• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကိုယ်ဝန်ရှိမှ နစ်နာကြေး ကျပ် ၅ သိန်းဖြင့် ကျေအေးရန် ညှိနှိုင်းသူကို မုဒိမ်းမှုဖြင့် ရဲကဖမ်း

by ဉာဏ်စိုးဝင်း
6 February 2019
in သတင်း
A A
၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ မန္တလေးတွင် ပြုလုပ်ခဲ့သော ကလေးသူငယ်များအား လိင်အမြတ်ထုတ်မှု ဆန့်ကျင်ရေး လှုပ်ရှားမှုတခု  / ဇော်ဇော်

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ မန္တလေးတွင် ပြုလုပ်ခဲ့သော ကလေးသူငယ်များအား လိင်အမြတ်ထုတ်မှု ဆန့်ကျင်ရေး လှုပ်ရှားမှုတခု / ဇော်ဇော်

25.1k
VIEWS
Share on FacebookShare on Twitter

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကမာဝတ်မြို့မှ အသက် ၁၅ နှစ်အရွယ်မိန်းကလေး တဦးကိုယ်ဝန်ရရှိမှုနှင့် ပတ်သက်ပြီး ကျပ် ၅ သိန်းဖြင့် ကျေအေးရန် ညှိနှိုင်းခဲ့သည့် အသက် ၂၅ နှစ်အရွယ် ကိုမျိုးအောင်ဆိုသူကို ကမာဝတ် နယ်မြေရဲစခန်းက မုဒိမ်းမှုဖြင့် ဖမ်းဆီးလိုက်ကြောင်းသိရသည်။

အသက် မပြည့်သေးသည့် အဆိုပါမိန်းကလေး ကိုယ်ဝန်ရရှိမှုနှင့် ပတ်သက်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ကျပ် ၅ သိန်းဖြင့် ကျေအေးခဲ့သော်လည်း တရားမျှတမှု ရရေး အတွက် အနာဂတ်အလင်းတန်း လူမှုကွန်ရက်အဖွဲ့ ဥက္ကဋ္ဌ မသက်ထားလွင်က အရေးယူပေးရန် တိုင်ကြားခဲ့ရာမှ ကမာဝတ် နယ်မြေရဲစခန်းက ကိုမျိုးအောင်ကို ယခုလ ၂ ရက်နေ့က ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။

ထိုအမှုဖြစ်စဉ်နှင့် ပတ်သက်၍ ကိုမျိုးအောင်ကို ကမာဝက် နယ်မြေရဲစခန်းတွင် (ပ) ၆၁/၂၀၁၉ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ခဲ့ပြီးနောက် တရားရုံးတွင် ရမန်ယူ၍ မော်လမြိုင်အကျဉ်းထောင်တွင် ချုပ်ထားကြောင်း သိရသည်။

ကမာဝက် နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ် ညီညီထွေး က “၁၆ နှစ်အောက်ဖြစ်တာနဲ့ သူက မုဒိမ်းမှုပဲလေ အလိုတူတူ၊ မတူတူ အဲ့ဒါ ၃၇၆ ဖြစ်တယ်၊ အတူနေခဲ့တာတော့ အမှန်ပဲလေ၊ အသက် ၁၆ နှစ်အောက်ဖြစ်တဲ့အတွက်၊ ဘယ်လိုပဲ သဘောတူ နေတယ် ဖြစ်ပစေ မုဒိမ်းမှုကတော့ ပြေးမလွတ်ဘူးလေ” ဟု ဧရာဝတီသို့ ပြောသည်။

ဖမ်းဆီးခံထားရသည့် ကိုအောင်မျိုးသည် ကိုယ်ဝန်ရရှိသွားသည့် အသက် ၁၅ နှစ်အရွယ် မိန်းကလေးနှင့် အိမ်နီးချင်း ဖြစ်ပြီး ၂၀၁၈ ခုနှစ် ဧပြီလထဲတွင် စတင်ချစ်ကြိုက်ခဲ့ရာမှ ကိုယ်ဝန် ၅ လအရွယ်ရောက်မှ အဖွားဖြစ်သူက သိရှိခဲ့ခြင်းဖြစ်ကြောင်း မိန်းကလေးဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသည့် မသက်ထားလွင် က ပြောသည်။

မသက်ထားနွယ်က “မျိုးအောင်က ဒီကောင်မလေးကို ဖုန်းတွေဆက်ပြီး သူတို့ ချစ်ကြိုက်ပြီးတော့ ကောင်မလေးက ယာခင်းထဲမှာ ဟင်းရွက်သွားခူးတာ လိုက်လာပြီးတော့ သားမယားပြုကျင့်တာလို့ ကောင်မလေးက အမကို ပြောတယ်” ဟု ဆိုသည်။

မြေးဖြစ်သူ၏ ကိုယ်ဝန်ကို တာဝန်ယူပေးရန် မျိုးအောင်၏ အုပ်ထိန်းသူများထံ အဖွားဖြစ်သူက အကြောင်းကြားသော်လည်း တာဝန်မယူနိုင်ဟု အကြောင်းပြန်သဖြင့် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကမာဝတ်မြို့ရှိ စိန်တောင် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် အရွယ်မရောက်သေးသော မိန်းကလေးကို ကိုယ်ဝန်ရှိအောင် ကျူးလွန်ခဲ့မှုဖြင့် တိုင်ကြားခဲ့ကြောင်း သိရသည်။

သို့သော်လည်း စိန်တောင်ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများက နှစ်ဦးနှစ်ဖက် ညှိနှိုင်းပေးခဲ့ရာ၌ စွပ်စွဲခံရသူ ကိုမျိုးအောင် ဘက်မှ မိန်းကလေးအား လက်မထက်နိုင်သည့်အပေါ် နစ်နာကြေးအဖြင့် ကျပ် ၅ သိန်းပေးလျော်၍ ၂ ဦးသဘောတူ ကျေအေးခြင်း ကတိလက်မှတ်ကို ရေးထိုးစေခဲ့သည်ဟု မသက်ထားလွင်က ပြောသည်။

စိန်တောင်ရပ်ကွက်ရုံး မှတ်တမ်းထဲတွင် မုဒိမ်းမှုကို ကျေအေးခြင်း အသိသက်သေအဖြစ် လက်မှတ် ရေးထိုးပေးထားသူများမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဘအေးအပါဝင် ဦးအောင်ဘွား၊ ဦးခိုင်သိန်းနှင့် ဦးငြိမ်းချမ်းတို့ ပါဝင်ကြောင်း ၎င်းရုံးမှတ်တမ်းတွင် အသိသက်သေအဖြစ် လက်မှတ်ထိုးထားချက်အရ သိရသည်။

စိန်တောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဘအေး က “ကျနော်ဆီလာတာ ကိုယ်ဝန် ၃ လ၊ ၄ လလောက်ရှိပြီ၊ ကျနော်ကလည်း မလုပ်ပေးချင်ဘူး၊ ရဲဆီသွားလို့ ကျွန်တော်ပြောတယ်၊ ဒါပေမယ့် ရဲဆီမသွားဘူး၊ သူတို့အချင်းချင်းပဲ စာလေးတစောင်လောက် ရေးပြီးတော့ အသိအမှတ်ပြုပေးပါလို့ အကူအညီ တောင်းခံတယ်၊ တောင်းခံတော့ ကျနော်လည်း သူတို့အချင်းချင်း ဆိုတော့ လည်း ပြေလည်ရာ ပြေလည်မလားလို့ အဲ့လိုရေးပေးမိတာမှန်တယ်၊ ဒါပေမယ့် စာချုပ်တော့ မချုပ်ထားပါဘူး” ဟု ရှင်းပြသည်။

ရပ်ကွက်အုပ်ချပ်ရေးမှူးရုံး၏ ရုံးမှတ်တမ်းထဲ၌ အသက်မပြည့် မိန်းကလေးနှင့် ကိုမျိုးအောင်တို့ ၂ ဦးသည် နောက်နောင် ပါဝင်ပတ်သတ်မှု မလုပ်တော့ပါကြောင်းနှင့် အသက်မပြည့်သေးသည့် ထိုမိန်းကလေးမှ မွေးဖွားလာမည့် ကလေးစရိတ်ကိုလည်း တိုင်ကြားခံရသူ ကိုမျိုးအောင်ဘက်မှ လုံးဝ ပေးစရာမလိုတော့ကြောင်း ဖတ်ရှုသဘောပေါက်ကြပြီးဖြစ်ကြောင်း ၂ ဦးသဘောတူ လက်မှတ်ရေးထိုး ထားသည်ကို ယင်းရပ်ကွက်ရုံး၏ မှတ်တမ်းအရ သိရသည်။

RelatedPosts

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
422
OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
164
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
47

ထိုကိစ္စသည် ရဲအရေးပိုင်သည့် အမှုဖြစ်ခြင်းကြောင့် ဥပဒေကြောင်းအရသာ ဆောင်ရွက်ရသည့်ကိစ္စဖြစ်သဖြင့် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးများက ကိုင်တွယ်ဖြေရှင်း၍ မရကြောင်းနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးက နားမလည်ခြင်းကြောင့် ကိုင်တွယ် ဖြေရှင်းခဲ့ခြင်းလည်း ဖြစ်နိုင်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က မှတ်ချက်ပြု ပြောဆိုသည်။

ဦးရောဘတ် စန်းအောင် က “အသက်မပြည့်ရင်တော့ မုဒိမ်းမှုပေါ့ဗျ၊ မုဒိမ်းမှုဆိုရင်တော့ သိတဲ့သူက အမှုဖွင့်လို့ရတယ်၊ မိန်းကလေးက သဘောတူသည်ဖြစ်စေ မတူသည်ဖြစ်စေ ဒါက ရဲအရေးပိုင်တယ်၊ မုဒိမ်းကိုဗျ၊ မုဒိမ်းမှုဟာ ဘယ်အချိန်မှာ တိုင်ရမယ်၊ ဘယ်အချိန်မှာ မတိုင်ရဘူးလို့ ဥပဒေပြဌာန်းချက် ကန့်သတ်ထားတာမရှိဘူး၊ အဲ့ဒီတော့ ဒါဟာ ရဲအရေးပိုင်တဲ့ အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးက လုပ်ကိုင်ဆောင်ရွက်တာက နည်းလမ်းတော့ မကျဘူးပေါ၊ မုဒိမ်းမှုကို မည်သူမဆို ကိုယ်စားပြု သွားတိုင်လို့ရတယ်” ဟု မှတ်ချက်ပြုသည်။

တရားဥပဒေ စိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲ (မွန်ပြည်နယ်) အဖွဲ့ဝင်ဖြစ်သည့် အရပ်ဖက် ကိုယ်စားလှယ် ကိုထွန်းအောင်အောင် က “တရားဥပဒေ စိုးမိုးမှုကို ရဖို့အတွက်ဆိုရင် တကယ် ခံစားရတဲ့သူတွေက တရားစီရင်ရေးရဲ့ စနစ်ပေါ် တက်လာပြီးတော့မှ မှန်ကန်စွာ ဆုံးဖြတ်တဲ့အရာလေးတွေကို ခံစားစေချင်တာပေါ့နော်၊ အခုက အဲ့လို မဟုတ်ဘဲနဲ့ လုပ်ပိုင်ခွင့်ကို ကျော်လွန်ပြီးတော့မှ ငွေကြေးနဲ့ ခေါ်ယူညှိနှိုင်း ဆောင်ရွက်ပေးတဲ့အရာတွေက လူတဦး တယောက်ကို ငွေကြေးနဲ့ ဝယ်လိုက်တယ်ဆိုတဲ့ သဘောတရားဖြစ်နေတယ်” ဟု ပြောသည်။

၎င်းကဆက်၍ “အုပ်ချုပ်ရေးမှူးတစ်ယောက်ရဲ့လုပ်ပိုင်ခွင့် ဘယ်လောက်ရှိတယ်ဆိုတဲ့ အတိုင်းအတာအရ သူသည် အချို့သော ပြဿနာတွေကို ကူညီဖြေရှင်းပေးရမယ်ဆိုတာ မှန်ပေမယ့်လည်း ရာဇဝတ်ကြောင်းအရ ဖြစ်လာတဲ့ ကိစ္စရပ်တွေမှာဆိုရင် သက်ဆိုင်ရာ ရဲစခန်းမှူး၊ အမှုစစ်တွေကို အပ်ရမယ်၊ ပြီးတော့မှတဆင့် ဥပဒေကြောင်းအရ တင်ပြီးတော့မှ တရားစီရင်ရေးက ဆုံးဖြတ်တဲ့အရာကို ခံယူခွင့်ပေးတော့မှ မျှတစွာဖြစ်လာမယ့် အခြေနေတွေ များစွာရှိတယ်” ဟု ရှင်းပြသည်။

ဒေါ်သက်ထားလွင်သည် ၂၀၁၈ ခုနှစ် နိုဝင်ဘာလက မုဒုံမြို့နယ်၊ ကာဝက်မြို့၊ စိန်တောင်ရပ်ရှိ ဒေသန္တရ ကျန်းမာရေးရုံးသို့ ရောက်ရှိစဉ် သားဖွားဆရာမနှင့် ကိုယ်ဝန်ရှိ မိန်းကလေးငယ်တို့ ရောက်ရှိလာပြီး ကိုယ်ဝန်လွယ်ထားရသော ကလေးမက ယခုလွယ်ထားသော ကိုယ်ဝန်အား ကလေးမွေးဖွားပြီးပါက ယူချင်သူများအား ထိန်းသိမ်းစောင့်ရှောက်ရန် ပေးမည်ဖြစ်ကြောင်း ပြောဆိုနေခြင်းကို သိရှိသွားခဲ့ရာမှ စုံစမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Your Thoughts …
Tags: ကမာဝတ်မြို့ကိုမျိုးအောင်မုဒိမ်းမှု
ဉာဏ်စိုးဝင်း

ဉာဏ်စိုးဝင်း

ဧရာဝတီ

Similar Picks:

မိန်းမ နှင့် ဒေါသ

မိန်းမ နှင့် ဒေါသ

by ခင်ဆွေဦး
28 July 2024
2k

အများအားဖြင့် မိန်းမတွေဟာ “ဒိန်းလိန်း” နတ် ပူးလာရင် သူတို့ရဲ့ စိတ်ထွက်ပေါက်ကို ဒေါသဘက် လှည့် ဖြေရှင်းတတ်ကြပါတယ်။

မုဒိမ်းကျင့်တာကို မုဒိမ်းကျင့်တယ်လို့ ပြောရင် ရိုင်းသတဲ့လား

မုဒိမ်းကျင့်တာကို မုဒိမ်းကျင့်တယ်လို့ ပြောရင် ရိုင်းသတဲ့လား

by ဆာရာနွယ်
21 November 2025
943

'မုဒိမ်း' စကားလုံးကို လူသုံးအများဆုံးနဲ့ အတွင်ကျယ်ဆုံး အစားထိုး စကားလုံးကတော့ 'သားမယား ပြုကျင့်သည်' ပဲ ဖြစ်တယ်။

လပွတ္တာမြို့ ဆိုင်းဘုတ် / ဆလိုင်းသန့်စင် / ဧရာဝတီ

၁၄ နှစ်အရွယ် မိန်းကလေးငယ်အား အဓမ္မပြုကျင့်မှုဖြင့် ပထွေးနှင့်ခဲအိုကို ဖမ်းဆီး

by ဆလိုင်းသန့်စင်
4 July 2019
80.6k

အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်အား အကြိမ်ကြိမ် အဓမ္မပြုကျင့်မှုဖြင့် ၎င်း၏ ပထွေးနှင့် ခဲအို ဖြစ်သူတို့ကို ရဲတပ်ဖွဲ့က ဇူလိုင်လ ၂ ရက်နေ့တွင် ဖမ်းဆီးထားကြောင်း

--

ပုဒ်မ ၃၇၆ ပြင်ဆင်တဲ့အပေါ် ဘယ်လိုမြင်ကြလဲ

by လဲ့လဲ့ & မိုးမိုး
3 April 2019
13.1k

ပုဒ်မ ၃၇၆ ပြင်ဆင်သတ်မှတ်လိုက်ခြင်းနှင့်ပတ်သက်ပြီး အမျိုးသမီးအရေးလှုပ်ရှားဆောင်ရွက်နေသော အရပ်ဘက်အဖွဲ့အစည်းများ၏အမြင်သဘောထားများကို ဧရာဝတီသတင်းထောက်လဲ့လဲ့က မေးမြန်းတင်ပြထားသည်

တရားစီရင်ရေးမဏ္ဍိုင် ပိုပြီးကောင်းမွန်လာဖို့လိုတယ်

တရားစီရင်ရေးမဏ္ဍိုင် ပိုပြီးကောင်းမွန်လာဖို့လိုတယ်

by ဧရာဝတီ
6 September 2024
257

မြန်မာနိုင်ငံက ကလေး လူငယ်တွေနဲ့ အမျိုးသမီးတွေရဲ့လုံခြုံရေးဟာ နေ့စဥ် ခြိမ်းခြောက်ခံနေရပါတယ်။

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ မန္တလေးတွင် ပြုလုပ်ခဲ့သော ကလေးသူငယ်များအား လိင်အမြတ်ထုတ်မှု ဆန့်ကျင်ရေး လှုပ်ရှားမှုတခု  / ဇော်ဇေ

စာသင်ကျောင်းအတွင်း သက်ငယ်မုဒိမ်းမှု ကျူးလွန်ခဲ့သူအား ထောင် နှစ် ၂၀ ချမှတ်

by ဇူးဇူး
31 July 2019
35.6k

မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်တွင်း အခြေခံပညာ အလယ်တန်းကျောင်း တကျောင်း၏ စာသင်ခန်းအတွင်း သက်ငယ်မုဒိမ်းမှု ကျူးလွန်ခဲ့သည့် ကျောင်းအထွေထွေလုပ်သားအား ဇူလိုင် ၃၀ ရက်တွင် မင်းဘူးခရိုင် တရားရုံးက ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်ကြောင်း သိရသည်။

Next Post
အဆိုတော်လင်းလင်းနဲ့  Blood Of Century Band လူငယ်အဖွဲ့ / မန်းသူ

လူငယ်အဆိုတော်အသစ်တွေအတွက် သီချင်းခွေထုတ်ပေးတဲ့ အဆိုတော် လင်းလင်း

လန်ဒန်မှာကျင်းပနေတဲ့ တရုတ်နှစ်သစ်ကူးပွဲတော်မြင်ကွင်း

တရုတ်နှစ်သစ်ကူးပွဲတော်ကို ခမ်းခမ်းနားနားကျင်းပနေတဲ့ နေရာများ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.1k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved