• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ငြိမ်းချမ်းရေး အပေါင်းလက္ခဏာဆောင်ရန် အကြိတ်အနယ် ဆွေးနွေးနေရ

by ငြိမ်းငြိမ်း
8 February 2019
in သတင်း
A A
၂၀၁၆ ခုနှစ် ဇွန်လအတွင်း ဆွေးနွေးပွဲတခုတွင် တွေ့ဆုံနှုတ်ဆက်နေကြသော အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်မှ ဦးတင်မျိုးဝင်းနှင့် KIA မှ ဗိုလ်ချုပ်ဂွန်မော် / ငြိမ်းငြိမ်း

၂၀၁၆ ခုနှစ် ဇွန်လအတွင်း ဆွေးနွေးပွဲတခုတွင် တွေ့ဆုံနှုတ်ဆက်နေကြသော အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်မှ ဦးတင်မျိုးဝင်းနှင့် KIA မှ ဗိုလ်ချုပ်ဂွန်မော် / ငြိမ်းငြိမ်း

11.3k
VIEWS
Share on FacebookShare on Twitter

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း မရှိသေးသော မြောက်ပိုင်းမဟာမိတ် အဖွဲဝင် ၄ ဖွဲ့နှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းတွင် ပထမဆုံးအကြိမ် တပေါင်းတစည်းတည်း အလွတ်သဘော ဆွေးနွေးပွဲကျင်းပရန် အစိုးရ၏ ဆုံးဖြတ်ချက်သည် တရားဝင် ငြိမ်းချမ်းရေး ညှိနှိုင်းမှုစားပွဲဝိုင်းသို့ NCA လက်မှတ်ရေးထိုးသည့် အဖွဲ့ဝင်သစ်များကို ဖိတ်ခေါ်နိုင်မည့် အပြုသဘောဆောင်သော ခြေလှမ်းဖြစ်သည်။

အစိုးရ၏ ငြိမ်းချမ်းရေးညှိနှိုင်းသူများ နှင့် ဗိုလ်ချုပ်ဂွန်မော်ဦးဆောင်သည့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ကိုယ်စားလှယ်အဖွဲ့တို့ တရုတ်နိုင်ငံကူမင်းတွင် ဇန်နဝါရီလ ၂၁ ရက်နေ့က တွေ့ဆုံချိန် KIO က မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များအားလုံးနှင့် အတူတကွတွေ့ဆုံရန် အဆိုပြုခဲ့ပြီး နောက်ပိုင်း အစိုးရက မြောက်ပိုင်း ၄ ဖွဲ့နှင့် ဆွေးနွေးပွဲပြုလုပ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်ဟု သိရသည်။ ထိုအလွတ်သဘောဆွေးနွေးမှုကို ဖေဖေါ်ဝါရီလလယ်တွင် ပြုလုပ်နိုင်ရန် အဆိုပြုထားသည်။

KIO ၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၊ တအာန်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ၊ ကိုးကန့်အဖွဲ့၏ မြန်မာအမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) နှင့် ရက္ခိုင့်တပ်မတော် (AA) တို့ပါဝင်သော မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ၂၀၁၆ ခုနှစ်နှောင်းပိုင်းက KIA ဦးဆောင်ပြီး ဖွဲ့စည်းခဲ့သည်။

ရှမ်းပြည်မြောက်ပိုင်းမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆွေးနွေးမှုများကို အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင် ဒု ဥက္ကဌ ဦးသိန်းဇော် ဦးဆောင်သည်။ အဆိုပြုထားသော အလွတ်သဘောဆွေးနွေးပွဲများကို ပြည်တွင်းတွင် တရားဝင်ဆွေးနွေးပွဲများ ဆက်လက်ကျင်းပရေး အပါအဝင် အာဂျင်တာ ညှိနှိုင်းရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်လိုခြင်း ဖြစ်သည်ဟု ငြိမ်းချမ်းရေးကော်မရှင် ၏ အဆိုအရသိရသည်။ ငြိမ်းချမ်းရေးကော်မရှင်သည် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဌာန လက်အောက်ရှိ ငြိမ်းချမ်းရေး ညှိနှိုင်းမှု အဖွဲ့ဖြစ်သည်။

“အဓိက ဆွေးနွေးမယ့် အကြောင်းအရာက NCA လက်မှတ်ရေးထိုးရေးအတွက် ဘယ်လိုလုပ်ကြမလဲဆိုတာ ဖြစ်ပါတယ်” ဟု ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူးနှင့် အဓိက ညှိနှိုင်းဆွေးနွေးသူ ဦးခင်ဇော်ဦးက ဆိုသည်။ သို့သော် ဆွေးနွေးပွဲကျင်းပမည့် ရက်စွဲကို မသတ်မှတ်ရသေးပေ။

ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကျယ်ကျယ်ပြန့်ပြန့် ရှေ့ဆက်နိုင်ရေးအတွက် အစိုးရသည် ထိုအဖွဲ့ ၄ ဖွဲနှင့် နေပြည်တော်တွင် တရားဝင်ဆွေးနွေးပွဲ ဆက်လက်ကျင်းပရန် ရည်ရွယ်သည်။ ထို့အတူ တပ်မတော်မှ ညှိနှိုင်းရေးအဖွဲ့သည်လည်း ထို ၄ ဖွဲ့ကို တဖွဲ့ချင်းတွေ့ဆုံမည်ဟု သိရသည်။

မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့တို့သည် ၂၀၁၄ နှင့် ၂၀၁၅ ခုနှစ်များက NCA စာချုပ်မူကြမ်းရေးဆွဲသောအဖွဲ့ (NCCT) တွင် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့်အတူ ပါဝင်ခဲ့ကြသော်လည်း၊ အဖွဲ့ဝင် ၃ ဖွဲ့ဖြစ်သည့် AA, TNLA နှင့် MNDAA တို့ကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တန်းတူညီမျှ ပါဝင်ခွင့်မပေးသောကြောင့် NCA လက်မှတ်မရေးထိုးဘဲ ကျန်နေခဲ့ကြသည်။ ထို့နောက် မြန်မာပြည်မြောက်ပိုင်းမှာ စစ်ရှိန်မြင့်လာခဲ့ပြီး၊ တပ်မတော်က ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်ရှိ စစ်တိုင်း ၅ တိုင်းတွင် တဖက်သတ် အပစ်အခတ်ရပ်စဲကြောင်း ဒီဇင်ဘာလ ၂၁ ရက်နေ့က မကြေညာမီအထိ ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်း တို့တွင် စစ်ရေးတင်းမာမှု မြင့်မားခဲ့သကဲ့သို့ ရခိုင်ပြည်နယ်တွင်လည်း တပ်မတော်နှင့် AA အကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို အဖွဲ့လိုက်တွေ့ဆုံရန် တပ်မတော်က အစိုးရငြိမ်းချမ်းရေး ညှိနှိုင်းသူများကို ခွင့်ပြုခဲ့သော်လည်း ထိုအဖွဲ့များ၏ တောင်းဆိုချက်များ မည်မျှ အတိုင်းအတာအထိ ညှိနှိုင်းနိုင်မည်လဲ ဆိုသည်ကို ဆက်လက်စောင့်ကြည့်ရဦးမည်ဖြစ်သည်။

တပ်မတော်သည် မြန်မာနိုင်ငံအနောက်ပိုင်းတွင် AA နှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး တန်ပြန်သောင်းကျန်းသူစစ်ဆင်ရေးများ လုပ်နေသည်ဟု ကြေညာသည်။ မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင်များသည် အတင်းအကျပ် စစ်သားစုဆောင်းခြင်း၊ ငွေကြေးကောက်ခံခြင်း၊ နယ်ပယ်ချဲ့ထွင်ခြင်း၊ တိုင်းရင်းသားတပ် အချင်းချင်းတိုက်ခိုက်ခြင်းတို့ဖြင့် လူထုအပေါ် ဝန်ပိုစေကာ တပ်မတော်တပ်ဖွဲ့များကို ခြုံခိုတိုက်ခိုက်ခြင်းများ ပြုလုပ်နေသည်ဟု တပ်မတော်က စွပ်စွဲထားသည်။ လာမည့် ဖေဖော်ဝါရီ ၁၂ ရက်မတိုင်မီ စစ်ဆင်ရေးဒေသများမှ ပြန်လည်ဆုတ်ခွာရန်နှင့် အစိုးရ သို့မဟုတ် တပ်မတော် ညှိနှိုင်းရေးအဖွဲများနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ထိုအဖွဲ့များကို တပ်မတော်က ဇန်နဝါရီလ ၂၅ ရက်နေ့က သတိပေးခဲ့သည်။

အစိုးရအနေဖြင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ဝပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) နှင့် မိုင်းလားအဖွဲ့၏ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA) အပါအဝင် အခြား တိုင်းရင်းသားလက်နက်ကိုင်များနှင့် အလွတ်သဘောဆွေးနွေးပွဲများကိုလည်း ယခုလအတွင်း ကျင်းပမည်ဟု မျှော်လင့်ရသည်။

RCSS သည် NCA လက်မှတ်ရေးထိုးထားသော အဖွဲ့ဖြစ်သော်လည်း ယမန်နှစ် နိုဝင်ဘာလကစတင်ပြီး အပစ်အခတ်ရပ်စဲရေး ပူးတွဲစောင့်ကြည့်မှု ယန္တရားတွင် ပါဝင်ခြင်းကို ဆိုင်းငံ့ထားပြီးနောက် တရားဝင်ဆွေးနွေးပွဲလမ်းကြောင်းပေါ် ပြန်လည် ရောက်ရှိရေးအတွက် အစိုးရနှင့် ဆွေးနွေးနေသည်။ UWSA နှင့် NDAA တို့သည် နှစ်ဖက်အပစ်အခတ် ရပ်စဲရေး စာချုပ်များကိုသာ ချုပ်ဆိုထားကြပြီး ၎င်းတို့သည် နိုင်ငံရေးဆွေးနွေးပွဲများတွင်သာ ပါဝင်လိုသောကြောင့် NCA ကို လက်မှတ်ထိုးရန်မလိုဘဲ စာချုပ်ပါ ကတိကဝတ်များကို ပေးရန် မလိုကြောင်း ပြောဆိုထားကြသည်။

အစိုးရနှင့် အလွတ်သဘောဆွေးနွေးပွဲ KNU အသင့်မဖြစ်သေး

မြောက်ပိုင်း EAOs အဖွဲ့များနှင့် ငြိမ်းချမ်းရေးညှိနှိုင်းမှုများသည် တဖြည်းဖြည်း တိုးတက်လာသော်လည်း အစိုးရနှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) တို့သည် နောက်တကြိမ် အလွတ်သဘော ဆွေးနွေးရန်အတွက် ရက် သတ်မှတ်နိုင်ခြင်းမရှိကြသေးပေ။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
88
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
32
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
98

NCA လက်မှတ်ရေးထိုးထားသော အဖွဲ့ ၁၀ ဖွဲ့သည် အလုပ်များနေသောကြောင့် ယခုလ တတိယပတ် လွန်သည်အထိ KNU သည် အစိုးရနှင့် တွေ့ဆုံနိုင်မည် မဟုတ်ကြောင်း KNU ဒုဥက္ကဌ ဖဒို စောကွယ်ထူးဝင်း အဆိုအရ သိရသည်။ KNU သည် NCA လက်မှတ်ရေးထိုးထားသော အဖွဲ့ ၁၀ ဖွဲ့နှင့် တွေ့ဆုံပြီးမှသာ အစိုးရ၊ တပ်မတော်နှင့် ဆက်လက်ဆွေးနွေးမည်ဟု ဇန်နဝါရီလက ပြောကြားခဲ့သည်။

အလားတူပင် RCSS နှင့် အစိုးရ၊ တပ်မတော် ခေါင်ဆောင်များအကြား ယခုအပတ်အတွင်း တရားဝင် တွေ့ဆုံရန် အစီအစဉ်သည်လည်း အောင်မြင်ခြင်း မရှိခဲ့ပေ။

ဇန်နဝါရီလ ၂၅ ရက်နေ့က တပ်မတော်၏ ကြေညာချက်သည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ အထူးသဖြင့် RCSS နှင့် KNU အနေဖြင့် ဆွေးနွေးပွဲများကို ပြန်လည်သုံးသပ်ရန် ဖြစ်စေခဲ့ပြီး၊ အပစ်ရပ်အဖွဲ့များနှင့် အစိုးရ နှစ်ဘက် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ယာယီ ဆက်လက် ရွှေ့ဆိုင်းထားကြသည်။

RCSS သည် ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင်များနှင့် ရှမ်းပြည်တောင်ပိုင်းရှိ ၎င်းတို့၏ လွယ်တိုင်းလျှဲန်ဌာနချုပ်တွင် အလွတ်သဘော ဆွေးနွေးမှု ရှိမည်ဖြစ်ကြောင်း RCSS ပြောခွင့်ရသူ စိုင်းမိဏ်း၏ အဆိုအရ သိရသည်။ ကြာသပတေးနေ့တွင် ကျင်းပမည့် ၇၂ ကြိမ်မြောက် ရှမ်းအမျိုးသားနေ့ အခမ်းအနားသို့ အစိုးရနှင့် တပ်မတော် ကိုယ်စားလှယ်များကို ဖိတ်ကြားထားသောကြောင့် ဖြစ်သည်။

ဖေဖော်ဝါရီ ၇ ရက်တွင် ကျင်းပမည့် ထိုအခမ်းအနားသို့ ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင် ဦးအောင်စိုးနှင့် အကြံပေး ဦးလှမောင်ရွှေတို့ တက်ရောက်ခဲ့သည်။

ထို့အတူ အစိုးရသည်လည်း ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်သော ပြည်ထောင်စုနေ့အခမ်းအနားသို့ NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့များကို နေပြည်တော်သို့ ဖိတ်ကြားထားပြီး အလွတ်သဘောဆွေးနွေးပွဲများ ကျင်းပကြမည်ဟု မျှော်လင့်ရသည်။

ညှိနှိုင်းမှုမျာ းမကြာခဏ ရပ်သွားလိုက် ပြန်စလိုက် ဖြစ်နေသာကြောင့် ငြိမ်းချမ်းရေးညှိနှိုင်းသူများသည် လာမည့် ဆွေးနွေးပွဲများနှင့် ပတ်သက်ပြီး အကောင်းမြင်ကြသည်။

လုံး၀ မဆွေးနွေးသည်ထက် အလွတ်သဘောဆွေးနွေးသည်က ပိုမိုကောင်းမွန်သဖြင့် အခြေအနေ တိုးတက်လာမည့်သဘောဟု ယူဆနိုင်ကြောင်း ဦးခင်ဇော်ဦးကလည်း ပြောသည်။

တခြား EAOs များနှင့် အလွတ်သဘော ဆွေးနွေးတွေ့ဆုံမည့်ရက် အကြိတ်အနယ် ညှိနှိုင်းနေရသော်လည်း အစိုးရသည် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ကိုယ်စားလှယ်များ နှင့် တရားဝင်ဆွေးနွေးပွဲများကို နေပြည်တော်တွင် ဖေဖေါ်ဝါရီလ တတိယပါတ်အတွင်း ကျင်းပမည်ဟု ငြိမ်းချမ်းရေးကော်မရှင်၏ အဆိုအရ သိရသည်။

( Nyein Nyein ၏ Informal Talks with Northern Alliance a Positive Move for Peace ကို ဆီလျော်အောင် ဘာသာပြန်သည်။)

Your Thoughts …
Tags: NCAငြိမ်းချမ်းရေးမြောက်ပိုင်းမဟာမိတ်
ငြိမ်းငြိမ်း

ငြိမ်းငြိမ်း

ဧရာဝတီ

Similar Picks:

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

by ဧရာဝတီ
17 October 2023
42.6k

ခန်းမအတွင်းရှိ တခြားသောသူများထက် တမူထူးကဲစွာ တဦးတည်း ပိုမိုပေါ်လွင်ထင်ရှားနေသော ထိုင်ခုံကျယ်ကြီးကို ကြည့်ခြင်းအားဖြင့် အာဏာသိမ်းစစ်ခေါင်းဆောင်တွင် တန်းတူညီမျှရေးစိတ်ဓါတ် မရှိသည်ကို ထင်ရှားပေါ်လွင်နေပေသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27.1k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

by ဇုန်းရိန်
27 July 2023
22.9k

စစ်ကောင်စီတွင် နွေဦးတော်လှန်ရေးကို အင်အားချိနဲ့သွားစေနိုင်လောက်သော လှည့်ကွက်ဗျူဟာ ရှိနေသည်ကို သတိထားသင့်ပါသည်။

စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

by ဝေမင်းထွန်း
28 November 2023
22.4k

စစ်ကောင်စီတပ်၏ အခြေအနေမှန်မှာ အင်နှင့်အားနှင့် ခပ်ပြင်းပြင်း ဆောင့်လိုက်ပါ ပြိုဆင်းသည်၊ တောင့်ခံနိုင်စွမ်းမရှိဟူသည့် အချက်ကို ရှမ်းပြည်နယ် မြောက်ပိုင်းစစ်ပွဲတွင် ထင်ထင်ရှားရှား တွေ့လိုက်ရသည်။

Next Post
ထရမ့် နှင့် ကင်ဂျုံအွန်း ထပ်တွေ့မည် (ရုပ်/သံ)

ထရမ့် နှင့် ကင်ဂျုံအွန်း ထပ်တွေ့မည် (ရုပ်/သံ)

Motorola က မိတ်ဆက်လိုက်တဲ့ Moto G7 ဖုန်းမော်ဒယ် ၄ မျိုး

Motorola က Moto G7 ဖုန်းမော်ဒယ် ၄ မျိုးကို မိတ်ဆက်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved