• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တိုင်စာများ ရှိသော်လည် RCSS/SSA ကြောင့် မဖြေရှင်းနိုင်ဟု JMS-S ဆို

by ချစ်မင်းထွန်း
30 November 2018
in သတင်း
A A
ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) တပ်ဖွဲ့ဝင်များ  / ကျော်ခ / ဧရာဝတီ

ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) တပ်ဖွဲ့ဝင်များ / ကျော်ခ / ဧရာဝတီ

6k
VIEWS
Share on FacebookShare on Twitter

လူသစ်စုဆောင်းခြင်းနှင့် ဆက်ကြေးကောက်မှု အပါအဝင် တိုင်စာ ၁၀ ခု ကျော်ရှိနေသော်လည်း ရှမ်းပြည် ပြည်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) ကြောင့် မဖြေရှင်းနိုင်သေးကြောင်း ရှမ်းပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည်ရေး ကော်မတီ (JMS – S) ထံမှ သိရသည်။

ကော်မတီလုပ်ထုံးလုပ်နည်းအရ တိုင်ကြားစာများကို ၁ လတကြိမ် ပြုလုပ်သည့် အစည်းအဝေးများနှင့် အရေးပေါ် အစည်းအဝေးများ ခေါ်ယူ၍ ဖြေရှင်းကြရခြင်း ဖြစ်ပြီး RCSS/SSA က အစည်းအဝေးများတွင် ပါဝင်မှုအား ယာယီရပ်ဆိုင်းထားသည့်အတွက် မဖြေရှင်းနိုင်ဘဲ ဖြစ်နေခြင်း ဖြစ်သည်။

ရှမ်းပြည် JMC-S မှ အရပ်သားကိုယ်စားလှယ် ခွန်စိုးထွန်းအောင်က “ကျနော်တို့ ရှမ်းအစည်းအဝေးကတော့ မခေါ်နိုင်သေးဘူး ToR (လုပ်ထုံးလုပ်နည်း) အရ။ တိုင်စာကတော့ များတော့ များနေပြီပေါ့၊ ပြီးခဲ့တဲ့ ရက်ပိုင်းတွေက(၁၀) စောင် ဝန်းကျင်ရှိတယ်။ အခုက တိုင်စာ ဆက်တိုက် ရောက်နေတာ၊ အခက်အခဲကတော့ အများကြီးပေါ့၊ အခုဆို မိုင်းပန်ဘက်မှာ တိုက်ပွဲတွေ ဖြစ်တယ်၊ ဒေသခံတွေ သွားရေးလာရေး ခက်ခဲတယ်၊ မိုင်းတွေ ပါတွေ ရှိတယ်၊ အဲဒါလေးတွေ ဖြေရှင်းဖို့ ကျနော်တို့မှာအခက်အခဲတွေတော့ အများကြီးရှိတာပေါ့။ ဆက်ကြေးကောက်တာတို့၊ လူသစ်စုတာတို့ အဲဒါလေးတွေက အများဆုံးပါပဲ၊ ရှမ်းပြည်နယ် တောင်ပိုင်း တခုတည်းမှာပါပဲ” ဟု ဧရာဝတီကို ပြောသည်။

ရှမ်းပြည်နယ်အဆင့် JMC- S တွင် အစိုးရ ကိုယ်စားလှယ် ၅ ဦး၊ လက်နက်ကိုင်အစုအဖွဲ့မှ ငါးဦး၊ အရပ်သား အစုအဖွဲ့မှ ၄ ဦး ပါဝင်ကာ အစည်းအဝေး လုပ်မည်ဆိုပါက အစိုးရနှင့် လက်နက်ကိုင်ဘက်မှ ၃ ဦးစီနှင့် အရပ်သား ကိုယ်စားလှယ် ၂ ဦး တက်ရောက်မှသာ အစည်းအဝေး ထမြောက်သည်ဟု သတ်မှတ်ထားသည်။

လက်နက်ကိုင် အစုအဖွဲ့တွင် RCSS/SSA က ၃ ဦး ပါဝင်ရာ ၎င်းတို့ဘက်မှ အစည်းအဝေး တက်ရောက်မှုကို ယာယီ ရပ်ဆိုင်းထားသည့်အတွက် အစည်းအဝေး မလုပ်နိုင်ဘဲ ဖြစ်နေခြင်း ဖြစ်ကာ တိုင်ကြားစာ အများစုမှာလည်း RCSS/SSA နှင့် အများဆုံး သက်ဆိုင်နေသည်ဟုလည်း သိရသည်။

RelatedPosts

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
422
OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
164
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
47

အစည်းအဝေး မခေါ်နိုင်သည့် အခြေအနေ ဖြစ်နေကြောင်းကို ပြည်ထောင်စုအဆင့် (JMC – U) သို့ တင်ပြထားပြီး ဖြစ်သော်လည်း တစုံတရာ အဆုံးအဖြတ် ပေးနိုင်ခြင်း မရှိသေးသည့်အတွက် တိုင်စာများကိစ္စအား ဖြေရှင်းရန် အစည်းအဝေး မလုပ်ဆောင်နိုင်သေးပေ။

JMC-U အတွင်းရေးမှူး (၁) ဒေါက်တာရွှေခါးရ်က “သူတို့က JMC ကနေ ထွက်တာလည်း မဟုတ်ဘူး။ သူတို့ပြောတာက အဓိက နယ်မြေသတ်မှတ်တာတို့။ ဒါကို အသေအချာလုပ်ပြီးမှပဲ ပြန်လာမယ်ဆိုတဲ့အတွက်ကြောင့် ဆိုင်းငံ့ထားတာတော့ ရှိတာပေါ့။ အဲဒါတွေကို ကျနော်တို့က ပိုပြီးတော့ ဂရုစိုက်ပြီးတော့ အမြန်ဆုံး သူတို့ Bilateral (နှစ်ဖက်) တွေ့နိုင်အောင်ရယ်၊ ခုနကလိုမျိုး တင်ပြထားတဲ့ဟာတွေ တပ်မတော်ဘက်မှာလည်း တင်ပြထားတာ ရှိမှာပေါ့။ RCSS ဘက်ကလည်း ရှိမှာပေါ့။ အဲဒါတွေကို အရင်လုပ်ပြီးတော့မှ အဲဒီက ထွက်ပေါ်လာတဲ့ ရလဒ်နဲ့အညီ လုပ်တာ ပိုကောင်းမှာပေါ့။ သူတို့ မပါဘဲလုပ်ရင် မကောင်းဘူးပေါ့” ဟု ပြောသည်။

တိုင်ကြားစာများ ရှိနေခြင်းနှင့် အစည်းအဝေး မတက်ရောက်ခြင်းနှင့် ပတ်သက်၍ RCSS/SSA မှ တာဝန်ရှိသူ တဦးဖြစ်သည့် ဒုဗိုလ်မှူးကြီး စိုင်းဦးထံ ဧရာဝတီက ဆက်သွယ်ခဲ့သော်လည်း ဖုန်းပိတ်ထားသဖြင့် ဆက်သွယ်၍ မရခဲ့ပေ။

RCSS/SSA အတွင်းရေးမှူး (၃) ဗိုလ်မှူးကြီးစိုင်းငင်း ကမူ “ကျနော်တို့ JMC ရဲ့စုဖွဲ့မှုပုံသဏ္ဌာန်နဲ့လုပ်ငန်းစဉ်တွေကို ပြန်ပြီးတော့ ဆွေးနွေးမယ်။ ပြီးတော့ JMC မှာပါတဲ့လုပ်ငန်းလမ်းညွန် (ToR) ကိုလည်း အဖွဲ့အတွင်းမှာ ဆွေးနွေးရဦးမယ်။ ပြီးတော့ နိုင်ငံတကာ အသိသက်သေတွေ ပါဝင်မှုအခန်းကဏ္ဍအပေါ်မှာလည်း ဆွေးနွေးဆုံးဖြတ်ပြီးမှ JMC အဆင့်ဆင့် အစည်းအဝေးတွေမှာ ပြန်တက်နိုင်မယ်။ မဟုတ်ရင်တော့ ကျနော်တို့ မတက်နိုင်သေးဘူး” ဟု နိုဝင်ဘာလ ၂၂ ရက်က ဧရာဝတီသို့ ပြောထားသည်။

RCSS သည် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် လက်နက်ကိုင်အဖွဲ့ ဖြစ်ကာ ရှမ်းပြည်နယ်အဆင့် JMC-S အစည်းအဝေးများသည် တရားမျှတမှု မရှိခြင်းနှင့် တဖက်သတ် ဆုံးဖြတ်မှုများရှိနေခြင်းကြောင့် JMC အဆင့်ဆင့် အစည်းအဝေးများသို့ ပါဝင်မှုအား ယာယီဆိုင်းငံ့ကြောင်း နိုဝင်ဘာလအစောပိုင်းက ကြေညာချက်ထုတ်ပြန်ကာ ရပ်ဆိုင်းထားခြင်း ဖြစ်သည်။

လက်ရှိတွင် RCSS/SSA မှာ ရှမ်းပြည်မြောက်ပိုင်း ဒေသအချို့တွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA) ၊ ရှမ်းပြည် တိုးတက်ရေးပါတီ(SSPP)တို့ဖြင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ကာ အောက်တိုဘာ၁၆ ရက် ကလည်း ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) နှင့်လည်း တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်။

Your Thoughts …
Tags: RCSS/SSAတိုင်စာပြည်တွင်းငြိမ်းချမ်းရေး
ချစ်မင်းထွန်း

ချစ်မင်းထွန်း

ဧရာဝတီ

Similar Picks:

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်အား KIA ထိန်းချုပ်ရာ လိုင်ဇာ ဒေသတွင် တွေ့ရစဉ်  / ဟိန်းထက် / ဧရာဝတီ

ရခိုင်ပြည်နယ်အတွင်း စစ်ရှိန်မြင့်လာနိုင်သည့် AA အိပ်မက်

by မင်းအောင်ခိုင်
11 December 2018
33.2k

မြန်မာပြည်ရဲ့ နိုင်ငံရေး ဖြစ်စဉ်ဟာ လက်နက်ကိုင် တော်လှန်ရေးဖြစ်စဉ်နဲ့ပဲ သွားနေတာ။ KIA နဲ့ဆိုရင်လည်း ဆွေးနွေးနေရင်းပင် တိုက်ပွဲဖြစ်တယ်။ အလွတ်သဘော တွေ့ဆုံတယ်။ ဒီလိုပဲ သွားနေတာ။ ဒီဟာတွေက သမရိုးကျဖြစ်နေကျပဲ။

၂၀၁၆ ခုနှစ် ထိုင်း-မြန်မာနယ်စပ် ရှမ်းအမျိုးသားနေ့ စစ်ရေးပြပွဲတွင် တွေ့ရသော တပ်သားများ / ဧရာဝတီ

ရှမ်းတိုင်းရင်းသားချင်း တိုက်ပွဲနောက်ကွယ်မှာ တရုတ်လက်တွေ ပါလား

by စိုင်းမုန်းယိုင်
10 July 2021
31.5k

အာဏာသိမ်းမှုနောက်ပိုင်း ရှမ်းပြည်မှာ ဖြစ်ပွားနေတဲ့ တိုင်းရင်းသားတပ်ချင်း တိုက်ပွဲတွေက အလွန်ပြင်းထန်လှပါတယ်။

ပြည်ထောင်စုနေ့အပေါ် တိုင်းရင်းသားခေါင်းဆောင်များရဲ့ အမြင်

ပြည်ထောင်စုနေ့အပေါ် တိုင်းရင်းသားခေါင်းဆောင်များရဲ့ အမြင်

by ဧရာဝတီ
11 February 2022
11.7k

တိုင်းရင်းသား နယ်မြေမှာ တိုက်ပွဲတွေ ဖြစ်နေတယ်၊ နေပြည်တော်မှာကတော့ ပြည်ထောင်စုနေ့ ကျင်းပနေတာ။ အဲဒါကတော့ စစ်မှန်တဲ့ ပြည်ထောင်စု၊ ငြိမ်းချမ်းတဲ့ ပြည်ထောင်စု မဟုတ်ဘူးလို့ဘဲ သုံးသပ်ထားပါတယ်။

၂၀၁၆ ခုနှစ်က ကျေးသီးမြို့နယ်တွင် တွေ့ရသည့် SSPP/ SSA တပ်ဖွဲ့ ဝင်များ / ဧရာဝတီ

ကျေးသီးမြို့နယ်တွင်း ရှမ်းလက်နက်ကိုင် နှစ်ဖွဲ့ကြား တိုက်ပွဲ ပြင်းထန်နေ

by ဧရာဝတီ
30 June 2021
43k

ဇွန် ၁ ရက်မှ စ၍ လွယ်ဟန်းတောင်ကြောတဝိုက်တွင် RCSS နှင့် SSPP ကြား တိုက်ခိုက်နေကြပြီး ဇွန်လ အတွင်း ၅ ရက်ခန့် သာ တိုက်ခိုက်မှု ရပ်တန့်ခဲ့ကာ တလလုံးနီးပါး စစ်ရေး တင်းမာနေသည့်...

ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၏ ဥက္ကဌ ဗိုလ်ချုပ်ကြီး ရွက်ဆစ် / ဧရာဝတီ

မြန်မာစစ်တပ်က တာဝန်ခံရမည်ဟု ရှမ်းလက်နက်ကိုင်ခေါင်းဆောင်ပြော

by Larry Jagan
3 April 2021
42.3k

မြန်မာစစ်တပ်အနေဖြင့် ၎င်း၏ လူသားမျိုးနွယ် အပေါ်ဆန့်ကျင်သည့် ရာဇဝတ်မှုများအတွက် တာဝန်ခံရမည်ဟု ရှမ်းတိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်က သတိပေးလိုက်သည်။

လပွတ္တာမြို့တွင် ဆန္ဒဖော်ထုတ်နေသည့် ဆရာ၊ ဆရာမများ  / ဧရာဝတီ

နာမည်၊ လိပ်စာမပါသည့် ပစ်စာတိုင်စာများဖြင့် အရေးယူမှုမလုပ်ရန် ဆရာများ ဆန္ဒပြ

by ဆလိုင်းသန့်စင်
23 May 2019
6.7k

လပွတ္တာမြို့နယ်မှဆရာ၊ ဆရာမ ၅၀၀ ကျော်က မေလ ၂၂ ရက်နေ့ ညနေပိုင်းတွင် ဧရာဝတီတိုင်း ဒေသကြီး လပွတ္တာမြို့တွင် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

Next Post
ရန်ကုန်တိုင်း ရွာသာကြီးတွင် နိုဝင်ဘာလ ၁၁ ရက်က ဖွင့်လှစ်ခဲ့သည့် ကုန်းတွင်းဆိပ်ကမ်း / အောင်ကျော်ထက် / ဧရာဝတီ

မုံရွာတွင် ကုန်းတွင်းဆိပ်ကမ်း ဖော်ဆောင်ရန် လေ့လာမှုများ လုပ်ဆောင်နေ

မြေမြှုပ်မိုင်း နင်းမိကာ ဒဏ်ရာ ရရှိသူ နိုင်ကွန်ဗလိုင်း  / ဉာဏ်စိုးဝင်း / ဧရာဝတီ

တနင်္သာရီတိုင်း ရေဖြူမြို့နယ်သား တဦး မြေမြှုပ်မိုင်း နင်း

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.1k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved