• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကျောက်တော်တွင် ကျေးရွာ အုပ်ချုပ်ရေးမှူး ၄၀ ကျော် နုတ်ထွက်စာတင်

by မင်းအောင်ခိုင်
5 June 2019
in သတင်း
A A
နုတ်ထွက်စာ တင်ရန် ဆွေးနွေးနေသော ကျေးရွာ အုပ်ချုပ်ရေးမှူးများ / Ko Kyaw Hlamyint

နုတ်ထွက်စာ တင်ရန် ဆွေးနွေးနေသော ကျေးရွာ အုပ်ချုပ်ရေးမှူးများ / Ko Kyaw Hlamyint

18.4k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ် ကျောက်တော် မြို့နယ် အတွင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ၄၅ ဦးသည် တံဆိပ်တုံးများကို အပ်နှံကာ ဇွန် လ  ၄ ရက်က ညနေပိုင်းက နုတ်ထွက်စာ တင်လိုက်ကြကြောင်း သတင်း ရရှိသည်။

၎င်းတို့မြို့နယ် အတွင်းရှိ မင်းသားတောင် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရွှေပြည်ကျေးရွာ တာဝန်ခံတို့မှာ လုပ်ထုံးလုပ်နည်း နှင့် မညီဘဲ တပ်မတော်၏ ဖမ်းဆီးခြင်းကို ခံနေရသဖြင့် ၎င်းတို့ အနေဖြင့် ဘဝ မလုံခြုံတော့သည့် အတွက် နုတ်ထွက်စာ တင်လိုက်ခြင်း ဖြစ်ကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးများက ပြောဆိုကြသည်။

ပြောင်းဆိပ် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းလှက “ကျနော်တို့ အုပ်ချုပ်ရေးမှူးတွေကို ဥပဒေမဲ့  စစ်တပ်က ဖမ်းချင်တိုင်း ဖမ်းမယ်။ လုပ်ချင်သလို လုပ်နေမယ် ဆိုရင် ဒီတာဝန် ကျနော်တို့ မထမ်းဆောင်တော့ဘူး” ဟု ဧရာဝတီသို့ ပြောသည်။

ကျောက်တော်မြို့နယ် အတွင်းက ကျေးရွာ အုပ်ချုပ်ရေးမှူးသည် မေလ ၄ ရက် နေ့လယ်ပိုင်းက အထွေထွေ အုပ်ချုပ်ရေး မှူးရုံး ကစ္ဆပခန်းမတွင် အစည်းအဝေး တရပ် ကျင်းပကာ ယင်းသို့ နုတ်ထွက်စာ တင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ချောင်းတူ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်သောင်း က အကြောင်းအမျိုးမျိုးကြောင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူး တဦးဦးကို ဖမ်းဆီးမည်ဆိုပါက ဖမ်းချင်တိုင်း လာရောက် ဖမ်းဆီးခြင်းမျိုးမှာ မဖြစ်သင့်ဟု ဆိုသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
505
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
37
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
83

အကယ်၍ တပ်မတော် အနေဖြင့် စစ်ဆေးမေးမြန်းလိုပါက ကနဦး မြို့နယ် အုပ်ချုပ်ရေး အဖွဲ့ထံ ခွင်ပြုချက် တောင်းခံကာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် အညီ ရဲတပ်ဖွဲ့က ခေါ်ယူ စစ်ဆေးသင့်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ဦးကျော်သောင်း က “ဘယ်အဖွဲ့ကပဲ ဖြစ်ဖြစ် အုပ်ချုပ်ရေးမှူးနဲ့ တွေ့ချင်တယ် ဆိုရင် ကျနော်တို့ ထွက်ပြေးလို့ မရဘူး။ ထိပ်တိုက် ဖြေရှင်းရမယ်။ အဲဒီ အချိန်မှာ ဘာမှမမေးဘဲ  စစ်တပ်က ဖမ်းယူပြီး  ရက်အကြာကြီး သူတို့လက်ထဲမှာ ထား တယ်။ မိသားစုနဲ့လည်း တွေ့ခွင့်မပေးဘူး။ ဒီလို အခြေအနေ ဖြစ်နေတော့ ကျနော်တို့တွေ တော်တော် စိုးရိမ်စရာ ကောင်း ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ပြီးခဲ့သော မေလ ၁၅ ရက်က ရွှေပြည်ကျေးရွာ တာဝန်ခံ ဦးသိန်းစိုအောင်မှာ နေအိမ်၌ ရှိနေစဉ် တပ်မတော်သားများ၏ လာရောက် ဖမ်းဆီး ခေါ်ဆောင်ခြင်းကို ခံလိုက်ရသလို  အလားတူ  မေလ ၂၉ ရက်တွင်လည်း မင်းသားတောင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းကျော်မှာ တပ်မတော်သားများ၏ ဖမ်းဆီး ခေါ်ဆောင်ခြင်းကို ခံခဲ့ရကြောင်း သိရသည်။

လက်ရှိ အချိန်တွင် အဆိုပါ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာ တာဝန်ခံတို့ကို ကျောက်တော်မြို့မ စခန်းတွင် အကြမ်း ဖက် ဥပဒေနှင့် အမှုဖွင့်ကာ ချုပ်နှောင် စစ်ဆေးနေကြောင်းလည်း ဒေသခံများ ထံမှ သိရသည်။

အဆိုပါ မင်းသားတောင် ကျေးရွာသား အသက် ၄၀ အရွယ် ဦးကျော်လှိုင်မှာလည်း မေလ ၂၁ ရက်က ရွာအနီး တောင်တန်းသို့ ဝါးခုတ်ရန် သွားရောက်စဉ် တပ်မတော် စစ်ကြောင်း၏ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီး မေလ ၂၆ ရက်တွင် ဒဏ်ရာဖြင့် ကျောက်တော် ဆေးရုံတွင် ကုသမှုခံ ယူနေစဉ် သေဆုံးသွားခဲ့သည်။

ဖမ်းဆီး ချုပ်နှောင်ခံနေရသော  မင်းသားတောင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းကျော်နှင့် ရွှေပြည်ကျေးရွာ တာဝန်ခံ ဦးသိန်းစိုးအောင်တို့ နှစ်ဦး အရေးနှင့် ပတ်သက်၍ အခြားသော ကျေးရွာ အုပ်ချုပ်ရေးမှူးများက ဖမ်းဆီးခံ ၂ ဦးအား ပြန်လွှတ်ပေးပြီး ကနဦး စုံစမ်း စစ်ဆေးရေး အဖွဲ့ဖြင့် စစ်ဆေးပြီးမှ စစ်ဆေးရေး အဖွဲ့၏ သုံးသပ် အကြံပြုချက် အရသာ ဆောင်ရွက်ရန် တောင်းဆိုထားသည်။

နောင်တွင်လည်း  ရပ်/ ကျေး အုပ်ချုပ်ရေးမှူး တဦးဦး (သို့မဟုတ်) ကျေးရွာ တာဝန်ခံ တဦးကို မေးမြန်း စစ်ဆေးရန် ပေါ် ပေါက်ပါက တပ်မတော်က တိုက်ရိုက် ဖမ်းဆီးခြင်းမျိုး မပြုလုပ်ဘဲ မြို့နယ် အုပ်ချုပ်ရေးမှူးရုံသို့ ခေါ်ယူ မေးမြန်း စစ်ဆေး ပေးရန် အစရှိသည်တို့လည်း တောင်းဆိုချက်တွင် ပါရှိသည်။

ယင်းပြင် မြို့နယ် အုပ်ချုပ်ရေးမှူး၏ မေးမြန်း စစ်ဆေးချက်များကို အခြေခံပြီး လိုအပ်ပါက စုံစမ်းရေး အဖွဲ့ဖွဲ့ကာ ဆက် လက် စုံစမ်း စစ်ဆေးပေးရန် ယင်း စုံစမ်းစစ်ဆေးရေး အဖွဲ့ကို ရခိုင်ပြည်နယ် အစိုးရနှင့်  ပြည်နယ် လွှတ်တော်တို့မှ တဆင့် သင့်တော်သလို ဆောင်ရွက် ဖွဲ့စည်းပေးရန် စသည့်  နုတ်ထွက်စာတွင် ရေးသား ဖော်ပြထားသည်။

အဆိုပါ နုတ်ထွက်စာ တင်ပြထားသည့် ကျေးရွာ အုပ်ချုပ်ရေးမှူးများ အနေဖြင့် ယင်းတောင်းဆိုချက်များကို ရရှိမှသာ နုတ်ထွက်စာအား ပြန်လည် ရုပ်သိမ်းကာ ကျေးရွာ အုပ်ချုပ်ရေးမှူးတာဝန်များကို ဆက်လက် ထမ်းဆောင်သွားမည် ဖြစ်ကြောင်း နုတ်ထွက်စာတွင် ရေးသား ဖော်ပြထားသည်။

ယခုနှစ် ဖေဖော်ဝါရီလ၂၈ ရက် ကလည်း ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် အတွင်းက ကျေးရွာ အုပ်ချုပ်ရေးမှူး ၄ ကို အကြောင်းပြချက် မရှိဘဲ ရဲတပ်ဖွဲ့က ခေါ်ယူကာ ဖမ်းဆီးခဲ့သည့် အတွက် ကျေးရွာ အုပ်ချုပ်ရေးမှူး ၉၀ နီးပါး တာဝန်မှ နုတ်ထွက်ရန် စာတင်ခဲ့ကြသည်။

ဆက်စပ်ဖတ်ရှူရန် – ကျောက်တော်တွင် ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင် တဦး အသတ်ခံရ

မြောက်ဦး ကျေးရွာအုပ်ချုပ်ရေးမှူး ၉၀ နီးပါး နုတ်ထွက်

Your Thoughts …
Tags: ကျေးရွာ အုပ်ချုပ်ရေးမှူးကျောက်တော်နုတ်ထွက်
မင်းအောင်ခိုင်

မင်းအောင်ခိုင်

Senior Reporter

Similar Picks:

ကျောက်တော် ခမရ ၅၃၉ တပ်ရင်း AA ထံ လက်နက်ချ

ကျောက်တော် ခမရ ၅၃၉ တပ်ရင်း AA ထံ လက်နက်ချ

by ဧရာဝတီ
16 January 2024
17.3k

ဇန်နဝါရီ ၁၁ ရက်မှ စတင်ကာ ထိုးစစ်ဆင်ခဲ့ပြီး ဇန်နဝါရီ ၁၄ ရက်တွင် အမြောက်တပ်ရင်းအား အပြီးသတ် သိမ်းပိုက်ခဲ့ပြီးနောက် အနီးရှိ ခမရ ၅၃၉ တပ်ရင်းမှ လက်နက်ချ အညံ့ခံလာခြင်း

တင်းမဗျူဟာကုန်း၏ ၇၀ရာနှုန်း AA သိမ်းထားဟုဆို

တင်းမဗျူဟာကုန်း၏ ၇၀ရာနှုန်း AA သိမ်းထားဟုဆို

by ဧရာဝတီ
3 January 2024
6.5k

ကုလားတန်မြစ်ကြောင်းရှိ စစ်ကောင်စီ၏ ထရွန်အိုင်နှင့် နှုံးဘူးဗျူဟာကုန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ပြီး နောက် ကျောက်တော်မြို့နယ်အတွင်းရှိ တောင်ရှည်တောင်ဗျူဟာကုန်းကို ဆက်လက် ထိုးစစ်ဆင်နေခြင်း ဖြစ်

သတ်ဖြတ်ခံရမှုများကြောင့် အုပ်ချုပ်ရေးမှူးများ နုတ်ထွက်

သတ်ဖြတ်ခံရမှုများကြောင့် အုပ်ချုပ်ရေးမှူးများ နုတ်ထွက်

by မိအိသဉ္ဇာမြင့်
3 April 2024
4.9k

ရွာပေါင်း ၂၀ ကျော်ရှိ အုပ်ချုပ်ရေးမှူးများ လုံခြုံရေးအရ နုတ်ထွက်စာတင်ထားကြသော်လည်း စစ် ကောင်စီဘက်က နုတ်ထွက်ခွင့်မပြုကြောင်း အုပ်ချုပ်ရေးမှူးများက ပြောသည်။

မင်းဘူးခရိုင်၌ နှစ်လအတွင်း အုပ်ချုပ်ရေးမှူး ၄၀ ကျော် နုတ်ထွက်

မင်းဘူးခရိုင်၌ နှစ်လအတွင်း အုပ်ချုပ်ရေးမှူး ၄၀ ကျော် နုတ်ထွက်

by ဧရာဝတီ
4 May 2024
1.3k

စစ်မှုထမ်းဥပဒေ အသက်သွင်းပြီးနောက်ပိုင်း ဖေဖော်ဝါရီလကုန်ပိုင်းမှ လက်ရှိအချိန်ထိ မကွေးတိုင်း၊ မင်းဘူးခရိုင်အတွင်း၌ နုတ်ထွက်သည့် ရပ်ကွက်၊ ကျေးရွာအဆင့် အုပ်ချုပ်ရေးမှူးပေါင်း ၄၀ ကျော်ထိ ရှိလာကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများထံမှ သိရသည်။

ကျောက်တော်ဆေးရုံဗုံးကြဲခံရ၊ သေဆုံး ဒဏ်ရာရသူများရှိ

by ဧရာဝတီ
15 May 2024
856

စစ်ကောင်စီက အရပ်သားများကို ပစ်မှတ်ထားကာ အကြောင်းမဲ့ လာရောက် ဗုံးကြဲနေမှုကြောင့် ယနေ့တွင် ကျောက်တော်ဈေးကြီးနှင့် ဈေးဆိုင်ခန်းများပိတ်ကာ မြို့ပေါ်ရပ်ကွက်များ၌ လမ်းသွား လမ်းလာများ မရှိသလောက် နည်းပါးလျက်ရှိကြောင်း

ဒု ရဲချုပ် အောင်နိုင်သူ  / ဧရာဝတီ

ဒု ရဲချုပ် အောင်နိုင်သူ နုတ်ထွက် သတင်း မမှန်ဟု ဆို

by ထက်နိုင်ဇော်
18 September 2019
77.2k

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ဒု ရဲချုပ် အောင်နိုင်သူသည် ကျန်းမာရေး မကောင်းသဖြင့် နုတ်ထွက်စာ တင်လိုက်ပြီ ဟု လူမှုကွန် ရက် တွင် ပျံ့နှံ့နေသည့် သတင်းသည် “သတင်းမှား” ဖြစ်ကြောင်း

Next Post
မေလဆန်းပိုင်းက သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့် အမိန့်ကြောင့် လွတ်မြောက်လာသူကို မိသားစုက ကြိုနေစဉ် / မျိုးမင်းစိုး / ဧရာဝတီ

သမ္မတ လွတ်ငြိမ်းခွင့် အပေါ် ဝေဖန်မှုများ သေချာ လေ့လာ၍ ပြောရန် သမ္မတရုံး သတိပေး

ကချင်ပြည်နယ်တွင်တွေ့ရသော AA တပ်ဖွဲ့ဝင်များ / နန်းလွင်နှင်းပွင့် / ဧရာဝတီ

တပ်မတော်နှင့် AA ကြား Bilateral စာချုပ် ချုပ်ဖြစ်နိုင်မလား

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved