးဖို့ ဖိတ်ကြားခြင်း ခံရတဲ့ အဖွဲ့သာ ဖြစ်ပါတယ်။ ကျနော်တို့ ကြက်ခြေနီ အဖွဲ့ဆိုတာက ဘာနိုင်ငံရေး ပရောဂမှ မပါတဲ့ အဖွဲ့သာ ဖြစ်ပါ တယ်” ဟု ဧရာတီသို့ ဆက်လက်ပြောကြားသည်။

ကြက်ခြေနီလှုပ်ရှားအဖွဲ့ Red Cross Movement (RCM) သည် ထိုသို့ဖိတ်ကြား ခံရသည့် အတွက် မြေပြင်အခြေအနေကို သိရှိနိုင်ရန်အတွက် စက်တင်ဘာလ ၁၂ ရက်နေ့က ၎င်းတို့ရှိနေသည့် နယ်စပ်ခြံစည်းရိုးသို့ သွားရောက်လေ့လာမှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

စက်တင်ဘာလ ၁၀ ရက်နေ့က ဆန္ဒပြပွဲတွင် ဦးဆောင်ပါဝင်သူ မောင်တောမြို့ခံ ဦးစိန်လှဖြူ ကတော့နယ်စပ်ခြံစည်းရိုးအနီးတွင် တဲထိုး နေထိုင်ကြသည့် အဆိုပါ ဘင်္ဂါလီများကို မြန်မာဘက်ခြမ်းမှ သွားရောက်ကူညီပေးမည့်ကိစ္စကို လက်မခံနိုင်ကြောင်း ဧရာဝတီသို့ ပြောသည်။

မောင်တောမဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်အုန်း ကလည်း “နယ်စပ်မှာနေတဲ့ ဘင်္ဂါလီ တွေကို ဒီဘက်ကနေပြီးတော့ ကူညီပေးမယ်ဆိုတာလောက်ကိုတော့ ကျနော်တို့ကြား ပါတယ်။ ဒီနေ့အ ထိတော့ ဘယ်အဖွဲ့ကမှလည်း ကျနော်တို့ကို လာရောက်တွေ့ဆုံနွေးဆွေးတာ မရှိသေးဘူး။ ကျနော်တို့ အမြင်ကတော့ ဒီဘက်မှာ ပြဿနာ ရှာပြီး ထွက်သွားတဲ့ လူတွေကို ဒီဘက်က တခါ သွားပြီးတော့ ကူညီပေးမယ်ဆိုတာ့ ဒေသခံတွေက နည်းနည်းတော့ ခံစားရတာပေါ့။ အဲဒါမျိုးကို အစိုးရကလည်း ခွင့်ပြု မပေးသင့်ဘူးလို့ မြင်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
123
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
39
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
124

ယင်းနေရာတွင် တဲထိုးနေထိုင်ကြသည့် ဘင်္ဂါလီလူဦးရေးမှာ လူပေါင်း ၄၅၀၀ မှနေ ၅၀၀၀ နီးပါးရှိပြီး တစ်ဘက်နိုင်ငံမှနေ လာရောက်ကူညီပေးနေသည့်အတွက် လူဝင်၊ လူထွက်ရှုပ်ထွေးပြီး စာရင်း အတိကျ ကောက်ယူရရှိရန် မြန်မာနိုင်ငံ အစိုးရ အနေဖြင့် အခက်အခဲ့များ ဖြစ်ပွားခဲ့ရကြောင်း ဒေသအာ ဏာပိုင်များက ပြောသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တော အကြမ်းဖက်မှု ဖြစ်စဉ်အတွင်းက ထိခိုက်ခံစားခဲ့ရသည့် လူပေါင်း ၂၆၃၀၀၀ သိန်းကျော်ကို ကြက်ခြေနီလှုပ်ရားမှုအဖွဲ့ Red Cross Movement (RCM) မှ ကူညီထောက်ပံ့မှုများကို ပေးနိုင်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်တီ (ICRC) က ဆိုသည်။

Your Thoughts …
Tags: ဘင်္ဂါလီ
မင်းအောင်ခိုင်

မင်းအောင်ခိုင်

Senior Reporter

Similar Picks:

ဘင်္ဂလားဒေ့ရှ် ဆန္ဒပြပွဲများနှင့် “ရာဇာကာများ”

ဘင်္ဂလားဒေ့ရှ် ဆန္ဒပြပွဲများနှင့် “ရာဇာကာများ”

by ဧရာဝတီ
29 July 2024
2.9k

ဆန္ဒပြပွဲများအတွင်း ဝန်ကြီးချုပ် ရှိတ် ဟာစီနာသုံးစွဲသည့် စကားတလုံးဖြစ်ပြီး ထိုစကားလုံးကြောင့် ဆန္ဒပြသူများထံမှ ဒေါသတကြီး တုံ့ပြန်မှုဖြစ်စေသည်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်  /  ဧရာဝတီ

ဘင်္ဂါလီ၊ ရိုဟင်ဂျာ အမည်နာမ ပြဿနာနှင့် AA ပြောတဲ့ရပ်တည်ချက်

by နန်းလွင်နှင်းပွင့်
11 December 2019
152.9k

ကျနော့် စိတ်ထဲက စေတနာအမှန်နဲ့ လူသားစိတ်ကို အခြေခံပြီး ပြောတာပါ။ သူတို့ကို နယ်စပ် စခန်းတွေမှာ ပိတ်လှောင်ထားပြီး စာနာတယ် ဆိုပြီး ထမင်းကျွေးထားတယ်။ ဘယ်မှ ပေးမသွားဘူး။ အလုပ် အကိုင်လည်း လုပ်ခွင့်မရှိဘူးဆို သူ့ရဲ့ဒုက္ခက ပိုကြီးပါတယ်။...

၂၀၁၆ ခုနှစ် အင်ဒိုနီးရှားရှိ မြန်မာသံရုံးရှေ့ ဆန္ဒပြနေသူတဦး / Reuters

ရခိုင်ပြည်နယ် ဘင်္ဂါလီ အရေး အနီးကပ် အပိုင်း – ၆

by မောင်မောင်စိုး
25 July 2017
5.3k

ပြဿနာသည် နိုင်ငံတကာက အာရုံစိုက်သည့် ပြဿနာလည်း ဖြစ်လာခဲ့သည်။ ကြာမြင့်စွာပစ်ထားခဲ့၍ ရောဂါရင့်မှ ကုသရသည့် အခြေအနေမျိုးလည်း ဖြစ်နေပေတော့သည်။

နယ်ခြားစည်းရိုးနားတွင် ကင်းစောင့်နေသော နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ / ဧရာဝတီ

ရခိုင်ပြည်နယ် ဘင်္ဂါလီ အရေး အနီးကပ် အပိုင်း – ၅

by မောင်မောင်စိုး
22 July 2017
14.4k

၁၉၄၂ ခု ရခိုင်ဘင်္ဂါလီ အရေးအခင်း မူဂျာဟစ်ဒင် ပုန်ကန်မှုနှင့် အလယ်သံကျော် ညီလာခံတို့သည် ရခိုင်ဘင်္ဂါလီ ပြဿနာ ဖြေရှင်းရေး စဉ်းစားရာတွင် ထည့်သွင်းစဉ်းစားရမည့် အချက်များ ဖြစ်သည်။

၂၀၁၅ ခုနှစ် တပ်မတော် ရေ က မြန်မာ့ပင်လယ်ပြင်ထဲတွင် တွေ့ရှိသော သင်္ဘောပေါ်ပါ ရွှေ့ပြောင်းသွားလာသူ ဘင်္ဂါလီများအား တွေ့ရစဉ် / Reuters

ရခိုင်ပြည်နယ် ဘင်္ဂါလီ အရေး အနီးကပ် အပိုင်း – ၄

by မောင်မောင်စိုး
21 July 2017
20.8k

ရိုဟင်ဂျာ ဆိုသော အသုံးအနှုန်းသည် လွတ်လပ်ရေးခေတ် နောက်ပိုင်းမှ ပေါ်လာသော အသုံးအနှုန်းဟု ဆိုရပါမည်။

ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်များ ပြန်လည်ဝင်ရောက်လာရေးကို ရိုဟင်ဂျာအဖြစ် အသိအမှတ်ပြုရေးနှင့် ချိတ်ဆက်ထားခြင်းက ပြဿနာကို ဖြေရှင်းရန် ပိုခက်သွားစေသည် / Reuters 

၂၀၁၇ – ၁၉ ခုနှစ်အတွင်း ရခိုင်ပြည်နယ် နိုင်ငံရေး၊ စစ်ရေး ပဋိပက္ခများ အပိုင်း-၁

by မောင်မောင်စိုး
26 July 2019
14.1k

ပြဿနာ ဖြေရှင်းရေး လိုအပ်နေသည့် အခြေခံမှာ ဒေသခံ ရခိုင်လူထု၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ထောက်ခံမှု ရရှိရေးဖြစ်သည်။

Next Post
မြန်မာနိုင်ငံမှာဖွင့်လှစ်ထားတဲ့ Kripsy Kreme Doughnuts ဆိုင်သစ်  /  ထက်ဝေ / ဧရာဝတီ

မြန်မာနိုင်ငံမှာ ဆိုင်ခွဲဖွင့်လှစ်လိုက်ပြီဖြစ်တဲ့ Kripsy Kreme Doughnuts အကြောင်း

နန်းမိုဟွမ် ပြန်လွှတ်ပေးရေး ဆန္ဒပြနေသော ဒေသခံများ /  စိုင်းသိန်းရွှေ

နန်းမိုဟွမ် လွတ်မြောက်ရေး ထောင်နှင့်ချီသော ဒေသခံများ လမ်းပေါ်ထွက် ဆန္ဒပြ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ခရိုနီ ခြေတက် ဦးဇော်ဝင်းရှိန်အကြောင်း တစေ့တစောင်း

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved