• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကော့သောင်း ပင်လယ်ပြင်တွင် ကျပ် ၃၀ ဘီလီယံကျော်ဖိုးရှိ ICE မူးယစ်ဆေးများထပ်မိ

by ထွန်းထွန်း
29 April 2019
in သတင်း
A A
ပင်လယ်ပြင်တွင် ဧပြီ ၂၆ ရက်နေ့က ဖမ်းမိသည့် ICE မူးယစ်ဆေးများ / ကော့သောင်းမြို့နယ် ရဲတပ်ဖွဲ့

ပင်လယ်ပြင်တွင် ဧပြီ ၂၆ ရက်နေ့က ဖမ်းမိသည့် ICE မူးယစ်ဆေးများ / ကော့သောင်းမြို့နယ် ရဲတပ်ဖွဲ့

34.9k
VIEWS
Share on FacebookShare on Twitter

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ သံကျွန်းအနောက်ဘက် ၁၅၄ မိုင်ခန့်အကွာ ပင်လယ်ပြင်တွင် ကျပ်သိန်း ပေါင်း ၃၀၉,၅၀၀ ခန့်တန်ဖိုးရှိ ICE မူးယစ်ဆေးများအား လူ ၇ ဦးနှင့်အတူ ဧပြီ ၂၆ မနက်ပိုင်းက ဖမ်းမိခဲ့ကြောင်း ကော့ သောင်းမြို့မရဲစခန်းက ပြောသည်။

ယခုအကြိမ်သည် ကျပ်ဘီလီယံ ဆယ်ချီသည့် ICE များအား ဒုတိယအကြိမ်မြောက် ဖမ်းမိခြင်းဖြစ်ပြီး ပြီးခဲ့သည့် မေလ ၂၄ ရက်နေ့ကလည်း Refined Chinese Tea တံဆိပ်ပါ ထုပ်ပိုးမှုပုံစံတူ ICE မူးယစ်ဆေး တန်ဖိုးကျပ် ၃၄ ဘီလီယံကျော်ဖိုးကို ကော့သောင်းပင်လယ်ပြင်တွင် ဖမ်းမိခဲ့ထားသည်။

ကော့သောင်းမြို့မရဲစခန်းက ရဲအုပ် ဇော်မိုးအောင် က “ အမှုနှစ်ခုက ဆက်စပ်မှုရှိမရှိတော့ စစ်ဆေးနေတုန်းပဲဖြစ်လို့ ပြော လို့မရသေးဘူး၊ အခုဖမ်းမိသူတွေကလည်း ကြားကသယ်တဲ့အဆင့်တွေပါ၊ နောက်ကလူကတော့ မမိသေးပါဘူး၊ မော်လ မြိုင်ဘက်အဖွဲ့တွေကတော့ လုပ်နေပါပြီ”ဟု ဧရာဝတီသို့ပြောသည်။

ဖမ်းမိထားသူ ၇ ဦးအား ယနေ့မနက်ပိုင်းတွင် ကော့သောင်းမြို့နယ်တရားရုံး၌ ရုံးထုတ်ရမန်ရယူခဲ့ပြီး ကနဦးစစ်ဆေးချက် များအရ မူးယစ်ဆေးများအား မော်လမြိုင်မြို့နေ ဇော်ဦးဆိုသူမှ လာရောက်ပို့ဆောင်ပေးခဲ့ပြီးနောက် ထိုင်းနိုင်ငံပိုင် ရေပြင်အနီးသို့ ပို့ဆောင်ခိုင်းခဲ့ခြင်းဖြစ်ပြီး ထိုင်းဘက်မှ လာရောက်ယူဆောင်မည်ဟု ထွက်ဆိုထားကြောင်း သိရသည်။

ဖမ်းမိထားသူများမှာ ဝေလင်း၊ ရဲရင့်၊ အောင်လင်းသူ၊ သန့်ဇင်(ခ)မင်းဇော်၊ မြတ်အောင်၊ နေဇင်နှင့် ဝင်းနိုင်တို့ဖြစ်ပြီး ၎င်းတို့ အား ဇော်ဦးနှင့်အတူ ကော့သောင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဥပဒေ ပုဒ်မ ၁၉(က)/၂၁ ဖြင့် အမှုဖွင့်စစ်ဆေးလျှက်ရှိသည်။

ပထမအကြိမ် ဖမ်းမိသည့် ကျပ် ၃၄ ဘီလီယံကျော် တန်းဖိုးရှိ မူးယစ်ဆေးဝါးများအမှုတွင် ပို့ဆောင်ခိုင်းသူ တင်ဆန်းဦးဆို သူအား ဖမ်းဆီးရမိခြင်းမရှိသေးဘဲ ၎င်း၏ဇနီးဟောင်းဖြစ်သူ စက်လှေပိုင်ရှင် ဒေါ်မိုးမိုးနှင့် စက်လှေပေါ်ပါ ၇ ဦးတို့ကိုသာ ဖမ်းဆီးတရားစွဲဆိုထားသည်။

ယင်းအမှုတွင်လည်း ICE မူးယစ်ဆေးများအား Refined Chinese Tea စာတန်းပါ စိမ်းနုရောင်ပလပ်စတစ်များဖြင့် ထုပ်ပိုး  ထားခြင်းဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံနှင့် မလေးရှာနိုင်ငံတို့၏ နှစ်နိုင်ငံရေပိုင်နက်ကြားနေရာသို့ ဖုန်းတွင်အမှတ်အသား နေရာ ပြကာ ပို့ဆောင်ခိုင်းခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထုတ်ဖော်ထားသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
81
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
30
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
95

မူးယစ်ဆေးများအား ပို့ဆောင်ခအနေဖြင့်လည်း တဦးလျှင် ကျပ် ၁၀ သိန်းရရှိကြောင်းလည်း ဖမ်းမိထားသူများက ထွက်ဆို ထားကြောင်း ရဲတပ်ဖွဲ့ထံက သိရသည်။

လက်ရှိထုတ်ပြန်ထားသည့် ဖမ်းမိတန်ဖိုးများသည် ရဲတပ်ဖွဲ့ကအခြေခံသတ်မှတ် တွက်ချက်ဈေးနှုန်းဖြစ်သည့် ICE တစ်ကီ လိုဂရမ်လျှင် ကျပ်သိန်း ၂၀၀ ဈေးဖြင့် တွက်ချက်ထားခြင်းဖြစ်ပြီး ပြင်ပပေါက်ဈေးတွင် ယခုဖော်ပြသည့် ဈေးနှုန်းများထက် များပြားဖွယ်ရှိကြောင်းသိရသည်။

၎င်းမူးယစ်ဆေးများ တင်ဆောင်လာသည့် စက်လှေများကို တပ်မတော်(ရေ)မှ ဗိုလ်မှူးသောင်းထူး ဦးစီးသည့် ရေယာဉ်အမှတ် ၅၆၇ နှင့် ဗိုလ်ကြီး ညီညီနိုင် ဦးစီးသည့် ရေယာဉ်အမှတ် T 201 တို့က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး မူးယစ်ဆေးများအား သက်ဆိုင်ရာမူးယစ်တပ်ဖွဲ့ လွဲပြောင်းထားပြီဖြစ်ကြောင်းသိရသည်။

Your Thoughts …
Tags: Iceကော့သောင်းမူးယစ်ဆေး
ထွန်းထွန်း

ထွန်းထွန်း

ဧရာဝတီ

Similar Picks:

ရွှေကုက္ကိုလ်ရောက် CDM တယောက်ရဲ့ ကျားဖြန့် အတွေ့အကြုံ

ရွှေကုက္ကိုလ်ရောက် CDM တယောက်ရဲ့ ကျားဖြန့် အတွေ့အကြုံ

by ဧရာဝတီ
4 May 2024
12.5k

လူကြီးပိုင်းတွေကို လိမ်တာများတယ်။ လူကြီးပိုင်းတွေက အသက်ကြီးလာတော့ ရင်းနှီးမြှုပ်နှံမှုကို ပိုစိတ်ဝင်စားတယ်။ အသက်ကြီးသွားတော့ အလုပ်တွေဘာတွေမရှိတော့ဘူးလေ။ ရင်းနှီးမြှုပ်နှံမှုကရတဲ့ အမြတ်နဲ့ ထိုင်စားဖို့ပဲ ရှိကြတော့ အဲဒီလိုမျိုး မြူဆွယ်တာပေါ့။

ပိုင်ရှင် ဖမ်းဝရမ်းထုတ်ခံရပြီးနောက် သူဌေးကျွန်းဟိုတယ် အကန့်အသတ်မရှိ ပိတ်

ပိုင်ရှင် ဖမ်းဝရမ်းထုတ်ခံရပြီးနောက် သူဌေးကျွန်းဟိုတယ် အကန့်အသတ်မရှိ ပိတ်

by ဧရာဝတီ
6 February 2024
8.8k

လက်ရှိတွင် သံသယရှိသူများ၏ နေအိမ်များကို ဝင်ရောက်စစ်ဆေးပြီး တရာခံများကို ရှာဖွေကာ၊ ပိုင်ဆိုင်မှုများဖြစ်သည့် ဇိမ်ခံကားများ၊ အသုံးအဆောင်ပစ္စည်းများ၊ လက်ဝတ်ရတနာများ အပါအဝင် လက်နက်များကိုပါ သက်သေအဖြစ် သိမ်းဆည်းခဲ့ကြောင်း

သူဌေးကျွန်း ဟိုတယ်ပိုင်ရှင်၏ ညီ စစ်ကြောရေး၌ သေဆုံး

သူဌေးကျွန်း ဟိုတယ်ပိုင်ရှင်၏ ညီ စစ်ကြောရေး၌ သေဆုံး

by ဧရာဝတီ
12 February 2024
7.8k

၎င်းသည် ဖေဖေါ်ဝါရီ ၂ ရက်နေ့အထိ ရန်ကုန်မြို့တွင် ရှိနေပြီး မိတ်ဆွေများက ကော့သောင်းသို့ မပြန်ရန် ပြောသော်လည်း ယင်းအမှုကိစ္စမှာ ၎င်းနှင့် သက်ဆိုင်ခြင်းမရှိဟု ယုံကြည်သလို တနင်္သာရီဒေသ၌ လုပ်ငန်းရှင် မြို့မျက်နှာဖုံးတဦးအဖြစ် လူသိများကာ အုပ်ချုပ်ရေးပိုင်းနှင့်လည်း သင့်မြတ်သဖြင့်...

၂၀၁၉ ခုနှစ်က ထိုင်း-မြန်မာ နယ်စပ်တွင် ကျင်းပသော ကရင့်တော်လှန်ရေးနေ့ နှစ် ၇၀ ပြည့် အခမ်းအနား  / AFP

အမေရိကန် DEA ၏လုပ်ရပ် တိုင်းရင်းသားလက်နက်ကိုင်များကို သိက္ခာချခြင်းသာ ဖြစ်

by Bertil Lintner
9 May 2022
54.1k

DEA သည် မြန်မာနိုင်ငံတွင်းမှ မည်သူမျှ မကြားဖူးသည့် အပြောကောင်းသော ဂျပန် လူလိမ်တယောက်နှင့် ထိုင်း လူလိမ် သုံးဦးကို ဖမ်းမိခြင်းသာ ဖြစ်နိုင်သည်။

မြန်မာ့အရေး ထရမ့်ထံမှ မျှော်လင့်ချက်မထားသည်သာ အကောင်းဆုံး

မြန်မာ့အရေး ထရမ့်ထံမှ မျှော်လင့်ချက်မထားသည်သာ အကောင်းဆုံး

by Paul Greening
23 November 2024
3.6k

မြန်မာဒုက္ခသည် အများအပြားကို အမေရိကန်သို့ ခေါ်ယူပေးမည့် ထိုဒုက္ခသည်အစီအစဉ်ကိုလည်း ဖြတ်တောက်ဖွယ်ရှိသည်။

ငါးဖမ်းစက်လှေ အပစ်ခံရမှု ထိုင်းနှင့် မြန်မာ ကော့သောင်း၌ ဆွေးနွေးမည်

ငါးဖမ်းစက်လှေ အပစ်ခံရမှု ထိုင်းနှင့် မြန်မာ ကော့သောင်း၌ ဆွေးနွေးမည်

by ဧရာဝတီ
3 December 2024
1.7k

ထိုင်းငါးဖမ်းစက်လှေ ပစ်ခတ်ခံရပြီး မြန်မာရေတပ်မှ ဖမ်းခေါ်သွားသည့် ရေလုပ်သား ၃၁ဦးအနက် ထိုင်းနိုင်ငံသား ၄ ဦး ပြန်လွတ်ရေး ထိုင်း- မြန်မာ နယ်ခြားကော်မတီမှ တာဝန်ရှိသူများ လာမည့်ရက် တနင်္သာရီတိုင်း ကော့သောင်းမြို့ ၌ တွေ့ဆုံရန်ရှိကြောင်း ထိုင်း...

Next Post
မန္တလေး မြို့တော် စည်ပင်က မြို့တွင်း လမ်းများ ပြုပြင်ခင်းကျင်းမှု ပြုလုပ်နေသည်ကို တွေ့ရစဉ်  / ဇော်ဇော် / ဧရာဝတီ

မန္တလေး စည်ပင် ဘတ်ဂျက် မဖြတ်တော့ဘဲ ပြန်လည် ခွင့်ပြု

မင်းသား Prabhas

“Baahubali The Conclusion” ရုပ်ရှင်အောင်မြင်မှုအကြောင်း ပြောပြတဲ့ မင်းသား Prabhas

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved